ဒေါက်တာ နေဝင်းမောင် ကွယ်လွန်
The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် Living Color Media ၏ CEO နှင့် မြန်မာ အီးဂရက်စ်၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် (အသက် ၅ဝ နှစ်) သည် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁ဝ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန် သွားပါသည်။ ဒေါက်တာ နေဝင်းမောင်၏ ဈာပနကို ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ် ပြီးစီး ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်
လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ ဆိုင်ရာ အကျဉ်းထောင်တွေကို ကြိုတင်သွားရောက် စောင့်ဆိုင်းဖို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
နာရေးကူညီမှုအသင်း ၁၁ နှစ်ပြည့်ပြီ
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီမှတ်ပုံတင် စောင့်ဆိုင်းဆဲ
လွှတ်တော် အသီးသီးက လစ်လပ်နေ တဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွက် ၂ဝ၁၂ ခု ဧပြီလ ၁ ရက်၊ တနင်္ဂနွေနေ့ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ မယ့်အကြောင်းနဲ့ ကိုယ်စားလှယ်လောင်းအမည်ကို ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၆ ရက်ကနေ ၃၁ ရက်နေ့အထိ တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ကြောင်း သိရသည်။‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကျင်းပ
ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်စင်တာမှာ ဒီကနေ့ ညနေက ပြုလုပ်တဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။ပညာရေးရန်ပုံငွေပွဲ သိန်း ၃၅ဝ ကျော် ရရှိ
ရန်ကုန်မြို့ MCC မြန်မာကွန်ဗင်းရှင်း စင်တာမှာ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရတဲ့ ဝင်ငွေပမာဏကို စာရင်းမပိတ်ရသေးပေမယ့် အခုအချိန်အထိ မြန်မာ ကျပ်ငွေ ၂၁၅ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅၅ဝ၊ ဂျပန်ယန်းငွေ ၁ သောင်း ရရှိထားပြီလို့ သိရပါတယ်။KIO စခန်းတစ်ခု မြန်မာစစ်တပ် သိမ်းပိုက်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ် အကြားမှာ ရှိတဲ့ ကေအိုင်အို တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) ကို အစိုးရတပ်တွေက ဒီဇင်ဘာလ ၂၅ နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကေအိုင်အိုက ဆုတ်ပေးလိုက်ရတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြောင်း သိရသည်။2011-12-31
ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည့်ကိစ္စ နိုင်ငံရေးပါတီများကို အကြောင်းမကြား
လွှတ်တော်မှာ လစ်လပ်နေတဲ့ ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကို ဧပြီလ ၁ ရက်မှာ ကျင်းပမယ်လို့ မြန်မာအစိုးရပိုင် သတင်းဌာနတွေက မနေ့ညက တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။AI စွဲချက်ကို အစိုးရ လူ့အခွင့်အရေး ကော်မရှင် ငြင်း
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment