အကြွေးပိလို့ အကျပ်ရိုက်နေတဲ့ ဂရိနိုင်ငံအတွက် နိုင်ငံတကာက ကြားဝင်ကူညီမယ့်အစီအစဉ်ကို ဂရိဘက်ကဆက်ပြီး လက်ခံသွားမယ်ဆိုရင် ဥရောပခေါင်းဆောင်တွေဘက်ကလည်း ယူရိုငွေကြေးသုံးစွဲတဲ့နိုင်ငံတွေထဲမှာ ဂရိကို ဆက်ပြီးထားရှိဖို့နဲ့ အကူအညီတွေပိုပြီးပေးဖို့ အကောင်အထည်ဖော်မယ့် အစီအစဉ်ကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ဥရောပ ကော်မရှင်နာမင်းကြီး Jose Manuel Barroso နဲ့ဥရောပ ကောင်စီဥက္ကဋ္ဌ Herman Van Rompuy တို့က ပူးတွဲကြေညာချက်တစောင် မနေ့ကထုတ်ပြန်ပြီး ဂရိနိုင်ငံကို တိုက်တွန်းလိုက်ကြောင်း သိရသည်။
သူ့ကို ရာထူးကဆင်းပေးဖို့လည်း ဂရိအတိုက်အခံတွေက တောင်းဆိုနေကြပါတယ်။ သူ့ကိုအယုံအကြည်ရှိမရှိ လွှတ်တော်မှာ ဒီကနေ့ မဲခွဲကြပါလိမ့်မယ် ဖြစ်ကြောင်း သိရသည်။
G-20 ညီလာခံကို ပြင်သစ်သမ္မတ ဆာကိုဇီက ကမကထလုပ်ပြီး ပြင်သစ်နိုင်ငံ ကိန်းစ်မြို့မှာ ၂ ရက်ကြာကျင်းပနေတဲ့ G-20 စီးပွားရေးအားကောင်းတဲ့ နိုင်ငံ ၂၀ ရဲ့ ညီလာခံမှာ ဂရိနိုင်ငံရဲ့ ငွေကြေးအကျပ်အတည်းပြဿနာက အဓိက လွှမ်းမိုးနေကြောင်း သိရသည်
Lwin Pwin

0 comments:

Post a Comment