တိုက်ပွဲကြောင့် မြစ်ကြီးနား လျှပ်စစ်ဓာတ်အား ပြတ်တောက်
ကချင် လွတ်လပ်ရေး တပ်မတော်(KIA)က မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ်ဓာတ်အားများ ယမန်နေ့ ညနေ ၄ နာရီခွဲ ခန့်က ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။ ကချင်ပြည်နယ် ၀ိုင်းမော် ဒေသတွင် အစိုးရစစ်တပ်နှင့် ကချင် လွတ် လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ လျှပ်စစ် ဓာတ်အားကြိုး တချောင်း ပျက်စီးသွားသည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။ ယင်းလျှပ်စစ်ဓာတ်အား စက်ရုံးကို KIA တပ်ဖွဲ့ဝင်များက ပိုင်ဆိုင်ထားကြောင်း သိရသည်။
လူမျိုးရေး ခွဲခြားမှု၊ အကျင့်ပျက် ခြစားမှုနှင့် ပဋိပက္ခ အစီရင်ခံစာထုတ်
ပြည်ပအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ(ENC)က Discrimination, Conflict and Corruption အမည်ရှိ အစီရင်ခံစာ တစောင်ကို ထုတ်ဝေလိုက်သည်။ ယနေ့နံနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Orchid ဟိုတယ်၌ ကျင်းပသည့် ယင်း အစီ ရင်ခံစာ ထုတ်ဝေခြင်း အခမ်းအနားတွင် တာဝန်ရှိသူ တဦးက လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲများသည် နိုင်ငံရေး ပါတီများ၊ ခေါင်းဆောင်များ ကြားတွင်သာ ဖြစ်နေပြီး လူထုကြားတွင်လည်း ပြောင်းလဲရန်လိုကြောင်း၊ ထို့ကြောင့် လူထုကြား၌ ဖြစ်နေသော လူမျိုးရေး ခွဲခြားမှု၊ အကျင့်ပျက် ခြစားမှုနှင့် ပဋိပက္ခ များကို ထည့်သွင်းစဉ်းစားနိုင်ရန် သုတေသနလုပ်၍ ယခု အစီရင်ခံစာအား ထုတ် ဝေရခြင်း ဖြစ်ကြောင်း ပြောသည်။
အပစ်ရပ်အတွက် DKBA ဒု အကြိမ် ဘားအံသို့ သွားရောက်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့ ကိုယ်စားလှယ်များသည် အပစ်အခတ် ရပ်စဲရေး အတွက် အစိုးရနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန် ဘားအံမြို့သို့ ယမန်နေ့ကသွားရောက်ကြောင်း သိရသည်။ DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ဦးဆောင်၍ ကိုယ်စားလှယ် ၇ ဦးခန့် ပါဝင်သည်ဟု နီးစပ်သူတဦးက ပြောသည်။ ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ပထမ အကြိမ် ဘားအံမြို့ ပြည်နယ် ၀န်ကြီးရုံးတွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။
မစ္စတာ ဗီ ဂျေ နမ်ဘီယာ အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည် ယမန်နေ့က ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ဦးအောင်သောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး စသည့် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံ ရာတွင် တိုင်းရင်းသား ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ ကိစ္စ၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အမေရိကန်ဝန်ကြီး HIV ဂေဟာ လေ့လာ
မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဖြူဖြူသင်း၏ HIV လူနာ စောင့်ရှောက်ရေးဂေဟာသို့ အင်္ဂါနေ့တွင် သွားရောက် လေ့လာခဲ့သည်။
IMF ကိုယ်စားလှယ် အဖွဲ့ မြန်မာ ခရီးစဉ်ပြီးဆုံး
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ် ပြုပြင်ရေးနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီပေးရေးအတွက် လာရောက်လေ့လာနေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)မှ ကိုယ်စားလှယ်များ၏ ခရီးစဉ် ယမန်နေ့က ပြီး ဆုံး သွားပြီ ဖြစ်သည်။မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ် ပြုပြင်ရေးနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီပေးရေးအတွက် လာရောက်လေ့လာနေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)မှ ကိုယ်စားလှယ်များ၏ ခရီးစဉ် ယမန်နေ့က ပြီး ဆုံး သွားပြီ ဖြစ်သည်။ IMF Article VIII 2011 Missionအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်တားမြစ်ချက်များနှင့် အမျိုးမျိုး သော ငွေကြေးဖလှယ်မှုများ၏ ပြဿနာ ဇစ်မြစ်များကို အစိုးရပိုင်း တာဝန်ရှိသူများ၊ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ အဖွဲ့ဝင်တချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဖော်ပြ ထား သည်။
နောက်ချန် သီးလေးသီး အဖွဲ့သားများ ပြန်ရက်သတ်မှတ်
ပြည်တော် မပြန်သေးသည့် သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီး မြစံပယ်ငုံတို့ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ပြန်တော်ပြန်မည် ဖြစ်ကြောင်း သိရသည်။
ဦးသန့် အခမ်းအနား Vijay Nambia တက်ရောက်မည်
မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ မနက်ဖြန် ရန်ကုန်မြို့မှာ ကျင်းပမယ့် ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရာထူးလက်ခံရရှိတဲ့ နှစ် ၅၀ ပြည့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ကြောင်း သိရသည်။
မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ ရန်ကုန်ရောက်
မလေးရှားနိုင်ငံက Proton ကားကုမ္ပဏီရဲ့ အကြံပေးပုဂ္ဂိုလ် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေကြောင်း သိရပါတယ်။ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ မစ္စတာ မဟာသီယာ ဒီကနေ့ ကုန်သည်ကြီးများ ဟော်တယ်မှာလုပ်တဲ့ မြန်မာ မလေးရှား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့်ကြောင်း သိရပါတယ်။
အမေရိကန် ကိုယ်စားလှယ်တွေ NLD ခေါင်းဆောင်တွေနဲ့ တွေ့မည်
မြန်မာနိုင်ငံရောက် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Michael Posner နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Mr. Derek Mitchell နိုဝင်ဘာ (၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment