အကျဉ်းထောင် လက်စွဲပါ အကျဉ်းသား ခံစားခွင့်များရဖို့ အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသား ၁၅ဦးဟာ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲပိုင်းက စပြီး အစာငတ်ခံ ဆန္ဒပြခဲ့က်ြပြီး အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၁၅ ဦး အနက် ၂ ဦးက သပိတ်လှန်လိုက်ပြီး ကျန်ဆန္ဒပြသူတွေက ဆက်ပြီး သပိတ် တိုက်ပွဲဝင်နေတယ်လို့ သတင်းရပါတယ်။ အစာငတ်ခံ ဆန္ဒပြသူတချို့ကို စစ်ခွေးတိုက်မှာ ပို့ထားပြီး အဲဒီထဲက ကိုအောင်နိုင်နဲ့ ကိုဇင်မင်းရှိန်တို့ ၂ ဦး သပိတ်လှန်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ယက်က ပြောပြပါတယ်။ အစာငတ်ခံ ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့ ကတည်းက ထောင်ဝင်စာ ပိတ်ထားသလို သပိတ်စတင်ပြီး ၄၈ နာရီ မကြာခင် ရေဖြတ်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။
Lwin Pwin

0 comments:

Post a Comment