ဂျော့ဂ်ျ ဆိုရော့စ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်
ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့
မြန်မာနိုင်ငံမှာ လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေကို ရှေ့လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ အစိုးရက ကြေညာလိုက်ကြောင်းသိရပါတယ်။ဧပြီ ၁ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်
မြန်မာအစိုးရက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဧပြီ ၁ ရက်နေ့ကို သတ်မှတ်လိုက်သည်။ရွေးကောက်ပွဲ ပြုလုပ်မည့် ၄၈ နေရာအနက် အများစုမှာ အစိုးရ ၀န်ကြီးများအဖြစ် တာဝန်ပေးခံရ သော လွှတ်တော်ကိုယ်စားလှယ်တို့၏ မဲဆန္ဒနယ်များ ဖြစ်သည်။ ရွေးကောက်ပွဲရက် မသတ်မှတ်မီကပင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD က ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရပါတယ်။
AI စွဲချက်ကို အစိုးရ လူ့အခွင့်အရေး ကော်မရှင် ငြင်း
လူ့အခွင့်အရေး ကော်မရှင် အကြုံပြုချက် ၃ ချက် ထုတ်ပြန်
အစိုးရ လူ့အခွင့်အရေးကော်မရှင်က အင်းစိန်ထောင်နှင့် လှေလှော်အင်းရဲဘက်စခန်းတို့သို့ ဒီဇင်ဘာ ၂၇ နှင့် ၂၈ ရက်နေ့က သွားရောက်ခြင်းနှင့် ပတ်သက်၍ အကြုံပြုချက် ၃ ချက် ထုတ်ပြန်လိုက်သည်။ အင်းစိန်ထောင်တွင်းရှိ အကျဉ်းသားအရေအတွက်ကို လျှော့ချရန်၊ တရားစခန်းများ ဖွင့်လှစ်ခွင့်ပေးရန်နှင့် ဘာသာဝင်မျိုးစုံအတွက် ဘာသာရေးအစီအစဉ်များကို ဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။ မကြာသေးမီက အစာငတ်ခံ ဆန္ဒပြခဲ့သော အကျဉ်းသားများကို သောက်ရေမပေးဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ခွေးတိုက်၌ ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းတို့ကိုလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။
လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် မမှန်ကန်ဟု ဦးဝင်းတင်ဝေဖန်
အကျဉ်းထောင်တွေကို သွားရောက် လေ့လာအပြီး ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့စာကို သတင်းစာဆရာကြီး ဦးဝင်းတင်က ဝေဖန်ထားကြောင်းသိရသည်။
မီဒီယာဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့လိုအပ်
အသစ်ပြဌာန်းမယ့် မီဒီယာဥပဒေကြမ်းမှာ သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ လုံခြုံရေးကို အဓိကထား ထည့်သွင်းဖို့လိုတယ်လို့ ဝေဖန်ပြောဆိုထားကြောင်းသိရသည်။တိုင်းရင်းသားပညာရေး NLD ဂီတပွဲ စည်ကား
NLD ပါတီကဦးစီး ကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကွင်းပြည့် လူတွေ လာရောက် အားပေးခဲ့ကြကြောင်းသိရသည်။တိုင်းပြည်တိုးတက်ရေး စုပေါင်းကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ဒီကနေ့ မင်းဓမ္မကုန်း MCC မြန်မာ ကွန်ဗင်းရှင်းစင်တာ ဝင်းအတွင်းမှာ အင်န်အယ်လ်ဒီ ပါတီက ကြီးမှူးကျင်းပ တဲ့ တိုင်းရင်းသားဒေသတွေအတွက် ပညာရေးရန်ပုံငွေ စင်တင်တေးဂီတ ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်း ပညာအလင်းရောင်များ ပိုမိုရရှိအောင် စုပေါင်း ကြိုးပမ်းသွားဖို့ တိုက်တွန်းလိုက်ကြောင်းသိရသည်။Kurt Campbell အရှေ့အာရှခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell မြန်မာ့အရေးဆွေးနွေးဖို့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ကို သွားဖို့ရှိကြောင်းသိရသည်။
မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများက အစားအသောက်နဲ့ အ၀တ်အထည် ၁၀ သိန်းဖိုး သွားရောက်လှူဒါန်း
နိုင်ငံရေးအကျဉ်းသားဟောင်းများက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ မီးဘေးသင့်ပြည်သူများကို အစားအသောက်နဲ့ အ၀တ်အထည်များများက ငွေကျပ် ၁၀ သိန်းဖိုး လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့ကြ ကြောင်းသိရပါတယ်။
မီးဘေးသင့်သူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး
မင်္ဂလာတောင်ညွန့် မီးဘေးဒုက္ခသည်များ ရှိရာ မဟာဝိဇယ ဘုန်းကြီးကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နေ့လယ်တွင် သွားရောက်သည်။ မဟာဝိဇယ ကျောင်းထိုင် ဆရာတော်ကို ဖူးမျှော်ပြီး မီးဘေးဒုက္ခသည်များကို နှစ်သိမ့်အားပေး ခဲ့ကြောင်း၊ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး အတွက် အိမ်ဆောက် ပစ္စည်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။ မီးဘေးဒုက္ခသည် အိမ်ထောင်စု ၁၄၀ ရှိကြောင်းသိရသည်။
ထိုင်း နယ်စပ် မှောင်ခိုလုပ်ငန်း ဆက်လက်ကြီးထွား
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ တံတား ပြန်ဖွင့်သည်မှာ တလနီးပါးကြာမြင့်ချိန် အထိ ရေထွက်ကုန်ပစ္စည်း တမျိုးသာ သွင်းကုန်ထုတ်ကုန် လိုင်စင်ရရှိပြီး တရားမ၀င်ကုန်သွယ်မှုဖြင့်လည်း ဆက်လက်လုပ်ကိုင် နေကြကြောင်းသိရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment