တိုက်ပွဲများကြောင့် မိုးကောင်း-ဖားကန့်လမ်း ပိတ်ထားရ
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှစ၍ ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးကပြော ကြောင်းသိရသည်။
ဖားကန့် လမ်းပိုင်း တိုက်ပွဲများကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်
ဖားကန့် ဒေသ လမ်းပိုင်းသို့ မြန်မာအစိုးရ စစ်တပ်များ အင်အား အလုံးအရင်းထပ်မံဖြည့်တင်းနေသည့်အပြင် နေ့ စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောက်လန့် ကာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေရာ ဖားကန့် ကားလမ်းပိုင်း နန့် ယားကျေးရွာ နှင့် လုံးခင်ကျေးရွာ ကြားရှိ ပျားအုံ ၊ ကျောက်ဖျာ ၊ ၅ မိုင်ကုန်း စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် ယခုအခါ လုံးခင်းကျေးရွာ ပါတ်ဝန်းကျင်ရှိ ဘုရားရှိခိုးကျောင်းများတွင် ၀င်ရောက်တိမ်းရှောင် ခိုလှုံလျက်ရှိကြောင်းယင်းကဲ့သို့ နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်ခိုလှုံလျက်ရှိရာတွင်-
(၁) မော်စီဇာ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် ခိုလှုံရောက်ရှိနေသူပေါင်း ( ၁၂၈)ယောက်
(၂) မော်စီဇာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသူပေါင်း အယောက် ( ၃၀၁) ဦး
(၃) လုံးခင်းအသင်းတော် ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ( ၂၈၁)ဦး
(၄) ရှအစ်ယန်ကျေးရွာတွင် ရောက်ရှိခိုလှုံနေသူပေါင်း (၁၇၀)ဦး
လက်ရှိ အားလုံးစုစုပေါင်းအယောက်(၈၈၀)ဦးခန်ရှိနေပြီဖြစ်ပြီးနေစဉ်ထပ်မံထွက်ပြေးတိမ်းရှောင်သူများ ရှိနေဆဲဖြစ်ကြောင်းတိုက်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်စုစုပေါင်း ၅သောင်းကျော် အိုးအိမ်စွန့် ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။
နယူးယောက်လွှတ်တော်အမတ် မြန်မာပြည် သွားမည်
မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသူ အမေရိကန် အောက်လွှတ်တော်အမတ် နယူးယောက် ကိုယ်စားပြု လွှတ်တော်အမတ်တဦးဖြစ်သည်. ဂျိုးဇက်ခရိုလီသည် မြန်မာပြည်သို့ ၂ ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း ဂျိုးဇက်ခရိုလသည် အမေရိကန်တွင် ထင်ရှားသည့် နိုင်ငံရေးသမားဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်များကို ကန့်ကွက် ဝေဖန်တတ်သူဖြစ်ကြောင်း ခရီးစဉ်အတွင်း နေပြည်တော်ရှိ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နှစ်ပေါင်းများစွာကပင် လေးစားခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဟု ဆိုကြောင်းသိရသည်။
NLD မှာ CEC ထားရှိတော့မှာ မဟုတ်
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးတဲ့နောက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အသစ် ဖွဲ့စည်းတဲ့အခါ အရင်ကလို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မထားရှိတော့ဘဲ ပုံသဏ္ဍာန်တမျိုးနဲ့ ဖွဲ့စည်းမယ်လို့ ပါတီခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦးက ပြောကြားကြောင်းသိရသည်။
မြန်မာစစ်တပ် ရဟတ်ယာဉ်တစီး KIA ပစ်ခတ်
ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာ အစိုးရတပ်က ရဟတ်ယာဉ်တစီးဟာ KIA ကချင်လွတ်မြောက်ရေးတပ်က ပစ်ခတ်တဲ့ကျည် ထိသွားတယ် လို့ KIO က ပြောကြောင်းသိရသည်။ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေအပြင် နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်ကြောင်းသိရသည်။ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြော
ဗားဆလတ် ဟာဘဲ Vaclav Harvel ဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့် လည်း မြန်မာပြည်သူတွေအတွက် အားအင်တွေ ဆက်လက် ပေးနေဆဲပါ လို့ မနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာကျင်းပတဲ့ “ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနား” မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းသိရသည်။အမေရိကန် အရာရှိကြီး ၂ ဦး မြန်မာပြည်သွားမည်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို သွားရောက်လေ့လာဖို့ အမေရိကန်အရာရှိနှစ်ဦး မြန်မာနိုင်ငံကို မကြာခင် သွားဖို့ရှိကြောင်းသိရသည်။
မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး အပစ်ရပ်သဘောတူ
ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာအစိုးရတို့ ဇန်န၀ါရီလ ၆ ရက်နေ့ ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ကွယ်လွန်သူ ချက်သမ္မတဟောင်းကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး
ကွယ်လွန်သူ ချက်သမ္မတဟောင်း ဟာဗဲလ်ဟာ ကမ္ဘာတ၀န်း လွတ်လပ်ခွင့်ရဖို့ လှုပ်ရှားသူအားလုံးအတွက် မိတ်ဆွေကောင်းလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်းသိရသည်။နိုင်/ကျဉ်းတွေလွှတ်မှ EU ဒဏ်ခတ်မှု ရုပ်မည်
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးသရွေ့ EU ရဲ့ ဒဏ်ခတ်မှု ပြောင်းလဲမှာမဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်းသိရသည်။Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment