UNFC ဆက်စပ်အဖွဲ့များကို အစိုးရက ဆွေးနွေးရန် ကမ်းလှမ်းမှု မရှိ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏  ဆက်စပ်အဖွဲ့များကို အစိုးရက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိကြသေးဟု အဖွဲ့တာဝန်ရှိသူများက ပြောကြောင်း သိရသည်။

တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ ဆွေးနွေးပွဲများ ပြုလုပ်

နှစ်ဘက်အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခု ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့ နိုဝင်ဘာ ၁၉  ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြ ကြောင်း သိရပါသည်။

ဒယ်အိုးဆရာတော်ကို သတိပေးရန်ရှိ
မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များကို ခေါ်ယူကာ “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြော ကြောင်း သိရသည်

မြန်မာပန်းချီဆရာ ၈ ဦး၏ လက်ရာများ ဘန်ကောက်တွင် ပြသမည်

လာမည့် စနေနေ့ (နိုဝင်ဘာ ၂၆) မှ စတင်ပြီး ဘန်ကောက်မြို့တွင် မြန်မာပန်းချီဆရာ ၈ ဦး၏ လက်ရာများ ဘန်ကောက်တွင် ပြသမည်ဖြစ်သည်။ Forward/Backward ဟု အမည်ပေးထားသော ယင်းပြပွဲတွင် ပါဝင်သည့် မြန်မာ ခေတ်ပေါ် ပန်းချီဆရာများမှာ အောင်မြတ်ဌေး၊ မအိ၊ မောင်ဒေး၊ မင်းသိန်းဆောင်၊ မိုးဆက်၊ သူမြတ်၊ သူရိန်၊ ဝေမာညွန့် တို့ ဖြစ်ကြောင်း ပြပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်ထား ကြောင်း သိရသည်။
မီဒီယာ ဥပဒေသစ်အရ နိုင်ငံရေးဆိုင်ရာများ ဆင်ဆာမဖြတ်တော့
မီဒီယာ ဥပဒေသစ်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဖော်ပြချက်များကို ဆင်ဆာ ဖြတ်တော့မည် မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံ သားတိုင်း၏ အခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းကပြောကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် နိုင်ငံတကာ ညီလာခံ အတွင်း စနေနေ့က အလွတ် သဘော ပြောဆိုခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
တရုတ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး ဘဏ်ခွဲ ရန်ကုန်၌ဖွင့်မည်

တရုတ်နိုင်ငံမှ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(Industrial and Commercial Bank of China)က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်အခြေစိုက် ရုံးခွဲ ဖွင့်လှစ်ရန်ရှိကြောင်း ရန်ကုန်ရှိ တရုတ်သံရုံး စီးပွားရေးရာဌာနမှ သိရသည်။ ဘဏ် ရုံးခွဲ ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် Park Royal ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ် အကြီး အပါအ၀င် မြန်မာအစိုးရအကြီးအကဲများ တက်ရောက်မည်ဖြစ်ကြောင်း တရုတ် သံရုံး စီးပွားရေးရာဌာန တာဝန်ရှိသူ တဦး က ပြော ကြောင်း သိရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် ကုလသမဂ္ဂ တောင်းဆို

အမေရိကန်နိုင်ငံ နယူးရောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာနိုင်ငံတွင် စိုးရိမ်ဖွယ်ရာ လူ့အခွင့် အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို ရပ်ဆိုင်းပေးရန် တောင်းဆိုလိုက်သည်။ နိုင်ငံရေး အကျဉ်းသားများလွှတ်ရန်၊ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းရန်လည်း အစိုးရကို တောင်းဆိုထားသည်။ ယင်းညီလာခံ၏ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီတွင် တနလာင်္နေ့က မြောက်ကိုရီးယား၊ အီရန်နှင့် မြန်မာ နိုင်ငံတို့၏ လူ့အခွင့်အရေး အခြေ အနေများနှင့် ပတ်သက်ပြီး မဲခွဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားလွတ်ရေး ဗိုလ်တထောင်တွင် စုဝေး



တနင်္ဂနွေနေ့ ညနေက နိုင်ငံရေးလှုပ်ရှားသူ ၁၅၀ ထက် မနည်း ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားတွင် စုဝေးပြီး (ထောင်ထဲက) နိုင်ငံရေးသမားများ အမြန် လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ထိုးစစ်ဆင်မှုတွေ အမြန်ဆုံး ရပ်တန်ရေးဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ ထိုသို့ စုဝေးမှုသည်  ၉၁ နှစ်မြောက် အမျိုးသားနေ့နှင့်လည်း တိုက်ဆိုင်နေကြောင်းသိရပါသည်။

ပြန်လည်လွှတ်ပေးမည်ဟု ကိုမင်းကိုနိုင် မမျှော်လင့်


နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အစိုးရအနေနှင့် ၎င်းကို လွှတ် ပေးရန် မမျှော်လင့်ကြောင်း ပြောဆိုလိုက်သည်ဟု မကြာသေးမီက မိသားစုဝင်များနှင့် အတူ ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့သည့် ကိုမြတ်သူက ပြောကြောင်း သိရပါတယ်။

ပါတီမှတ်ပုံတင်ရေး အင်န်အယ်လ်ဒီ ဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့မနက် ဆယ်နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပရာ ပါတီမှတ်ပုံတင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောကြားပါကြောင်း သိရပါတယ်။

ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့

ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီး (မစ္စတာ ဖရန်စွာ ဒင်မာရေး)နဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးတို့ အဖွဲ့ဟာ မကြာသေးမီက ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၂၀ ကျော်ကို အင်န်အယ်လ်ဒီ ပါတီရုံးချုပ်မှာ ဒီကနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံရေးဆွေးနွေးမှုမျိုး ကေအိုင်အို လိုလား

နိုင်ငံရေးဆွေးနွေးမှုမျိုး အစိုးရဘက်က ကမ်းလှမ်းလာရင် ကေအိုင်အို ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့အနေနဲ့ လက်ခံ တွေ့ဆုံဆွေးနွေးမယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဒီကနေ့ ပြောလိုက်ကြောင်း သိရပါတယ်။

ထောင်ကလွတ်ဖို့ ကိုမင်းကိုနိုင် မျှော်လင့်ထားပုံမရ


ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံ ထောင်ကနေ သရက်ထောင်ကို ရွှေ့ပြောင်းခံရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ထောင်ကလွတ်ဖို့ မျှော်လင့်ထားပုံ မရကြောင်း မိသားစုဝင်တွေက ပြောဆိုတယ်လို့ သိရပါတယ်။

မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု ကုလ စိုးရိမ်နေရဆဲ

လက်ရှိမြန်မာနိုင်ငံက တိုးတက်မှုအချို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ကြိုဆိုလိုက်ပြီး တစ်ဘက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အဓိက စိုးရိမ်စရာ ပြဿနာတွေအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ဝေဖန် ထောက်ပြလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကြောင့် ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ မြန်မာမျှော်လင့်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်ကြောင့် အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက် ကြောင်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားကိစ္စ တွန့်တိုမနေသင့်ကြောင်း ဇာဂနာပြောကြား
နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အခုလို အပြောင်းအလဲ လုပ်ဆောင်နေပြီလို့ ပြောဆိုနေတဲ့ ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး စဉ်းလဲတွန့်တို မနေသင့်ဘူးလို့ ဟာသသရုပ်ဆောင် ဦးသူရ ခေါ် လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောဆိုလိုက်ပါကြောင်း သိရပါတယ်။

ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ဒေါ်အောင်ဆန်းစုကြည် ဖွင့်

ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်း ပွဲတော်ကို ဒီကနေ့ မနက် ဆယ်နာရီက ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာမှာ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာရင် ဦးဆောင်မှု ခံယူမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် သူ့ဦးဆောင်မှုကို အပြည့်အ၀ ထောက်ခံသွားကြမှာပါလို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော် အမတ် တချို့က ဒီကနေ့ ပြောကြားလိုက်ကြောင်း သိရပါတယ်။

အပစ်ခတ်ရပ်စဲရေး နီးစပ်နေပြီလို့ တိုင်းရင်းသားအဖွဲ့များ ပြောဆို

မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့ဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထိုင်း မြန်မာ နယ်စပ် ဒေသမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေက အာရ်အက်ဖ်အေကို အတည်ပြု ပြောဆိုကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ခြေလှမ်း မြန်မာအစိုးရကြိုဆို

သမ္မတဦးသိန်းစိန်က အမေရိကန်ဝန်ကြီးလာမှာကို ကြိုဆိုရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲဆောင်ရွက်သွားမယ်လို့ ကတိပြုလိုက်ကြောင်း သိရပါတယ်။

NLD တပတ်အတွင်း ပါတီမှတ်ပုံတင်မည်

တပတ်အတွင်း NLD က ပါတီမှတ်ပုံတင်တဲ့အခါ ရွေးကောက်ပွဲဝင်ဖို့ လုပ်ကိုင်ရည်ရှိတဲ့ လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားတွေ ပါဝင်လာပါလိမ့်မယ်ဖြစ်ကြောင်းသိရပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့် ပြင်ဆင်ချက်အတည်ပြု

မြန်မာပြည်မှာပထမဆုံးငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခွင့်မူကြမ်းကိုလွှတ်တော်မှာအတည်ပြုနိုင်ခဲ့ပြီလို့လွှတ်တော်အမတ်တက ပြောကြောင်း သိရပါတယ်။

မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလအတည်ပြု

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအဆိုပြုချက်မူကြမ်းကိုကုလသမဂ္ဂအထွေထွေညီလာခံမှတနင်္လာနေ့က အတည်ပြုခဲ့ကြကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်

ဒီနှစ်ကုန်ပိုင်းမှာကျင်းပနိုင်ဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးခံမယ်လို့ NLD ပြောခွင့်ရသူက ပြောပါတယ်။
Lwin Pwin

0 comments:

Post a Comment