နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ  

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်
ဂျာမနီ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ Dr. Werner Hoyer က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ လာရောက် တွေ့ဆုံကြောင်း NLD အသိုင်း အ၀န်းက ပြောသည်။ ဂျာမနီ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် နေပြည်တော်သို့ ထွက်ခွာသွား ကြောင်း သိရသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ယာယီပြန်ဖွင့်

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြ၀တီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်များ က ယနေ့မွန်းလွဲ၂ နာရီခန့်တွင် ဖွင့်လှစ်လိုက်သည်။ ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ သွားလာရေး လွယ်ကူရန်အတွက် ယာယီဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ထိုင်းနိုင်ငံဘက်မှ ပြန်လာသော မြန်မာ အလုပ်သမား ၁၀၀ ကို ချစ်ကြည်ရေးတံတားပေါ်မှ ဖြတ်ပြန်စေပြီး မြ၀တီ ခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး ခေါင်းဆောင်သည့် အာဏာ ပိုင် များက ကြိုဆိုခဲ့ကြသည်။ အောက်တိုဘာ လလယ်ခန့်မှ စတင်၍ နေ့စဉ် မြန်မာအလုပ်သမား ထောင်ချီ၍ နေရပ်ပြန်နေကြခြင်း ဖြစ်သည်။ ယင်းချစ်ကြည်ရေး တံတားကို မြန်မာဘက်က ပိတ်ထားသည်မှာ တနှစ်ကျော်ပြီဖြစ်သည်။

မဟာသီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၄ နာရီခန့်တွင် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် နှင့် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ တွေ့ဆုံရန် ရှိကြောင်း သိရသည်။ မဟာသီယာသည် မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စနှင့် ရောက်ရှိနေခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်ကိစ္စများဆွေးနွေးမည်ကို မသိရှိရသေးပေ။မဟာသီယာ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား စေ့စပ်ရေးအတွက် ကြိုးဖမ်းခဲ့ဖူးသူလည်း ဖြစ်သည်။ ညနေ ၅ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။

အကူအညီမပေးမီ စုံစမ်းစစ်ဆေးရန် ဂျပန်ကို တိုက်တွန်း
မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ဖွံ့ဖြိုးမှုဆိုင်ရာ(ODA)အကူအညီများ မပေးမီ ရေအားလျှပ်စစ် စီမံကိန်းများ၏ အခွင့်အရေး ချိုးဖောက် မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံ မြစ်ချောင်များဆိုင်ရာ ကွန်ရက်(BRN)နှင့် ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေ သန အဖွဲ့(KDRG)တို့က တိုက်တွန်းလိုက်သည်။ ကယား(ကရင်နီ)ပြည်နယ် ဘီလူးချောင်း လောပီတ ရေအားလျှပ်စစ် စီမံကိန်း အမှတ်၂ နှင့် သက်ဆိုင်သော ဒေသခံများကို အဓမ္မ ရွှေ့ပြောင်းခိုင်းမှု၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ဥပဒေမဲ့ သတ်ဖြတ်မှု စသည်တို့အား စုံစမ်းစစ်ဆေးရန် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင်လိုအပ်နေသည့် ရေဖူလုံရေးအတွက် အဆိုကို ကန့်ကွက်
ရန်ကုန်တွင်လိုအပ်နေသည့် ရေဖူလုံရေးအတွက် အဆိုကို ကန့်ကွက်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယမန်နေ့က စတင်ကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် အဆိုများနှင့် မေးခွန်းများ တင်သွင်းနေကြရာ သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေဖူလုံအောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ဦးအနက် ၉၈ဦးက ကန့်ကွက်၍ ပျက်ပြားသွားကြောင်း သိရသည်။

နိုင်ငံ့ခေါင်းဆောင်ဒေါ်စုနဲ့ ကုလအထူးကိုယ်စားလှယ် တွေ့ဆုံ
နိုဝင်ဘာ ၃၊ ၂၀၁၁ နေ့ ညနေ ၆နာရီကျော်မှ ၆ နာရီခွဲ ၀န်းကျင်ထိ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နေအိမ်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် မစ္စတာ နမ်းဗီယားနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းမီဒီယာများရဲ့မေးခွန်းကိုဖြေကြားခဲ့ ကြောင်း သိရသည်။
ဘူးဂါးပိုင်လျှပ်စစ်လိုင်း ပြတ်တောက်နေ
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်ပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အားလိုင်းတခု ယခုတပတ် အင်္ဂါနေ့ ညနေ ပိုင်းစတင်၍ ပြတ်တောက် သွားရာ ပြင်ဆင်ရန် အနည်းဆုံး တပတ်ခန့် ကြာနိုင်သည်ဟု ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောကြောင်း သိရသည်။
နိုဝင်ဘာကျောက်မျက်ပြပွဲ ပျက်ပြား
တနှစ်လျှင် သုံးကြိမ် ပုံမှန်ကျင်းပလေ့ရှိသည့် ကျောက်မျက် ရောင်းချပွဲများကို နေပြည်တော်၌ ယခုနှစ်အတွင်း မတ်လနှင့် ဇူလိုင်လများက   ကျင်းပခဲ့ပြီး နိုဝင်ဘာတွင် ကျင်းပရမှာဖြစ်သော်လည်း မကျင်းပဖြစ်တော့ဟု မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်း အရာထမ်းတဦးက ပြောကြောင်း သိရသည်။
အစိုးရ နိုင်ငံရေးအမြတ်ထုတ်ဟု KIO စွပ်စွဲ
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးသိန်းဇော်၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စာပို့ကမ်းလှမ်းချက်သည် နိုင်ငံရေး အမြတ်ထုတ်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။
“နိုင်ငံတကာက သံတမန်ကိစ္စတွေ၊ ပုဂ္ဂိုလ်တွေ ရောက်နေကြတယ်။ ဒီလိုမျိုး စောင့်ကြည့်နေတဲ့ အချိန်မှာ သူတို့က လက်နက်ကိုင် အင်အားစုတွေ အားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် ဆိုတဲ့ အနေနဲ့ ဟန်ရေးပြပေါ့ဗျ။ သံတမန်ရေး မှာ အမြတ်ထုတ်ဖို့ လုပ်တဲ့ကိစ္စလို့ပဲ လုံးဝခိုင်ခိုင်မာမာ သုံးသပ်တယ်ခင်ဗျ။”  ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြော
ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြော

အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း၊ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စ မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြောင်း သိရသည်။
Lwin Pwin

 





1 comments:

hninwityiaung said...

ကလေးပျောက်သတင်းတွေမ၇ဘူးလား။အဒိသတင်းတွေဖတ်ချင်ပါတယ်။၇မယ်ဆို၇င်ပေါလေ။ကျေးဇူတင်ပါတယ်။

Post a Comment