မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ၂၀၁၂
ဝါးသင်္ခရွာက ဘောလုံးကွင်းမှာ လူထုကို ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
….အားလုံးလာကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျမတို့ ကျေးဇူးတင်တယ်။ ကျမတို့က ဒီရွာတစ်ရွာတည်းလုပ်လို့လည်းမဖြစ်ဘူး။ ရွာတွေအားလုံးစုရုံနဲ့လည်း မလုံလောက်ဘူး။ မြို့နယ်တွေအားလုံးစု၊ ပြည်နယ်တွေ အားလုံးစုပြီးတော့ တစ်တိုင်းပြည်လုံးရဲ့ စုပေါင်းအင်အားနဲ့ လုပ်မှ ကျမတို့နိုင်ငံဟာ တကယ့်ကို အေးချမ်းတည်ငြိမ်ပြီးတော့ တိုးတက်တဲ့ နိုင်ငံဖြစ်နိုင်မှာပါ။ ကျမ ကော့မှူးမြို့နယ်မှာ ၀ါးသင်္ခရွာကို ပထမဦးဆုံးလာရတဲ့ အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ များလို့ဖြစ်ပါတယ်။ တကယ်ဆို တချို့ဥပမာဆိုရင် ကျိုက်ထော်လည်း ကရင်များပါပဲလို့ ပြောကြာပါလိမ့်မယ်။ ဒါပေမယ့် ကျိုက်ထော်ခရီးက နည်းနည်းခက်လို့ပါ။ ဒါကြောင့်မို့လို့ ကျိုက်ထော်ကို အရင်မလာတာကို ကျမတို့ကို ခွင့်လွှတ်ပါလို့လည်း တောင်းပန်ချင်ပါတယ်။ ဒါပေနဲ့ ဒီရွာမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုဖြစ်တဲ့အခါကျတော့ ကျမတို့ရဲ့ ပြည်ထောင်စုရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် ကျမတို့ ဒီရွာကို လာရတာပါ။ အင်မတန်မှလည်း အားတက်တယ်။ လမ်းခရီးတစ်လျှောက်လုံး ပြည်သူလူထုရဲ့ ကြိုဆိုမှုကြောင့်လည်း ကျမတို့ဟာ ပိုပြီးတော့ ကျမတို့ရဲ့ တာာဝန်တွေကို ထမ်းဆောင်နိုင်မယ့် အင်အားတွေပြည့်လာတယ်လို့ ကျမပြောချင်ပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာဟာာ ရေရှည်လုပ်ငန်းပါ… နိုင်ငံ့ရဲ့ အရေးဆိုတာ ဘယ်တော့မှ အဆုံးမရှိပါဘူး။....အဲဒီတော့ ချက်ချင်းလက်ငင်း ကျမတို့ပြည်သူတွေအတွက် ဘာတွေ အရေးကြီးသလဲဆိုတာဟာ ပြည်သူတွေနဲ့ တိုင်ပင်ပြီးတော့ ကျမတို့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျမတို့ နားလည်သလောက်ကတော့ ကော့မှူးမြို့နယ်မှာဆိုရင် အရေးကြီးဆုံးကိစကတော့ အလုပ်အကိုင်မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေအတွက် လုံလုံလောက်လောက်ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံးတာဝန်ဖြစ်တယ်ဆိုတာ ကျမတို့နားလည်ပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးလဲဆိုတာတော့ … ကျမတို့လေ့လာကြည့်တဲ့အခါမှာ ကော့မှူးမြို့နယ်မှာဆိုလို့ရှိရင် ဘွဲ့ရပြီးသားလူငယ်များဟာ အများစုဟာ အခုထက်ထိ အလုပ်အကိုင်မရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ (လက်ခုတ်သံများ)
ဒီတော့ ဘွဲ့ရလူငယ်တွေကော၊ ဘွဲ့မရသေးတဲ့ လူငယ်တွေကော၊ လူလတ်တွေကော၊ လူကြီးတွေကော အလုပ်လုပ်ချင်တဲ့ လူတွေ၊ အလုပ်လုပ်ဖို့ လိုတဲ့သူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမဦးစားပေးပြီးတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ ခံယူတယ်။ အဲလိုအခြေအနေမျိုးဖြစ်လာဖို့လည်း ကျမတို့ ကြိုးစားမှာပါ။ အဲလို ကျမတို့ကြိုးစားတဲ့အခါမှာ ပြည်သူဟာလည်း ကျမတို့ကို ထောက်ခံခြင်းအားဖြင့် ပါဝင်ပြီးတော့ ကြိုးစားပေးပါလို့ ကျမတို့က မေတ္တာရပ်ခံချင်ပါတယ်။ (လက်ခုတ်သံများ)
ကျမ အမြဲတန်း ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကို မှာပါတယ်။ ပြည်သူတွေကို ကတိတွေ လွယ်လွယ်မပြောပါနဲ့။ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဆိုပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကို မတောင်းဆိုပါနဲ့။ မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ် ပြည်သူတွေအပေါ်မှာ ဆက်ဆံပါ။ လေးစားပါ။ ပြည်သူတွေကို မှန်မှန်ကန်ကန် မပြောဘူးဆိုတာဟာ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ဟာ မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။ ကျမတို့ ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ မနည်းပါဘူး။ ဒီအခက်အခဲတွေရှိတယ်ဆိုတာကို ကျမတို့က အသိအမှတ်ပြုတာဟာ စိတ်ပျက်လို့မဟုတ်ဘူး။ အားတွေ ပိုပြီးတော့ ဖြည့်ဖို့လိုတာဆိုတာ အများသိစေချင်လို့ ကျမတို့ ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့က အခက်အခဲတွေအားလုံး ကျမတို့အတူကျော်လွှားဖို့ ကြိုးစားကြပါ။ အားတွေဖြည့်ကြပါ။ ကျမတို့က ပြည်သူတွေကို လေးစားသလို၊ တန်ဖိုးထားသလို ပြည်သူတွေကလည်း ကျမတို့အပေါ်မှာ ယုံကြည်မှုပေးပါလို့ ကျမတောင်းခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)။
ပြည်သူတွေရဲ့ ယုံကြည်မှု၊ ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့တော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှ နိုင်ငံ့ကောင်းကျိုးအတွက် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူပါမှ ဘာမဆို အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျမကို လမ်းမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးတဲ့ ပြည်သူတွေက တကယ်တမ်း အောင်မြင်စေချင်ရင် ကိုယ်တိုင်ပါဝင်ပြီးတော့ ကျမတို့ကို အားတွေဖြည့်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)
နောက်တစ်ခုက ကျမက တောင်းပန်ရမှာက ကျမ ဗမာစကားပဲတတ်တယ်။ အဲဒါ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုရှိတဲ့ရွာကို လာပြီးတော့ ဗမာလိုပဲ ပြောတာကိုလည်း ကျမတောင်းပန်ပါတယ်။ ကရင်စကားလည်း ကြိုးစားပြီး သင်ယူပါမယ်။ ဒါပေမဲ့ ရအောင်သင်နိုင်မယ်လို့တော့ ကျမ ကတိမပြုဘူးနော်။ တော်ကြာ မတတ်လို့ရှိရင် ကတိပျက်နေမှာစိုးလို့။ တစ်လုံးစ၊ နှစ်လုံးစတော့ သင်လိုက်ပါမယ်။ နောက်တစ်ခါလာလို့ရှိရင် ကျေးဇူးတင်ပါတယ်လောက်တော့ ပြောတတ်အောင်လို့ပေါ့လေ။ ကျမတို့နဲ့ အတူဆက်ပြီးတော့ သွားရမယ့်ခရီးဟာ ကြမ်းတယ်။ ဒါပေမဲ့ ကျမတို့ ဦးတည်နေတဲ့ ပန်းတိုင်ဟာ အင်မတန်မှ အေးမြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတွေ ဖွံ့ဖြိုးရေး၊ တိုင်းပြည်တည်ငြိမ်ရေး၊ ဒါတွေဟာ အင်မတန်မှ ချမ်းမြေ့ဖွယ်ကောင်းတဲ့၊ နှစ်မြို့ဖွယ်ကောင်းတဲ့ ကိစတွေ ဖြစ်ပါတယ်။ ဒီတော့ ကြမ်းတမ်းတဲ့ ခရီးကို ကျမတို့ အတူတူသွားနိုင်မယ့် အင်အားတွေ ရှိတယ်လို့လည်း ကျမ ယုံကြည်ပါတယ်။ ဒီလောက်တောင် နေပူကြဲတဲကြီးထဲမှာ စောင့်နိုင်တဲ့လူတွေဟာ ဒီလောက်တော့ အားရှိမယ် မဟုတ်ဘူးလား။ (လက်ခုတ်တီးသံများ)
ကျမတို့ အင်အားတွေကို ဖြည့်ပေးပါ။ ကျမတို့ကလည်း ပြည်သူတွေရဲ့ အင်အားကို ဖြည့်ပေးပါမယ်။ အခု ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကော့မှူးမြို့နယ်မှာ ရုံးတွေဖွင့်ပြီးဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို နားထောင်နိုင်ဖို့ အခြေအနေက ပေးလာပြီဖြစ်ပါတယ်။ ဒီတော့ လိုအပ်တာလေးရှိရင် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြစရာမှုတွေရှိတယ်ဆိုရင်၊ မျှော်လင့်ချက်တွေကို ကျမတို့ကို သိစေချင်တယ်ဆိုရင် ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီရုံးတွေကတစ်ဆင့် ကျမတို့ကို အသိပေးပါ။ ဘယ်သူဆီက ဘယ်လိုပဲပြောပြော၊ ကျမတို့ဟာ တစ်ဦးချင်း၊ တစ်ဦးချင်း အကြောင်းမပြန်နိုင်ပေမယ့် ဒီကိစတွေကို အလေးထားပြီးတော့ တတ်နိုင်သမျှ ကျမတို့ ကိုင်တွယ်ပေးပါ့မယ်လို့ ကျမပြောချင်ပါတယ်။ ပြီးတော့ ပြည်သူလူထုကလည်း ထပ်ပြီးတော့ ကြိုးစားပါ။ ကျမတို့ကလည်း ဆထက်တပိုး ပိုပြီးတော့ ကြိုးစားပါ့မယ်။ နောင်လည်း အခေါက်ခေါက်အခါခါ ဒီရွာကို လာဖို့ မျှော်လင့်တာကြောင့်မို့လို့ ဒီတစ်ခါတော့ သိပ်အရှည်ကြီးစကားမပြောပါဘူး။ တော်ကြာ နောက်တစ်ခါ ပြောစရာမကျန်မှာစိုးလို့။ အားလုံး
ကျန်းမာချမ်းသာကြပါစေ…ဘေးရန်ကင်းဝေးကြပါစေ။ … လိုရာဆန္ဒအ၀၀ပြည့်ဝကြပါစေ။ ကျေးဇူးတင်ပါတယ်။
(လက်ခုတ်သံများ)
Yangon Press International
ပြည်သူ့လွှတ်တော် သတင်းလွှာ ထုတ်ဝေမည်
စိစစ်ဖြတ်တောက်ခံနေရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးပြောဆိုမှုများနှင့် အဆိုတင်သွင်း မေးမြန်းမှုများကို ပြည်သူများ အပြည့်အဝ သိရှိနိုင်ရန် ပြည်သူ့လွှတ်တော် သတင်းလွှာ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်မောင်ရည်က ပြောကြားသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားခဲ့သော အဆိုများကို နိုင်ငံပိုင်သတင်းစာများတွင် ပြည့်စုံစွာ မပါရှိဘဲ စိစစ်ဖြတ်တောက်ခံရမှုကြောင့် နောက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သတင်းလွှာထုတ်ဝေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။ ပြည်သူ့လွှတ်တော် သတင်းလွှာကို လွှတ်တော်ရုံး ပြန်ကြားရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီတို့မှ ပူးပေါင်းတာဝန်ယူ ထုတ်ဝေသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။http://www.khitlunge.net.mm/news/news_detail.aspx?info_id=26189
မန္တလေးမြို့တွင် ဟိုတယ်သစ်တစ်လုံး ထပ်တိုးမည်
7Day Newsမန္တလေးမြို့ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင် အခန်း ၆၅၀ ပါသော အဆင့်မြင့် ဟိုတယ်တစ်လုံး တည်ဆောက်ရန် စီစဉ်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်း မန္တလေးဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “တည်ဆောက်မယ့် ပုံစံထဲမှာတော့ ကားပါကင်တွေလည်း ပါတယ်။ တချို့ အထပ်တွေကို ကားနဲ့ တက်လို့ရတယ်။ ကြက်ငါးပွင့်အဆင့်ပဲ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ ဟိုတယ်ကို အောင်မြင်သော စီးပွားရေး လုပ်ငန်းတစ်ခုက တည်ဆောက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News
ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု များလာပြီးနောက်
ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု များလာပြီးနောက် မန္တလေးတိုင်းဒေသကြီးတွင် ဟိုတယ်ဇုန်များ တည်ဆောက်ရန် ရွေးချယ်ခဲ့ကြပြီး ယခင်ရွေးချယ်ခဲ့သော ရှမ်းကလေးကျွန်းနေရာအား သက်ဆိုင်ရာက ခွင့်မပြုကြောင်း မန္တလေးဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ယခုနှစ်တွင် ဧည့်သည်ဝင်ရောက်မှု များခဲ့သဖြင့် ရန်ကုန်အပါအဝင် ထင်ရှားသော ခရီးသွားဒေသများ ဟိုတယ်အခန်း အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ဟိုတယ်အသစ်များ တည်ဆောက်ရန် လုပ်ငန်းရှင်များ ကြိုးစားလျက် ရှိသည်။
အောင်သူရ
ဘားကမ့်ရန်ကုန် တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း (၁၁-၂-၂၀၁၂)
ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခုနည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့
လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သား
တွေကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခု
ကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကို
ကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊
နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လား
ဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်
ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိ
လိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင်
ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး
အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ
ပိုများလာပါတယ် ။ပညာဆိုတာ အလင်းရောင်ပါဒါပေမဲ့ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက် ရင် အမှောင်ထုလည်းဖြစ်သွားနိုင်တယ် ။
ဒီနည်းပညာကို အလင်းရောင်လိုသုံးပြီးတော့ လောက ကိုပိုပြီး အကျိုးပြုပါ" ကျွှန်မတို့နိုင်ငံဟာ
ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာ
ကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ ဆိုတာ အခုနည်းပညာကျွှမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်အားလုံးဝိုင်းလုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့ သာမြန်မြန်ဆန်ဆန်
တိုးတက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတွေရှိတယ်။အရင်တုနုးက ဒီနည်းပညာခေတ်မရောက်ခင်
က မရှိတဲ့အခွင့်အရေးတွေကို ကျွှန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေကိုမှန်မှန်
ကန်ကန်သုံးပါ တန်းဖိုးရှိအောင်သုံးပါ အများအတွက်သုံးပါ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ်မှု
ရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့နည်းပညာကိုသင်နေတဲ့လူတွေဟာ အတိတ်ကိုလည်းမေ့
လို့မရပါဘူးအတိတ်ကို လည်းသိထားရမယ် သမိုင်းကိုလည်းသိဖို့လိုတယ် သမိုင်းနောက်ခံသိမှ
နောင်လာမည့်အနာဂတ်အ တွက်မှန်ကန်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်မှာပါ။ဒါကြောင့်လူငယ်တွေဟာ
အတိတ်နဲ့အနာဂတ်ကိုဆက်ပေးတဲ့ တက်ကြွတဲ့ ပစ္စုပ္ပန် တွေ ဖြစ်ပါစေလို့ .........
ရန်ကုန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း
"ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခုနည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သားတွေကောင်းမွန်ဖို့အတွက်ဘယ်လိုနည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခုကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင်ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ် ။ပညာဆိုတာ အလင်းရောင်ပါဒါပေမဲ့ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက် ရင် အမှောင်ထုလည်းဖြစ်သွားနိုင်တယ် ။ဒီနည်းပညာကို အလင်းရောင်လိုသုံးပြီးတော့ လောက ကိုပိုပြီး အကျိုးပြုပါ"
ကျွှန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ ဆိုတာ အခုနည်းပညာကျွှမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်အားလုံးဝိုင်းလုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့ သာမြန်မြန်ဆန်ဆန်တိုး တက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတွေရှိတယ်။အရင်တုနုးက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွှန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးပါ တန်းဖိုးရှိအောင်သုံးပါ အများအတွက်သုံးပါ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ်မှုရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့နည်းပညာကိုသင်နေတဲ့လူတွေဟာ အတိတ်ကိုလည်းမေ့လို့မရပါဘူးအတိတ်ကို လည်းသိထားရမယ် သမိုင်းကိုလည်းသိဖို့လိုတယ် သမိုင်းနောက်ခံသိမှ နောင်လာမည့်အနာဂတ်အ တွက်မှန်ကန်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်မှာပါ။ဒါကြောင့်လူငယ်တွေဟာ အတိတ်နဲ့အနာဂတ်ကိုဆက်ပေးတဲ့ တက်ကြွတဲ့ ပစ္စုပ္ပန် တွေ ဖြစ်ပါစေလို့"
မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်းခံ ခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ကျော် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာ
ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ဒေသအသီးသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စားစီရင် ချက်ချမှတ်ခြင်းခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ ကျော် ရောက်ရှိလာသဖြင့် အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။သူရဦးအောင်ကိုက “ကော်မတီဖွဲ့စည်းပြီးတဲ့ အချိန်ကစပြီး ကော်မတီကို ဒေသအသီသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်း ခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်းများစွာ ပေးပို့တင်ပြလာခဲ့ပါတယ်။ အချက်အလက်၊ အထောက်အထား ပြည့်စုံတဲ့အမှုတွဲ ၆၀ စုံကို ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ညှိနှိုင်းလွှဲပြောင်းပေးခဲ့ပါတယ်။ ယခု ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလအတွင်း အလားတူ အမှုဟောင်း ၃၀၀ ကျော် ထပ်မံရောက်ရှိလာရာ ကော်မတီမှ လေ့လာစိစစ်လျက်ရှိပါတယ်။ အချက်ပြည့်စုံခိုင်လုံသော အမှုတွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တရား လွှတ်တော်များသို့ ပြန်လည်စိစစ် ဆောင်ရွက်နိုင်ရန် ဆက်လက်လွှဲပြောင်းပေးပို့ သွားမှာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်ချက်အပေါ် မှန်ကန်ပါလျက်နဲ့အမှုရှုံးခဲ့တဲ့ နစ်နာသူတွေ စိုးရိမ်နေကြတာက လွှဲပြောင်းပေးခဲ့တဲ့ အမှုတွဲတွေ အပေါ် တရားလွှတ်တော် အသီးသီးက ၀တ္တရားကျေ ပြန်လည်စိစစ်ပြီးတော့ ပြင်ဆင်ဆုံးဖြတ်ရန် ပြန်ကြားလာမယ် ဆိုရင် ၎င်းတို့အနေနဲ့ အားကိုးစရာ မရှိတော့တဲ့ အခြေအနေကို ပြန်ရောက်သွား နိုင်တယ်လို့ တင်ပြလာကြပါတယ်။ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေနဲ့ ယင်းကဲ့သို့ အခြေအနေမျိုး ကြုံတွေ့လာမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေက တစ်ဆင့် အမှုဟောင်းပြန်လည် စိစစ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖြစ်ရပ်မှန်ဖော်ထုတ် အရေးယူနိုင်ဖို့ ဆောင်ရွက်သွားပါမယ်။ ထိုအဆင့်များနှင့် မအောင်မြင်လျှင် အမြင့်ဆုံးကြိုးပမ်းမှု အနေနဲ့ ပြည်သူ့ လွှတ်တော်ကို တင်ပြပြီး ဆောင်ရွက်သွားပါမယ်”ဟု ပြောကြားခဲ့သည်။
ဥပဒေနှင့် မညီညွတ်ဘဲ အဂတိ လိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး ပြည်သူ့ လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံပွဲတွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို က ပြောကြားခဲ့သည်။
လက်ရှိကာလတွင် တည်ဆဲ ဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက် များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့်အတွက် ထိုဥပဒေမျိုး ပြည်သူ့လွှတ်တော်သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီးများမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာ ပါဝင်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ၊ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို ပူးပေါင်းကူညီဖို့လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေ က သနားဖို့ကောင်းပါတယ်။ အဲဒီ အတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိ လိုက်စားတယ်လို့ ယူဆလို့ရရင် တရားသူကြီးတွေကို တရားစွဲအရေး ယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အဓိကတာဝန်မှာ နိုင်ငံတော်အတွင်း ဥပဒေနှင့် ညီညွတ်သော ဖြောင့်မတ်မှန်ကန်ပြီး အဂတိတရား ကင်းစင်သော တရားစီရင်မှုဖြစ်ထွန်း လာစေရန် ပံ့ပိုးပေးခြင်း၊ ဥပဒေဘောင် အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ ဘ၀လုံခြုံမှုရရှိရန် ဆောင်ရွက်နေသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ်များချမှတ်………….
ယနေ့ ခေတ်၌ အများပြည်သူလူထုတို့ သည် ရုံးလုပ်ငန်းခွင်သို့ သွားရောက်ရာတွင် ဘတ်စ်ကားများ ၊ ၀န်ထမ်းကြို ပို့ ကားများ ကို အသုံးပြုလျက်ရှိကြသည်။
သို့ သော် ဘတ်စ်ကားများ ကိုသာ ပိုမိုသုံးစွဲကြသည်။သို့ ရာတွင် ဘတ်စ်ကားဖြင့် ရုံးတက်၊ ရုံးဆင်းသွားလာနေရသော အမျိုးသမီး များ အား
အချို့ သော မသမာသူ အမျိုးသားများ က အနှောက် အယှက် ပေး၊ ထိခိုက် စော်ကား ကာ ထိကပါး ယိကပါး ပြုနေကြောင်း မီဒီယာများ ၊ ဂျာနယ်များ တွင် မကြာခဏ တွေ့ ရှိရပါသည်။
သို့ ပါ၍ အမျိုးသမီးများ ထိုအန္တရာယ်များ မှ ကင်းဝေးကာ အဆင်ပြေချောမွေ့ စွာ သွားလာနိုင်ရန် ဒေါ်ကေခိုင်အောင်ခင် မှ ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်း ပို့ ဆောင်ရေး ၀န်ကြီးအား
သီးသန့် မော်တော် ယာဉ်လိုင်းပြေးဆွဲ ပေးရန် တောင်းဆိုထားပါသည်။ ထို့ အပြင် လိုအပ်ပါက အမျိုးသမီး ယာဉ်မောင်း နှင့် အမျိုးသမီး ယာဉ်အကူ ထားရှိနိုင်ရန် စီစဉ်လျက်ရှိပါသည်။
ထိုနည်းအတူ သွားလာရေး သက်သာချောင်ချိစေရန် အတွက် လည်း ယာဉ်လိုင်း တစ်လိုင်းကို တစ်ပတ် လျှင် နှစ်ကြိမ်ခန့်  ယဉ်စီးခ အခမဲ့ ဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ြ
ပီး
ဒေါ်ကေခိုင်အော်ခင် မှ အလှုငွေများ ထည့်ဝင် လှုဒါန်းသွားမည်ဖြစ်ပါသည်။
သို့ ပါ၍ မြန်မာအမျိုးသမီး လေးများ ခရီးသွားလာရေး အဆင်ပြေ ချောမွေ့ သက်သာချောင်ချိစေရန် ပါဝင် ကူညီပေးပါရန် အလှုရှင်များ အား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
မထသ ၊ ပါရမီ ယာဉ်လိုင်းများ နှင့် ချိတ်ဆက်ကာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပါဝင်ကူညီ လှုဒါန်းလို ပါက ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ဒေါ်ကေခိုင်အောင်ခင်
ဖုန်း – 01-510146 , 09-4927832
မှော်ရုံဟေဝန်... တောမြိုင် (မြောက်ပိုင်းကြွေလွင့် ဦးစိန် အကြောင်း )
ကျနော့် မျက်လုံးအစုံပွင့်လာသည်။ ကျနော်က ဖျာတချပ်ပေါ်တွင် လဲလျောင်းအိပ်စက်နေပြီး ကျနော့်ဘေးတွင် စိုးရိမ်သော မျက်နှာများဖြင့် ဝိုင်းပြုစုနေသူ (၄)ဦး။ ထိုသူများမှာ ကိုမောင်စိန်၊ ကိုမြအေး၊ ဦးအောင်နု နှင့် ဦးစောတို့ဖြစ်ကြသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ တောက်ပပြူးကျယ်သော မျက်လုံးကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနှင့် ကိုစိန်က ကျနော့်နဖူးနှင့်နှုတ်ခမ်းများပေါ်သို့ ရေပတ်တင်ပေးနေသည်။ ကျနော် သတိကောင်းကောင်းရလာပြီး။ ကျန်ေသည် အင်းစိန်ထောင် အမှတ်(၂) ကြိုးတိုက်ထဲတွင် မစင်တိုက် (ခေါ်) လောက်တိုက်၊ တိုက်ပိတ်ပြစ်ဒဏ်ဖြင့်ရောက်ရှိရင်း ခြစ်ခြစ်တောက် အဖျားသွေးတက်ကာ သတိလစ်သွားတာ မဟုတ်ပါလား။ အချိန်က ၁၉၇၉ခုနှစ် မေလ၊ ရက်အတိအကျတော့ မမှတ်မိတော့ . . .
ထိုအချိန်က ကျနော်သည် တက္ကသိုလ်ကျောင်းသား လူငယ်တဦးအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ရင်း အင်းစိန်ထောင်တွင် ထောင်ဒဏ်(၇) နှစ်ကျခံနေရချိန်ဖြစ်သည်။ ကိုစိန်(ခ) ကိုမောင်စိန်မှာ စစ်တောင်းစက္ကူစက်အင်ဂျင်နီယာ တဦးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလိုလားသူ၊ ပါတီနှင့် အဆက်အသွယ်ရှိသူ အစုများက ထုတ်ဝေသော "မီးမောင်း" စာစောင်ဖြန့်ချီရာတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ရင်း အလုပ်နှင့် ထောင်ဒဏ်(၉)နှစ် ချမှတ်ခြင်းခံရသူဖြစ်သည်။ ကိုမြအေးမှာ ရ.က.သ ကျောင်းသားတဦးဖြစ်ပြီး ကိုးကိုးကျွန်းတွင် ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေး၊ ကျွန်းတိုက်ပွဲများတွင် ဖြတ်သန်းခဲ့သူဖြစ်သည်။ သူသည်လည်း "မီးမောင်း" ခေါင်းဆောင်တဦးအဖြစ် ထောင်ဒဏ်(၉) နှစ် ချမှတ်ခံရသူဖြစ်သည်။ ဦးစောနှင့် ဦးအောင်နုတို့မှာ သမိုင်းချည်စက်မှ အလုပ်သမားကြီးများဖြစ်ကြပြီး ၁၉၇၄ အလုပ်သမားအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၄) နှစ် ချမှတ်ခံရသူများ ဖြစ်ကြပါသည်။ ကျနော်တို့အားလုံး ပြစ်ဒဏ် တိုက်ပိတ်များအဖြစ် အမှတ်(၂) ကြိုးတိုက်၊ ရင်ကွဲတိုက်တွင် ထောင်အခေါ် လောက်တိုက် (သို့မဟုတ်) မစင်တိုက်ပိတ် ပြစ်ဒဏ်ဖြင့် ရောက်ရှိနေကြသူများ ဖြစ်ပါသည်။ သွားလေသူ ကိုစိန်နှင့် ကျနော်တို့ အတူဖြတ်သန်းခဲ့ရသည့် ထို ကြမ်းတမ်း ခက်ထန်သော ပြစ်ဒဏ် တိုက်ပိတ် အဖြစ်စုံကား ဤသို့လျင် အစပျိုးခဲ့ပါသည်။
၁၉၇၆ သြဂုတ်လတွင် ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ်(၂) မှ ကျနော့်အား ၁၉၅၀ပြည့်နှစ် အရေားပေါ်စီမံမှု အက်ဥပဒေ ၅(ည) အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် ချမှတ်ပြီး၊ တလ နှစ်လခန့်အကြာတွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး စစ်ခုံရုံးများကိုလည်း ဖျက်သိမ်းလိုက်သည်။ ၁၉၇၇ ခုနှစ်တွင် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသော အချိန်တွင်ကား ဖိနှိပ်ချုပ်ခြယ်မှုများ အရှိန်တိုးမြှင့်လာတော့သည် စစ်အာဏာရှင်များသည် 'နိုင်ငံရေးအကျဉ်းသား' ဆိုသည်ကို အလွန်ရွံမုန်းသည်။ အကြောင်းမူ ဤသူများက မျက်မွှေးထော်မော်မကြည့်ဝံ့သူ ပြားပြားဝပ်ပြည်သူများကို လှုံ့ဆော်၍ သူတို့ကို တော်လှန်ပုန်ကန်ရဲကြသူများ ဖြစ်နေ၍ပင်။ ထို့ကြောင့် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်သည်နှင့် ၅ (ည) အကျဉ်းသားများကို လူသတ်ဓါးပြများ မုဒိန်းကောင်များ ဦးစီးစေ၍ ဝင်ရောက်ရိုက်နှက်ပြီး လူစုခွဲပစ်သည်။ ခုခံသူ အာခံသူများကို တိုက်ပိတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို (၁၀)ယောက်တစု ၅ယောက်တစု၊ ရာဇဝတ်ဆောင်ဟုခေါ်သော သာမန်ပြစ်မှုအကျဉ်းသား အဆောင်များကို ရွှေ့ပစ်ပြီး ကိုလိုနီနယ်ချဲ့ သမား၏လက်သုံး "ပုံစံ" ပြသည်။ သွား ပုံစံ၊ စား ပုံစံ၊ ထိုင် ပုံစံ၊ အိပ် ပုံစံဖြင့် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းပျက်ပြားစေသော ဖိနှိပ်ချုပ်ခြယ်မှုများကို ပြန်အသက်သွင်းသည်။ ကျောင်းသားများကို ပုံစံကိုင်ရာတွင် စီးပွါးရေး တက္ကသိုလ်ကျောင်းသား ကိုမြင့်ဦး (ရေနံချောင်း) မှာ အပေါ်သွားနှစ်ချာင်း ကျိုးသွားပြီး၊ ရှေနေဦးကျော်လင်းမှာ နံရိုးနှစ်ချောင်း ကျိုးခဲ့ရသည်။ ဤ ဒဏ်ချက်များကြောင့် ဦးကျော်လင်းမှာ ၂၀၁၁ ခုနှစ်တွင် မျက်လုံးတဖက် ကွယ်လုနီးပါး ဘဝရောက်ခဲ့ရသည်။ ပုံစံကိုင်သည့် ဒဏ်ရာဒဏ်ချက်များကြောင့် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာဦးသန်းရွှေ (ရခိုင်ပြည် ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သူ) ထောင်တွင်းတွင် ကွယ်လွန်ခဲ့ရသည်။
ဤအခြေအနေဆိုးများကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ဖြတ်သန်းရင်း ထောင်ကျနိုင်ငံရေး အကျဉ်းသားများက မိမိတို့ အချင်းချင်း 'စားအိုးတွဲ' ကာ လူပြန်စုကြသည်။ ကိုစိန်နှင့်ကျနော်တို့ ပြဿနာဖြစ်လုနီးတွင် ရောက်ရှိစုရုံးမိသည်မှာ အဆောင်(၅) ထောင်ကျဆောင်ဖြစ်သည်။ အဆောင်မှုးမှာ ထောင်မှူးကြီး ဦးဘိုနီနှင့် ထောက်လှမ်းရေး အကူတပ် (ဗ.ဆ.လ) မှ တပ်ကြပ်ကြီး စောမောင်စိန်ဖြစ်သည်။ ကျနော့်တို့ အဆောင်ရှိ ၁၉၇၄၊ ၁၉၇၅ အလုပ်သမားသပိတ်ကြီးမှ အလုပ်သမားရဲဘော်များအားလုံး၊ ၅(ည) ကျောင်းသားများအားလုံး မီးမောင်းစာစောင်မှ ရဲဘော်အချို့နှင့် မတရား သင်းပုဒ်မ-၁၇(၁)/(၂) အားလုံး စုစုပေါင်းလူ (၄၀) ခန့် စားအိုးတွဲထားကြသည်။ နိုင်ငံရေးအကျဉ်းသားများထဲမှ ကျနော်တို့နှင့် စားအိုးမတွဲသူမှာ 'အလံနီ' အုပ်စု (၃) ဦးသာဖြစ်သည်။ ၎င်းတို့မှာ ကိုမြင့်စိုး (ယခု စာရေးဆရာ မောင်သွေးချွန်)၊ အောင်မြင်သောင်း (အင်းစိန် ဂျီတီအိုင် သပိတ်မှောက်ကျောင်းသား ပခုက္ကူ) နှင့် အလုပ်သမား ကိုနေဝင်း (ခ) သက်ပြင်းတို့ဖြစ်ကြပါသည်။ ကျနော်တို့ စားအိုးတွဲရာတွင် အလုပ်သမားရဲဘော်ကြီးများက "အလုပ်ကြီး" ဟုခေါ်သော လက်သမား ဘုတ်၊ လွှစက်၊ ပန်းရံဘုတ်၊ ယက်ကန်းစသည့် ထောင်အလုပ်ဌါနများတွင် အလုပ်လုပ်ကြရသည်။
ကျနော်တို့ ၅ (ည) ကျောင်းသားများ နှင့် မီးမောင်းရဲဘော်များကို ထောင်အာဏါပိုင်များက တရားဝင်အလုပ်မချဘဲ အခန်းသန့ှ်ရှင်းရေးအဖြစ် စာရင်းထည့်ထားပေးသည်။ အချိန်မကျသေး၍ ပြဿနာကို ရှောင်ထားခြင်းသာဖြစ်သည်။ ၁၉၇၉ မတ်လ (၁၅) ရက်နေ့တွင်ကား ထောင်ပိုင်ကြီး မက္ကနား ကိုယ်တိုင်ရောက်ရှိလာပြီး ကျနော်တို့ ကျောင်းသားများနှင့် မီးမောင်းရဲဘော်များကို အလုပ်ဌါနများသို့ အသီးသီး ခွဲဝေချတားသည်။ ကျနော်တို့က ကျန်းမာရေးအကြောင်းပြပြီး ငြင်းဆန်သော်လည်း အလုပ်ကြီးသို့လိုက်သာသွားပါ ရွေဘော်တချက်မထိုး အမှိုက်တပင်မလှဲစေရဟု တာဝန်ခံသဖြင့် ကျနော်တို့အများစုက ဘဝတူ အကျဉ်းသားများကို စည်းရုံး၍။ အကြောင်းအချက် ခိုင်လုံရမည်၊ အကန့်အသတ်ရှိရမည်၊ အကျိုးအမြတ်ရှိရမည် ဟူသော 'အ' သုံးလုံးပေါ်လစီအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ် လိုက်ပါသွားခဲ့ကြပါသည်။
အလုပ်ကြီးတွင် လေ့လာရေးအစုများဖွဲ့ကာ မတ်ဓါဒလေ့လာခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ မတရား ဖိနှိပ်ချုပ်ခြယ်မှုများကို စံနစ်တကျတုံ့ပြန်ခြင်းများ ပြုလုပ်လာသောအခါတွင်ကား ထောင်အာဏါပိုင်မျာက ကျနော်တို့ကို အထွေထွေ ထောင်သပိတ်ကြီးထရန် လှုံ့ဆော်သည်ဟူသော စွဲချက်ဖြင့် ထောင်တွင်းမှာပင် ညအချိန်အိပ်ဆောင်များသို့ မီးမှိတ်ဝင်ရောက်ကာ ဖမ်းဆီးကြပါတော့သည်။ အလုပ်ကြီးတွင် (၃၂) ထောင် အဓိကရုန်းဖြိုတပ်မှ လက်မရွံ့များ၊ ထောက်လှမ်းရေးများဖြင့် ကျနော်တို့ကို ရိုက်နှက်ခြင်း၊ မျက်နှာအဝတ်အုပ်ရေလောင်းခြင်း၊ ဂုံနီအိတ်ထဲထည့်ကာ၊ စားပွဲပေါ်မှကန်ချခြင်း၊ မြေကြီးပေါ်တွင် ဒရွက်တိုက်ဆွဲခြင်း၊ စသဖြင့် နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်ကာ၊ စုန်းရှာပွဲ၊ များပြုလုပ်ကြပါသည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထောင်တွင်း ပါတီကလာပ်စည်းများ ဖြစ်သည်ဟု မသင်္ကာသူများကို ရွေးထုတ်ကာ ကြိုးတိုက်တွင် တိုက်ပိတ်ပါတော့သည်။ ကျနော်တို့၏ ပြင်ပဆက်သွယ်ရေး တာဝန်ခံဟု စွပ်စွဲခံရသူမှာ မကြာခင်ကမှ လွတ်မြှောက်သွားသည့် ဦးသန့် ဈာပနကော်မတီဝင် ရန်ကုန်တက္ကသိုလ် စိတ်ပညာအဓိက ကျောင်းသား စောလှငွေ (ယခု KNU Spokesman ဗိုလ်မှုးစောလှငွေ) ဖြစ်ပါသည်။ သို့ဖြင့် ကျနော်နှင့်ကိုစိန်သည် အမှတ် (၂) ကြိုးတိုက် မစင်တိုက် (ခ) လောက်တိုက် ပြစ်ဒဏ်သို့ အတူတကွ ရောက်ရှိခဲ့ကြခြင်းဖြစ်ပါသည်။
မစင်တိုက်ဟု ခေါ်ရခြင်းမှာ ကျနော်တို့ တိုက်ခန်းထဲတွင် အခင်းကြီး အခင်းလေးသွားရန် ဂန်ဖလားထားမပေးဘဲ အခန်းဒေါင့်တွင် 'သဲ' ပုံပေးထားခြင်းဖြစ်ပါသည်။ ထိုသဲပုံပေါ်တွင် တိရစ္ဆာန်များ သဖွယ်အခင်းကြီး အခင်းလေးသွားရသဖြင့် . . ရက်ကြာလာသောအခါ 'လောက်' များပေါက်ဖွားလာပြီး . . အခန်းအနှံ့ တရွရွတွားသွားကာ မင်းမူနေကြသဖြင့် 'လောက်တိုက်' ဟုခေါ်ခြင်းဖြစ်ပါသည်။ တိုက်ပိတ်ချိန်တွင် အဝတ်တထည်ကိုယ်တခုဖြင့် 'စစ်ကြောရေး'မှ သွေးသံတရဲရဲခေါ်လာကာ စီးစရာ ဖိနပ်ပင်မပေးဘဲ ထိုးကြိတ် ရိုက်နှက်ကန်ကြောက်ကာ တိုက်ပိတ်ခြင်းဖြစ်ပါသည်။ အခန်းဝ သံတံခါးကို ဖျာကာထားသည်။ မျက်နှာခြင်းဆိုင်အခန်းတွင် မီးမောင်ရဲဘော်များဖြစ်သော ကိုဗေဒါ၊ ကိုအေးကြည်နှင့် စီးပွါးရေးတက္ကသိုလ်ကျောင်းသား ကိုကျောင်အောင်ရှိသည်။ ကျနော်တို့၏အခြားဘက်တွင် ကြိုးသမားများရှိသည်။
"ကဲကဲ လုပ် ညီလေး လဖက်ရည်ကျစိမ့်လေးနဲ့ အလန်ကွာတာမိန်းတပုဒ်လောက်" ကိုစိန်က ဖျာကာ၊ ထားသော သံတံခါးကို ကျောမှီရင်း အပြင်မှ မီးရောင်ကြောင့် အနည်းငယ်ရောင်ပြန်ကာ ခပ်မှိန်မှိန်ဖျော့ဖျော့လင်းနေသော အခန်းတွင်း 'လောက်' နှိမ်နှင်းရေးလုပ်နေသော ကျနော့်ကို လှမ်းပြောသည်။ လောက်တိုက်ပိတ်ပြီး တလခန့် အကြာတွင် ညတာဝန်ကျ ဝါဒါလေးတဦး ကျနော့် အမည်ကို စုံစမ်း၍ ရောက်လာသည်။ ကလေးမြို့သားဖြစ်ပြီး မန်းတက္ကသိုလ်မှဖြစ်ကာ ကိုသန်းဝင်းလား ကိုအောင်ဝင်းလား နာမည်ကိုတော့ အတိအကျမမှတ်မိတော့။ သူက စားစရာတချို့နှင့် စာတိုလေးတစောင် ယူလာသည်။ အဆောင်မှ ကျနော်၏ အကိုသဖွယ်ဖြစ်သည့် မန္တလေးသား စာရေးဆရာ မောင်ဖေငယ် (ကိုတင်ဖေ)က လျှို့ဝှက် ပေးပို့လိုက်ခြင်းဖြစ်သည်။ စာအရ ဝါဒါလေးမှာ တက္ကသိုလ်စာပေးစာယူ သင်တန်းတက်နေသူ ဖြစ်၍ ၎င်းအား အင်္ဂလိပ်စာသင်ပေးရန် အင်္ဂလိပ်စာစာစဉ်များ ဖြေပေးရန်ဖြစ်သည်။ ဤတွင်ကျနော်တို့၏ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်သွားပြီး လျှို့ဝှက်လမ်းကြောင်းမှ စားစရာနှင့် အခြားလိုအပ်သော ဆေးဝါးများ ရလာသည်။ ဦးစွာ ဖိနပ်စုတ်တဖက် တောင်းပြီး လောက်များကို နေ့စဉ် သုတ်သင်ရသည်။ ညရောက်လျင် တဦးဘဝ တဦးအကြောင်းပြောကြ၊ တဦးရင်ကို တဦးဖြတ်သန်းကြ ကျနော်က မုဆိုးကြီး အလန်ကွာတာမိန်း၏ စွန်းစားခန်းဝတ္ထုများကို ပြောပြဖြင့် အချိန်ဖြုံးကြသည်။ နေ့ခင်းပိုင်းတွင် ကိုစိန်က ကျနော့်ကို တရုပ်အပ်စိုက် (Arcupuncture) သင်ပေးသည်။
ကိုစိန်မှာစစ်တောင်း စက္ကူစက်တွင် အလုပ်လုပ်ရင်း တရုတ်ပြည်သို့ ပညာတော်သင်သွားရာမှ အပ်စိုက်ပညာကို စိတ်ဝင်စားပြီး မြန်မာပြည်ပြန်ရောက်တော့ ကိုမောင်လှိုင်ဟူသည့် ရဲဘော်တဦးထံမှ အပ်စိုက်ပညာ တတ်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် ရီစရာကောင်းသည်မှာ မီးမောင်းစာစောင်ကိစ္စဖြင့် ကိုစိန်အဖမ်းခံရတော့ သတင်းစာများတွင် "ပီကင်းပြန်မောင်စိန်" ဟုဓါတ်ပုံနှင့်တကွ ဖော်ပြခံရခြင်းပင်ဖြစ်သည်။ ကိုစိန်ပီကင်းရောက်သည်မှာ စက္ကူစက် ပညာတော်သင်အဖြစ် သွားခြင်းဖြစ်သည်။ ကိုစိန်မှာ စစ်ကွင်း ဇာတိဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မက်ထရစ်အောင်ပြီး တက္ကသိုလ်ရောက်တော့ ဇူလိုင်(၇) ရက် အရေးတော်ပုံကြီးနှင့် ပက်ပင်းတိုးပါတော့သည်။ သို့နှင့်ပင် လုလင်ငယ်သွေး ကျောင်းသားလေး မောင်စိန်၏ နှလုံးအိမ်အတွင်းဝယ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မျိုးစေ့များ အညွန့်အတက် ထွက်လာပါတော့သည်။ လုပ်ငန်းခွင်ထဲ ရောက်သောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်မိကာ ကွန်မြူနစ်တယောက် ဖြစ်လာပါသည်။
အခန်းထဲတွင် ကျနော်၊ ကိုစိန်နှင့် ကိုမြအေးတို့မှာ မတ်လီနင်ဝါဒ မော်အတွေးအခေါ် လက်ခံကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံသူများ ဖြစ်ကြသဖြင့် ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း သံယောဇဉ် တွယ်လာခဲ့ကြပါသည်။ ဖျာစကို 'အပ်' လုပ်လှည့်၍ လေ့ကျင့်ကာ အလုပ်သမားကြီးဦးစောက ခါးတောင်းကျိုက် အဝတ်ဗလာဖြင့် အပ်စိုက်ကွက်များကို သရုပ်ပြပေးသည်။ တနှစ်ကျော် တိုက်ပိတ် ပြစ်ဒဏ်မှ တိုက်ပြန်ဖွင့်တော့လည်း ကိုစိန်နှင့် ကျနော်မှာ (၅) ဆောင်ပြန်ရောက်ပြီး စားအိုးတွဲကြပြန်သည်။ ဒီတစ်ခါတော့ ထောင်အာဏါပိုင်များက ကျနော်တို့ကို အလုပ်မခိုင်းတော့ဘဲ ဘေးမဲ့ပေးထားလိုက်သည်။ ကျနော်တို့စားအိုးတွဲ (၄၀) ကျော်ခန့် ရေနွေးဘုတ်၊ ဈေးရောင်းဘုတ်၊ ပုတီးဘုတ်စသဖြင့် အလုပ်တာဝန်ခွဲစေကာ စားဝတ်နေရေးဖြေရှင်းပြီး လျှို့ဝှက်လေ့လာရေး များလုပ်ကြသည်။
ကျနော်က အလုပ်သမားရဲဘော်များကို အင်္ဂလိပ်စာသင်ပေးပြီး ကိုစိန်နှင့် ကိုဝင်းမြင့် (တေးရေး ဝင်းမင်းထွေး) တို့က on practice (လက်တွေ့) ကို မြန်မာဘာသာပြန်ပေးသည်။ ဖ.ဆ.ပ.လ အစိုးရလက်ထက် ထောင်စာကြည့်တိုက်ဟောင်းမှ မတ်-အိန်ဂျယ် လက်ရွေးစင်ကျမ်း (၂) တွဲ ရရှိထားသဖြင့် ခိုးဝှက်လေ့လာကြသည်။ နေ့ခင်းပိုင်းများတွင် ကိုစိန်နှင့်ကျနော်တို့ ဗ.က.ပ မြေအောက်အဖွဲ့များ တိုက်ခိုက်ခံရခြင်းနှင့် ပါတ်သက် သင်္ခန်းစာများကို မကြာခဏ ထုတ်ယူဆွေးနွေးဖြစ်သည်။ နောင်း ယူဂျီလုပ်သည့်အခါ ဆက်သွယ်ရမည့် ရဲဘော်များစာရင်းကို ပြုစုကြသည်။ ဤသို့ဖြင့် တိုက်ပွင့် အဆောင်ပြန်ရောက်ပြီး ၁လကျော်ခန့် အကြာတွင် ၁၉၈၀-မေ(၂၉) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြီးဖြင့် ကျနော်တို့အားလုံး လွတ်မြောက်ခဲ့ကြပါတော့သည်။ ကိုစိန်နှင့် ထိုနောက်ပိုင်း ပြန်မဆုံဖြစ်သော်လည်း သူနှင့်ကျနော်သည် မြေအောက်လှုပ်ရှားမှုများတွင် အလံတခုတည်းအောက်မှ ဆက်လက်လှုပ်ရှားနေကြခြင်း ဖြစ်မည်ကိုကား လုံးဝသံသယမဖြစ်ခဲ့ပေ။
၁၉၈၉ ခုနှစ် ၃ လပိုင်းခန့်တွင် ထောင်က လွတ်ပြီးကတည်းက မဆုံဖြစ်တော့သော ကျနော်ရှိရာ မန္တလေးသို့ ကိုစိန်ရောက်လာသည်။ ထိုစဉ်က ကျနော်က မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု ပါတီ(မ.န.တ)၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) အဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။ နေ့ခင်း အစည်းအဝေးအပြီး ကိုစိန်ရောက်လာသဖြင့် သူ့ကိုအိမ်ခေါ်ကာ ညစာထမင်းကျွေးပြီး စကားတွေအများကြီးပြောဖြစ်သည်။
'ကဲ ဒေါင်းဖြူကြီး ဘာဖြစ်လာပြန်ပလဲ။ ထုံးစံအတိုင်းဘဲလား ပြောပါဦး'ကျနော်က ဆံပင်ဖြူသော သူ့ကို ခေါင်းဖြူကြီးဟု ချစ်စနိုးခေါ်သည်။ သူက 'ကောင်လေး' ဟုခေါ်သည်။
'ဟုတ်တယ်၊ ကောင်လေးရ ထုံးစံတိုင်း ပေါက်ပြန်ပြီကွ။ ဒီတခါတော့ အဖမ်းမခံနိုင်ဘူး။ ငါ (L.A) လွတ်မြောက်နယ်မြေ သွားတော့မယ်'သူက .ဆေးတံဖွာရင်းပြန်ပြောသည်။ သူ့အပြောအရ မြစ်ဝကျွန်းပေါ် ယူဂျီပေါက်ရာတွင် သူလည်း ပေါ်သွားပြီဟုဆိုသည်။ ဘယ်သွားမလဲ မေးတော့ "ပါတီ (ဗ.က.ပ)ကို မသွားတော့ဘူးကွာ။ ငါ ကျောင်းသားတော်လှန်ရေးကို အလုပ်အကြွေး ပြုမယ် မြောက်ပိုင်းအေဘီကို ဘဲသွားတော့မယ်"ဟု လှိုက်လှိုက်လှဲလှဲဖြေခဲ့သည်။
ဤသည်မှာ ဘဝတွင် ကိုစိန်နှင့်ကျနော် နောက်ဆုံး ဆုံစည်းခဲ့ခြင်း ဖြစ်သည်ဟု ထိုစဉ်ကမတွေးမိသေး။ ထို့နောက် သူ အင်းတော်ဘက်သို့ ထွက်သွားသည်။ သူ့ခမျာ သူ အလုပ်အကြွေး ပြုချင်ရှာသော ကျောင်းသားတော်လှန်ရေးတွင် ခိုးဝှက်ဝင်ကာ တော်လှန်ရေး အရေခြုံထားသည့် အာဏါရူးတို့က သူ့အား သူ့တဘဝလုံး ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် အာဏါရှင်တို့၏ ဒေါက်တိုင် ထောက်လှမ်းရေး ဗိုလ်မှူးဟု လုပ်ကြံစွပ်စွဲကာ မသေမချင်း ရိုက်နှက်သတ်ဖြတ်ခဲ့ရလိမ့်မည်ဟု မျှော်လင့်ထားရှာမည် မဟုတ်ပေ။ သူအသတ်ခံရသည့် သတင်းကြားရစဉ်က ကျနော်သည် မန္တလေး နန်းတွင်းထောင်တွင် ရှိနေသဖြင့် တိတိကျကျ မသိရဘဲ အသတ်ခံရသူ မြောက်ဥက္ကလာမှ ဦးစိန်ဆိုသည်မှာ ကျနော့်ရဲဘော် ကိုစိန်ဟု ကျနော် လုံးဝမထင်ခဲ့မိပေ။ မီးမောင်းရဲဘော်ဟောင်း ကိုဗေဒါနှင့်ဆုံတော့မှ ကိုစိန်၏ ရင်နင့်ကြေကွဲဖွယ် ဇါတ်လမ်းကို သိရှိရပါသည်။ ၁၉၉၉- ၂၀၀၀ တွင် အိုးဘိုထောင်၌ မြောက်ပိုင်း အေဘီရဲဘော်များ ဖြစ်ကြသော ထိန်လင်း (ခ) နာရီ၊ မိုးကျော်သူ (ခ) ဘိုဘို၊ ရာပြည့် (ခ) ခင်မောင်တင့်၊ မိုးဇော်ထွန်း၊ ကျော်ဆွေဝင်း (ခ) ဆံပြုတ်တို့နှင့် ဆုံစည်းရတော့မှ ဤ သွေးစွန်းမှတ်တမ်းများကို ထိတ်လန့်ခြောက်ခြားစွာ သိရှိရပါတော့သည်။ ကိုထွန်းအောင်ကျော် (ဂျီတီအိုင်)၊ ကိုမြတ်ကိုကို (စိုက်ပျိုးရေး) ၊ ကိုချိုကြီး (ခ) ဖရန်တီ၊ ကိုစိန်၊ ကျော်ဝေလေးတို့၏ နောက်ဆုံးနေ့များ လူမဆန်သော လူသတ်သမားတို့၏ လှည့်ကွက်များကို နာကျည်းစွာ သိရှိရပါတော့သည်။ ဤလူသတ်မှုများတွင် တိုက်ရိုက်တာဝန်ရှိသူများနှင့် သွယ်ဝိုက်တာဝန်ရှိသူအားလုံး ထိုက်သင့်သော ပြစ်ဒဏ်ကျခံစေရေးအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင် ရပါဦးမည်။
ကျနော့်မျက်စိထဲတွင် 'အရောင်လွင့်နေသော ဂျင်းအကျီင်္အပြာလက်ရှည်'၊ ပုဆိုးအဖြူခံ အပြာကွက်တောက်၊ ဆံပင်တခေါင်းလုံးဖွေးကာ၊ ဆေးတံခဲထားသည့် စူးရှတောက်ပသော မျက်လုံးအစုံပိုင်ရှင်၊ ထူထဲနက်မှောင်သော မျက်ခုံးမွှေးများဖြင့် အမြဲတမ်းပြုံးနေသည့် ကိုစိန်။ ကျနော်၏ အပ်စိုက်ပညာ လက်ဦးဆရာကိုစိန်။ ကျနော့်အား ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်လ်ရှိဗင်) သမိုင်းအကျဉ်းချုပ်ကို အကြိမ်ကြိမ် ပြောပြဆွေးနွေးခဲ့သည့်  ကိုစိန့်ကို မြင်ယောင်နေမိပါသည်။
'လောက်တိုက်' တွင် သူပြောပြခဲ့သည့် သူ့ဝတ္ထုလေး 'နန်းရှေ့ချိုင့်စံ' ကို အမှတ်ရနေမိပါသည်။ ကိုစိန်ကောင်းရာသုဂတိလားပါစေ . . . အာဇာနည်များ ထာဝစဉ် ဥဒါန်းတွင်ရစ်ပါစေ . . .။
သိန်းသန်းဦး
၁၉၇၄၊ ၇၅၊ ၇၆၊ တိုက်ပွဲဝင်ရဲဘော်ဟောင်း
ကြံ့ဖွံ့ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် တား
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တားမြစ်လိုက်ကြောင်း သိရသည်။“ကျွန်တော်တို့လဲ မသိဘူးဗျ။ စာထွက်လာမှ ကျွန်တော်တို့လုပ်နေတာကို ရပ်ပစ်လိုက်ရမယ်လို့သိတာ” ဟု IGE ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးမှ ဆို သည်။
မတ်လတွင် ကျပ်ငွေသုံးသိန်းအောက်တန်ဖိုးရှိ GSM network အမျိုးအစား မိုဘိုင်းဖုန်းများအား အများပြည်သူထံ ရောင်းချပေးမည်ဖြစ်ကာ၊ ယင်း GSM network တည်ဆောက်ခြင်းအား ခရိုနီကုမ္ပဏီများဖြစ်သည့် Elite, Asia Mega Link, IGE, Cyber net အစရှိသည့် ကုမ္ပဏီခြောက်ခုမှ ကန် ထရိုက် ရရှိထားသည်။
“သူ့နေရာကို ဘယ်သူအစားထိုးမယ်မသိဘူး။ ကျွန်တော်တို့တော့ ထပ်ပြီး မမြှပ်နှံနိုင်တော့ဘူး” ဟု Elite ကုမ္ပဏီမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။
တပ်မတော်အစိုးရလက်ထက်က အဆင့်မြင့်အရာရှိကြီးများ၏ ကျောထောက်နောက်ခံရှိသည်။ ခရိုနီကုမ္ပဏီ အချို့သည် အစိုးရသစ် လက်ထက် တွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်ရန် အခက်အခဲများဖြင့် တွေ့ကြုံနေရသည်။
KS
ရွှေည၀ါဆရာတော်အားတာဝန်မှရပ်စဲကာတရားဟောကြားခွင့်ပိတ်ပင်လိုက်ခြင်း
ရွှေည၀ါဆရာတော်ဦးပညာသီဟအားတရားပွဲတွင်ဗုဒ္ဓတရားတော်နှင့်မသက်ဆိုင်သည်များကိုထည့်သွင်းဟောကြားသည်ဟူသောအချက်ဖြင့်ဆရာတော်အားကြည်မြင်တိုင်မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော်အဖြစ်မှလည်းကောင်း၊မြို့နယ်သံဃာဝန်ဆောင်ဆရာတော်အဖြစ်မှလည်းကောင်းတာဝန်မှရပ်စဲကာတရားဟောခွင့်ကိုပါပိတ်ပင်လိုက်ကြောင်းနိုင်ငံတော်သံဃနာယကအဖွဲ့မှဒီကနေ့ထုတ်ပြန်ကြေငြာလိုက်သည်။
The master plan for Myanmar By Bertil Lintner (Asia Times) ဘာသာပြန်ဆောင်းပါး
မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။ အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊ ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊ ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများကဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊ ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။ အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာကလည်း အထင်အရှားပါပဲ။
ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်းဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။ တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။
စနစ်တကျ အကွက်ချထားတဲ့ အစီအမံ
မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြ သလဲ ဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။
လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လိုဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။
မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။ အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆစရာရှိပါတယ်။
စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။
ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။ ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။
တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းကဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။
မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။
စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ
အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။
အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။ အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။
အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။ ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။
ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။
မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။ နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ်လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။ မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ်အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန်ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။
မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။ စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။
ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။
ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း
မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။
မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။
အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။
၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။ “သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။ နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက် ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ်ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီးဖြစ်လာပါတယ်။
ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ ဇာတ်လမ်းမှာ လူဆိုးအုပ်စုထဲကတယောက်ဆိုသူ ကတော့ နောက်ထပ် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးသူတယောက်ဖြစ်တဲ့ အောင်သောင်း ပါ။ ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူဖြစ်ပါတယ်။ လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။ ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။
အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက်တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည်တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။
ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။
ဘာသာပြန် - ဒေါင်းမာန်ဟုန် via: Ko Thaung facebook notes
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည် - တက္ကသိုလ်နေ၀င်း
မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။
‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။
(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)
မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။
ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။
ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။
ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။
ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။
ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။
ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။
ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။
ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။
ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။
ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။
သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။
‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် –
‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။
‘အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။
ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။
ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။
ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။
တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။
ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။
ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။
ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။
တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)
မတည်ငွေ ကျပ်သိန်း ၁၅၀ ရှိလျှင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လိုင်စင် လျှောက်ထားနိုင် By 7Day News
အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ရာတွင် အနည်းဆုံး မတည်ငွေရင်း ကျပ်သိန်း ၁၅၀ သတ်မှတ်ထားကြောင်း ဇန်နဝါရီ ၁၆ ရက် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြထားခဲ့သည်။ မတည်ငွေရင်း ကျပ်သိန်း ၁၅၀ ကို ချေးငွေပေးမည့် အဖွဲ့အစည်း အတွက်ဖြစ်ပြီး အပ်ငွေလက်ခံသည့် ဝန်ဆောင်မှု ဆောင်ရွက်မည့် အဖွဲ့အစည်းအတွက် မတည်ငွေကျပ် သိန်း ၃၀၀ သတ်မှတ်သည်။ အသေးစားချေးငွေ အပေါ် အတိုးနှုန်း သတ်မှတ်ချက်သည် ကျပ် ၁၀၀ ကို တစ်လလျှင် ၂ ဒသမ ၅ ကျပ်၊ တစ်နှစ်လျှင် ၃၀ ကျပ် နှုန်းထက် မများရန်နှင့် အပ်ငွေပေါ် အတိုးနှုန်းသည် ကျပ် ၁၀၀ တစ်လျှင် ၁ ဒသမ ၂၅ ကျပ်၊ တစ်နှစ်လျှင် ၁၅ ကျပ်နှုန်းထက် မနည်းရန် သတ်မှတ်ထားခြင်း ဖြစ်သည်။ အသေးစား ချေးငွေသည် အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် လူမှုစီးပွားရေး ဘဝ တိုးတက် မြင့်မားရန် အာမခံပစ္စည်း (အပေါင်ပစ္စည်း) တင်သွင်းရန် မလိုဘဲ ထုတ်ချေးသည့် ငွေဖြစ်ကြောင်း ဆောင်းပါးရှင် မောင်ဘဏ္ဍာ အခွန်ရေးသော “အသေးစား ငွေရေးကြေးရေး လုပ်ငန်းအကြောင်း သိကောင်းစရာများ” တွင် ဖော်ပြထားသည်။
အဆိုပါ အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ၊ သမဝါယမအသင်း ဥပဒေ၊ အသင်း အဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး လုပ်ကိုင်ခွင့် လိုင်စင်ကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီမှ တစ်ဆင့် ကြီးကြပ်မှု ကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လဲပုံစံ အမ်အက်ဖ်အိုင်-၀၁ နှင့် အတူဖြစ်နိုင်ခြေ လေ့လာချက်အား ပူးတွဲတင်ပြ၍ လျှောက်ထားရမည် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းများ ခွင့်ပြုမည်ကို စီးပွားရေးလုပ်ငန်း အရအများစု မသိရှိကြပေ။ အသေးစား ငွေရေးကြေရေး လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားပြီး တစ်လအတွင်း လုပ်နေလုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးမည် ဖြစ်ပြီး ခြောက်လ အတွင်း လုပ်ငန်း စတင်ရမည်ဟု ဆိုသည်။ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးအား လိုင်စင် ထုတ်ပေးသည့်နေ့မှ ၁ ရက် အတွင်း ပေးသွင်းရမည် ဖြစ်ပြီး နှစ်စဉ် လိုင်စင်ကြေးကို ဧပြီတွင် ပေးသွင်းရမည် ဖြစ်သည်။ အသေးစား ငွေရေးကြေရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်း၍ သင်းဖွဲ့မှတ်တမ်း သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲရမည်ဖြစ်ပြီး ကြီးကြပ်မှု ကော်မတီက သတ်မှတ် ထားသည့် စီမံခန့်ခွဲမှု အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့် အရည်အချင်းနှင့် ပြည့်စုံရမည်ဟု ဆိုသည်။ လက်ရှိ ဆောင်ရွက်နေသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းသည် ဆက်လက် လုပ်ကိုင် လိုပါက ဥပဒေပြဋ္ဌာန်းသည့်နေ့မှ သုံးလအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီမှ တစ်ဆင့် ကြီးကြပ်မှု ကော်မတီသို့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားရမည် ဖြစ်သည်။
ကသာမြို့၊သက်ပန်းကျောင်းတွင် ပြုလုပ်မည့် ကလေးများနေ့ အထိမ်းအမှတ် ကာတွန်းပြပွဲ ကို ယခုအထိ ခွင့်ပြုချက်မရသေးပါ
"ကသာမြို့၊သက်ပန်းကျောင်းတွင် ပြုလုပ်မည့် ကလေးများနေ့ အထိမ်းအမှတ် ကာတွန်းပြပွဲ ကို ယခုအထိ ခွင့်ပြုချက်မရသေးပါ၊ ခွင့်ပြုချက်ရရှိလာလျှင် အဆင်သင့်ဖြစ်နေစေရန် မြို့ခံစီစဉ်သူများမှ စီစဉ်ထားပြီးဖြစ်ပါသည်၊ပြုလုပ်
ပြည်တော်ပြန်များနိုင်ငံသား ခံယူခွင့် ပြန်လျှောက်နိုင်
ပြည်ပကနေပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း ဖေဖော်ဝါရီ လ ၅ ရက်နေ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။
ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသားခံယူပြီးသားဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိမြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည် ပရောက်မြန် မာတွေ အနေနဲ့ တရားဝင်နိုင်ငံသားပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က တွေ့ဆုံပွဲမှာ ပြောပါတယ်။
နိုင်ငံသားခံယူခွင်လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှု ကြီးက်ြပရေးဌာနရဲ့ သဘောထား မှတ်ချက်တောင်းမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူခွင့်လျှောက်သူဟာ မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသားစိစစ်ရေးကတ်ရမှာဖြစ်တယ်။ ဥပဒေအရဖြစ် တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။
ပြည်တွင်းမျာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်းမပြည့်စုံသေးသူတွေကိုယာယီနိုင်ငံသားကတ်တွေ ထုတ်ပေးနေပါတယ်။
နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထားပြည့်စုံ၊ ဥပဒေနဲ့ ညီရင် နိုင်ငံသားခံယူခွင့်ပြုတယ်လို့တွေ့ဆုံပွဲက သိရပါတယ်။
Source : ဇင်သော် (မော်ဒန် သတင်း ဂျာနယ်)
ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသားခံယူပြီးသားဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိမြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည် ပရောက်မြန် မာတွေ အနေနဲ့ တရားဝင်နိုင်ငံသားပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က တွေ့ဆုံပွဲမှာ ပြောပါတယ်။
နိုင်ငံသားခံယူခွင်လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှု ကြီးက်ြပရေးဌာနရဲ့ သဘောထား မှတ်ချက်တောင်းမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူခွင့်လျှောက်သူဟာ မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသားစိစစ်ရေးကတ်ရမှာဖြစ်တယ်။ ဥပဒေအရဖြစ် တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။
ပြည်တွင်းမျာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်းမပြည့်စုံသေးသူတွေကိုယာယီနိုင်ငံသားကတ်တွေ ထုတ်ပေးနေပါတယ်။
နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထားပြည့်စုံ၊ ဥပဒေနဲ့ ညီရင် နိုင်ငံသားခံယူခွင့်ပြုတယ်လို့တွေ့ဆုံပွဲက သိရပါတယ်။
Source : ဇင်သော် (မော်ဒန် သတင်း ဂျာနယ်)
Lwin Pwin
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment