ရန်ကုန်တွင် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ကျင်းပမည် 

ငြိမ်းချမ်းရေးပုံရိပ် ကော်မတီမှ ဦးဆောင်၍ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ဆွေးနွေး အဖြေရှာရန် ပညာရှင်များကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် လာမည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့၌ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားသည်ဟု ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့လာခြင်းလူ့အခွင့်အရေးချိုးဖောက်မှုများရှိနေခြင်းတို့ကြောင့် ထိုဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်သည်ဟုဆိုသည်။

ရိုဟင်ဂျာဒုက္ခသည်များ မြန်မာ လက်ခံမည်ဟုဆို 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာ ဒုက္ခသည်များအား ပြန်လည်လက်ခံမည်ဟု မြန်မာအစိုးရက သဘောတူလိုက်သည်ဟု The Daily Star သတင်းဌာန က ရေးသားထားသည်။  တနင်္လာနေ့မှစ၍ မြန်မာနိုင်ငံတွင် သုံးရက်ကြာအလည်အပတ်ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ Sheikh Hasina နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အင်္ဂါနေ့က တွေ့ဆုံစဉ် သဘောတူညီမှု ရခဲ့ကြခြင်းဖြစ်သည်ဟု The Daily Star က ရေးသားထားသည်။

ဆန္ဒပြရန် လျှောက်ထားချက် ဆိုင်းငံ့ခံရ
အသစ်ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ အရ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းချို အပါအဝင် ခုနှစ် ဦး၏ ဆန္ဒဖော်ထုတ်ခွင့် တောင်းဆိုမှုအား အာဏာပိုင်များ က ဆိုင်းငံ့ထား၍ ပြန်လည် လျှောက်ထားရန် ညွှန်ကြားလိုက်သည်။ ညွန်ကြားချက်၌ ဆန္ဒဖော်ထုတ်ခွင့်ဥပဒေပါ ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာမှ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လိုအပ်သော အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီးမှသာလျှင် ခွင့်ပြုမည်၊ ငြင်းပယ်မည်ကို ဆုံးဖြတ်မည်ဟုလည်း ပါရှိသည်။

နေပြည်တော် ကျောက်မျက်ပြပွဲ ထပ်မံရွှေ့ဆိုင်း

နေပြည်တော်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် နှစ်လယ် ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာ ၂၄ ရက် မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ ကျင်းပရန် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတဦးက ပြောသည်။ တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ရောင်းချမည့် ယင်းကျောက် မျက်ပြပွဲတွင် ယူရိုငွေဖြင့်သာ ရောင်းချမည်ဖြစ် ကြောင်း သိရသည်။

တရုတ်ကို အာခံတဲ့မြန်မာ ချီးကျူးခံရ


 မြန်မာအစိုးရ၏ လတ်တလော လှုပ်ရှားမှုများကြောင့် တရုတ်အစိုးရ တုန်လှုပ်သွားလိမ့်မည်ဟု ကမ္ဘာကျော် စာနယ်ဇင်းသမား Fareed Zakaria က CNNရုပ်သံ၏ ယခုတပတ် GPS အစီအစဉ်တွင် ပြောလိုက်သည်။တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောက်မှ ရုန်းထွက်လိုဟန်ရှိသည့် မြန်မာအစိုးရသည် အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို လိုလားနေပြီး နိုင်ငံတကာနှင့် ပိုမိုညှိနှိုင်းလိုဟန်ပြနေသည်ဟုလည်း Fareed Zakaria က သုံးသပ်ထားသည်။

ကချင်စစ်ပြေး ဒုက္ခသည်များကို လူမှုအဖွဲ့များ ကူညီ


အရေးပေါ် အကူအညီ လိုအပ်နေသည့် ကချင်စစ်ပြေး ဒုက္ခသည်များကို ပြည်တွင်း အခြေစိုက် လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းများကယခုရက်ပိုင်း သွားရောက် ကူညီနေကြသည်။ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှု အသင်း (ရန်ကုန်)၊ မန္တလေး အခြေစိုက်“ဘ၀အလင်း”ပရဟိတ လူမှုရေးအဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည်များကို ငွေကြေး များ သွားရောက် ထောက်ပံ့ခြင်း ဖြစ်သည်။

NLD ထိပ်တန်း ခေါင်းဆောင် ဦးလွင် ကွယ်လွန်

NLD ထိပ်တန်းခေါင်းဆောင် ဦးလွင် (အသက် – ၈၈ နှစ်) သည် အင်္ဂါနေ့ည ၈ နာရီ ၄၀ က ရန်ကုန်မြို့နေအိမ်တွင် လူကြီးရောဂါ ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်သွားသည်။ဦးလွင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ အသက် ၁၈ နှစ်အရွယ်တွင် ရောက်ရှိခဲ့ကြောင်း၁၉၄၃ တွင် ဂျပန်နိုင်ငံသို့ ဗိုလ်သင်တန်းတက်ရန် စေလွှတ်ခံရသည်။ လွတ်လပ်ရေးရပြီးနောက် အင်္ဂလန်၊ အနောက်ဂျာမဏီတို့ရှိ စစ်ကျောင်းများသို့ သွားရောက်ခဲ့  ၁၉၅၉ တွင် အမေရိကန်သို့ စစ်သံမှူးအဖြစ် သွားရောက်ခဲ့  အရှေ့တောင်ပိုင်းစစ်တိုင်းမှူး ဖြစ်  နောက်ပိုင်းတွင် အရပ်ဘက်သို့ ပြောင်းရပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ၀န်ကြီး၊ ဒုဝန်ကြီးချုပ် စသည့်တာဝန်များ ထမ်းဆောင်ရ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသော မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ပါဝင်ခဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က NLD ပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ခေါင်းဆောင်များ ၁၉၉၀ ရွေးကောက်ပွဲဝင်ရာ ဦးလွင်သည် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် အရွေးခံရ   ၁၉၉၂ တွင် NLD ပါတီ၏ အတွင်းရေးမှူး ဖြစ်လာသည်။
ကိုယ်ပိုင်ကျောင်းတွင်များတွင် နိုင်ငံရေး နှင့် ဘာသာရေး အကြောင်း အရာများ ကို သင်ကြားခွင့် မရှိ
ဒီဇင်ဘာ ၂ ရက်ကပြဋ္ဌာန်း လိုက်သော ကိုယ်ပိုင် ကျောင်းမှတ် ပုံတင် ဥပဒေအရ ကိုယ်ပိုင်ကျောင်း များတွင် နိုင်ငံရေးနှင့် ဘာသာရေး အကြောင်းအရာများကို သင်ကြား ခွင့်မရှိကြောင်း သတင်းရရှိသည်။

ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ် ဒီကနေ့ 2011-12-06 မနက် ၁၀ နာရီက Sakura tower အပေါ်ထပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်နဲ့ SSA (South) အပစ်အခတ် ရပ်ကြောင်း ကြေညာ

မြန်မာစစ်တပ်နဲ့ ရှမ်းပြည် တပ်မတော်တို့ အကြား အခု လဆန်းပိုင်းက အပစ်အခတ် ရပ်စဲဖို့ ပဏာမ သဘောတူညီခဲ့ကြပြီးနောက် မြန်မာ စစ်တပ်ထဲမှာရော၊ ရှမ်းပြည် တပ်မတော်ထဲမှာပါ အပစ်ရပ် အမိန့်စာတွေ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သိရပါတယ်။

NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် NED National Endowment for Democracy ခေါ် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့အဖွဲ့  အကြီးတန်း ညွှန်ကြားရေးမှူး Mr. Brian Joseph က မနေ့က နေ့လယ် ၁၁ နာရီခွဲမှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်၊

ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် ဥပဒေအတိုင်း မကျင့်သေး

အလုပ်သမား ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် တောင်သူလယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းဖို့ လျှောက်ထားတဲ့ အခါမှာတော့ အကြောင်းအမျိုးမျိုး ပြပြီး လက်မခံခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ Kyoto မြို့မှာ ကျင်းပနေတဲ့ ILO အာရှနဲ့ ပစိဖိတ် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်တွေကို အကူအညီ စပေး

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် နာရေးကူညီမူအသင်း (ရန်ကုန်) က ကျပ်ငွေ သိန်း ၃၀၀ မတည်ပြီး အကူအညီတွေ မနေ့က စတင် ပေးနေကြောင်း သိရပါတယ်။

ရပ်နားထားတဲ့ လွှတ်တော်တွေ ဇန္နဝါရီလ ပြန်ကျင်းပမယ်

လတ်တလောရပ်နားထားတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေကို အခုလာမယ့် ၂၀၁၂ ခု ဇန္နဝါရီလ ဒုတိယအပတ်အတွင်း ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီး အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ်

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာမယ့် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

၂၀၁၂ အာရှခရီးစဉ် အတွက် ထိပ်တန်း လည်ပတ်စရာ နေရာအဖြစ် မြန်မာ ဖြစ်လာနိုင်

လာမယ့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ထိပ်တန်း အာရှခရီးစဉ် တနေရာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အခြေစိုက် အာရှပစိတ်ဖိတ် ခရီးသွား လုပ်ငန်း Asia Transpacific Journeys က မနေ့က ခန့်မှန်း ပြောကြားလိုက် ပါတယ်။

အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည်

မစ္စတာမစ်ချဲလ်ဟာ တရုတ်အပြင် ဂျပန်နဲ့တောင်ကိုရီယားနိုင်ငံတွေကိုလည်း မြန်မာ့အရေးဆွေးနွေးဖို့ သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကပြော။

အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်ပေမယ့် တိုးတက်မှုမတွေ့ရ

NLD၊ ILO တို့နဲ့ တွေ့ခဲ့သူ အီတလီအလုပ်သမားရေးရာကိုယ်စားလှယ်က မြန်မာပြည်မှာ ကလေးစစ်သားနဲ့ အဓမ္မစေခိုင်းမှုတွေ ရှိသေးတယ်လို့ ဆိုပါတယ်။

မြန်မာပြုပြင်ပြောင်းလဲရေး အများကြီး လုပ်ဆောင်ရန် လိုနေသေး

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားသို့ အလုပ်သမား သွားရောက်မှု နည်းပါးလာ

မလေးရှား သို့ ယခုလမှစ၍ အ လုပ် သမား သွားရောက် လုပ်ကိုင်မှု နည်းပါး သွားကြောင်း ပြည်ပအလုပ် အကိုင် အသိုင်း အ၀ိုင်းက ပြောသည်။ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား သံရုံးမှ တစ်ပတ်လျှင် အလုပ်သမား ဗီဇာအား လူနှစ်ရာချ ထားပေးကြောင်း လက်ရှိအနေ အထားအရ ပြည်ပအ လုပ် အကိုင်အေဂျင်စီများမှ လာ ရောက်လျှောက်ထားမှုမှာ ဦးရေ ၂၀၀ ပင်မပြည့် ကြောင်း အလုပ်သ မား ဗီဇာသွားရောက်လျှောက်ထား ခဲ့သူတစ်ဦးက ပြောကြားသည်။


အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  

Lwin Pwin

0 comments:

Post a Comment