ရန်ကုန်တွင် ရင်ချင်းဆက် အမြွှာနှစ်ဦး ခွဲစိတ်မှု အောင်မြင်

ရန်ကုန် ကလေးဆေးရုံကြီး၌ ယမန်နေ့ နံနက်ပိုင်းက မအင်ကြင်းခိုင်-မအင်ကြင်းလှိုင် အမည်ရှိ ပဉ္စမမြောက် ရင်ချင်းဆက် အမြွှာညီအစ်မ နှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည်။ ယင်း အမြွှာညီအစ်မသည် အသက် ၂ နှစ် နှင့် ၁၀ လစီရှိပြီး တနင်္သာရီ တိုင်း လောင်းလုံမြို့နယ်တွင် မွေးဖွားခဲ့သူများဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ယခု မအင်ကြင်းခိုင်-မအင်ကြင်းလှိုင် တို့အပြင် ပထမ မနန်းစိုး - မနန်းစံ၊ ဒုတိယ အေးအေးငြိမ်း-အိအိငြိမ်း၊ တတိယ မိုးပပမောင် - မိုး ပပအောင်၊ စတုတ္ထ မစိုပြေလင်း-မစိုပြေ၀င်း တို့ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။

ဟီလာရီ ကလင်တန် ထိုင်းနှင့် ဖိလစ်ပိုင်ကို လာမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် အရှေ့တောင် အာရှ နိုင်ငံများဖြစ်သော ထိုင်း နှင့် ဖိလစ်ပိုင် နိုင်ငံ များသို့ မကြာမီလာရောက်ရန်ရှိကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ယခုလအတွင်း ကျင်းပမည့် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲသို့ တက်ရောက်ရန်ရှိပြီး ယင်း အစည်းအဝေး မတိုင်မီ လာရောက်မည်ဖြစ်သည်ဟု AP သတင်း၌ ရေးထားသည်။ မစ္စ ကလင်တန် ၏ ခရီးစဉ်သည် အာရှဒေသတွင်းရှိ အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ချက်ဖြစ် သည် ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုထားသည်။
ကျပ်သိန်း တသောင်းခုနှစ်ထောင်တန် တောက်တဲ့ကြီး
အရှည် သုံးပေခွဲရှိ တောက်တဲ့ တကောင်အား ကျပ်သိန်းပေါင်း တသောင်း ခုနစ်ထောင်ဖြင့် အရောင်းအဝယ်ဖြစ်မှု စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်ဆည်ကျေးရွာ၌ အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ပေါ် ခဲ့ကြောင်း ပြည်တွင်းထုတ် ဆဲဗင်းဒေး သတင်းဂျာနယ်တွင် ပါရှိ ကြောင်းသိရှိရသည်။

တိုင်းရင်းသားအရေး ဒေါ်စု ညှိနှိုင်းပေးဖို့ NCUB တိုက်တွန်း

တိုင်းရင်းသားအဖွဲ့တွေနဲ့မြန်မာအစိုးရအကြားငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းပေးဖို့ဒေါ်အောင်ဆန်းစုကြည်ကို NCUB အဖွဲ့က တောင်းဆို ကြောင်းသိရှိရသည်။ 
ရန်ကုန်ဗြိတိသျှသံရုံးရှေ့ BBC သတင်းဌာနကို ဆန္ဒပြသူများ စုရုံး
BBC အင်္ဂလိပ်ဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေ အကြောင်း ဆောင်းပါးထဲ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ် အတွင်းမှာ ရိုဟင်ဂျာဓာတ်ပုံကို ဖော်ပြမိတဲ့အပေါ် အဓိကမကျေနပ်လို BBC က မှားနေတဲ့ကိစ္စကို တောင်းပန်ဖို့ရယ်၊ သံရုံးကတဆင့် BBC သိအောင် ပြောဖို့်၊ နောက်တခုက အဲဒီ BBC မှားနေတာကို မြန်မာပြည်ကို ပြန်တောင်းပန်ဖ်၊ နောက်တခုက သတင်းထောက် အဲန်နာဂျုန်းကို BBC ကနေ ဖယ်ရှားပေးဖို့ရန်ကုန်မြို့က ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြ ကြောင်းသိရှိရသည်။

အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း

အင်းစိန်အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြသူတွေ နိုဝင်ဘာ ၇ ရက်နေ့က ဆန္ဒပြမှု ပြန်ရုပ်သိမ်းလိုက် ကြောင်းသိရှိရသည်။

တရုပ်နယ်စပ် မြန်မာအမျိုးသမီး ရောင်းစားခံရမှု ပိုများ

တရုတ်အမျိုးသားတွေရဲ့ ဇနီးအဖြစ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးဦးရေ ပိုများလာနေ ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံမှာ မော်တော်ယာဉ်စက်ရုံ တည်ဆောက်ဖို့ မလေးရှား ကုမ္ပဏီ စီစဉ်

မလေးရှားနိုင်ငံ အခြေစိုက် Asia Motor ကားကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၄၄ သန်း ကုန်ကျမယ့် ကားစက်ရုံ တစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရှမ်းပြည်နယ် NLD ပါတီ အနေနဲ့ ဆင်နွဲခွင့်ရရှိ

ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကို မနေ့က နိုဝင်ဘာလ ၉ ရက်နေ့က ခမ်းခမ်းနားနား စတင် ကျင်းပပြုလုပ်ရာမှာ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ၂၃ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ပါဝင်ဆင်နွဲခွင့် ရရှိခဲ့ကြောင်း သိရှိရပါတယ်။

မကွေးတိုင်းက လယ်သမားများနဲ့ မစုစုနွေး တွေ့ဆုံ

အကျဉ်းကျနေရာက ပြီးခဲ့တဲ့လက ပြန်လွတ်လာတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး မကွေးတိုင်းက လယ်သမားတွေနဲ့ ပြည်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပြီး လယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြောင်း ပြောဆို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး လွတ်မြောက်ရေး ဆက်လုပ်မယ်

ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် အကျဉ်းထောင် အသီးသီးမှာ ကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ဆက်လုပ်သွားမယ်လို့ မကြာသေးမီက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဦးမောင်ကို ကွယ်လွန်တာ ၂၁ နှစ် ပြည့်ပြီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ဦးမောင်ကို ကွယ်လွန်တဲ့ ၂၁ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ကျန်ရစ်သူ မိသားစုက ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း ကန်ဖျား ကျောင်းတိုက်မှာ ဒီကနေ့ ဆွမ်းကျွေး အလှူဒါန ပြုခဲ့ပါတယ်။

ခေါင်းဆောင်တွေ မလွတ်မချင်း ပါတီ မှတ်ပုံတင်မှာ မဟုတ်လို့ SNLD ပြော

ပါတီခေါင်းဆောင် နှစ်ဦးလုံးကို အစိုးရက ထိန်းသိမ်းထားဆဲ ဖြစ်တာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အက်စ်အင်အယ်လ်ဒီ အနေနဲ့ ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ အစီအစဉ် မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။
ပို့ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ၊ သင်္ဘောသားနှင့်နိုင်ငံခြားတွင်အလုပ်လုပ်ကိုင်သူများကို ယခုလပိုင်းအတွင်း၌ပင် ကားတင်သွင်းခွင့်များစတင်ချထားပေးတော့မည်ဟု သိရ
ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးသွားလာမှု လုပ်ငန်းလုပ်ကိုင်သူ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သူ၊ သင်္ဘော သားနှင့် နိုင်ငံခြားတွင် တရားဝင်သွား ရောက်ကာ အလုပ်လုပ်ကိုင်နေသူများကို ယခုလပိုင်းအတွင်း၌ပင် ကားတင်သွင်းခွင့်များ စတင်ချထားပေးတော့မည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
Lwin Pwin

0 comments:

Post a Comment