ဒေါ်အောင်ဆန်းစုကြည် ပန်းချီပြပွဲ ကြည့်ရှု

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ကမ်းနားလမ်း ဟိုတယ်၌ ကျင်းပနေသော ပန်းချီဆရာ ၅ ဦး၏ ရွှေတိဂုံနှင့်ကျိုက်ထီးရိုး အမည်ရှိ ပန်းချီပြပွဲသို့ ယနေ့နံနက် ၉ နာရီခန့်က သွားရောက်ကြည့်ရှုကြောင်း သတင်း ရရှိသည်။ ပြပွဲတွင် ပန်းချီကား ၃၈ ကားပြသထားပြီး မင်းဝေအောင်၊ စိန်မြင့်(ရွှေချည်ထိုး)၊ အောင်မင်း၊ အောင်ခင်စိန်၊ ဇော်ဇော်အောင် တို့က ရေး ဆွဲပြသခြင်းဖြစ် ကြောင်း သိရသည်။

KNU ထိန်းချုပ်နယ်မြေ ထားဝယ်၌ အစိုးရတပ် အင်အားတိုးချဲ့

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အားများစွာတိုးချဲ့ထားသည်။ယင်းဒေသတွင် အစိုးရ တပ်ရင်း ၃ ရင်း လှုပ်ရှားနေသည့် အပြင် တပ်ရင်း ၈ ရင်းခန့် ထပ်မံ တိုးချဲ့ထားသောကြောင့် စစ်သည် အင်အား ၈၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

သီတင်းကျွတ် တန်ဆောင်တိုင် ဗြောက်အိုးဖောက်နိုင်ပြီ

ယခုနှစ် သတင်းကျွတ်နှင့် တန်ဆောင်တိုင် ပွဲတော်များတွင် စစ်အစိုးရ လက်ထက်ကကဲ့သို့ ဗြောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ ဖောက်ခြင်းတို့ကိုတားမြစ်ခြင်း မရှိတော့ကြောင်း ကြားသိရသည်။

အစိုးရသစ်လက်ထက်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်း ရှင်များပါဝင်သော ကိုယ်စားလှယ် အဖွဲ့များ အရောက် အပေါက်များလာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံ၍ ဆက်ဆံရေး တိုးမြှင့်သွားမည့် အလားအလာများရှိနေကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ရေဘေးသင့် အိမ်ထောင်စုများအတွက် လူမှုရေးအသင်းအဖွဲ့များ၊ အင်န်ဂျီ အိုအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ထောက်ပံ့ရေးပစ္စည်းများကို နေ့စဉ်နှင့်အမျှ လာရောက်လှူဒါန်းလျက်ရှိ၍ ယင်းအိမ်ထောင်စုများမှာ စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် မတင် ယခုလ ၁၈ ရက်နေ့၌ ဆုံးဖြတ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ယခုလ ၉ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောကြား ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒညှိ နှိုင်းရေးမှူး သံအမတ်ကြီး ဒဲရစ်မစ် ချယ်လ်သည် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် လွန်ခဲ့သည့်သီတင်းပတ်က တွေ့ဆုံပြီး အမေရိကန်နိုင်ငံနှင့် တပ်မတော် ကြား ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယခုကာလအတွင်း လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ ဗို့အားများ ကျဆင်းနေခြင်းမရှိစေရန် ဓာတ်အားလိုင်းများကို ဗို့အားမြင့်လိုင်း ကြိုးများ ပြောင်းလဲတပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ယခုလ ၈ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြား ကြောင်း သိရသည်။
ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း
အစိုးရနှင့် အပစ်ခတ်ရပ်ရေး ရယူခြင်းအပေါ် ရှင်းလင်းပြောကြားပွဲကို ကြာသပတေးနေ့တွင်
ပြုလုပ်ရန် လူထုမှ အချိန်မီရောက်မလာခဲ့သဖြင့် နောက်ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA မှ အရာရှိတဦးက ပြော
ကြောင်း သိရသည်။

မြန်မာနှင့်တရုတ် လူ့အခွင့်အရေး တိုးတက်ဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်နေရပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိသေးလို့ အမေရိကန်က ဆက်ကူညီသွားမယ်လို့ ၀န်ကြီးကလင်တန် ပြော ကြောင်း သိရသည်။

မန္တလေး-မြစ်ကြီးနားရထား KIA ခြုံခိုတိုက်

မန္တလေး-မြစ်ကြီးနားပြေးဆွဲပေးနေတဲ့ အမြန်ရထားကို KIA ဘက်က ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ ရထား ၀န်ထမ်းတဦး အနည်းငယ်ထိခိုက်မှုရှိခဲ့ ကြောင်း သိရသည်။

NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်

NLD ပါတီမှတ်ပုံတင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးတွေ အပေါ် ပြည်နယ်နဲ့တိုင်းအသီးသီးက အဖွဲ့ဝင်တွေရဲ့ အယူအဆတွေကို စုစည်းတင်ပြထား ကြောင်း သိရသည်။

ထိုင်းရေဘေးသင့်မြန်မာတွေ ပတ်စ်ပို့ရ

ထိုင်းနိုင်ငံက ရေဘေးသင့် နယ်စပ်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာသံရုံးက ပထမဆုံးအကြိမ် ပတ်စ်ပို့ထုတ်ပေး ကြောင်း သိရသည်။

အမေရိကန် နည်းပညာနဲ့ မြန်မာအစိုးရ အင်တာနက် ဆင်ဆာ လုပ်နေ

မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေမှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက်ကြောင်း သိရပါတယ်။

အစာငတ်ခံ ဆန္ဒပြပွဲ ပြီးဆုံးပြီလို့ အကျဉ်းသား မိသားစုဝင်များ ပြောဆို

အင်းစိန် အကျဉ်းထောင်က အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ ဆန္ဒပြပွဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က အဆုံးသတ် လိုက်ပြီလို့ ယူဆကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောဆိုကြောင်း သိရပါတယ်။

ဒေါ်ဝင်းမြမြ ထောင်ထဲမှာ တကယ်ရှိမရှိ ပြန်စစ်ဆေးခိုင်း

ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ မန္တလေးတိုင်း အင်န်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ ပြန်လွတ်ပြီဆိုတဲ့ သတင်းတွေကြောင့် ဒေါ်ဝင်းမြမြ အကျဉ်းထောင်မှာ ရှိမရှိ စစ်ဆေးဖို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပူတာအို ထောင်ပိုင်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆက်ပြီး ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးဖို့ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ မကြာခင် လွတ်မြောက် လာလိမ့်မယ်လို့ ထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုကြောင်း သိရပါတယ်။
Lwin Pwin

0 comments:

Post a Comment