နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်
သမ္မတဦးသိန်းစိန်၏ ‘လွတ်ငြိမ်းချမ်းသာခွင့်’ဟူသော ပြစ်ဒဏ်လျှော့ပေါ့မိန့်အရ နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် အကျဉ်းသား ၁၄၀၀ ကျော်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်သာ ပါရှိကြောင်း စုဆောင်းရရှိထားသည့် သတင်းအချက် အလက်များအရ
အင်းစိန်၊ အိုးဘို၊ တောင်ငူ၊ ပူတာအို၊ မြိတ်၊ ကသာ၊ ပြည်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ၊ သာယာဝတီ၊ စသည့်ထောင်များ မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၃ ဦးကို စုံစမ်းစိစစ်ဆဲ အနေအထား အရ ဖေါ်ပြလိုက်ကြောင်းသိရသည်။
အင်းစိန်၊ အိုးဘို၊ တောင်ငူ၊ ပူတာအို၊ မြိတ်၊ ကသာ၊ ပြည်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ၊ သာယာဝတီ၊ စသည့်ထောင်များ မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၃ ဦးကို စုံစမ်းစိစစ်ဆဲ အနေအထား အရ ဖေါ်ပြလိုက်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့
အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် တနင်္လာနေ့ ညပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။
တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားကြောင်းသိရသည်။
တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားကြောင်းသိရသည်။
အကျဉ်းသားလွှတ်တာ မလုံ လောက်သေးဘူးလို့ အမေရိကန် ပြော
မြန်မာနိုင်ငံက အကျဉ်းကျ ခံနေရသူတွေ အပေါ် အစိုးရရဲ့ ပြစ်ဒဏ် လျော့ပေါ့ပေးတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဝေဖန်ခဲ့ပြီး မြန်မာ အစိုးရ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ဆိုရင် လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေနဲ့တင် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်က အမေရိကန် အစိုးရ ဖြစ်စေချင်တာနဲ့ ကွာဟ နေတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်းက ပြောကြောင်းသိရသည်။
| ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် ၂၇၇ ကြိမ် မြောက်ထီစနစ်မှ စတင်၍ အထူးဆု ကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဆုအား တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး ထီဆုမဲတိုးမြှင့်လိုက်သည့် အတွက် ထီလက်မှတ် ဈေးနှုန်းများ အပြောင်းအလဲမရှိကြောင်း အောင်ဘာလေ သိန်းဆုဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ |
လွတ်လပ်ရေး ၆၄ နှစ်ပြည့်ပေမယ့် လွတ်လပ်မှုအတွက် ရုန်းကန်ရဆဲ
တရားမျှတတဲ့၊ ခွင့်တူညီမျှရှိတဲ့ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်တဲ့ဘဝ၊ လွတ်လပ်တဲ့ခေတ်၊ လွတ်လပ်ရေးရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။(မောင်စွမ်းရည်)
နိုင်ငံရေးအကျဉ်းသားလွှတ်မှ အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်မည်
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်ရှိနေတဲ့အတွက် စိုးရိမ်နေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာကပြောကြောင်းသိရသည်။နိုင်ငံရေးအကျဉ်းသားလွှတ်ရေး သတ္တိရှိရှိလုပ်ဆောင်ဖို့ အမတ်တွေ တိုက်တွန်း
ပြည်သူ့မေတ္တာကိုယူဖို့ သမ္မတကြီးကိုတိုက်တွန်းပါတယ်။ ယုံကြည်ချက်အားဖြင့်အကျဉ်းချခံထားရသူတွေကို ရဲရဲဝံ့ဝံ့လွှတ်ပေးပါ။ (ဦးအေးမောင်-ရခိုင်)နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ စိတ်ပျက်
ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ မပါလာတဲ့အတွက် မိသားစုဝင်တွေ စိတ်ပျက်နေကြကြောင်းသိရသည်။ဒေါက်တာတူးဂျာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်
ကချင်လွတ်မြောက်ရေးတပ် (KIA) ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာက ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောကြောင်းသိရသည်။NLD အလံနဲ့သင်္ကေတ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ကန့်ကွက်
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တင်ပြထားတဲ့ ပါတီအလံနဲ့ သင်္ကေတတို့ဟာ မိမိတို့ပါတီအလံ၊ သင်္ကေတတွေနဲ့ ဆင်တူယိုးမှား ဖြစ်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ဒီဇင်ဘာ ၂၈ ရက်က ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့သိရပါတယ်။အစိုးရတပ်က လိုင်ဇာမြို့ကို သိမ်းပိုက်ရင် KIO က ခုခံမယ်
မြန်မာအစိုးရတပ်ဖွဲ့တွေက လာမယ့်ပွင့်လင်းရာသီမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို သိမ်းပိုက်ဖို့ လျှို့ဝှက်စီမံချက် ရှိတယ်ဆိုတဲ့ သတင်း ဒီရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ကြောင်းသိရသည်။ဖျာပုံ လွတ်လပ်ရေးနေ့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ရောင်းချခွင့်ပိတ်
ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ ပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖျာပုံမြို့နယ် အဖွဲ့ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေနဲ့ တီရှပ်တွေ၊ သော့ချိတ်တွေ ရောင်းတာကို တိုင်းဝန်ကြီးချုပ်အမိန့်နဲ့ မနေ့ညက တားမြစ်လိုက် ကြောင်းသိရသည်။မဏိပူပြည်နယ် အင်ဖားမြို့နဲ့ မန္တလေးအကြား ဘတ်စကားပြေးမယ်
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အင်ဖားမြို့တော်နဲ့ မန္တလေးမြို့အကြား ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲမယ့် အစီအစဉ်ကို ရှေ့လ ဖေဖော်ဝါရီလ အတွင်းမှာ စတင်နိုင်ဖွယ် ရှိတယ်လို့ အိန္ဒိယ အစိုးရက ပြောကြောင်းသိရသည်။ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်
ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်နယ်တိုင်း အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဆီ ဒီလ ၁၁ ရက် နောက်ဆုံးထားပြီး ပေးပို့ဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက် ကြောင်းသိရသည်။Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment