၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား စောင့်ကြည့်ရမည့် အကြောင်းအရာ ခြောက်ခုတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
ကမ္ဘာတစ်လွှားတွင် ၂၀၁၂ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ထင်ရှားသော အကြောင်းအရာ ခြောက်ခုကို The Sunday Tribune Spectrum က မြန်မာနိုင်ငံမှ NLD ပါတီ ဒုတိယ ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်လည်း ပါဝင်လာကြောင်း ၄-၁-၂၀၁၂ ရက်က သိရသည်။ အဆိုပါ သတင်းဌာန၏ www.tribuneindia.com တွင် ဖော်ပြချက်အရ ဒေါ်အောင်ဆန်းဆုကြည်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အတူ နာမည်ကျော်ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၂ တွင် မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်လာခဲ့ခြင်းကို စောင့်ကြည့်ရမည့် အကြောင်းအရာ တစ်ခုအဖြစ် ဖော်ပြခြင်း ခံခဲ့ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိစ္စကို နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခြင်း ဟူသော ပုံစံဖြင့် ရွေးချယ်ဖော်ပြခဲ့ကြခြင်း ဖြစ်ကာ သူကဲ့သို့ပင် ပါကစ္စတန်မှ Imran Khan က နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာခြင်းကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။အေဝိုင်အီး
အခြေခံအခွင့်အရေး အတွက် ဆန္ဒပြသူ ထိန်းသိမ်းခံရ
အခြေခံ လူ့အခွင့်အရေးများကို တောင်းဆိုဆန္ဒပြသည့် ရန်ကုန် တောင်ဒဂုံမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးစိုးကြွယ်ကိုဒေသခံ အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
“ဥပဒေ မထုတ်ရသေးတဲ့အတွက် ဒီလိုမျိုး ခွင့်မပြုဘူး၊ ဆက်မသွားပါနဲ့ ပြောတော့ အဖေက မင်းတို့လည်း မင်းတို့ အလုပ်လုပ်တာ၊ ငါလည်း ငါ့အလုပ် ငါလုပ်မယ်ဆိုပြီး ဆက်လျှောက်တော့ ဖမ်းသွားတယ်။ လောလောဆယ်တော့ တောင်ဒဂုံ ရဲစခန်းမှာ စစ်ဆေးနေတုန်းပဲ” ဟု သားမက်ဖြစ်သူ ကိုညီညီဌေးက ပြောသည်။အခြေခံအခွင့်အရေးများ တောင်းဆို ဆန္ဒပြနေသည့် ဦးစိုးကြွယ် (ဓာတ်ပုံ - DVB ရုပ်သံမှကူးယူသည်)
ဦးစိုးကြွယ်ကို တောင်ဒဂုံမြို့နယ်မှူးက စစ်ဆေးမေးမြန်းမှုများ ပြုနေပြီး
အာမခံပေးနိုင်သည့် ပုဒ်မမျိုးဖြစ်ပါက အာမခံ ပေးနိုင်ရန်အတွက် ပြင်ဆင်ထားရန် မိသားစုဝင်များကို မှာကြားလိုက်သည်ဟု သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါတီအမည်သုံးက ငွေကြေး ကောက်ခံနေခြင်းများကို အရေးယူပေးရန်၊ ၀န်ထမ်းများ အကျင့်ပျက် လာဘ်စားနေမှုများကို တိုင်ကြားပါက အရေးယူပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းများကို တပြေးညီဖြစ်အောင် ခင်းပေးရန်၊ ယာဉ်လိုင်း ပြေးဆွဲနေသော လမ်းများကို အဓိကထား ပြုပြင်ပေးရန်၊ လျှပ်စစ်မီတာခကို ပြန်လည် ပြင်ဆင်ပေးရန်နှင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ မြို့တော်စည်ပင် ရေပေးဝေရေးမှ ရေကို ရေမီတာဖြင့် ပေးဆောင် သုံးစွဲနေသူများအတွက် ရေပုံမှန် ရရေး ဆောင်ရွက်ပေးရန် စသည့် အချက်များ ရေးသားထားသော စာရွက်ကို ဦးစိုးကြွယ်က ကိုင်ဆောင်ကာ တောင်ဒဂုံ ၇၁ ရပ်ကွက် အောင်စုမွန် လက်ဖက်ရည်ဆိုင်မှ စတင်၍ မိသားစုဝင်များ၊ တောင်ဒဂုံ NLD ပါတီဝင်တချို့တို့နှင့် အတူ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။
တောင်ဒဂုံမြို့နယ်အတွင်းတွင် ကြံ့ဖွံ့ ပါတီဝင်များက ပါတီအမည်သုံးကာ မြို့နယ်တွင်း ပြုပြင်မှုများ ပြုလုပ်ပေးမည်ဆို၍ ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း၊ ရပ်ကွက်များအတွင်းရှိ လမ်းများမှာလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ကြံ့ဖွံ့ ပါတီ မဲဆွယ် စည်းရုံးသည့် အနေဖြင့် ခင်းပေးထားသည့် လမ်းများဖြစ်ပြီး တ၀က်တပျက်နှင့် မပြီးပြတ်သေးဘဲ ကျန်သည့် လမ်းပိုင်းများမှာလည်း ယိုယွင်းနေသောကြောင့် သွားလာရ ခက်ခဲနေကြောင်း တောင်ဒဂုံ ဒေသခံများက ပြောသည်။
ထို့အတူ လျှပ်စစ်မီတာခ နှုန်းထားများကို ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်လိုက်သည့်အတွက် ပြည်သူလူထု အနေဖြင့် စားဝတ်နေရေး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း၊ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံသော်လည်း လျှပ်စစ်မီး ပုံမှန်မရခြင်း၊ ရေပုံမှန် မရခြင်းတို့ကို တင်ပြ တောင်းဆိုခွင့်မှာ နိုင်ငံသားတိုင်းတွင်ရှိကြောင်း ဦးစိုးကြွယ်က ပြောဆိုသဖြင့် ယခုကဲ့သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကဆိုသည်။
ဦးစိုးကြွယ်သည် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးတက်၍ ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး မြစ်ကြီးနား ထောင်၌ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။
..ကိုယ့်အလုပ်ကိုယ်လုပ်တဲ့..................
တောင်ဒဂုံ ၁၀၅ ရပ်ကွက်ဆန္ဒပြပွဲတွင်ဦးဆောင်သူဟုယူဆရသောဦးစိုးကြွယ် အားတောင်ဒဂုံရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းတောင်မြောက်လမ်းဆုံရှိတောင်ဒဂုံရဲစခန်းမှရဲတပ်သားတစ်ဦးကအတည်ပြုပြောကြားသည်။ " အမှုဖွင့်ထားပါတယ်။ ပ နံပါတ်လည်းရှိတယ်။ဒါပေမယ့်ကျွန်တော်တို့စခန်းမှုး ဗိုလ်ကြီးဦးထွန်းလင်းနဲ့ဝင်တွေ့ပြီးမေးပါ။ကျွန်တော်ပြောခွင့်မရှိဘူး "ဟု၎င်းကဆက်ပြောသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြထားကြောင်းလည်း ၄င်းကပြောသည်။ဆန္ဒပြပွဲမှာနံနက် ၉း ၃၀နာရီဝန်းကျင် ခန့်တွင်ဖြစ်ခဲ့ပြီး သက်ဆိုင်ရာမှသတင်းအရလာရောက်ပြီးဦးဆောင်သူဟုယူဆရသောဦးစိုးကြွယ်အား ထိမ်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမှုနှင့်ပတ်သက်ပြီးတောင်ဒဂုံရဲစခန်းမှ စခန်းမှုးဦးထွန်းလင်းအား Messenger ဂျာနယ်မှ၎င်း၏ရုံးခန်းတွင်တွေ့ဆုံမေးမြန်းရာ "ဘာမှမပြောနိုင်ဘူး၊ခင်ဗျားတို့လည်းကိုယ့်အလုပ်ကိုယ်လုပ်၊ကျွန်တော်လည်းကျွန်တော့်အလုပ်ကျွန်တော်လုပ်နေတယ်။ဘာမှမမေးနဲ့၊ဘာမှမပြောနိုင်ဘူး " ဟုပြောဆိုကာဖြေကြားရန်ငြင်းဆိုခဲ့သည်။"
Messenger News Journal
လယ်ဝေး ကြံ့ဖွံ့ အမတ် ကားတိုက်မှု အရေးယူခြင်း မရှိ
နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဝင်းဟာ ယာဉ်တိုက်မှု ဖြစ်ပွားပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရဲကလည်း အမှုမဖွင့်ပေးပါဘူး။ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လယ်ဝေးမြို့နယ် ၂၀၁၀ အမတ် ဦးဌေးဝင်း မောင်းတဲ့ ပြည်ခိုင်ဖြိုးကားဟာ မနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ညက မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးရှေ့မှာ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်တာ ဖြစ်တယ်လို့ ဒေသခံ ကျောင်းအုပ်ဆရာကြီးဟောင်း တဦးက ပြောပါတယ်။
ကားတိုက်မှုကြောင့် ဆိုင်ကယ်ရပ်ပြီး စကားပြောနေသူ နှစ်ဦးစလုံး လွင့်စင်ထွက်ခဲ့ရပြီး ဒီထိခိုက်တဲ့ လူငယ်နှစ်ဦးကို ဦးဌေးဝင်းက တာဝန်မယူဘဲ ကြိုက်ရာကို တိုင်ကြားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ သူ့တပည့်မ ဖြစ်တဲ့အတွက် အကြောင်းစုံကို သိခဲ့ရတာ ဖြစ်တယ်လို့ အဲဒီအငြိမ်းစား ကျောင်းအုပ်ကြီးက ပြောဆိုပြီး ယာဉ်တိုက်ချိန်မှာ ဦးဌေးဝင်းဟာ အရက်မူးနေတယ်လို့ ပြောပါတယ်။
အငြိမ်းစားကျောင်းအုပ်ကြီးက ခုလို ပြောပါတယ်။
“နေပြည်တော်သွားပြီး အပြန်မှာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေကြတာ။ အဲ့အချိန်မှာ မူးနေတဲ့ ဦးဌေးဝင်းက ကားနဲ့ဝင်တိုက်တာ။ တိုက်မိတဲ့အချိန်မှာ ကလေးတွေက လမ်းဘေးကို လွင့်ထွက်သွားတယ်။ ဦးဌေးဝင်းက ကားပေါ်ကဆင်းလာပြီး လာကြည့်တယ်။ မသေပါဘူးကွာဆိုပြီး ကားပေါ်ပြန်တတ်သွားပြီး မောင်းမလို့လုပ်တော့ ကားတိုက်ခံရတဲ့ သီဟဆိုတဲ့ကောင်လေးက မောင်းပြေးလို့မရဘူးပြောတော့ ငါ့ကိုဘာကောင် အောက်မေ့တုန်း ငါကလွှတ်တော်အမတ် ဌေးဝင်းဆိုပြီး ခြိမ်းခြောက် ပြောသွားတယ်။”
အဲဒီ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လယ်ဝေးမြို့နယ်မှာ တသီးပုဂ္ဂလအမတ်အဖြစ် ၀င်ပြိုင်ဖူးပါတယ်။
ဦးဌေးဝင်းဟာ လူနာနှစ်ဦးကို ဆေးရုံမပို့ဘဲ ကားမောင်းနှင် ထွက်ပြေးဖို့ လုပ်ခဲ့ပေမယ့် ကားအောက်မှာ မော်တော်ဆိုင်ကယ် ရှိနေလို့ ကားမောင်းထွက်လို့ မရဘဲ နောက်ပိုင်းကျမှ ကားကို လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးက လာရောက် ယူဆောင် သွားတယ်လို့ ဆိုပါတယ်။
လူနာနှစ်ဦးကိုတော့ ဒေသခံအရပ်သားတွေက လယ်ဝေးဆေးရုံကို ပို့ဆောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက လည်ပင်းနာနေ သလို အမျိုးသားက ပခုံးရောင်ရမ်းလို့ ကုသခဲ့ရပါတယ်။
ယာဉ်တိုက်ခံရတဲ့ မော်တော်ဆိုင်ကယ်ကို လယ်ဝေးမြို့နယ်ရဲစခန်းမှာ သိမ်းဆည်း ထားပေမယ့် အမှုမဖွင့်ပေးဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာရဲ့ အရှေ့ဘက်ခြမ်းက လယ်ဝေးမြို့နယ်အပိုင်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာရဲ့ အနောက်ဘက်ခြမ်းက ဒက္ခိဏသီရိမြို့နယ်အပိုင် ဖြစ်တဲ့အတွက် မြို့နယ်ရဲစခန်းနှစ်ခုက သူ့စခန်းအပိုင်မှာ ငါ့စခန်းအပိုင်မှာ ဖြစ်တာဆိုပြီး အပြန်အလှန် တာဝန်မယူတဲ့အတွက် ဘယ်စခန်းမှာမှ အမှုမဖွင့်ရသေးဘဲ ဖြစ်နေပါတယ်။
ခုချိန်မှာ ဦးဌေးဝင်းက ယာဉ်တိုက်ခံရတဲ့ လူငယ်နှစ်ဦးကို လျော်ကြေးပေးပြီး ကျေအေးနိုင်ဖို့ လိုက်လံ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ
ငါးထောင်းတန်ဖုန်းစီမံကိန်းအား ရှယ်ယာများဖိတ်ခေါ်မည်ဟုဆို
ငါးထောင်တန်ဖုန်းစီမံကိန်းကို ရှယ်ယာရှင်များ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါစီမံကိန်းတွင် နိုင်ငံတော်ကလေးဆယ်ရာခိုင်နှုန်း၊ ရွှေပြည်တံခွန်ကုမ္ပဏီက သုံးဆယ်ရာခိုင်နှုန်းပါဝင်ရန် စီစဉ်ထားပြီး ပြည်သူလူထုအား သုံးဆယ်ရာခိုင်နှုန်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ရင်နှီးမြှုပ်နှံလိုသည့် ပြည်သူများအတွက် တစ်ဆက်တစပ်တည်း ပါဝင်ရင်းနှီးမြှုပ်နှံနိုင်စေရန် ရွှေပြည်တံခွန်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းကို တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ပထမရင်းနှီးမြှုပ်နှံမှုအနေဖြင့် အများပြည်သူသို့ရောင်းချမည့် ရှယ်ယာများကို ရောင်းချခြင်းမပြုဘဲ စီမံကိန်းကာလသုံးလမှ ခြောက်လအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ဒေါ်လာသန်းပေါင်း ၇၇၀ ရင်းနှီးမြှုပ်နှံထားကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဦးလွင်နိုင်ဦးကပြောသည်။ ပထမထုတ်လုပ်မည့် လိုင်းတစ်သန်းမှာ 3G ကွန်ရက်ဖြစ်ပြီး တစ်နှစ်အတွင်းတွင် 4G ကွန်ရက်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ငါးနှစ်အတွင်းတွင် သန်း ၃၀ ထုတ်လုပ်သွားရန် အစီအစဉ်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ယခုကဲ့သို့ ရွှေပြည်တံခွန်တယ်လီကွန်မြူနီကေးရှင်း ၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရခြင်းများမှာ နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်ချက်များဖြစ်သည့် ပြည်သူလူထုသို့မှာကြားချက်များ၊ နိုင်ငံတကာအစည်းအဝေးများတွင် ပြောကြားခဲ့သည့် ကတိက၀တ်များ၊ လွှတ်တော်တွင် မြွက်ကြားခဲ့သည့်မိန့်ခွန်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအား လမ်းညွှန်ခဲ့မှုများကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် ရွှေပြည်တံခွန်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
- ထွန်းထွန်း (Internet Journal, Vol. 13, No. 2)
ကိုယ်ထူကိုယ်ထ နာရေးကူညီလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးက သိမ်း
နာရေး အကူအညီပေးရေးအတွက် ကိုယ်ထူကိုယ်ထ ဖွဲ့ထားတဲ့ အဖွဲ့ကို ရပ်ကွက် အာဏာပိုင်က ဖျက်သိမ်းလိုက်ပြီး လုပ်ငန်းပိုင် ပစ္စည်းတွေကိုလည်း အကြောင်းပြချက် မပေးဘဲ သိမ်းယူလိုက်တဲ့အတွက် ရပ်ကွက်သားတွေ မကျေမနပ် ဖြစ်နေကြပါတယ်။ရန်ကုန် တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်က နာရေးအကူအညီပေးရေး လုပ်ငန်းတွေကို ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ စုဆောင်းငွေနဲ့ လွန်ခဲ့တဲ့ တနှစ်ကျော်က ထူထောင်ခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ လပိုင်းက သိမ်းယူခဲ့တာပါ။
နဂိုက အကူအညီပေးရေးလုပ်ငန်းကို စီမံဆောင်ရွက်ဖို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ရွေးချယ်ထားတဲ့ ၁၈ ဦးပါ အဖွဲ့ကိုလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖျက်သိမ်းလိုက်တယ်လို့ အဲဒီ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုညီညီက ပြောပါတယ်။
“နာရေး ကူညီမှုအသင်းရဲ့ လက်ရှိ ၁၈ ဦး အဖွဲ့ဝင်အဟောင်းတွေက ခုဘာမှလည်း မလုပ်ပေးနိုင်တော့ဘူး။ အဲ့တော့ ကျနော်တို့က ဒီမိုကရေစီနည်း အရပေါ့။ ပထမ ၁၈ ဦးကိုလည်း အများကဝိုင်းပြီး သဘောတူချက်အရ တင်ထားတာပေါ့။ နာရေးကူညီမှု အသင်းဖွဲ့ဖို့အတွက်။ အဲ့တော့ အဖွဲ့ဝင် အသစ်တွေက ဒီ ၁၈ ဦး ဖွဲ့ထားတာကို လုယူတယ်။ အဲ့တော့ အသစ်ရော အဟောင်းရော တပြေးတည်း ၁၉ ရပ်ကွက် ပြည်သူတွေရဲ့ ဆန္ဒတွေကို ခံယူပြီးတော့ အသစ်ပြန်လည်ဖွဲ့စည်းဖို့ အကြံပေးခဲ့ပါတယ်။ အဲ့ဒါကိုလည်း ရပ်ကွက်အုပ်ချူပ်ရေးမှူး အပါအဝင် လက်အောက်ခံ စာရေးပေါ့။ သူတို့က ဒါကို ကန့်ကွက်ပြီးတော့ သူတို့ပဲ ဆက်လက်ပြီးတော့ အုပ်ချူပ်သွားတယ်။”
ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က သိမ်းလိုက်တဲ့ ပစ္စည်းတွေမှာ နာရေးကူညီမှု လုပ်ငန်းမှာ သုံးဖို့ ရပ်ကွက်ရန်ပုံငွေနဲ့ ဝယ်ယူထားတဲ့ အိုးခွက်ပန်းကန်၊ မီးစက်၊ စတဲ့ ပစ္စည်းတန်ဖိုး သိန်း ၃၀ နီးပါးရှိတယ်လို့ သိရပါတယ်။
Dvb
ကယား ပြည်နယ်သို့ လာရောက် လည်ပတ်သော ပြည်ပ ဧည့်များ လွိုင်ကော်မှ အပ အခြားမြို့ရွာ များသို့ သွားခွင့် မပြုထား
ကယားပြည်နယ်သို့ လာရောက် လည်ပတ်သော ပြည်ပနိုင်ငံသား ဧည့်များအား လွိုင်ကော်မြို့မှ အပ အခြား မြို့များနှင့် ဒေသများသို့ သွားရောက်ခွင့် အား တားမြစ် ထားကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ထိုသို့ တားမြစ် ထားရခြင်းမှာ ပြည်ပ နိုင်ငံသား ဧည့်သည် များ၏ လုံခြုံရေး အတွက်ကြောင့် ဖြစ်ပြီး လွိုင်ကော်မြို့ မှအပ အခြား မြို့ရွာများသို့ မိမိတို့ သဘောဖြင့် တားမြစ် ထား သည့်ကြားမှ သွားရောက်၍ တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ် ခဲ့ပါက ဖြစ်ပေါ်လာသော ပြဿနာ များအား ဖြေရှင်း ပေးရန် အခက်အခဲများ ရှိသည့် အ တွက် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။ထို့အပြင် ကယားပြည်နယ်သို့ ပြည်ပ နိုင်ငံသားများ အနေဖြင့် လာရောက် လည်ပတ်မည် ဆိုပါက ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာန တို့၏ ခွင့်ပြုချက် ပါမှသာ လာရောက် လည်ပတ်နိုင်မည် ဖြစ်သည့်အပြင် ခွင့်ပြုချက် တောင်းခံစာ၌ ဒေသ လုံခြုံရေး အရ ခရီးသွားလာ ခွင့်ပြုသော ဒေသမှ အပ အခြား မြို့ရွာများသို့ သွားရောက်ခွင့် မပြုဟူသော ဝန်ခံကတိကို ဖြည့်စွက်ရကြောင်း ၄င်းက ရှင်း ပြသည်။
ကယားပြည်နယ်သို့ လာရောက် လည်ပတ်သူ အမေရိကန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက ”ကယားပြည်နယ်ဟာ ငြိမ်းချမ်းရေး ရတဲ့နယ်မြေ ဖြစ်နေပြီ။ မည်သည့်နေရာ ကိုမဆို သွားရောက် လည်ပတ်ခွင့် ရှိတယ်ဆိုပြီး အွန်လိုင်းမှာ တွေ့ရတဲ့အတွက် ကျွန်တော်တို့က ပဒေါင် လူမျိုးတွေနဲ့ ငွေတောင်ဆည်ကို တွေ့မြင်ချင်တဲ့ အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ကနေ လာခဲ့တာ။ ဒီကိုရောက်တော့ လွိုင်ကော်မြို့ပေါ်ပဲ သွားခွင့်ပြုတယ်။ ငွေတောင်ဆည်ကိုလည်း သွားခွင့် မပြုတဲ့အပြင် ပဒေါင် လူမျိုး တွေနေတဲ့ ရွာတွေကိုလည်း သွားခွင့်မပြုဘူး။ ဒီခရီးစဉ် အတွက် ကုန်ကျငွေက မြန်မာငွေ ၁၅ သိန်းလောက် ကုန်ပေမယ့် ကျွန်တော်တို့ အတွက် ဘာမှအကျိုး မရှိခဲ့ ဘူး။ ကျွန်တော်တို့ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီး မြန်မာနိုင်ငံကို လာချင်တဲ့ ကျွန်တော် တို့နိုင်ငံသားတွေ အများကြီးပဲ။ အခုလိုမျိုး ခရီး သွားလာခွင့် ကန့်သတ်ချက် ထားတာတွေကတော့ တကယ့်ကို စိတ်ပျက်စရာပဲ”ဟု ဆိုသည်။
သတင်း.. Popular Myanma
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment