ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေးနှင့် စွမ်းအင်ဝန်ကြီးများ ထားဝယ်စီမံကိန်းသို့ လေ့လာရန်၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှသာဗီဇာထုတ်ပေးမှုကိုစီစဉ်သွားရန်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။ လက်ရှိတွင်အလုပ်သမား မှတ်ပုံတင်ကတ်အား အလုပ်သမားဝန်ကြီးဌာနက မလေးရှားနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးမှုရှိနေပြီး ယခုအခါတွင်လည်း စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကိုပါ ၂၀၁၂ ခုနှစ်အတွင်း အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အတွင်း အရင်းအနှီးဈေးကွက် ဖော်ဆောင်ရေးဒုတိယအဆင့် စီမံချက်အရ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူကို အစုရှယ်ယာများ ထုတ်ရောင်း မည်ဖြစ်ပြီး မြို့တော်စည်ပင်သာယာရေးအဖွဲ့များက ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


စီဒီအမ်အေဖုန်းများကို သတ်မှတ်အလုံးရေပြည့်ပါက ရပ်နားသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် ဂျီအက်စ်အမ်ဖုန်းများကိုသာ ဆက်လက်ချပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ "စီဒီအမ်အေဖုန်းတွေ သတ်မှတ်အလုံးရေပြည့်ရင် ထပ်ချပေးဖို့ မရှိတော့ပါဘူး။ နောက်ပိုင်းမှာ ဂျီအက်စ်အမ်ဖုန်းတွေကိုပဲ ဆက်ချပေး သွားမှာပါ။ စီဒီအမ်အေ ၄၅၀ ဖုန်းဆိုရင် Voice Only ပဲရသွားမှာဖြစ်ပြီး Data ရဖို့မရှိပါဘူး။ ဒါကြောင့် စီဒီအမ်အေ ၄၅၀ မှာအင်တာနက်ရလာဖို့မရှိဘူး။ ဒါကလည်းစီဒီအမ်အေ၄၅၀ အတွက် စက်ပစ္စည်းတွေတပ်ဆင်ကတည်းက Voice Only ပဲတပ်ဆင်ခဲ့လို့ပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်းချက်ရှိသူများအားကုသိုလ်ဖြစ်ခွဲစိတ်ပေးလျက်ရှိသည့် New Look New Life အဖွဲ့မှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ချို့ယွင်းချက်ရှိသူများအား စရိတ်ငြိမ်း ဆေးကုသမှုခံယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအဖွဲ့သည် ယခင်ကခွဲစိတ်ကုသပေးခြင်းကိုသာ ကုသိုလ်ဖြစ် အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူသူများအနေဖြင့်လည်း မိမိအစီအစဉ်ဖြင့် ဆေးရုံသို့ လာရောက် ရခြင်းနှင့် ဆေးရုံတက်နေစဉ်အတွင်း၌လည်း မိမိစရိတ်ဖြင့်သာ စားသောက်ရခြင်းဖြစ်ရာ ၂၀၁၂ခုနှစ်မှစ၍ စရိတ်ငြိမ်းဆေးကုသမှုခံယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။




အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများ ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနမှ သတင်းရရှိပါသည်။

 

ဒေါက်တာ နေဝင်းမောင် ကွယ်လွန်

The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် Living Color Media ၏ CEO နှင့် မြန်မာ အီးဂရက်စ်၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် (အသက် ၅ဝ နှစ်) သည် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁ဝ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန် သွားပါသည်။ ဒေါက်တာ နေဝင်းမောင်၏ ဈာပနကို ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ် ပြီးစီး ကြောင်းသိရသည်။

အစိုးရ ဓါတ်ဆီဈေးနှုန်း ၃၀ ရာနှုန်း တိုးမြှင့်


ဓါတ်ဆီဖြူဟု ခေါ်ဆိုကြသည့် ပြည်တွင်းမှ ချက်လုပ်သည့် ဓါတ်ဆီသည် တဂါလံ ကျပ် ၂၅၀၀ မှ ၃၃၅၀ ကျပ်သို့ယနေ့ ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ တိုးမြှင့်သွားပြီဖြစ်သည်။စွမ်းအင်ဝန်ကြီးဋ္ဌာနက ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ရောင်းချပေးသည့် ဈေးနှုန်းကို တိုးမြှင့် လိုက်သဖြင့် ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် လက်လီရောင်းချသည့် ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။တဂါလံလျင် ၈၅၀ ကျပ် ဈေးနှုန်းမြင့်တက်သွားသော်လည်း လွတ်လပ်စွာ ၀ယ်ယူနိုင်ခြင်းမရှိသေးပဲ မော်တော်ယာဉ် တစီးလျှင် တရက်လျှင် ၂ ဂါလံ ခွဲတမ်းစနစ်ဖြင့်သာ ဆက်လက်ဝယ်ယူရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။

မြန်မာအစိုးရ ဓာတ်ဆီဈေး ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဓာတ်ဆီဈေးနှုန်းကို နှစ်ဆန်း ၁ ရက်နေ့ မှာပဲ ၃၀% ကျော် တိုးမြှင့်လိုက်ကြောင်းသိရသည်။

ပြည်နယ်ထွက် သယံဇာတ ဒေသခံတွေ ခံစားခွင့်ရှိဖို့ ရခိုင်အမတ်တွေ ကြိုးပမ်း

ရခိုင်ပြည်နယ်က သယံဇာတတွေကို ဒေသခံပြည်သူတွေ ခွဲဝေခံစားခွင့်ရဖို့ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေကြကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်

လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ ဆိုင်ရာ အကျဉ်းထောင်တွေကို ကြိုတင်သွားရောက် စောင့်ဆိုင်းဖို့ ထွက်ခွာသွားခဲ့ကြ ကြောင်းသိရသည်။

ဂျာနယ်ကျော် ဦးချစ်မောင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲ

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာ ဂျာနယ်ကျော် ဦးချစ်မောင် နှစ်တရာပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့ ကုန်သည်လမ်း၊ စာပေဗိမာန် အဆောက်အဦနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ကြောင်းသိရသည်။

နာရေးကူညီမှုအသင်း ၁၁ နှစ်ပြည့်ပြီ

နိုင်ငံကျော် အကယ်ဒမီရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးတဲ့ နာရေးကူညီမှု အသင်း ထူထောင်ခဲ့တာ ဒီကနေ့ ၁၁ နှစ် ပြည့်မြောက်ခဲ့ကြောင်းသိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီမှတ်ပုံတင် စောင့်ဆိုင်းဆဲ

လွှတ်တော် အသီးသီးက လစ်လပ်နေ တဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွက် ၂ဝ၁၂ ခု ဧပြီလ ၁ ရက်၊ တနင်္ဂနွေနေ့ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ မယ့်အကြောင်းနဲ့ ကိုယ်စားလှယ်လောင်းအမည်ကို ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၆ ရက်ကနေ ၃၁ ရက်နေ့အထိ တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ကြောင်းသိရသည်။

ပညာရေးရန်ပုံငွေပွဲ သိန်း ၃၅ဝ ကျော် ရရှိ

ရန်ကုန်မြို့ MCC မြန်မာကွန်ဗင်းရှင်း စင်တာမှာ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရတဲ့ ဝင်ငွေပမာဏကို စာရင်းမပိတ်ရသေးပေမယ့် အခုအချိန်အထိ မြန်မာ ကျပ်ငွေ ၂၁၅ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅၅ဝ၊ ဂျပန်ယန်းငွေ ၁ သောင်း ရရှိထားပြီလို့ သိရပါတယ်။

KIO စခန်းတစ်ခု မြန်မာစစ်တပ် သိမ်းပိုက်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ် အကြားမှာ ရှိတဲ့ ကေအိုင်အို တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) ကို အစိုးရတပ်တွေက ဒီဇင်ဘာလ ၂၅ နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကေအိုင်အိုက ဆုတ်ပေးလိုက်ရတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြောင်းသိရသည်။

Lwin Pwin

0 comments:

Post a Comment