ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တရုတ်ပြောဆိုချက် ကြိုဆို
အမေရိကန်၏ မြန်မာအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒကို တရုတ်နိုင်ငံကကြိုဆိုသည်ဟု ပြောဆိုမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ဟီလာရီ ကလင်တန်ကလည်း ကြိုဆိုကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။ ယနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ၎င်းတို့ ၂ ဦးတွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြား ရေး ဌာနက မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်ပြီး ကြိုဆိုကြောင်း ပြောဆိုထားသည်။
နိုင်ငံရေး အကျဉ်းသားလွတ်ရေး လုပ်ဆောင်မည်ဟု ဦးရွှေမန်းပြော
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့ က နေပြည်တော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး၊ နယ်စပ်ဒေသများတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့်ရရေး များကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောကြားကြောင်း သိရသည်။
မြန်မာအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားရန် တရုတ်တောင်းဆို
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖယ်ရှားပေးရန် တရုတ်နိုင်ငံက ယမန်နေ့တွင် တောင်းဆို လိုက် သည်။ မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးအတွက် ပိတ်ဆို့ဒဏ်ခတ်မှုများကို အဆုံးသတ်သင့်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း အနောက်နိုင်ငံများကို အလေးထား၍ ဆက်ဆံရေးတိုးမြှင့်ရန် လိုကြောင်း တရုတ်နိုင်ငံခြားရေးဌာန၏ ပြောဆိုချက် ကို AFP သတင်း၌ ရေးထားသည်။ မြန်မာနိုင်ငံ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ရောက်ရှိနေချိန်တွင် ယင်း သို့ ပြောဆိုခြင်း ဖြစ်သည်။
အကျင့်ပျက် ခြစားမှု အများဆုံးတွင် မြန်မာပါဝင်ဆဲ
မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံ တနိုင်ငံဖြစ်ကြောင်း Transparency International(TI) နိုင်ငံတကာ အကျင့် ပျက်ခြစားမှု လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောဆိုလိုက်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံတွင် မြန်မာသည် အဆင့် ၁၈၀ ၌ ရှိကြောင်း TI အဖွဲ့၏ ၂၀၁၁ အတွက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနှင့် အပါအ၀င် အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား နှင့် ဆိုမာလီယာနိုင်ငံ များသည် အကျင့်ပျက်ခြစားမှု အများဆုံး ဖြစ်သည်ဟုလည်း ဆိုသည်။
ဟီလာရီ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွား ရောက်
ယနေ့နံနက် ၉ နာရီခန့်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံသည်။ ယမန်နေ့ညပိုင်းကလည်း မစ္စ ဟီလာရီသည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ၏ နေအိမ်တွင် သီးသန့်တွေ့ဆုံ၍ ညစာ အတူစားရင်း စကားပြောသည်။
ဘယ်လာရုစ် ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ
ဘယ်လာရုစ် နိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ် နှင့် ဇနီး ယမန်နေ့က မြန်မာနိုင်ငံ နေပြည်တော် သို့ ရောက် ရှိလာသည်။ ယင်း ၀န်ကြီးချုပ်၏ ၃ ရက်ကြာခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုရင်းနှီးရန်အတွက် လာရောက်သော ပထမအ ကြိမ် ခရီးစဉ်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဘယ်လာရုစ် နိုင်ငံသို့ သွားရောက်ခဲ့သည်။
ချင်းမိုင်မြို့ US ကောင်စစ်ဝန်ရုံးရှေ့ မြန်မာ့အရေးဆန္ဒပြ
တိုင်းရင်းသားဒေသအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။
SSA တောင်ပိုင်းနှင့် အစိုးရ ကိုယ်စားလှယ်များ ထပ်တွေ့မည်
အစိုးရ တာဝန်ရှိသူများနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) အဖွဲ့ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ယခုရက် ပိုင်း ထပ်မံ ဆွေးနွေးကြမည်ဟု SSA-S နှင့် နီးစပ်သူတဦးက ပြောသည်။
ရွှေတိဂုံ စေတီပေါ်တွင် မစ္စကလင်တန် နာရီဝက်အကြာ လှည့်လည်ကြည့်ရှု
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ရွှေတိဂုံစေတီပေါ်၌ မိနစ် ၃၀ ကျော်ကြာ လှည့်လည်ကြည့်ရှု ဖူးမျှော် သွားသည်။
ပိတ်ဆို့မှုများ ရုပ်သိမ်းရန် မစဉ်းစားသေးကြောင်း မစ္စ ကလင်တန် ပြောပြီ
အမေရိကန်အနေဖြင့် မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် လတ်တလော စဉ်းစားဦးမည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောလိုက်သည်။
မြောက်ကိုရီးယားထံမှ မြန်မာ ဒုံးကျည်နည်းပညာရယူနေမှု အမေရိကန် စိုးရိမ်
မြန်မာအစိုးရက မြောက်ကိုရီးယားထံမှ ဒုံးကျည်နည်းပညာ ရယူနေသည့်အပေါ် အမေရိကန်က စိုးရိမ်နေကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာနအဆင့်မြင့်အရာရှိကြီး တဦးက ပြောကြားလိုက်သည်။
ကျန်ခဲ့သည့် သီးလေးသီးအဖွဲ့ဝင်များလည်း ပြည်တော်ပြန်ပြီ
ထိုင်းနိုင်ငံတွင် ကျန်နေခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစံပယ်ငုံတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် လေဆိပ်မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ထိုင်းစံတော်ချိန် ၅ နာရီတွင် ရန်ကုန်သို့ ပြန်သွားပြီဖြစ်သည်။
ပြည်တွင်း၌ အနုပညာ လုပ်ငန်းများ ဆက်လုပ်ရန်အတွက် ပြန်ရခြင်း ဖြစ်ကြောင်း လူရွှင်တော် ပန်းသီးက “ကိုဇာဂနာလည်း လွတ်မြောက်လာပြီ။ အဲဒီအခါကျတော့ ကျနော်တို့ အနုပညာ အလုပ်တွေ ပြည်တွင်းမှာ ဆက်ပြီးတော့ လှုပ်ရှား ဖို့အတွက် ပြန်တာပါ” ဟု ၎င်းက ဆိုသည်။နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကလင်တန်ကို ကတိပေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ
နိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။
နိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်လင်းထွန်း ကွယ်လွန်
တည်ဆဲအစိုးရရဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အင်းစိန်ဆေးရုံမှ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်း၊ ၃၈ နှစ်ဟာ သူ့ရဲ့ ဇာတိမြေ ကျောက်တံခါးမြို့၊ နှင်းဆီလမ်း နေအိမ်မှာ ဒီနေ့ နေ့လည် (၁) နာရီက အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ
နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ လူမှုအဖွဲ့စည်းတွေ ကလင်တန် တွေ့မည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ဆက်လက် တွေ့ဆုံမှာ ဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သတင်းစာ ရှင်းလင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။မြန်မာအစိုးရ လက်ရှိဆောင်ရွက်ချက် တချို့ အပေါ် အမေရိကန် အားရ
မြန်မာအစိုးရရဲ့ လက်ရှိ ဆောင်ရွက်ခဲ့တဲ့ အပြောင်းအလဲ တချို့ အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီ ပိုပေးမယ့် အပြင် သံတမန်ရေးမှာလည်း သံအမတ်ကြီး အဆင့် ပြန်လည် တိုးမြှင့်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။မြန်မာအစိုးရလုပ်ရပ်ပေါ် မူတည်ပြီး အမေရိကန်တုံ့ပြန်မည်
မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ခိုင်မာလာတာကို မြင်ရရင် ကောင်းတာတွေလုပ်ရင် လုပ်သလောက် အမေရိကန်ကလိုက်လုပ်မယ်လို့ ဝန်ကြီးကလင်တန်ကပြော ဆိုလိုက်ပါတယ်။
သမ္မတအိုဘားမား ဒေါ်စုထံစာပါး
မြန်မာပြည်ကို ဘယ်လိုအကူအညီပေးနိုင်မလဲ လေ့လာမယ့် ဝန်ကြီးကလင်တန်ရဲ့ ခရီးကို ဒေါ်စုကြိုဆိုမယ်လို့မျှော်လင့်ကြောင်း သမ္မတအိုဘားမား စာရေးသား။ဝန်ကြီးကလင်တန် ဒေါ်စုနဲ့တွေ့ဆုံ
ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ညမှာ ဝန်ကြီးကလင်တန်က ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။မြန်မာအပေါ် အမေရိကန် သက်ညှာမှုတချို့
မြန်မာနိုင်ငံအထီးကျန် ဖြစ်နေရတာကို လျော့ပါးဖို့နဲ့ ပြည်သူတွေဘဝ အဆင့်မြင့်မားရေးတွေဟာ အမေရိကန်ရဲ့လိုက်လျောမှု ၂ ခုအဖြစ် ဝန်ကြီးကလင်တန်ပြော ဆိုလိုက်ပါတယ်။Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment