ဇာဂနာကို နိုင်ငံကူး လက်မှတ်ထုတ်ပေး

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက် လာသော လူရွှင်တော် ဇာဂနာ အား အစိုးရက ပြည်ပ ခရီး ထွက် ရန် အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်သည်။ လူရွှင်တော် ဇာဂနာကို ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများက ရုပ်ရှင်ဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလ လယ်ခန့်တွင် လာရောက်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။ ။ ဇာဂနာသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၅ နှစ်ကျခံနေရာမှ အောက်တိုဘာ ၁၂ ရက်တွင် ပြန်လည် လွတ်မြောက်ခြင်းဖြစ် သည်။

မြောက်ကိုရီးယား-မြန်မာ နျူကလီးယား ကိစ္စ အမေရိကန်ထုတ်ဖော်

မြန်မာအစိုးရက မြောက်ကိုရီးယားထံမှ နျူကလီးယား လက်နက်ဆိုင်ရာ အကူအညီရယူထားသည်ကို အမေရိကန် အထက်လွှတ် တော် နိုင်ငံခြားရေး ကော်မတီ အနေနှင့် လွန်ခဲ့သည့် ၅ နှစ်ခန့်ကပင် သတင်းအချက်အလက် ရရှိထားကြောင်း အထက်လွှတ်တော် အမတ် Richard G. Lugar အား ကိုးကား၍ ၀ါရှင်တန် ပို့စ် သတင်း၌ ယနေ့ ဖော်ပြသည်။ ထိုအချိန်က ဆိုင်းငံ့ထားခဲ့သည့် ယင်း ကိစ္စကို ယခုမှသာ ထုတ်ပြန်ရခြင်းမှာ နိုဝင်ဘာလကုန် ပိုင်း နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ သို့ ရောက်ရှိချိန် မြန်မာအစိုးရနှင့် တွေ့ဆုံပြောဆိုရာ၌ မီးမောင်းထိုးပြစေလို၍ ဖြစ်ကြောင်း သတင်းတွင် ပါရှိသည်။

 မွန် နှစ်ပါတီ ပေါင်းစည်းတော့မည်
 အစိုးရ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF)ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) နှစ်ပါတီ ပူးပေါင်း၍ တပါတီအဖြစ် ရပ်တည်ရန် စီစဉ်နေကြောင်း သိရသည်။
NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ မြန်မာပြည်တွင်း ကျင်းပ

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို တိုက်ပွဲများ ဖြစ်ပွား
နေသည့် ကချင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် သုံးခုတွင် တက်ကြွ လှုပ်ရှားသူများက နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်ကြသည်။အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အိမ်တွင်းအကြမ်းဖက်မှုနှင့် အစိုးရ ကိုယ်တိုင် အမျိုးသမီးများအပေါ် အကြမ်းဖက် ချိုးဖောက်နေမှုများ ပပျောက်ရေးကို ဆွေးနွေးပွဲများ ပြုလုပ်ကြပြီး၊ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ပိုစတာများကိုလည်း စစ်တပ်၊ ကျောင်း၊ ကားဂိတ်နှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြသည်။တိုက်ပွဲများဖြစ်ပွားရာ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ ဒုက္ခသည်စခန်း ခြောက်ခုနှင့် လိုင်ဇာမြို့ရှိ အမျိုးသမီးများနှင့် စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော်တို့ကိုလည်း ပြည်တွင်းအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ပြည်တွင်း တက်ကြွလှုပ်ရှားသူများကဦးဆောင်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အကြောင်း ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

ပြည်ပရောက် အတိုက်အခံများ စုဖွဲ့မှု ပုံစံပြောင်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးနောက် ပြည်ပ
ရောက် အတိုက်အခံ နိုင်ငံရေးအဖွဲ့များလည်း စုဖွဲ့မှု ပုံစံပြောင်းရန် ပြင်ဆင်နေသည်။

မဲဆောက်မှာ ပထမဆုံးစာပေဟောပြောပွဲ ကျင်းပမည်


ပြောင်းရွေ့မြန်မာအလုပ်သမားများ အများအပြားနေထိုင်သည့် ထိုင်နိုင်ငံ မဲဆောက်မြို့တွင် ပထမဆုံး မြန်မာ စာပေဟောပြောပွဲကို လာမည့် ဇန်န၀ါရီလ(၄)ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပြည်သူချစ်သော အထင်ကရ စာရေးဆရာများဖြစ်သည့် ဆရာ ချစ်ဦးညို၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမ နုနုရည် (အင်းဝ) တို့ ကမဲဆောက်မြို့လယ်ရှိ ကျောင်းကြီးကျောင်းတိုက်ဝင်း မြက်ခင်းပြင်တွင် ညနေ ၄ နာရီမှ ည ၉ နာရီကျော်ထိ အားပါးတရ ဟောပြောကြမည်ဖြစ်သည်။
KIO နှင့် အစိုးရ တရုတ်နိုင်ငံတွင် ဆွေးနွေးမည်
သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ရထားဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့သည် လာမည့်သီတင်းပတ်အတွင်း အစိုးရ၏ နောက်ထပ် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်နိုင်ငံတွင်တွေ့ဆုံရန် သဘောတူထားသည်ဟု သတင်းရပ်ကွက်များက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခွင့် လျှောက်လိုက်ပြီ

ဒီကနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် သီချင်းထုတ်မယ်

လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န်အယ်လ်ဒီက အသုံးပြုမယ့် တေးသီချင်းအသစ် ရေးစပ် သီဆိုရေးနဲ့ ပတ်သက်လို့ ဂီတ အနုပညာရှင်တွေနဲ့ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ကိုဇာဂနာရဲ့ ပြည်ပခရီး

နိုင်ငံရေး အကျဉ်းသားဟောင်း စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ အပါအဝင် အနုပညာရှင် ၂ ဦးဟာ ရှေ့လအတွင်း ကမ္ဘောဒီးယား နိုင်ငံကို သွားရောက်ပြီး မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုရုပ်ရှင် ပညာရပ်ဆိုင်ရာတွေ သွားရောက် လေ့လာ ဆွေးနွေးမယ်လို့ သိရပါတယ်။

တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးဖို့ KNPP အစီအစဉ် မရှိသေး

အပစ်အခတ် ရပ်စဲရေးအတွက် KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီအနေနဲ့ တစ်ဖွဲ့ချင်း လက်မှတ် ရေးထိုးဖို့ လောလောဆယ် အစီအစဉ် မရှိသေးကြောင်း ကေအင်ပီပီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခူးဦးရယ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

နေပြည်တော် လွှတ်တော်အစည်းအဝေး ရပ်နား

နေပြည်တော်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဒီကနေ့ နောက်ဆုံးရက်အဖြစ် အပြီးသတ် ကျင်းပပြီး လွှတ်တော် အစည်းအဝေးတွေကို တစ်လခွဲလောက် ရပ်နားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာစစ်တပ်တိုးချဲ့ချထားမှု လမ်းတံတားပြင်ဖို့ မဟုတ်ဟု KIO ပြော

မြန်မာအစိုးရက ကချင်ပြည်နယ်အတွင်း တပ်ဖွဲ့တွေ တိုးချဲ့ ချထားတာဟာ အရပ်ဘက် လုပ်ငန်းခွင်တွေ အတွက် လမ်းတံတားပြုပြင် ဖောက်လုပ်ဖို့ မဟုတ်ဘဲ ထိုးစစ်ဆင်ဖို့သာ ဖြစ်နိုင်ကြောင်း KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဧရာဝတီတိုင်းမှာ လူ့အခွင့်အရေး ညီလာခံ HRDP ကျင်းပမည်

ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေကို စမ်းသပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ညီလာခံကြီး တစ်ရပ်ကို လာမယ့်လအတွင်း ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ပထမဆုံးအကြိမ် ကျယ်ကျယ် ပြန့်ပြန့် ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ကုလ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ မြန်မာနိုင်ငံ ရောက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီ အမှုဆောင် ညွှန်ကြားမှူးချုပ်ရုံး (CTED) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူက မနေ့က ပြောကြားလိုက်ပါတယ်။

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အလောင်းအစားမဟုတ်

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အလောင်းအစား တစ်ခု မဟုတ်ဘူးလို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

မြန်မာနိုင်ငံ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး ဈေးပြိုင်ခေါ်

မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်အသစ်တွေ အတွက် တင်ဒါစနစ်နဲ့ ဈေးပြိုင်ခေါ်ရာမှာ တရုတ်နဲ့ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေက စိတ်မဝင်စားကြဘဲ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေသာ စိတ်ဝင်စားတာ တွေ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဥပဒေကြမ်း အတည်ပြု
မြန်မာနိုင်ငံမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရေး ဥပဒေကြမ်းတရပ်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ သမ္မတလက်မှတ်ထိုးပြီးရင် အသက်ဝင်လာမယ့် ဒီဥပဒေကြောင့် ပြည်သူတွေအပေါ် အောက်ခြေအဆင့်က အနိုင်ကျင့်တာတွေ လျော့ပါးသွားတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ၁၀ အိမ်စု ကိုယ်စားလှယ်တွေကိုယ်တိုင်က လျာထားတဲ့ အသက် ၂၅ နှစ်ပြည့်ပြီးသူ ရပ်/ကျေး အုပ်ချုပ်ရေးမှူးလောင်းကို တစ်အိမ်ထောင်စုကို တမဲနှုန်းနဲ့ ရွေးချယ်ရမယ့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့နျူကလီးယားစိုးရိမ်ချက် ဆွေးနွေးဖို့ ကလင်တန်ကို အမတ် Lugar တိုက်တွန်း

မြောက်ကိုရီးယားအကူအညီနဲ့ မြန်မာ နျူကလီးယားထုတ်ဖို့ ကြိုးစားနေတဲ့ကိစ္စဆွေးနွေးဖို့ ၀န်ကြီးကလင်တန်ကို လွှတ်တော်အမတ် Lugar က တိုက်တွန်းပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဒီနှစ်အတွင်းမဖြစ်နိုင်

မြန်မာနိုင်ငံမှာကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပနိုင်စရာမရှိဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
Lwin Pwin

0 comments:

Post a Comment