မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ      ဇန်နဝါရီလ ၈ ရက်၊ ၂၀၁၂

 

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်တရားရုံးနှင့်ထားဝယ်မြို့နယ်တရားရုံးများမှ တရားသူကြီးများ တရားပျက်ပြီ

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်တရားရုံးနှင့်ထားဝယ်မြို့နယ်တရားရုံးများမှ တရားသူကြီးများ သည် ပြင်ပရှေ့နေများနှင့်အပေးအယူလုပ်ပြီးနှစ်ဖက်အမှုသည်များထံမှ နှစ်ဖက်စလုံးကိုခွစားကာ စည်းပွားရှာ လျှက်ရှိပါသည်။ ပြင်ပရှေ့နေများဖြစ်သော အထက်တန်းရှေ့နေဦးအေးလွင် နှင့်တရားလွှတ်တော်ရှေ့နေများ ဖြစ်သော ဦးတင်ရှိန်၊ဦးအောင်ဌေးတို့သည် ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးများမှ အထူးသဖြင့် အမျိုးသမီးတရားသူကြီးများ၊ ၀န်ထမ်းများနှင့်ပူးပေါင်းကာ နှစ်ဖက်အမှုသည်များထံမှ တံစိုးလက်ဆောင်ငွေကြေးများယူပြီး ဥပဒေကို လက်တလုံးခြားလှည့်စားကာ တရားသူကြီး၏ လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုကာ တရားစီရင်ကြသည့်အတွက်
(၁) ငွေကြေးမတက်နိုင်သူများ
(၂) မသိနားမလည်သူများ
(၃) ရှေ့နေများ၏ နည်းပရိယာယ်များ၊ ခြိမ်းခြောက်ဟန့်တားမှုများကြောင့်သော်၎င်း
(၄) နှစ်ဖက်ရှေ့နေများနှင့် တရားသူကြီးတို့ ညှိနိုင်းအကွက်ချ စီရင်ဆောင်ရွက်မှုများကြောင့် နိုင်သင့်သောအမှုများ ရှုံးရခြင်း၊ ရှုံးသင့်သောအမှုများ အနိုင်ရရှိခြင်း၊နိုင်သင့်သောအမှုများသည်ပင်လျှင် ကုန်သင့်သည်ထက် များစွာကုန်ကျခဲ့ပြီးမှ အမှုအနိုင်ရရှိကာ နာမည်တစ်လုံးအတွက် ငွေကြေးရော၊ သိက္ခာပါ ဆုံးရှံးရသည့်အမှူသည် အများအပြားရှိပါသည်။

