ဗိုလ်ချုပ်အောင်ဆန်း ၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်း
(ဗိုလ်ချုပ်အောင်ဆန်း - ၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ညနေ ၆ နာရီ ၃၃ မိနစ် အချိန် တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြော ကြားသော ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ …)
“အဲဒီတော့
ကျုပ်တို့ဟာလူထုရဲ့ခေါင်း ဆောင်လုပ်မယ်ဆိုရင်လူထုရဲ့အကျိုးကိုတကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုး ပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုး ကိုစွန့်ပစ်ကြရ လိမ့် မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ‘ကြောက်ရင်လွဲ ရဲမင်းဖြစ်’ ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။
ကျွန်တော်တို့တော့ ရှေ့အဖို့ကိုရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ် တော့မယ်။ ကျွန် တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်း ထောက်ပြီး ချီတုံချတုံ ဖြစ်နေမှု ကြောင့် လူထုမနစ်နာစေချင်တော့ဘူး။”
Lwin Pwin Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment