ကမ္ဘာ့သတင်းများ 10/02/2012
နိုင်ငံတကာသတင်း
အမေရိကန် စက်မှုလျှို့ဝှက်ချက် တရုတ်ခိုးယူ
အမေရိကန်ပြည်ထောင်စုက စက်မှုဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဒူးပွန့် (Dupont) ကုမ္ပဏီကြီးရဲ့ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်တွေကို တရုတ်အစိုးရပိုင် ပန်ဂန်း (Pangang) ကုမ္ပဏီအုပ်စုကြီးက မတရားသဖြင့် ခိုးယူခဲ့တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာန အရာရှိတွေက စွပ်စွဲလိုက်ကြပြီး ဗုဒ္ဓဟူးနေ့က ဆန်ဖရန်စ္စကို (San Francisco) မြို့က စီးပွားရေးလျှို့ဝှက်ချက်နဲ့ ရာဇဝတ်ကြောင်းစွဲဆိုမှုများဆိုင်ရာ အထူးတရားသူကြီးရဲ့ တရားရုံးမှာ Pangang ကုမ္မဏီကို တရားစွဲဆိုခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က မစ်ဆိုရီ၊ မင်နီဆိုးတား၊ ကော်လိုရာဒိုပြည်နယ်သုံးခုတွင် ပြုလုပ်ခဲ့သော ရီပတ်ဘလီကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲများတွင် ပင်ဆီဗေးနီးယား အထက်လွှတ်တော်အမတ်ဟောင်းရစ် ဆန်တိုရမ်က အနိုင်ရခဲ့သောကြောင့် ရေပန်းအစားဆုံးဖြစ်နေသည့် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နေနှင့်အပြိုင် ပြန်ဖြစ်လာခဲ့ကြောင်းသိရသည်။
အသက် ၇၇ နှစ်အရွယ် နိုရေးဂါးသည် သွေးတိုးပြီး လေဖြတ်နိုင် ဖွယ်ရှိသောကြောင့် ဆန်တိုတောမတ် ဆေးရုံသို့ တင်ထားရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးကလည်း နိုရေးဂါးသည်လေဖြတ်မည့် ရောဂါလက္ခဏာများရှိနေကြောင်း ပြောကြားခဲ့သည်။ စစ်အာဏာရှင်ဟောင်း နိုရေးဂါးသည် မူးယစ်ဆေးတရားမ၀င်သယ်ဆောင်မှု၊ ငွေကြေးခ၀ါချမှုစွဲချက်များဖြင့် ပြင်သစ်နှင့် အမေရိကန်တွင် ထောင် ၂၂ နှစ်ကျခံခဲ့ ရပြီးဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်နေ့က နိုရေးဂါးကို ပနားမားသို့ ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်က ဘီး တပ်ကုလားထိုင်ဖြင့် ပြန်ပို့ ပေးခဲ့ရသည်။ နိုရေးဂါးသည် ၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ပနားမားကို အုပ်ချုပ်ခဲ့ကြောင်းသိရသည်။
KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး
တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး တရုတ်က ကမကထလုပ်နေတာဟာ စီးပွားရေး အမြင်နဲ့ ဖြစ်တယ်လို့ မြန်မာ့အရေး အကဲခတ် ဦးအောင်ကျော်ဇောက မြင်ကြောင်းသိရသည်။မော်လဒိုက်သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်
မြို့တော်ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားခံရတဲ့ အာဏာသိမ်းခံရသူ မော်လဒိုက်သမ္မတဟောင်းက ထွက်မပြေးဘဲ အဖမ်းခံဖို့ စောင့်နေကြောင်းသိရသည်။တရုတ်နိုင်ငံရေးခေါင်းဆောင် ခိုလှုံခွင့်ကိစ္စ တရုတ်အစိုးရငြင်း
တရုတ်နိုင်ငံရေးခေါင်းဆောင်တဦး အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို လာရောက်ခဲ့တယ်ဆိုတဲ့ ကိစ္စကို တရုတ်အစိုးရက ဒီနေ့ ငြင်းဆိုလိုက်ကြောင်းသိရသည်။ဆီးရီးယားအရေး နိုင်ငံတကာညီလာခံ တူရကီခေါ်မည်
ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီး တိုင်းပြည်တွေ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အစီအစဉ်တရပ် အမြန်ဆုံး ရေးဆွဲနိုင်ဖို့ တူရကီက ပြင်ဆင်နေကြောင်းသိရသည်။တရားစွဲခံရမည့်ကိစ္စ ပါကစ္စတန်ဝန်ကြီးချုပ် အယူခံ
မထေမဲ့မြင်မှု စွဲချက်နဲ့ တရားရုံးကို ဆင့်ခေါ်ထားတဲ့ အမိန့်အပေါ် ပါကစ္စတန် ၀န်ကြီးချုပ်က တရားရုံးချုပ်မှာ အယူခံ တင်သွင်းလိုက်ကြောင်းသိရသည်။ဆီးရီးယားအစိုးရနှိပ်ကွပ်မှုကြောင့် အရပ်သား သေဆုံးမှုတိုး
ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့မှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ အရပ်သူအရပ်သား သေဆုံးမှုတွေ တိုးလာနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောကြောင်းသိရသည်။Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment