မြို့တော်ခန်းမတွင် ဗုံးတွေ့
ရန်ကုန်မြို့၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမအဆောက်အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင်အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံးတွေ့ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ
အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက်တွေ့ဆုံမှုအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ်ေ အာက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၁၃း၀၀ နာရီမှ ၁၃း၅၅ နာရီအထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက် လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ ငွေကြေးလည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၏ အရေးကြီးမှုနှင့် ပတ်သတ်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများ ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာရဲ့ ဥက္ကဋ္ဌနေရာအရေး ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးမည်

မြန်မာအစိုးရဟာ ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံမှာလည်း ပြောင်းလဲမှုတချို့ မြင်တွေ့ခဲ့ရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

လုံခြုံရေးနှင့်ပတ်သက်၍အဝေးပြေးခရီးသည်ယာဉ်များလိုက်နာရန် အချက်လေးချက်ကိုထုတ်ပြန်

လုံခြုံရေးနှင့်သက်ဆိုင်သော အဝေးပြေးခရီးသည်တင်ယာဉ်များ လိုက်နာရန် အချက်လေးချက်ကို  မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မ.ထ.သ (အဝေးပြေး)က မတ်လ ၇ ရက်တွင် ယာဉ်လိုင်းများထံ အကြောင်းကြားခဲ့သည်။ ခရီးသည်တင်ကားများတွင် သယ်ဆောင်မည့်ခရီးသည်များ၏ ပစ္စည်းများနှင့် ပါဆယ်ထုပ်များကို ဖွင့်ဖောက်စစ်ဆေးပြီး ကင်မရာဖြင့် ရိုက်ကူး၍ ထိုပုံများကို မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ  မထသ(အဝေးပြေး)သို့ ပေးပို့အကြောင်းကြားရန် အချက်လည်း ပါဝင်သည်။ ဒစ်ဂျစ်တယ်ကင်မရာဖြင့် ရိုက်ကူးထားသော အဆိုပါဓာတ်ပုံများကို ဒစ်ဂျစ်တယ်ကင်မရာယူ ဆောင်လာ၍လည်းကောင်း၊ သို့မဟုတ် စီဒီ၊ မန်မိုရီကတ်၊ မန်မိုရီ စတစ်များဖြင့် အဆိုပါယာဉ်များ ဆိုက်ရောက်ပြီးနှင့် ထွက်ခွာပြီးနှစ်နာရီအတွင်း အထက်ပါဌာနသို့ ပို့ဆောင်ပေးရန် အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း အဝေးပြေးခရီးသည်တင် လုပ်ငန်းရှင်များ ကပြောသည်။ ထို့အပြင် အဝေးပြေးခရီး သည်တင်ကားဂိတ်များက ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်မှု မပြုနိုင်ရန်အတွက် လူ့ခန္ဓာကိုယ်ပေါ်နှင့် ယာဉ်ကိုယ်ထည်နှင့် အစိတ်အပိုင်းများတွင် ရှာဖွေနိုင် သည့် ရှာဖွေရေးကိရိယာများကို မတ်လ ၁၁ ရက် နောက်ဆုံးထား၍ ၀ယ်ယူရမည်ဖြစ်သည်။ ထိုရှာဖွေရေးကိရိယာများဖြင့် ယာဉ်ထွက်ချိန်နှင့် ယာဉ်ဆိုက်ရောက်ချိန်များ တွင် မပျက်မကွက် စစ်ဆေးသွား ကြရန်နှင့် ထူးခြားမှုများတွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများ ထံသို့ အချိန်နှင့်တစ်ပြေးညီတင်ပြ သွားရန်လည်း ဆက်လက်ဖော်ပြ ထားသည်။
  မိုင်းရှာသည့်ကိရိယာများ အား FISCA ကုမ္ပဏီလီမိတက်သို့ တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်သလို၊  အထက်ပါကော်မတီနှင့်ဆက်သွယ်၍လည်း ၀ယ်ယူနိုင်သည်ဟု  အကြောင်းကြားစာ တွင် ဖော်ပြထားသည်။ယာဉ်လိုင်းများ၏ ဆောင်ရွက်မှုများကို မထသက ရှောင်တခင်စစ်ဆေးသွား မည်ဖြစ်ပြီး အထက်ပါညွှန်ကြားချက်များကို တိကျစွာလိုက်နာခြင်းမရှိဘဲ ပြဿနာရပ်များ ပေါ်ပေါက်လာပါက သက်ဆိုင်ရာယာဉ်လိုင်းကို ယာဉ်လိုင်းပြေးဆွဲခြင်း ကာလအတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းခြင်း၊ ယာဉ်လိုင်းများ ပိတ်သိမ်းခြင်းအထိ အရေးယူ ဆောင်ရွက်သွား မည်ဟုဆိုသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်း၌ ဗုံးပေါက်ကွဲ မှုများဖြစ်ပွားလျက်ရှိပြီး၊ ဖောက်ခွဲရေးသမားများသည် အဖျက်အ မှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရန် ကြံစည်လျက်ရှိကြောင်း သတင်းရရှိကာ၊ အဖျက်အမှောင့်လုပ်ငန်းတွင် အသုံးပြုရန် အချို့သောဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများအား နယ်စပ်မှ မော်တော်ယာဉ်များဖြင့် ပေးပို့လျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် ထိုသို့ညွှန်ကြားခြင်းဖြစ် ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဓာတ်ဆီဝယ်ယူခွင့်စာအုပ် အပိုပြုလုပ်ထားသူများဆီဝယ်ယူခွင့်ခြောက်လရပ်ဆိုင်းမည်ဟုဆို

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် မတ်လ ၁၁ ရက်မှ စတင်၍ပြောင်းလဲခဲ့သော ဓာတ်ဆီရောင်းချမှုပုံစံသစ်ကြောင့် ကားတစ်စီးလျှင်ဓာတ်ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်ထက်ပိုမိုပြုလုပ်ထား သူများမှာ ဆီဝယ်ခွင့် ၆ လရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း  သတင်းရရှိသည်။




မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နိုဝင်ဘာလဆန်း၌ ကျင်းပရန်ရှိသော ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ နယ်မြေခံပြင်ပဂျာနယ်သတင်း ထောက်များကို တက်ရောက် သတင်းရယူခွင့် ပြုကြောင်း သတင်းရရှိသည်




ထိုင်းနိုင်ငံ၌ ရေကြီးမှုဖြစ်ပေါ် နေခြင်းကြောင့် မြန်မာခရီးသွားများ အား ပို့ဆောင်ရန် ချိတ်ဆက်စီစဉ် ထားသည့် PACKAGE ခရီးစဉ်အချို့ ရွှေ့ဆိုင်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်ငံခြားငွေဖြင့် အခွန်ထမ်းဆောင်ထားသူများ အပြင် ပြည်တွင်း၌ အခွန်ထမ်းဆောင် လုပ်ကိုင်နေသည့် အခွန်ထမ်းများကိုပါ ကားတင်သွင်းခွင့်ပေးရန် စီစဉ်သွားမည်
ပို့ကုန်လုပ်ငန်းရှင်များ၊ ဟို တယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများ၊ ပြည်ပတွင်နိုင်ငံခြားငွေရရှိ ရန် လုပ်ကိုင်နေသူများအပြင် ပြည်တွင်း၌ အခွန်ထမ်းဆောင် လုပ်ကိုင်နေသည့် အခွန်ထမ်းများကိုပါ ကားတင်သွင်းခွင့်ပေးရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Lwin Pwin

0 comments:

Post a Comment