မြန်မာပြုပြင်ရေးရှေ့တိုးဖို့ အချိန်လို
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကမြန်မာအစိုးရအနေနဲ့ပြည်သူလူထုအကျိုးအတွက် အနှစ်သာရရှိတဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုကို မိတ်ဖက်နိုင်ငံအဖြစ် တွေ့မြင်ရမှာပါလို့ ပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးကတော့ အရပ်သား အစိုးရ တက်လာပြီးတဲ့ ၇ လတာကာလအတွင်းမှာ အနှစ် ၅၀ ကြာ ရှင်းမရခဲ့တဲ့နိုင်ငံရေးကို အပြုသဘောနဲ့ အပြောင်းအလဲကို ရှေ့ရှုပြီးတော့ ဖြေရှင်းနေပါကြောင်း၊ ကျန်နေသေးတဲ့နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့လည်း လွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နည်းတူပဲ အမြန်ဆုံးအခွင့်အရေး ရရှိမယ်လို့ ယူဆရတဲ့အကြောင်း၊ တိုင်းရင်းသားဒေသတွေက ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းနေပါကြောင်း ပြောဆိုလိုက်ပါတယ်။
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖွဲ့ ဖွဲ့
ကရင်အမျိုးသား အစည်းအရုံး KNU က အရေးပေါ် ညီလာခံကျင်းပခြင်း သုံးရက်မြောက် ကြာသာပတေးနေ့တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိုယ်စားလှယ်
တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေး ခုနှစ်ဦးပါအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု KNU အသိုင်းအဝိုင်းမှ သိရသည်။
တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေး ခုနှစ်ဦးပါအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု KNU အသိုင်းအဝိုင်းမှ သိရသည်။
၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့ ကြောင်း သိရပါတယ်။ ၂၀၁၁ အပြောင်းအလဲများအတွက် Eleven Media Group က ဂုဏ်ပြုပွဲကျင်းပမည် အခုလာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ဟာ ၁ ခြောက်လုံး စုံတဲ့ ထူးခြားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ အဲသည်လို ထူးခြားတဲ့နေ့မှာ Eleven Media Group က ၂၀၁၁ ရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲကို (၁) ဦးဆောင်ပြောင်းလဲ အကောင်အထည်ဖော်ခဲ့ကြသူများ (၂) ကြိုးပမ်းဆောင်ရွက်ခဲ့သူများ (၃) အပြောင်းအလဲအတွက် အနစ်နာခံကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများ ကို ဂုဏ်ပြုတဲ့ပွဲတပွဲကို ၁၁။ ၁၁။ ၁၁ နေ့မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ၉နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ အဆိုပါ ဂုဏ်ပြုပွဲအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့နယ်ပယ် အသီးသီးမှာ ဆောင်ရွက်ခဲ့ကြသူများကို ဖိတ်ကြားထားကြောင်း သိရပါတယ်။ ထိုသို့ ဖိတ်ကြားထားသူများတွင် ၈၈ မျူိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ၁၉၆၂ မျိုးဆက်၊ ၁၉၇၄၊ ၇၅ မျိုးဆက် နိုင်ငံရေးသမားများနဲ့ နိုင်ငံရေဒးအကျဉ်းသားဟောင်းများ ပါဝင်ကြောင်း သတင်းရရှိပါတယ်။မဲဆောက် မြန်မာအလှမယ် ရွေးပွဲ မြ၀တီသူ ပထမ ရရှိထိုင်းရိုးရာ တန်ဆောင်တိုင် မီးမျှောပွဲ (လွိုင်ကထုံ)တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ရည်ရွယ်၍ မြန်မာအလှမယ် ရွေးချ ယ် ပွဲကို မဲဆောက်မြို့ထာ့စိုင်လို့ဝပ်ဒေသ မြူနီစပယ်အဖွဲ့က ယမန်နေ့ညတွင် ကျင်းပ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသူ ၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ မြ၀တီမြို့မှ လာရောက် ယှဉ်ပြိုင်သည့် အသက် ၂၂ နှစ်ရှိသော တတိယနှစ် ဥပဒေ ကျောင်းသူ မမင်းမင်းစိုး ပထမဆု ဒုတိယ ဆုကို မသဲသဲက ရရှိ၍ တိတယဆုကို မမိုးမိုးကရရှိ ကြောင်း သိရပါတယ်။ရွှေဝါရောင်သံဃာတော်များအတွက် သိမ်ထပ်မင်္ဂလာအခမ်းအနား ကျင်းပမည် ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့အတွက် အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကြတဲ့ သံဃာတော်အရှင်သူမြတ်တွေကို သိမ်ထပ်မင်္ဂလာပြုလုပ်မယ့် အခမ်းအနားတရပ်ကို သိမ်ထပ်မင်္ဂလာဖြစ်မြောက်ရေးအဖွဲ့က ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မထသ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊ မကွေးပရိယတ္တိ စာသင်တိုက်မှာ ၁၃၇၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ နိုဝင်ဘာ ၁၂၊ စနေနေ့၊ မနက် ၉ နာရီမှာ စတင်မှာ ဖြစ် ကြောင်း သိရပါတယ်။ ထောင်ကျ ဆရာတော် ကျန်းမာရေး စိုးရိမ်ရဟင်္သာတ အကျဉ်းထောင်မှာ ၂၃ နှစ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အရှင် ဦးကေလာသ ကျန်းမာရေး ချွတ်ယွင်းနေလို့ အပြင်ဆေးရုံမှာ ကုသလိုပေမဲ့ ထောင် အာဏာပိုင်တွေက ခွင့်မပြုဘူး လို့ သိရပါတယ်။ ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။လက်ဝါးကပ်တိုင်ကိစ္စ ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့ချင်းပြည်နယ်မှာ ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို မီးရှို့ခုတ်လှဲ ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်း ဖြေရှင်းပေးဖို့ နိုဝင်ဘာ ၉ ရက်က ချင်းအမျိုးသား ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်း လက်မှတ် ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ တိုင်ကြား ကြောင်း သိရပါတယ်။အစိုးရတပ်များ ဓာတုလက်နက် ပိုသုံးနေတယ်လို့ KIO စွပ်စွဲမိုးမောက်မြို့နယ်အတွင်း ဖကွန်ကျေးရွာ အနီးက တောင်ကုန်းကို မနေ့က တိုက်ခိုက်ရာမှာ အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို ပိုမို အသုံးပြုလာတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။လယ်သမားတွေကို စွဲချက်တင်ပြီအောက်တိုဘာလကုန်ပိုင်းက မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ လယ်သမား အရေး ဆန္ဒပြမှုနဲ့ အရေးယူခံရတဲ့ ရှေ့နေ ဦးဖိုးဖြူ၊ လယ်သမား ၅ ဦးနဲ့ ဆန္ဒပြပွဲ လာကြည့်သူ တစ်ဦး တို့ကို ဗိုလ်တထောင် မြို့နယ် တရားရုံးမှာ ဒီနေ့ စွဲချက် တင်လိုက်ပါတယ်။အရှင်ဂမ္ဘီရ ကျန်းမာရေး ကောင်းလာပေမဲ့ မျက်စိ ဝေဒနာ ခံစားနေရရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရရဲ့ကျန်းမာရေး အခြေအနေ ကောင်းလာပေမဲ့ သွားနာတဲ့ ဝေဒနာ ခံစားနေရတယ်လို့ စစ်ကိုင်းတိုင်း ကလေး အကျဉ်းထောင်မှာ ဒီနေ့ ထောင်ဝင်စာ တွေ့ခဲ့တဲ့ မိခင် ဒေါ်ရေးက ပြော ကြောင်း သိရပါတယ်။ရာသီဥတုကြောင့် မြန်မာဆန်စပါး အထွက်နည်းမည်မြန်မာနိုင်ငံအပါအ၀င် ရေကြီးမှုတွေကြုံခဲ့ရတဲ့ အာရှနိုင်ငံတွေမှာ ဆန်စပါးအထွက် လျော့နည်းနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြော ကြောင်း သိရပါတယ်။မြန်မာနှင့်တရုတ် လူ့အခွင့်အရေး တိုးတက်ဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်နေရပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိသေးလို့ အမေရိကန်က ဆက်ကူညီသွားမယ်လို့ ၀န်ကြီးကလင်တန် ပြော ကြောင်း သိရပါတယ်။ မန္တလေး-မြစ်ကြီးနားရထား KIO ခြုံခိုတိုက်မန္တလေး-မြစ်ကြီးနားပြေးဆွဲပေးနေတဲ့ အမြန်ရထားကို KIO ဘက်က ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ ရထား ၀န်ထမ်းတဦး အနည်းငယ်ထိခိုက်မှုရှိခဲ့ ကြောင်း သိရပါတယ်။Lwin Pwin |
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment