အစိုးရသစ် အပြောင်းအလဲများ EU ကြိုဆို
မြန်မာနိုင်ငံတွင် အရေးကြီးသည့် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို ကြိုဆိုကြောင်း ဥရောပ သမဂ္ဂ (EU) အဆင့်မြင့် သံတမန် တဦးက ပြောကြားလိုက်သည်။ ထိုအပြောင်း အလဲများအတွက် ကူညီထောက်ပံ့ပေးနိုင်ရန်များစွာ မျှော်လင့်ထားသည် ဟု လည်း ဆိုသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရောက်ရှိနေသော EU သံတမန်  David Lipman က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။ David Lipman သည် ယနေ့ စတင်ပြီး ရန်ကုန်မြို့တွင် EU က ဦးဆောင် ကျင်းပသော ဆင်းရဲမွဲတေမှု လျော့ကျရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း AFP သတင်းတရပ်၌ ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ရာဇ၀တ်မှုများ စုံစမ်းရန် WLB တောင်းဆို
မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါများ ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးတွင် တရားစွဲဆိုနိုင်ရေးကို ဦးတည်၍ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ဖွဲ့စည်းရန် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)က ယနေ့ တောင်းဆိုလိုက်သည်။WLB က ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် International Center – IC ခန်းမ၌ “အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ” အမည်ရသည့် မှတ်တမ်း ဗီဒီယို အခွေ ထုတ်ဝေ ဖြန့်ချိရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ရန်ကုန် အိမ်ခြံမြေ ဈေးများ ထိုးတက်

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်တွင် ဈေးနှုန်းများ ထိုးတက်လျက်ရှိပြီး မြေကွက်တကွက်လျှင် မြန်မာငွေ ကျပ် သန်းတသောင်းကျော် အထိ အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရွေးကောက်ပွဲပြီးတစ်နှစ်အကြာ လူ့အခွင့်အရေး ဆိုးရွားနေဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး တစ်နှစ်ကြာလာခဲ့ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေဆဲလို့ ကုလ ကိုယ်စားလှယ်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ဖို့ EU မျှော်လင့်

မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး ဒါကို ဆက်ပြီး အားပေးသွားဖို့မျှော်လင့်ကြောင်း အီးယူသံတမန်တစ်ဦးက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနှစ်ပတ်လည် နိုင်ငံရေးသမားတွေအမြင်

ရွေးကောက်ပွဲကျင်းပပြီးလို့ တစ်နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ သံသယရှိသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားအတွက် မြန်မာကို FIFA ပြန်လည်ခွင့်ပြု

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က မြန်မာဘောလုံးအသင်းအပေါ် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် ပိတ်ပင်ထားတာကို ရုတ်သိမ်းပေးလိုက်ပါပြီ။

အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည်

၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွင်း သပိတ်မှောက် ကံဆောင်ခဲ့တဲ့ အတွက် ထောင်ချခံရပြီး မကြာခင်ကမှ လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိက္ခာထပ်ပွဲ တစ်ခု နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကနေဒါ အလုပ်သမားသမဂ္ဂ တောင်းဆို

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကနေဒါ ပြည်သူ့ဝန်ထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ ကိုယ်စားလှယ် ၄၀၀ ကျော်က နိုဝင်ဘာ ၇ ရက် မနေ့က တောင်းဆိုလိုက်ကြပါတယ်။

အစိုးရက အကျဉ်းသားကိစ္စ အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင် AAPP ပူးပေါင်း ကူညီမည်

အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးတာနဲ့ စတင်ဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က အစိုးရကို ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

အီးယူ ဥရောပ သမဂ္ဂနဲ့ ပူးတွဲပြီး မြန်မာ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီကနေ့ ဦးစီး ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပါတယ်။

Lwin Pwin

0 comments:

Post a Comment