ငွေများတရားနိုင် ဆိုသည့်စကားရပ်သည် အဆိုပါတရားရုံးများတွင် သွေးထွက်အောင်မှန်နေပြီ ဖြစ်ပါသည်။ မကြာမှီက ပြီးစီးသွားသောအမှုတစ်ခုသည် နှစ်ဖက်စလုံးကို ဒဏ်ငွေ ၁၀၀၀ ကျပ်စီ ချမှတ်ခံရသည်။ ရှေ.နေခ၊ တရားသူကြီးကန်တော့ရငွေ၊ ၀န်ထမ်းများအား ပေးကမ်းရငွေများကြောင့် တစ်ဖက်က စရိတ် ၃၈ သိန်းကျပ်နှင့် ကျန်တစ်ဖက်က ၃၅ သိန်းကျပ်စီ ကုန်ကျခဲ့ကြပါသည်။နောက်အမှုတစ်ခုတွင်မူ ငွေသိန်းလေးဆယ်ရလိုမှုဖြင့်စွဲဆိုရာ သိန်း၁၂၀ကုန်ပြီးမှ အနိုင်ရသည့်အမှုလည်း ရှိပါသည်။တစ်ချို.အမှုသည်များသည် စိတ်ပျက်လွန်းလှသဖြင့် အယူခံအဆင့်ဆင့်ပင် မတက်နိုင်တော့ပါ။အချို့အမှုသည်များမှာ အမှုလည်းပြီး၊ ရှိတာလည်းကုန်၊ ဘ၀လည်းပျက်ရသည်အထိ ရင်နင့်ဖွယ် ခံစားနေကြရပါသည်။
 ၎င်းတရားရုံးများတွင် သြဇာအရှိဆုံးရှေ့နေမှာ ဦးအေးလွင်ဖြစ်ပါသည်။ ၀န်ထမ်းအားလုံးက ပါပါး(အဖေ) ဟု ခေါ်ကြသည်။ ၀န်ထမ်းများအား ရက်ရက်ရောရောပေးကမ်းပြီး အထူးသဖြင့် အမျိုးသမီးတရားသူကြီးများကို စီးပွားဖြစ်ရှာကျွေးနေသူ ဖြစ်ပါသည်။ ဦးအေးလွင်လိုက်သော အမှုများကို တရားသူကြီးများက ကိုးကားရမည့်စီရင်ထုံးများကိုပင် ပြောပြပြီး အနိုင်ရအောင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။တရားသူကြီးများကလည်း အမှုသည်များအား ဦးအေးလွင်အား ငှားလျှင် အမှုနိုင်ခြေရှိပါတယ် ဟုခေါ်ယူပြောဆိုပြီး၊ ရှေ့နေပြောင်းခိုင်းခြင်းများပင် ရှိပါသည်။ ဦးအေးလွင်ကလည်း ငွေကြေးမတတ်နိုင်သည့် ၎င်း၏အမှုသည်များကို သစ္စာဖောက်ပြီး၊ တစ်ဖက်ရှေ.နေနှင့်တိုင်ပင်ကာ အမှုအနိုင်ရအောင်လုပ်ပေးမည် ဟုဆိုကာ တရားသူကြီးများကိုပါ ငွေပေးစေပြီး၊ မိမိ၏အမှုသည်ကိုပင် အမှုရှုံးအောင် အကွက်ချ ဆောင်ရွက်သည်များလည်း ရှိပါသည်။ငွေတတ်နိုင်သည့်အမှုသည်များမှာ ရှုံးလည်းနိုင်၊နိုင်လည်းနိုင်ဖြစ်နေပါသည်။ ငွေမနိုင်သည့် အမှုသည်များမှာ အရှုံးနှင့်သာ ရင်ဆိုင်ရလျှက်ရှိပါသည်။
 ထိုသို့ဖြစ်ချင်တိုင်းဖြစ်နေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ်ကိုယ်တိုင်ပင် ခွဲတမ်းရနေ၍ မသိချင်ယောင်ဆောင်နေသလား ဟုထင်မြင်ယူဆနေကြပါသည်။တရားရုံးဝန်ထမ်းများကလည်း အမှုသည်များ မသိနားမလည်၍ မေးမြန်းသောအခါတွင်လည်း ပိုက်ဆံရမှ ဖြေချင်ကြပါသည်။ အမှုတွဲကူးခပင်လျှင် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးကြရပါသည်။ ၎င်းတရားသူကြီးများအနက် အချို့တရားသူကြီးများလည်း ယခင်ကအပြစ်ရှိ၍ တရားစီရင်သောတာဝန်မှ ရုံးဖက်သို့ ပြောင်းရွှေ့အပြစ်ပေး တာဝန်ချထားခံရသူများရှိပြီး၊ ယ္ခုတရားသူကြီးချုပ်မှ တရားသူကြီးတာဝန်ပြန်ပေးထားသည့်အတွက် တရားသူကြီးချုပ်ကိုပင်လျှင် သံသယပွား လျှက်ရှိပါသည်။

တနင်္သာရီတိုင်းမှ ပြည်သူတဦး

မကျေနပ်မှု


( ၆၄ ) နှစ်ပြည့်  လွတ်လပ်ရေးနေ့တွင်   မြန်မာမာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပေမယ့် မလွတ်လပ်သေးတာကတစ်ကြောင်း- လွတ်ငြိမ်းချမ်းသာခွင့်ပေးပေမယ့် ထင်ထားသလို   နိုင်ငံရေးအကျဉ်းသာများ  မလွတ်မြောက်လာတာကတစ်ကြောင်း-  ၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့ သမ္မတ၏ သဝဏ်လွှာကို မနှစ်မြို့တာကတစ်ကြောင်း  မကျေနပ်မှုများက ရင်ထဲမှာ မွန်းကြပ်လို့ လာခဲ့ရပါတယ်..။ သမ္မတရဲ့ ၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ တပ်မတော်အခန်းကဏ္ဍကို အမွန်းတင်ထားခဲ့ပါသည်။ သမ္မတအဆို တပ်မတော်သည် နိုင်ငံတော်အား အကြိမ်ကြိမ်ကယ်တင်ခဲ့သည့်အဖွဲ့အစည်းဖြစ်ပြီး - ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ကိုလည်း လမ်းညွှန်ခဲ့သည့်အဖွဲ့အစည်းဖြစ်သည်ဟု  ဆိုထားသည်ကို   ကျနော့်အနေနဲ့    ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်..။  မြန်မာ့တပ်မတော်သည်လွတ်လပ်ရေးတိုက်ပွဲတွင် ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော်ငြားလည်း....၁၉၆၂ ခုနှစ် စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီးသည့်နောက်....မြန်မာ့တပ်မတော်သည် ကမ္ဘာ့အလည်တွင် အဖတ်ဆည်၍္မရလောက် အရုပ်ဆိုးအကျဉ်းတန်ခဲ့ရပါသည်။ ဒါ့အပြင် တပ်မတော်သည်  နိုင်ငံတော်အား  ချောက်ထဲမရောက် ရောက်အောင်တွန်းချခဲ့ပြီး....တပ်မတော်ခေါင်းဆောင်များ၏   အာဏာရှင်ဆန်သော လမ်းညွှန်ခဲ့သည့် အုပ်ချုပ်မှုစနစ်ဆိုးကြောင့်   မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိတ်သုန်းပျောက်ကွယ်သွားခဲ့ရသည်ကို သမ္မတ- ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အလေးနက်ထားပြီးသိစေလိုပါသည်။
အမှန်တကယ်ဆိုမူ....၆၄နှစ်ပြည့်လွတ်လပ်ရေးနေ့တွင်အများပြည်သူစိတ်ချမ်းသာစေမည့်အများမျှော်လင့်ထားသလို....အပစ်မဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးရမည်ဖြစ်သည်။ အခုလို မစို့မပို့ အကန့်သတ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခြင်းအားဖြင့် လူတွေရဲ့စိတ်တွင်   လိပ်ခဲတင်းတင်းဖြစ်လာက မကျေနပ်မှုတွေဟာပေါက်ကွဲမှုတခုဆီကို   
ဦးတည်ရွေ့လျှားသွားတတ်သည်ကို လက်ရှိ- အစိုးရအဖွဲ့ဝင်များအားသိစေအပ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတော်ဆီသို့ ချီတက်မည်ဆိုလျှင်....နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထားပြီး အရင်ဦးဆုံးလွှတ်ပေးရမည်ဖြစ်သည်။လက်ရှိ- အစိုးရထဲတွင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရန်ငြင်းဆန်နေသည့် ပြုပြင်ပြောင်းလဲရေးကိုမလိုလားသည့် အုပ်စုနှင့်ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့အုပ်စုနှစ်စုရှိနေသည်မှာ သေချာနေပါသည်။ သူရရွှေမန်းကလည်း ပြုပြင်ပြောင်းလဲမှုကိုမလိုလားပဲအရင်စနစ်ကိုပဲ ခင်သွယ်နေတဲ့အုပ်စုက အင်အားကြီးမားနေတယ်လို့ မီဒီယာကတဆင့် မကြာသေးမှီက ထုတ်ဖော်ပြောကြားဘူးပါတယ်။
ဒါ့အပြင်- ကချင်ဘက်ကိုထိုးစစ်ဆင်နေတာကို ရပ်ဆိုင်းဖို့ သမ္မတ ညွှန်ကြားချက်ကိုလည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဂရုမစိုက်ပဲ ထိုးစစ်ဆင်နွဲနေခြင်းဟာ...ငြိမ်းချမ်းရေး မလိုလားတာကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်...ဒါတွေကို ထောက်ကြည့်ခြင်းအားဖြင့်လက်ရှိ- အစိုးရထဲမှာ ပြုပြင်ပြောင်းလဲမှုကိုမလိုလားတဲ့ အဖွဲ့နဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲနေတာတွေ့ရှိရမှာဖြစ်တယ်။
ဒီနေရာမှာ ကျနော့်အတွေ့အကြုံကို ဥပမာ တခုအနေနဲ့ ထောက်ပြပါ့မယ်..။ ၁၉၈၈ ခုနှစ် ကျနော်တို့တောခိုလာစဉ်တုန်းက ထိုင်းနိုင်ငံ သည်  ဒီမိုကရေစီနိုင်ငံလို့ကြွေးကျော်ခဲ့သော်ညားလည်း စစ်တပ်ရဲ့ နိုင်ငံရေးဝင်ရောက်စွတ်ဖက်မှုဟာ ၅၀ ရာခိုင်နှုန်းလောက်ရှိမည်ဟု
ခန့်မှန်းလို့ရနိုင်ပါတယ်။ အဲသည်ကနေတဆင့် ထိုင်းနိုင်ငံဟာ တဖြည်းဖြည်းနဲ့ အတိုက်အခံအင်အားစုနဲ့လူထုအားနဲ့ ပေါင်းစပ်ကာစစ်တပ်ကြီးစိုးလွှမ်းမိုးမှုကို တိုက်ဖျက်ခဲ့ကြရာ....ဒီမိုကရက်တစ်ပါတီမှ ချွမ်လီပိုင်ဦးဆောင်သည့်လက်ထက်ကျမှသာ  အရပ်သားအစိုးရစစ်စစ်ကို ထိုင်းပြည်သူများက မွေးဖွါးနိုင်ခဲ့သည်။
ချွမ်လီပိုင်အစိုးရတက်ခဲ့သော်ငြားလည်း  စစ်ငွေ့စစ်ရိပ်မကင်းသည့် ထိုင်းစစ်တပ်၏အခန်းကဏ္ဍသည် အထိုက်အလျှောက် ကျန်ရှိနေ သေးပါသည်။ ထိုအချိန်တွင် ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ အဖွဲ့တို့  ကရင်ဒုက္ခသည်စခန်းများကို မီးရွံ့
ဖျက်ဆီး- လူသတ်ကာ ထင်တိုင်းကြဲပြီး ရမ်းကားနေသည့် ကာလဆိုးဖြစ်သည်။ စစ်တပ်၏ တန်ခိုးအာဏာကြီးထွားမှုရှိလာစေရန်
ပြည်ပရန်ကိုလည်း စနေသည့် မြန်မာစစ်တပ်သည် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ကျူးကျော်ကာ ထိုင်းလူမျိုးများ၏ နေအိမ်များကို မီးရွံ့
ဖျက်ဆီး- လူသတ်- လုယက်ကာ ထိုင်းနိုင်ငံကို ကျူးကျော်ရန်စမှုပြုခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ် ချွမ်လီပိုင်မှ မြန်မာစစ်တပ်၏ ကျူး
ကျော်ရန်စမှုသည် အမျိုးသားလုံးခြုံရေးကို ထိပါးနှောက်ယှက်ပါသည်ဟုဆိုကာ  ထိုင်းစစ်တပ်ကို ပစ်မိန့်ပေးခဲ့ပါသည်။ ထိုအချိန်တွင်ထိုင်းစစ်တပ်ခေါင်းဆောင်များနှင့် မြန်မာစစ်တပ်ခေါင်းဆောင်များ ပနာရနေသည့် ကာလဖြစ်သည်။ ဒါကြောင့် ထိုင်းဝန်ကြီးချုပ်၏ ပစ်မိန့်ပေးမှုကိုဂရုမစိုက်ပဲ မသိကျိုးကျွန်ပြုခဲ့သည့်အတွက်...ထိုင်းပြည်သူများနဲ့ အတိုက်ခံပါတီအချို့ စစ်တပ်အပေါ် ဒေါသူပုန်ထကာ ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ်ပြုခဲ့သည့်အတွက် စစ်တပ်ရဲ့အခန်းကဏ္ဍ တဖြည်းဖြည်းနဲ့ မေးမိန်ခဲ့ရပါသည်။ ကျနော်ဆိုလိုသည်မှာကနေ့ကာလတွင် အစိုးရအဖွဲ့တွင်  ပြုပြင်ပြောင်းလဲမှုကိုမလိုလားတဲ့ အင်အားစုဘယ်လောက်ပဲ ကြီးမားပါစေ...လူထုအင်အားနဲ့ အတိုက်အခံအင်အား၊ပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့ အစိုးရအဖွဲ့အစည်းထဲကအင်အားစုတွေ ပေါင်းစပ်ပြီး ဟန်ချက်ညီညီ စုပေါင်းတွန်းလှန်ကြလျှင်...ပြုပြင်ပြောင်းလဲမှုကို ဘယ်လောက်ပဲငြင်းဆန်- ငြင်းဆန် ဆင်မိုက်ကြီးမှာ ဒူးတုတ်ခံရရှာမှာပါပဲ။
အချုပ်အနေနဲ့ သမ္မတ- ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တကွ လက်ရှိ- အစိုးရတစ်ဖွဲ့စည်းလုံးအား  တင်ပြလိုသည်မှာပြုပြင်ပြောင်းလဲမှုတွေ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ နှေးနှေးကွေးကွေးသွားနေလျှင်....လူအများ၏ မကျေနပ်မှုတွေက ပေါက်ကွဲမှုတခုကို
တာစူလာမည်ဖြစ်ကြောင်း....ထိုပေါက်ကွဲမှုမှသည် လူထုအုံကြွမှုကို မလွဲဧကန်ကူးပြောင်းဖြစ်လာမည်ဖြစ်ကြောင်း....ထို့ကြောင့်- ပြည်ထောင်စုနေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွတ်ယွင်ချက်မရှိ လွှတ်ပေးဖို့လိုအပ်ကြောင်း အလေးနက်ထား၍ တင်ပြတောင်းဆို လိုက်ပါသည်။

ပညာရေး ကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်း

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းလှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သဘောတူညီချက်ကို ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပေးခဲ့ကာ ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် Mr. Ramesh Shrestha ကလက်ခံရယူခဲ့ကြောင်း သိရသည်။
“ပညာရေးဆိုတာ လူအဖွဲ့အစည်းအတွက် အခြေခံဖောင်ဒေးရှင်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ပညာရေးကဏ္ဍမှာ ယူနီဆက်အပါအ၀င် တခြား အဖွဲ့အစည်းတွေကလည်း ထည့်ဝင်လှူဒါန်းလျက်ရှိပြီး အဓိကအားဖြင့် အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါတယ်။ ပညာသင်ကြားရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကလေးငယ်တွေအတွက် ကူညီထောက်ပံ့လျက် ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပညာရေးကဏ္ဍ အတွက် ၂၀၁၂ ခုနှစ်အစောပိုင်းမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းကို လှူ ဒါန်းသွားဖို့ရှိပါတယ်။ ဒါကြောင့် ဒီနေ့အဲဒီအကူအညီပေးဖို့ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

သမ္မတကြီး သိသာရန် (သို့မဟုတ်) မီးရထားဝန်ကြီး သိသာရန်

မန္တလေး မီးရထားစက်ခေါင်းစက်ရုံတွင် အုပ်ချုပ်မှုတာဝန် ယူထားရသော AME(လက်ထောက်အင်ဂျင်နီယာ)ဆိုသူသည် မိမိလက်အောက်ငယ်သား ၀န်ထမ်းများအားအကြမ်းဖက် အုပ်ချုပ်နေပါတယ်။ ငယ်သားများအား လက်သီးဖြင့် ဆွဲထိုးခြင်း၊ခြေထောက်ဖြင့် ကန်ခြင်းများကြိမ်ဖန်များစွာ ပြုလုပ်အုပ်ချုပ်နေပါတယ်။တစ်နေ့သောအချိန်မှာ (ဥပမာတစ်ခု အမှန်တကယ်ဖြစ်ပျက်ခဲ့ပါတယ်)မန္တလေးဘူတာကြီးမှ ရထားတစ်စင်း ရန်ကုန်ဘက်သို့ အချိန်မှန်မထွက်နိုင်ခဲ့ပါ။
 စက်ခေါင်းပိုင်းဆိုင်ရာအားနည်းချက်တစ်ခုကြောင့် မထွက်နိုင်တာပါ။ ဒါကိုဘူတာကြီးမှ စက်ရုံ AME သို့ အကြောင်းကြားလိုက်ပါတယ်။အဲဒီအဖြစ်အပျက်လည်းသိပြီးရော ဒေါသူပုန်ထပြီး အဲဒီအချိန်မှာ တာဝန်ကျနေသောအလုပ်ကြပ်အပါအ၀င် (၅)ဦးအား လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါတယ်။
 သူထိုးကြိတ်ခံရသောသူများ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို မစုံစမ်းမချိန်ဆဘဲ အရင်ဆုံး လက်ရောက်ကျူးလွန်စော်ကားခဲ့ပါတယ်။ ထို (၅)ဦးထဲမှတစ်ဦး (ဌာနစိတ်အလိုက် အဆက်အသွယ်လုပ်ပေးရသူ)မှာ နှာခေါင်းသွေးများဖြာထွက်သည် အထိ ဖြစ်ခဲ့တယ်။
 အဲဒီ AME ဆိုသူဟာ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာ ဒီတစ်ကြိမ်မဟုတ်ပါ။နှာခေါင်းသွေးထွက်သွားခဲ့သူ တစ်ဦးထဲပင် (၅)ကြိမ်ခန့် ပြုလုပ်ခဲ့ပါတယ်။စက်ရုံအတွင်းပိုင်းမှ ၀န်ထမ်းအချို့လည်း အထိုးခံရမှုတွေ ရှိခဲ့ပါသေးတယ်။သူဟာ ဒီစက်ရုံထဲက ၀န်ထမ်းတွေ သူအကုန်လုံးထိုးလို့ရတယ်လို့များ ထင်ထားသလားမသိ ပါ။ တချို့ဝန်ထမ်းငယ်များဟာ သူ့အဖေအရွယ်တွေပါ။
 ပြဿနာဖြစ်တိုင်း ငယ်သားဝန်ထမ်းများအား လက်ရောက်ကျူးလွန်ပြီးအနိုင်ကျင့်ဖို့ဘယ်ဝန်ကြီးက မှ ညွှန်ကြားတာ မကြားဘူးပါ။ ဥပဒေမဲ့လုပ်ရပ်များသာဖြစ်ပါတယ်။ ၀န်ထမ်းငယ်များမှာ အကြောက်တရားများရှိနေကြပါတယ်။ပြုတ်သွားမှာလား။ ပြောင်းခံရမှာလား စတဲ့ ပူပန်မှုတွေကနေကြောက် ရွံ့မှုအဖြစ်သို့ ရောက်ရှိသွားစေခဲ့တာပါ။
 ဒီမိုကရေစီစနစ်သို့ ပြောင်းနေပြီဖြစ်လို့ ၀န်ထမ်းလောကမှာ ဒီလိုအဖြစ် အပျက်မျိုး ထပ်မံမကျူးလွန်နိုင်စေဖို့နှင့် ၀န်ထမ်းငယ်များမကြောက်ရွံ့ကြစေဖို့ ရည်ရွယ်ပါတယ်။ ဥပဒေရှိပါတယ်။ မဟုတ်ရင် မမှန်ရင်ဥပဒေနဲ့ ပြန်လည် တုံ့ပြန်နိုင်ပါတယ်။ နောက်တစ်ခု မီဒီယာတွေ ရှိပါတယ်လို့။

မီးရထားဝန်ထမ်းတစ်ဦး
 သတင်းပေးပို့ပေးသော ကိုညိုကြီးအားကျေးဇူးတင်ရှိပါသည်.။

ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးအတွက် NLD ပါတီမှ သိန်း ၅၀၀ကျော်အသုံးပြုမည်

ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးကိုထောက်ပံ့ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကျပ်ငွေသိန်း ၅၀၀ကျော် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ပြည်တောင်စု တိုင်းရင်းသားများအတွက် ပညာရေးရန်ပုံငွေပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက အထက်ပါ အတိုင်း ပြောကြားသည်။

“သွားလှူမဲ့ နေရာတွေအတွက် ဒီငွေတွေဟာ မလောက်သေးဘူးဆိုရင် ဒေါ်စုဆီမှာအလှူခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ သိန်း ၅၀၀ကျော် ပညာရေးရန်ပုံငွေများ ရရှိရန်အတွက် ပြည်တောင်စုတိုင်းရင်းသားများအတွက် ပညာရေး ရန်ပုံငွေပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အထက်ပါကော်မတီက ပြည်နယ်ခုနှစ်ခုသို့ သွားရောက်ကွင်းဆင်းလေ့လာပြီး အမှန်တကယ် လိုအပ်နေသော စာသင်ကျောင်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောဆိုသည်။

ယင်းသို့ သွားရောက်လှူဒါန်းရာတွင်လည်း ကုန်ကျမည့်စရိတ်များကို ရန်ပုံငွေထဲမှ အသုံးပြုသွားမည် မဟုတ်ကြောင်း NLD မှ ဦးဝင်းတင်က ပြောကြားသည်။

NLD ပါတီသည် ပုံမှန်အားဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမေ့အိမ်ပညာဒါနလုပ်ငန်း များ ပြုလုပ်ပေးနေရာ မှ ယခုကဲ့သို့ ပထမဆုံးအကြိမ် တိုးချဲ့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

“စစ်တပ် က အာဏာ ပြန် သိမ်းနိုင် ချေ ရှိ ” ဆိုသည့် သတင်း များ ထွက် ပေါ်နေ


 ၂၀၁၁ ခုနှစ် က စစ်တပ် က ကျောထောက် နောက် ခံ မှု ဖြင့်အာဏာ ရရှိ လာ ခဲ့ သည့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ အား ဖျက် သိမ်းကာ ထို အနိုင် ရပါတီ ၏ အစိုး ရ အဖွဲ့ တိုင်း ပြည် အာဏာကို ချုပ် ကိုင် ထား မှု အား ပြီး ဆုံးစေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်းက ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။
စစ်တပ် အာဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆိုသည့် သတင်း နှင့် ပတ် သက် ပြီး ” ဦးသိန်းစိန် အစိုးရ
က တော့ နောက်ကြောင်း ပြန် မလှည့် ဘူး လို့  တွင် တွင် ပြော တာပဲ ၊ ဒါပေမယ့် မြန်မာ့ နိုင်
ငံရေး အာဏာ အစစ် ဟာ ဘယ်သူ့  ဆီမှာ ရှိ မှန်း မသိရတာ ခက်တယ် ဟု မြန်မာ နိုင်ငံ သို့ 
ခေတ္တ အလည် ပြန်သည့် အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး
က FNG သို့  ပြော သည်။

စစ်တပ် က အာ ဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆို သည့် သတင်း သည် ကျယ် ကျယ် ပြန့်  ပြန့် ပေါ်
ထွက် နေ သော် လည်း နေ ပြည်တော် တွင် ထူးထူး ခြား ခြား လုံ ခြုံရေး တင်း ကျပ် ထား မှု
မျိုး မတွေ့ ရ ဟု နေ ပြည်တော် ဟို တယ် ဇုန် မှ ၀န် ထမ်း တစ်ဦး က ပြောသည်။

မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခု နှစ် နှင့် ၁၉၈၈ ခု နှစ် များ တွင် စစ်တပ် က အာဏာသိမ်း ခဲ့ ဖူး ပြီး
၁၉၈၈ ခုနှစ် အာဏာသိမ်း မှု သည် စစ်တပ် ထိပ်တန်း အရာ ရှိ များ ကြီး စိုးပြီး တပ် အပေါ်
လည်း သြဇာ ညောင်း သည့် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ထံ မှာ အာဏာကို ရယူ ခဲ့
ခြင်း ဖြစ်သည်။

စစ်တပ် အာဏာ သိမ်း မယ် ဆို တဲ့ သတင်း ဟာ မဖြစ် နိုင်ပါ ဘူး လို့  လဲ ပြော လို့  မရဘူး ဗျ၊
မြန်မာ နိုင်ငံ မှာ ဘာ မဆို ဖြစ် နိုင် တယ်။ စစ်တပ် က ပြန် အာဏာ သိမ်း ပြီး နိုင်ငံရေး အကျဉ်း
သား တွေ ကို လွှတ် ပေး ကောင်း လွှတ် ပေး နိုင် တာ ပဲ ၊ အာဏာ သိမ်း တယ် ဆို တိုင်း လဲ
ဒီမိုကရေစီ ကို သွေဖယ် သွား တာ မှ မဟုတ် တာ ထိုင်း မှာလဲ အာဏာ သိမ်း ပြီး လွတ်လပ်
တဲ့ ရွေးကောက် ပွဲ တွေ ကျင်းပ သွား နိုင် တာ ပဲ ဟု ကာကွယ် ရေး ၀န် ကြီးဌာ နမှ အရာ ရှိ
ငယ် တစ်ဦးက သူ၏ အမြင် ကို FNG သို့  ပြောသည်။

လက်ရှိ မြန်မာ စစ်တပ် ၏ ထိပ်တန်း အရာ ရှိ  အချို့  က မူ ဦး သိန်း စိန် သည် ပြည်တွင်း နိုင်ငံ
ရေး ကို ကျွမ်း ကျင် စွာ ကိုင်တွယ် နိုင် ခြင်း မရှိ ဟု သုံး သပ် မှု များ ရှိ ပြီး ပြည်ထောင် စု
ကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ က စစ်တပ် ကို စိန် ခေါ် နေသည့်  ဆိုသည့် အမြင် များ လည်း
စစ်တပ် အရာ ရှိ များ အကြား ရှင် သန် လျှက် ရှိ သည်။

ဦးသိန်းစိန် အစိုး ရ လက်ထက် တွင် လာဘ်ပေး လာဘ်ယူ မှု များ၊လတ်တလော မီးလောင်မှု များ
မတရား မှု များ စသည့် လူမှု ရေး မတည် ငြိမ် မှု များ နှင့် ရာဇ၀တ် မှု များ ပိုပြီးများ ပြား လာ ခြင်း
မှာ လည်း စစ်တပ် က အာဏာ ပြန် လည် ရယူ ရန် လုံ လောက် သည့် အချက်ဖြစ် နေသည် ဟု
ရန်ကုန် ပြည်သူ့  ဆေး ရုံ ကြီး မှ ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။

လက် ရှိ မြန်မာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း နှင့် နီး စပ် သူ တစ်ဦး က အာဏာ
သိမ်း မယ် ဆို တဲ့  သဘော မျိုး မဟုတ် တောင် မှ လက်ရှိ အစိုးရ အဖွဲ့ အတွင်း က အရာရှိ အချို့ 
ကို ဖယ် ရှား တာ တို့  ကန့် သတ် နာ တို့  လုပ် မယ့် သဘော မျိုး ဖြစ် နိုင် ပါတယ်” ဟု ဆိုသည်။

လက်ရှိ မြန်မာ့ နိုင်ငံ ရေး အာဏာ ကို ပြီး ခဲ့ သည့် နှစ် က လူ မြင် ကွင်း မှ ပျောက် ကွယ် သွား
သည့် ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ က အပြည့် အ၀ ချုပ် ကိုင် ထား ဆဲ ဟု လည်း အချို့  က သုံး
သပ် ကြသည်။

မြန်မာ နိုင်ငံ တွင် စစ်တပ် မှာ တကျော့ ပြန် အာဏာ သိမ်း ရန် တရုတ် က လုပ် ဆောင် နေသည်
ဟု ပြည်ပ ရောက် မြန်မာ သံတမန် လော က တွင် လည်း ပြော ဆို ကြသည်။

FNG  မှ နောက် ဆုံး သိရ သည့် သတင်း အရ အကျင့် ပျက် ၊ လာဘ်စား မှု မျာဒ ပိုမို ထူ ပြော
လာ နေသည့် အတွက် ဦးသိန်းစိန် အစိုးရ က တိုင်း ပြည် အုပ် ချုပ် ရန် မသင့် လျှော် ဆို သည့်
မြန်မာ စစ်တပ် ၏ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည်
ဟု သိရသည်။

