နိုင်ငံတကာသတင်း

အီရန်ရေနံ ဥရောပသမဂ္ဂ သပိတ်မှောက်မည်

အီရန်နိုင်ငံကနေ ရေနံ တင်သွင်းတာကို ပိတ်ပင်ပစ်ဖို့ ဥရောပသမဂ္ဂ EU အစိုးရတွေ သဘော တူလိုက်ကြကြောင်းသိရသည်။

အသုံးစရိတ်လျော့ပြီး ကျစ်လစ်တဲ့ စစ်ဗျူဟာ အမေရိကန် ချမှတ်မည်

အမေရိကန် စစ်အသုံးစရိတ် လျော့ချတာကြောင့် မကြာခင် ဗျူဟာပြောင်းတော့မည် ဖြစ်ကြောင်းသိရသည်။

မြန်မာပြည်သူတွေ ဒီမိုကရေစီမျှော်မှန်းချက် အမေရိကန်ထောက်ခံ

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အဝထောက်ခံ အားပေးကြောင်းသိရသည်။

အိုင်အိုဝါရွေးကောက်ပွဲ Mitt Romney ကပ်ပြီးနိုင်

လက်ရှိဒီမိုကရက်သမ္မတ အိုဘားမားနဲ့ ယှဉ်ပြိုင်အရွေးခံဖို့ ရီပတ်ဘလစ်ကဲန်ဘက်က ပါတီတွင်းယှဉ်ပြိုင်မှုမှာ Mr. Mitt Romney က အနိုင်ရခဲ့ကြောင်းသိရသည်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တရုတ်ထိပ်တန်းအရာရှိတွေနဲ့ဆွေးနွေး

Mr.Campbell ရဲ့တရုတ်ခရီးစဉ်မှာ အာရှပစိဖိတ်ဒေသတွင်းနိုင်ငံအားလုံး အခြေအနေတွေကို သတိထားဖို့၊ ရန်စမှုတွေထပ်မဖြစ်အောင်သတိထားဖို့ တိုက်တွန်း ကြောင်းသိရသည်။
ဟော်မုဇ်ရေလက်ကြားတွင် အီရန်ရေတပ်က ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့သော သီတင်းပတ်က စတင်ပြုလုပ်ခဲ့ရာ ဇန်န၀ါရီ ၂ ရက်တွင် ပြီးဆုံးခဲ့သည်။  
ယင်းနောက်ဆုံးနေ့တွင် တာဝေးပစ်အမျိုးအစား ပင်လယ်မှကမ်းရိုး တန်းသို့ပစ်နိုင်သော ကာဒါဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ဒုံးကျည်များမှာ ရည်မှန်းထားသော ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း Islamic Republic  သတင်းဌာနက ဖော်ပြခဲ့ကြောင်းသိရသည်။
အီဂျစ်လွှတ်တော် ရွေးကောက်ပွဲနောက်ဆုံးအဆင့်ကို ဇန်န၀ါရီလ ၃ ရက်နေ့က  ကျင်းပခဲ့ရာ မဲပေးခွင့်ရှိသူပြည်သူ ၁၅ သန်းခန့်က လာရောက်မဲပေးခဲ့ကြသည်။ 
ယမန်နှစ် ဖေဖော်ဝါရီလက သမ္မတဟောင်း ဟိုစနီမူဘာရက် ရာထူးမှပြုတ်ကျသွားခဲ့ပြီးနောက် ပထမဆုံးလွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပခဲ့ရာ အစ္စလာမ်မစ်လှုပ်ရှားသူများက အဓိကအခန်းကဏ္ဍသို့ ရောက်ရှိလာနေသည်။ အီဂျစ်နိုင်ငံ၏ ပြည်နယ် ၂၇ ပြည်နယ်အနက် ၉ ပြည်နယ်တွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ မဲရုံးများဖွင့်လှစ်ခဲ့ပြီး မဲပေးမှုမှာ အချိန်နှစ်ရက်ကျော်ကြာ မည်ဖြစ်ကြောင်းသိရသည်။


တောင်ဆူဒန်နိုင်ငံအရှေ့ပိုင်းရှိ သွားလာရန်ခက်ခဲသော မြို့တစ်မြို့တွင် ပြိုင်ဘက်မျိုးနွယ်စုတစ်ခု၏ တိုက်ခိုက်မှုကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် ယင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ဇန်န၀ါရီလ ၂ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

Lwin Pwin

0 comments:

Post a Comment