ပါတီ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက် ဒေါ်အာင်ဆန်းစုကြည် ရှင်းလင်းပြောကြား
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေး အပါအဝင် အချက် (၃) ချက်အပေါ် အခြေခံပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မသင်္ကာလို့ ဖမ်းထားသူတချို့ အစိုးရတပ်က ပြန်မလွှတ်သေး
နမ့်ခမ်းမြို့က ကချင်အမျိုးသမီးတွေကို အစိုးရတပ်က မသင်္ကာလို့ ဆိုပြီး မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခုချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အများအပြား ကျန်သေးကြောင်း သြစတြေလျဝန်ကြီးချုပ် ပြော
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေ အတိုင်း အပြည့်အဝ ဆောင်ရွက်မှသာ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာအစိုးရ တာဝန်ယူကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း သြစတြေလျဝန်ကြီးချုပ် မစ္စ Julia Gillard က ပြောလိုက်ပါတယ်။၂ဝ၁၄ မတိုင်ခင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း
မြန်မာအစိုးရအနေနဲ့ ၂ဝ၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်အထိ စောင့်မနေဘဲ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအားလုံးကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံရေးအပြောင်းအလဲ တွေ ဆက်လုပ်ဖို့ သြစတြေးလျဝန်ကြီးချုပ် တိုက်တွန်း
မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမဲ့ ဆက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ညပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ပြုပြင်ရေးအတွက် အချိန်မဆွဲဖို့ ဘန်ကီမွန်းတိုက်တွန်း
မြန်မာနိုင်ငံဟာ ခုချိန်မှာ အစပျိုးဖြစ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ပဲ မလုပ်လောက်တော့ဘူးလို့ ကုလ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။မြန်မာလူထုလိုအပ်ချက်နဲ့ဆန္ဒကို အမေရိကန်အလေးထားမည်
အမေရိကန်ဟာ မြန်မာလူထုရဲ့ဆန္ဒနဲ့ လိုအပ်ချက်တွေကို အလေးထားပြီး မြန်မာအစိုးရနဲ့ ဆက်ဆံသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ဝန်ကြီးကလင်တန် မြန်မာပြည်သွားမည်
အမေရိကန်သမ္မတ အိုဘားမားက ရှေ့လ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။မြန်မာနှင့် ဗီယက်နမ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူ
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗီယက်နမ်သို့ ရောက်ရှိစဉ် ဗီယက်နမ် ဗိုလ်ချုပ် Phung Quang Thanh တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ နှစ်နိုင်ငံ စစ်တပ် ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်ရေး၊ ကာကွယ်ရေး မဟာဗျူဟာ ဆွေးနွေးမှု၊ စစ်ဘက်ဆိုင်ရာ ဆေးကုသမှု၊ ထောက်လှမ်းရေးသတင်း ဖလှယ်ခြင်း၊ လုံခြုံရေး နှင့် ဒေသဆိုင်ရာအကြောင်းများကို ဆွေးနွေးကြကြောင်း http://www.dangcongsan.vn တွင် ဖော်ပြထားသည်။
အာဆီယံနိုင်ငံများမှ စာရင်းစစ်ချုပ်များပါဝင်သော အာဆီယံလုပ်ငန်းစစ်ချုပ် အဖွဲ့(ASEAN Supere- me Audit Institution) ကို ပထမဆုံးအဖြစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအဖွဲ့ကို နိုဝင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ နူဆာဒူအာရှိ ဘာလီနိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သော အာဆီယံစာရင်းစစ်ချုပ်များ၏ ဆွေးနွေးပွဲတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။| ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူများကို အခြေအနေနှင့် အချိန်အခါကြည့်၍ လွတ်ငြိမ်းချမ်း သာခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင် ငံတော်သမ္မတဦးသိန်းစိန်ကနိုဝင်ဘာ လ၁၉ရက်နေ့တွင်မြန်မာသတင်းသမား များကို ပြောကြားခဲ့ပါသည်။ | |||
| အစိုးရအဖွဲ့အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေရာမှာ ပြည်သူ့ဆန္ဒအတိုင်းသာ ဖြစ်လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၉ရက်နေ့တွင် မြန်မာသတင်းသမားများနှင့် ဘာလီ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ |
| ဥရောပသမဂ္ဂအဖွဲ့(အီးယူ)၏ ရုံးအား မြန်မာနိုင်ငံ၌ လာရောက်ဖွင့် လှစ်ရန် အစိုးရအဖွဲ့မှ စဉ်းစားနေ ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က နိုဝင်ဘာလ ၁၉ရက်နေ့ ည နေပိုင်းက မြန်မာသတင်းသမားများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Lwin Pwin |
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment