နိုင်ငံရေးအကျဉ်းသား မလွှတ်လျှင် ရွေးကောက်ပွဲ မဝင်ဟု ၈၈ ပြော
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး မလွတ်မချင်း အစိုးရမှ ကျင်းပသည့် ရွေးကောက်ပွဲများ၌ မည်သည့်နည်းနှင့်မျှ ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။ အာလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်ပေါ်ထွန်းရေးအတွက် လိုလားပြီး ကျောင်းသား ခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသား၊ သံဃာနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့က မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက် ရှိနေသည်။ ၎င်းနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အဆင့်မြင့်အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံ ကုန်သွယ် စီးပွားရေး ကဏ္ဍ မြှင့်တင်ရန် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းကလည်း မြန်မာ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီးစိုးဝင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
နေပြည်တော် ကျောက်မျက်ပြပွဲ ထပ်မံရွှေ့ဆိုင်း
နေပြည်တော်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် နှစ်လယ် ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာ ၂၄ ရက် မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ ကျင်းပရန် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတဦးက ပြောသည်။ တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ရောင်းချမည့် ယင်းကျောက် မျက်ပြပွဲတွင် ယူရိုငွေဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဒီမိုကရက်တစ် ပါတီများနှင့် မဟာမိတ်ဖွဲ့ရန် ကြံ့ဖွံ့ ဆွေးနွေး
ဒီမိုကရက်တစ် အင်အားစုပါတီများ စုပေါင်း ဖွဲ့စည်းထားသည့် ၁၀ ပါတီ မဟာမိတ်အဖွဲ့နှင့် မဟာမိတ်အဖြစ် ပူးပေါင်းရန် လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)ပါတီ မှ ကမ်းလှမ်းသည့်အတွက် ဆွေးနွေးပွဲ တခုကို ယမန်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကြံ့ဖွံ့ပါတီ၏ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းနှင့် မဟာမိတ် ၁၀ ပါတီမှ ပါတီခေါင်း ဆောင်များ တွေ့ဆုံခဲ့ကြကြောင်း၊ ၁၀ ပါတီ မဟာမိတ်အဖွဲ့၌ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်(RNDP )၊ ရှမ်း(SNDP) စသည့် ပါတီများ ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြ၀တီမြို့သို့ ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတားကို မြန်မာအစိုးရက တနှစ်ခွဲခန့်ပိတ်ထားရာမှ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သဖြင့် ရပ်နားထားရသည့် တရားဝင်နယ်စပ်ကုန်သွယ် ရေး လုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်သည်။
တိဘက်ခေါင်းဆောင် ဒလိုင်လားမား ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိ
တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက မြန်မာပြည်သို့ လာရောက်ပြီး ဘုရားဖူးလိုသည်ဟု ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့် အိန္ဒိယနိုင်ငံ တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း သိရသည်။
VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း ရန်ကုန်ရောက်နေ
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရောက် ဦးသန်းလွင်ထွန်း (အဖြူရောင် ဘောင်းဘီရှည်နှင့်) VOA အသံလွှင့်ဌာန (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်း ရန်ကုန်မြို့တွင် ရောက်ရှိနေကြောင်း လူရွှင်တော်ဇာဂနာ၏ Facebook ရှိ ဓာတ်ပုံတပုံတွင် တွေ့ရသည်။
ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင်
အသစ်ပြန်လည်ဖွဲ့စည်းနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြည်ပရောက်
မြန်မာနိုင်ငံသားများလည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ပရှိ မြန်မာနိုင်ငံသားများအတွက် ပါတီဝင်လျှောက်လွှာပုံစံများကို NLD ပါတီ၏ အင်တာနက် စာမျက်နှာတွင် ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
မြန်မာနိုင်ငံသားများလည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ပရှိ မြန်မာနိုင်ငံသားများအတွက် ပါတီဝင်လျှောက်လွှာပုံစံများကို NLD ပါတီ၏ အင်တာနက် စာမျက်နှာတွင် ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
အိန္ဒိယ လေ့လာရေးခရီး ပါတီများ ရေရေရာရာ မသိသေး
ဒီဇင်္ဘာ ၁၁ ရက်နေ့တွင် စတင်မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော်မှ ကိုယ်စားလှယ်များ၏ အိန္ဒိယနိုင်ငံ လေ့လာရေးခရီးစဉ်အား ပါတီအများစုထံ ယနေ့တိုင် တရားဝင်အကြောင်းကြားခြင်း မရှိသေးကြောင်း ပါတီများက ပြောသည်။ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး အပါအ၀င် မြန်မာလွှတ်တော်မှ ၂၆ ဦးပါ လေ့လာရေးအဖွဲ့တခု အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်မည့်အကြောင်း တဆင့်စကားသာ ကြားသိရသေးသော်လည်း တရားဝင် ဖိတ်ကြားထားခြင်း မခံရသေးကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
မြန်မာပြုပြင်ပြောင်းလဲရေး အများကြီး လုပ်ဆောင်ရန် လိုနေသေး
မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ကုန်သွယ်ရေးကို တိုးမြှင့်သွားလိုတယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ပြောလိုက်ပါတယ်။ကော့မှူးမဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ ဒေါ်စုစဉ်းစား
ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကနေ ၀င်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။တက္ကသိုလ် ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် နည်းပညာ တက္ကသိုလ် Virginia Tech ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုကနေ ဒီကနေ့ မနက်မှာ တိုက်ရိုက် ဆွေးနွေးတယ်လို့ သိရပါတယ်။
၂၀၁၂ အာရှခရီးစဉ် အတွက် ထိပ်တန်း လည်ပတ်စရာ နေရာအဖြစ် မြန်မာ ဖြစ်လာနိုင်
လာမယ့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ထိပ်တန်း အာရှခရီးစဉ် တနေရာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အခြေစိုက် အာရှပစိတ်ဖိတ် ခရီးသွား လုပ်ငန်း Asia Transpacific Journeys က မနေ့က ခန့်မှန်း ပြောကြားလိုက် ပါတယ်။ကော့မှူး မဲဆန္ဒနယ်က ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနေ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် အရွေးချယ်ခံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသွားမည်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ လာမယ့် သီတင်းပတ် အတွင်း အိန္ဒိယ လွှတ်တော်ကို သွားရောက် လေ့လာကြမယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ရွေးကောက်ပွဲ မစဉ်းစားသေး
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စဉ်းစားမှာ မဟုတ်သလို ၈၈ မျိုးဆက် ကျောင်းသားများကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားလှယ်ပေးပြီး ရွေးကောက်ပွဲ ဝင်ပြိုင်စေတာမျိုး ပြုလုပ်မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။ဒီမိုကရေစီနဲ့ ထိုက်တန်သူတွေ ဖြစ်ကြောင်းပြဖို့ တရားဝင် ဆန္ဒပြခွင့် တောင်းဆိုမည်
ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူ တချို့က တရားဝင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန် ဒဂုံမြို့နယ် ရဲစခန်းမှာ တင်ပြတယ်လို့ သိရပါတယ်။အာဏာပိုင်တွေ ကိုယ်တိုင် ဥပဒေတွေ လိုက်နာဖို့
ပြဋ္ဌာန်းပြီး ဥပဒေတွေကို အာဏာပိုင်တွေ ကိုယ်တိုင် လေးစား လိုက်နာ အကောင်အထည် ဖေါ်ဖို့ တိုင်းရင်းသား လွှတ်တော် အမတ်တွေ ကြိုးစားနေကြောင်း ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။မိတ်ဆွေများ ၁၀ ပါတီနဲ့ ကြံ့ခိုင် ဖွံဖြိုးရေးပါတီ ဆွေးနွေး
မိတ်ဆွေများ ၁၀ ပါတီနဲ့ ရန်ကုန်တိုင်း ကြံ့ခိုင် ဖွံဖြိုးရေး ပါတီက ဦးအောင်သိန်းလင်းတို့ မနေ့က တွေ့ဆုံ ဆွေးနွေးကြပြီး "လွှတ်တော်ပြင်ပ နိုင်ငံရေး" မှာ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ သဘောတူခဲ့ကြောင်း သိရပါတယ်။ကိုပြည့်ဖြိုးတေဇ အယူခံလွှာ အနိုင်ရ
ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူထားတာကို ဖယ်ရှားပေးဖို့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့ သားအကြီး ကိုပြည့်ဖြိုးတေဇရဲ့ အယူခံလွှာကို ဥရောပ သမဂ္ဂ တရားရုံးက နိုဝင်ဘာလ ၂၉ ရက်က အနိုင်ပေးလိုက်ပါတယ်။ဗဟိုအောင်နိုင်ရေး အဖွဲ့ အင်န်အယ်လ်ဒီ ဖွဲ့စည်း
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ၂၁ ဦးပါဝင်တဲ့ ဗဟိုအောင်နိုင်ရေး အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။Lwin pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment