နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်မြောက်လာမယ်လို့ မိမိယုံကြည်ကြောင်း၊ အကြောင်းမဲ့ ပြောဆိုတာ မဟုတ်ဘဲ အစိုးရ အာဏာပိုင်တွေဆီက ရတဲ့ အချက်တွေပေါ် အခြေခံပြီး ပြောတာ ဖြစ်ကြောင်း နာမည်ကျော် လူရွှင်တော် ဇာဂနာက ဆိုပါတယ်။ မိမိတွေ့ ဆုံခွင့်ရတဲ့ အာဏာပိုင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ ကိုလည်း နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးရေး ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ အဓိကထား မေတ္တာရပ်ခံ ပြောဆိုခဲ့ပါကြောင်း ကိုဇာဂနာကပြောပါတယ်။
Lwin Pwin

0 comments:

Post a Comment