စစ် တပ် ဘာ ကြောင့် သ မ္မ တ အ ေ ပၚ ေ ရာ က္ ေ န လဲ


ကာချုပ် မင်းအောင်လှိုင်

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။
သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။ပုဒ်မ ၂၀၄(က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။

ကာလုံက သမ္မတအထက်ရောက်နေ
လက်တွေ့မှာ ၂၀၁၂ ခု ဇန္န၀ါရီ ၂ ရက်နေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွှတ်ငြိမ်းချမ်းသာခွင့်အမည်တပ်ထားပေမဲ့ ပြစ်ဒဏ် သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်မ ၂၀၄(က)နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။သတင်းစာမှာ အမိန့်အပြည့်အစုံထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄(ခ) ဖြစ်နေပီး အမိန့်စာသားက ပုဒ်မ ၂၀၄(က) ဖြစ်နေတာတွေ့ရပါတယ်။
ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က)(ခ) ၂မျိုးလုံးကို စွက်ဘက် ကျင့်သုံးနေတဲ့အတွက် သမ္မတဥိးသိန်းစိန်ထက် ပိုပီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။
တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦးပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲအသာရနေလဲ

ကာလုံအဖွဲ့ဝင် ၁၁ ဦး

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲပြန်ကြည့်ရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်-ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေးတို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေဖြစ်ပါတယ်။
ဒါပေမဲ့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလဲ ကြံ့ဖွံအမတ်တွေက တင်မြှောက်တဲ့ ဒုသမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒုသမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅%က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမဲ့ ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော် တတိယ ၅ နှစ်သက်တမ်းလွှတ်တော်စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတန်း ၆မဲ အသာစီးရနေအုံးမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒုသမတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေဖြစ်နေလို့ ဒီ ၅ ဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာဖြစ်ပါတယ်။
တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ဆိုပေမဲ့ လက်တွေ့မှာ စစ်တပ်က ၆မဲအသာစီးရထားတဲ့အတွက် တကဲ့ဆုံးဖြတ်ခွင့် အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းလို့ နိုင်ငံတကာ အဖွဲ့အစည်းတချိုံက ယူဆတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ ပတ်သက်ပီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထားဘာလဲ- သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား-နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းဘို့ လိုသလား

အထူးသဖြင့် ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေငြာတဲ့အပိုင်းမှာ ပိုပီး ပေါ်လွင်လာပါတယ်။

အရေးပေါ် အခြေအနေတောင်မှ ၂ မျိုးရှိပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ထိပါးစေမဲ့ အရေးပေါ်အခြေအနေမျိုးဆိုရင် သမတ ဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ညှိပီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး

ဒု ဗိုလ်ချုပ်ကြီးကိုကိုတို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေငြာနိုင်တဲ့ ၀န်ကြီးတွေမို့ ၀န်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်နေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမဲ့အန္တရယ်၊ တိုင်းရင်းသားစည်းလုံးမှုပြိုကွဲမဲ့အန္တရယ်နဲ့ အချုပ်အချာအာဏာ လက်လွှတ်ရမဲ့အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေဖြစ်ပီဆိုရင် သမ္မတ ဦးသိန်းစိန်က အချိန်၁ နှစ်ကြာမဲ့ အရေးပေါ်အခြေအနေ ကြေငြာပီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတကလွှဲပြောင်း အပ်နှင်းပေးမဲ့ အာဏာကြီး ၃ ရပ်ကို လက်ခံယူဘို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပီးလို့ နောက်ထပ် အချိန်တိုးပေးဘို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတ ဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။

သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေဖြစ်လာရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေရဲ့သြဇာကလွတ်အောင် ဦးနေ၀င်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဘို့ကြိုးစားမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သမတနဲ့ ကာလုံ
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန်ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမတဟာ ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး အာဏာ တရားစီရင်ရေး အာဏာပေးထားမဲ့ အရေးပေါ် အခြေအနေ ကြေငြာမဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင်လဲ သမ္မတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဘို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။ ဒါမှလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ခြိမ်းခြောက်မှု ကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မထက်ပိုပီး အာဏာကြီးနေတာကို နိုင်ငံရေး အကျဉ်းသားလွှတ်ရေးကိစ္စမှာ အထင်အရှား မြင်ရပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကိုကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေး အာဏာကိုတော့ ရွေးကောက်ခံ အမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

Lwin Pwin

0 comments:

Post a Comment