မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၃ ရက်၊ ၂၀၁၂
မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် ၅.၂.၂၀၁၂
မွန်းလွဲ ၁း၀၀ မှ ၄း၀၀အထိ ကျင်းပပြုလုပ်သွားမည်
မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် ၅.၂.၂၀၁၂
မွန်းလွဲ ၁း၀၀ မှ ၄း၀၀အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ စာတမ်းဖတ်ကြားကြမည့် အဖွဲ့အစည်းများမှာ -
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နှင့် မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတို့ ဖြစ်ပါသည်။ စာတမ်းဖတ်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကား ပြောကြားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှာ
အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြိုတွင် တည်ရှိသည်။
ကိုမင်းကိုနိုင်အမှာစကားSKY NET ရုပ်သံအရှက်မရှိစွာ ဆင်ဆာ ဖြတ်
မင်္ဂလာပါ မိတ်ဆွေတို့ရေဒီနေ့ မျှော်စင်ကျွန်းမှာ HIV / AIDS ရန်ပုံငွေ ရှာဖွေရေး အတွက် လုပ်တဲ့ ဂီတဖျော်ဖြေပွဲကိုSKY NET ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ပြသလို့ ၀မ်းသာအားရ ထိုင်ကြည့်နေမိတယ် ။
တိုက်ဆိုင်စွာနဲ့ဘဲ ကျနော် ကြည့်နေတဲ့ အချိန်မှာ အခမ်းအနား တင်ဆက်သူက ကျနော်တို့ရဲ့ သူရဲကောင်း ကိုမင်းကိုနိုင်ကို အမှာစကား ပြောကြားဖို့ စင်ပေါ်ကို ဖိတ်ခေါ်တဲ့ အခါ အေးချမ်းတဲ့ အသွင် အပြင်နဲ့ ခန့်ငြားစွာ တက်လာတဲ့ ကိုမင်းကိုနိုင် စင်ပေါ်ကို အရောက် SKY NET ရုပ်သံကလည်း အရှက်မရှိစွာ ဆင်ဆာ ဖြတ်ချလိုက်တဲ့ အခါ အရမ်းကို အံ့အားသင့်မိသလို အလွန်အင်မတန်မှလည်း စိတ်ပျက်မိပါတယ် ခင်ဗျာ ။
စက်ချို့ယွင်းမှုကြောင့် ဆိုတဲ့ စကားလုံးလေး သုံးစွဲပြီး လိမ်ညာဖို့တော့ မကြိုးစားပါနဲ့လို့ အသိပေးချင်ပါတယ် SKY NET ရုပ်သံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျာ ။
ပြည်သူလူထု အတွက် မီဒီယာပါလို့ ကြွေးကြော်ထားတဲ့ SKY NET ရုပ်သံကြီးက ကိုမင်းကိုနိုင်စကားပြောတာကို ဆင်ဆာဖြတ်တာကို ကြည့်ခြင်း အားဖြင့်ထိုလုပ်ငန်းပိုင်ရှင်ရဲ့ စိတ်နေသဘောထားကို ခန့်မှန်းလို့ ရမှာ အသေအချာပါဘဲ ။
ဘာကြောင့် ဒီလို လုပ်ရတာလည်း..။ဒီလုပ်ငန်းကို ဘယ်သူတွေ ချုပ်ကိုင်ထားကြလည်း ဆိုတာ ပြည်တွင်းက သတင်းသမားများ အနေဖြင့် ဆက်လက် စုံစမ်းဖော်ထုတ်ပေးချင်ပါတယ် ခင်ဗျာ ။
ကိုမင်းကိုနိုင် စကားကို ပြည်သူလူုထု မကြားစေချင်တဲ့ မီဒီယာကြီးက ပြည်သူ့အတွက်မီဒီယာ ဆိုတဲ့ စကားကို ကြားမိတိုင်း ယခင်အစိုးရရဲ့ စနစ်ဟောင်းကို နှစ်ခြိုက်စွာ လုပ်ဆောင်နေကြဆဲ လူတွေ ရှိနေသေးပါလားလို့ တွေးမိရင်း သက်ပြင်းတွေသာ အကြိမ်ကြိမ်ချနေမိတယ်ဗျာ……။
ဖေဖေါ်ဝါရီ(၂)ရက် မနေ့ က နေ့ လည်(၁)နာရီ ပါတ်ဝန်းကျင် အချိန်ခန့်  ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၇)နယ်မြေ တွင် မြန်မာအစိုးရ စစ်တပ် ခမရ(၃၂၃)တပ်ဖွဲ့  နှင့် ကေအိုင်အေ တပ်ရင်း(၁၇)တပ်ဖွဲ့ ဝင်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုအားမသိရသေးပါ။
ယခုအခါ အဆိုပါ ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ နေရာအနှံ့  မြန်မာအစိုးရ တပ်များဖြစ်သော တပ်မ(၉၉)လက်အောက်ခံတပ်ဖွဲ့ များ နှင့် စခက(၁၆) တပ်ဖွဲ့ များ အဆိုပါဒေသမှ ဖြတ်သန်းသွားမည့် တရုပ် ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း စတင်နိုင်ရန်အတွက် စစ်ကြောင်း လှုပ်ရှားမှုများ ပိုမိုပြုလုပ်လာနေကြောင်း သိရှိရသည်။
2012 ning February praw (2) ya shani hkying (1:00)pm aten kawn hkying (1:25)pm aten lapran hta KIA Masat (4) Dap Ba, n pu Dap Dung (17) ginra kaw, Myen Hpyen Dap, Hk.M.Y Masat (323) na hpyen hpung ni hte KIA Masat (17) Dap Dung na hpyen hpung ni gasat poi byin ai lam chye lu ai. Gasat poi byin ai ginra hta lahkawng maga de na si, hkala ai lam atsawm n chye lu ai.
Ya aten KIA Masat (4) Dap Ba ginra, shara shagu hta Myen Hpyen Dap, Tat Ma Masat (99) hte Ts.K.Hk Masat (16) Dap na hpyen hpung ni Shwe Gas Pipe Line bungli shang na masing a matu shamu shamawt nga ai lam hpe mung matut na chye lu ai.
Source ( Kachinnet)
ကချင်ပြည်နယ်အလယ်ပိုင်း တိုက်ပွဲတွင် မြန်မာ အစိုးရစစ်သား ၃ ဦးကျ
သေဆုံးဒဏ်ရာရရှိသောစစ်သားများသည် ဆင်ဘိုအခြေစိုက် ခလရ အမှတ် ၁၄၁ မှဖြစ်ပြီး ဒေသခံ KIA တပ်ရင်း ၅ နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA ကဆိုသည်။ KIA ဖက် ထိခိုက်ခြင်းမရှိကြောင်း သက်ဆိုင်ရာ KIA ရှေ့တန်းအရာရှိများပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဆင်ဘိုမြို့အနီး လောဒ်အောင် (Lawt Awng)နှင့် အင်လုံရှလားခ (Nlung Shala Hka) ချောင်းကြားမှာ ဖြစ်ပွားခဲ့သည်။
တရက်ထဲမှာ KIA ဖလပ်ဘွမ် (Hpalap Bum)ရွှေ့ပြောင်းတပ်ရင်းမှ ဗိုလ်မရန်ဘရန်နန်သည် ၀ိုင်းမော်မြို့နယ် ဆမားကျေးရွာအနီး မြန်မာစစ်တပ် မန်မော် (ဗန်းမော်)နယ်မြေခံတပ်ရင်း ခလရ အမှတ် ၄၇ စစ်သားများ၏ စောင့်ကြိုပစ်ခတ်မှုတွင် သေဆုံးခဲ့သည်။
ယခုလိုအခြေအနေမှာ မြန်မာ-KIO အဖွဲ့ကိုယ်စားလှယ်များသည် ယခုလ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၁၂ ရက်ကြား ဒီနှစ်ထဲ ဒုတိယအကြိမ် တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု ကချင်ပြည်နယ် လိုင်ဇာ ဗဟိုဌာနချုပ်မှ KIO အရာရှိများဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ နှင့် ၁၉ ရက်နေ့တွင် နှစ်ဖက်ကိုယ်စားလှယ်များ တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နိုင်ငံရေးကိစ္စ သဘောတူညီမှု မရခဲ့ပါ။
ရွှေလီတွေ့ဆုံပွဲစတင်ချိန်မှ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသမှလွဲပြီး ကျန်နယ်မြေများတွင် နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများ ယနေ့ ဗုဒ္ဓဟူးနေ့ထိ ရပ်ဆိုင်းထားဆဲဖြစ်သည်။
KIO က “ပထမဆုံး နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီး နောက်ဆုံးအဆင့်မှ လက်နက်တပ်ဖွဲ့ကိစ္စ ဆွေးနွေးရန်” သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသို့ တင်ပြထားသည်။
ကျွန်တော်က ပုသိမ်တက္ကသိုလ်ကျောင်းလမ်းမကြီးမှာ မိတ္တူဆိုင်ဖွင့်ထားတဲ့သူတယောက်ပါ. .
ခုလတ်တလောကြားရတဲ့သတင်းက တော်တော်လေးကို မမျှတဘူးလို့ ကျနော်ထင်မိတယ်
ပြည်သူလူထုရဲ့ အချစ်တော် အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ပုသိမ်မြို့ကို ခုလာမယ့် ဖေဖေါ်ဝါရီ 7 ရက်နေ့ လာရောက်မယ်လို့ သတင်းကြားလို့ ကျနော်တော်တော်လေး ပျော်ရွှင်ရတယ်. . ကျနော့်လိုပဲ အန်တီစု၊ အမေစုကို ချစ်ကြတဲ့ပုသိမ်မြို့သူမြို့သားတွေလည်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်တယ်. . . အမေစုရဲ့ မိန့်ခွန်းတွေလည်း နားထောင်ချင်တယ်. . လူကိုလည်း မျက်ဝါးထင်ထင် တွေ့ချင်မိကြတာပေါ့. . . အထူးသဖြင့် အမေစု ရဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ လူငယ်တွေ လူငယ်တွေကို စိတ်ဓါတ်ရေးအရ ကြံ့ခိုင်အောင် ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ထားချက်တွေ မိန့်ခွန်းတွေကို နားထောင်ရတာ တအားအားရကျေနပ်ရပါတယ်. ..
ဒါပေမယ့် ကျနော့်သူငယ်ချင်း တက္ကသိုလ်ဆရာတယောက်စီက ကြားလိုက်ရတဲ့သတင်းကြောင့် ကျနော် တော်တော်လေး တင်းသွားပါတယ်. .ဒေါသထွက်သွားပါတယ်. .. ခုလို မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး အခြေအနေအရပ်ရပ်မှာ ကောင်းမွန်တဲ့ ပွင့်လင်းတဲ့ စည်းစနစ်ကျတဲ့ နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းနိုင်တဲ့ အခြေအနေကို ဦးတည်သွားနေတဲ့ အခြေအနေမျိုးမှာ ကျနော်ကြားရတဲ့ ခုလိုသတင်းမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်. . ပြည်သူရဲ့ အပြည့်အ၀ထောက်ခံမှုကို ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ကို လာရောက်တဲ့နေ့တွေ ဖေဖေါ်ဝါရီ 6ရက်နဲ့ 7 ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲ ကျောင်းသားကျောင်းသူတွေကို Pre exam အနေနဲ့ စစ်မယ်လို့ သတင်းကြားလိုက်ရပါတယ်. . . အန်တီစု ကို တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ပေးမတွေ့ချင်တဲ့ သဘောပါပဲ. . အထက်က အမိန့်ပေးတယ်လို့ သတင်းကြားမိပါတယ်.. . . တကယ်တော့ နောင်တခေတ်ရဲ့ မဝေးတော့တဲ့ မြန်မာပြည်ရဲ့ အနာဂါတ်ကို ခေါင်းဆောင်ကြမယ့် ပညာတတ်လူငယ်လူရွယ်တွေဟာ နိုင်ငံရေးအသိစိတ်ဓါတ် အပြည့်ရှိနေရပါမယ် ကိုယ့်နိုင်ငံ နိုင်ငံတကာအဆင့်မှီ အရေးကိစ္စမှန်သမျှမှာ ပွင့်လင်းညင်သာ အဆင်ပြေစွာ စီးဆင်းရမယ့် အနေအထားမှာ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေကို ပိတ်ပင်တားဆီးတဲ့ အနေအထားမျိုးဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ပါဘူး လှူု့အခွင့်အရေးအရလည်း ငြိပါတယ်. .. . အထက်အာဏာပိုင်တွေဟာ ရည်ရွယ်ချက်မှားနေပါတယ်. ဆူညံအုန်းပွက် ဘာမှ အရေမရအဖတ်မရ စတိတ်ရှိုးပွဲတွေမှာတော့ လူငယ်လူရွယ်တွေဟာ ဖြစ်ချင်သလိုဖြစ်နေကြပြီး ခုလို့ ရင့်ကျက်တည်ငြိမ် လေးနက်တဲ့ လူငယ်တိုင်း နားထောင်ရမယ့် စကားမျိုးတွေ လူတွေကိုတော့ ပေးမတွေ့ပဲ ပေါ့ပျက်ပျက်အနေအထားမျိုးတွေမှာ လူငယ်တွေကို လွတ်ပေးထားတာဟာ. . . နိုင်ငံတနိုင်ငံကို ကောင်းမွန်စွာ Clean Government အနေအထားမျိုး လုပ်ဆောင်နေပါတယ်ကြွေးကြော်နေတာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာလို့ ကျနော် မှတ်ချက်ချလိုက်ပါတယ်. .. တိုင်းပြည်တပြည်ရဲ့ အနာဂါတ်ကောင်းမွန်ရေးဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေလက်ထဲမှာ ရှိပါတယ်. . အသိစိတ်ဓါတ်တွေ ဖွံဖြိုးတိုးတက်ဖို့ တအားလိုအပ်တဲ့ အခြေအနေမျိုးကို ပိတ်ပင်တဲ့ အနေအထားဖြစ်တဲ့အတွက် အထက်အာဏာပိုင်ဆိုတဲ့ ပုဂိုလ်တွေကို ကျနော် လုံးဝကို ရှုတ်ချပါတယ်. . . ပုသိမ်မြို့ကို လုံးဝကို အားမရပါဘူး. . . နောင်တခုက သူတို့စိုး၇ိမ်တာက လူငယ်တွေ ဆူညံပြီး ထိန်းမရသိမ်းမရဖြစ်မှာလို့ အကြောင်းပြပါမယ်. . တကယ်တန်းက လူငယ်တွေချစ်တဲ့ ပြည်သူချစ်တဲ့သူတယောက် ဦးဆောင်တဲ့ ကိစ္စမှန်သမျှဟာ ဘယ်လိုနည်းနဲ့မှ ဆူညံပြီး ထိန်းမရသိမ်းမရဖြစ်မှာ မဟုတ်ပါဘူး. . တအားထိန်းသိမ်း ကြပ်မတ်လွန်းရင် ပေါက်ကွဲထွက်တတ်တယ်ဆိုတဲ့ စိတ်ပညာသဘောတရားကို သူတို့တွေ နားမလည်ပါဘူး. . ခုထိ Army Style ကို ကျင့်သုံးနေတဲ့ Government ကို ရှုတ်ချပါတယ်
ကျနော်ဟာ နိုင်ငံရေးသမားတယောက် လုံးဝမဟုတ်ပါ ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပါတယ်
ခုလို လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အခြေအနေမျိုးမှာ ခုလို fucking blocking, restricting, တွေ ရှိနေတာဟာ ကျနော်တို့ ပုသိမ်မြို့အတွက် နိုင်ငံတခုလုံးအတွက်ကို မကောင်းတဲ့အနေအထားပါပဲ. . .
ဖြိုးထက်အောင်မြင့်
အာရှကျားတစ်ကောင် ရွှေမြန်မာဖြစ်ဖို့
သိသာ မြင်သာသည့် အရှိန်အဟုန်ဖြင့် ပြောင်းလဲခြင်းများက တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ်ငန်းရှင်များကို လှုပ်နှိုးနိုင်ခဲ့ပြီဖြစ်သည်..... ပြု ပြင် သင့် သည် များ ကို ပြု ပြင် .....
ပြောင်းလဲ သင့်သည်များကို ပြောင်းလဲလိုက်သဖြင့် တိုးတက်ဖွံ့ဖြိုးစေမည့် အဖူး အငုံများက
ဖူးပွင့် စွင့် အာ နိုင် ရန် တာဆူနေပြီ ဖြစ်တော့သည် ....
မြန်မာနိုင်ငံသို့ မကြာမီက လာရောက်သွားခဲ့သော ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့ကြီးကပင်
ကြွယ်ဝသည့် သဘာဝ အရင်းအမြစ်များ ...ငယ်ရွယ် ပျိုမျစ်သည့် အလုပ်အင်အားစုများ ..
စီပွားရေးဖွံ့ဖြိုးနေသည့် နိုင်ငံအချို့နှင့် နီးစပ်နေမှုများက မကြာသောကာလတွင် စီးပွားရေး
အင်အားကြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွင် ရှိနေသည် ဟု
ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါသည်..... မှန်ပါသည်.. ယခုပုံစံအတိုင်း ပြုပြင် ပြောင်းလဲမှုများကိုသာ လက်ကိုင်ပြုသွားမည်
ဆိုခဲ့ပါမူ စီးပွားရေးပညာရှင်များ မှန်းစထားသည့်အတိုင်း မြန်မာနိုင်ငံသည် အချိန်တို
အတွင်း အာရှ၏ နောက်ထပ် ကျားတစ်ကောင်ဖြစ်လာမှာ အသေအချာပင် ဖြစ်တော့သည်....
မကြာမီကာလက မြန်မာနိုင်ငံသို့ ခဏ အလည်အပတ်ပြန်ရောက်လာသော စင်္ကာပူ
နိုင်ငံတွင် အင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး၏ ပြောပြချက်အရ စင်္ကာပူ
နိုင်ငံမှ ဦးဆောင်အဖွဲ့များပင် မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းကြီးများကို မျက်ခြေ
မပြတ် စောင့်ကြည့်ပြီး စီးပွားရေး ယှဉ်ပြိုင်နိုင်ရန် တာစူနေရပြီ ဖြစ်သည်........
စီးပွားရေး ယှဉ်ပြိုင်နိုင်ရန် အလို့ငှါ သတိထား စောင့်ကြည့်ရသည့် အနေအထား
သို့ပင် ဆိုက်ရောက်နေပြီဖြစ်သည်.....
သိသာမြင်သာသည့် လက်ရှိအကျိုးဆက်များအရ အချိန်တိုအတွင်း အမိရွှေမြန်မာသည်
အာရှ၏ ကျားတစ်ကောင်ဖြစ်လာပါတော့မည်...သို့သော်..... ရေရှည် ရွှေကျားတစ်ကောင်ဖြစ့်ဖို့ ဆိုခဲ့ပါမူ......
ပြုပြင်ပြောင်းလဲမှုများကို အကျွန်ုပ်တို့အားလုံးက စတင်ရပါလိမ့်မည်.....
ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ အရိုးစွဲလာသော လူနေမှု အကျင့်စရိုက် ...
အလေ့အထ... စိတ်ဓာတ်များကို စတင် ပြုပြင် ပြောင်းလဲကြရပါမည်...
နိုင်ငံကြီးသားတို့ကျင့်သုံးလိုက်နာရမည့် ကျင့်ဝတ်များကိုလိုက်နာစောင့်ထိမ်းကြရပါမည်.....
ကိုယ်ကျင့်တရားများကို တန်ဘိုးထားကြရပါမည်..
မနာလို မရှုစိတ် ၀န်တိုမှုတို့ကို ဖယ်ခွာကြရပါမည်..
တာဝန်သိစိတ်..တာဝန်ယူမှုတို့ကို ကြိုးစားအားထုတ်ရပေလိမ့်မည်...
သို့မဟုတ်ပါမူ....
အိတ်ပေါက် နှင့် ဖားကောက်သကဲ့သို့ .... ဒုံရင်း..ဒုံရင်း ဖြစ်မှာသေချာနေပါသည်... အာရှ ၏ ရွှေကျား မဖြစ်ပဲ ... စက္ကူကျားသာ ဖြစ်နေပါလိမ့်မည်.....
ဤနေရာတွင် ဆရာဖေမြင့် ရေးသားခဲ့သော ...
ကုဋေရှစ်ဆယ်သူဌေးသားလို မွဲသွားသည့်တိုင်းပြည် ..ဆို့သည့် ဆောင်းပါး နှင့်
တွေးစ ဆင်ချင်မိပါသည်....
ကုဋေရှစ်ဆယ် သူဌေးသား ဘာကြောင့် မွဲသွားသနည်း ။
ဘိန်းစွဲသဖြင့် ရှိသည့်ပစ္စည်းကုန်သွားသည် မဟုတ် ..လောင်းကစားကြောင့်
ဆုံးရှုံးသွားသည်ဟုလည်း စာမှာမဆို ။ပညာမတတ် ၊ ဗဟုသုတလည်း မရှိ ၊
ကိုယ့် အမွေ အနှစ် ပစ္စည်း ဘယ်လောက် ဘယ်ရွေ့ ရှိမှန်း မသိ ၊ သိတာကို
လည်း မထိမ်းသိမ်းတတ်သဖြင့် လူတကာ လိမ်ညာလှည့်ဖြားတာ ခံရကာ
တောင်းစားရသည့် အဆင့်ထိ ရောက်သွားတာဖြစ်သည်။
ကုဋေရှစ်ဆယ် သူဌေးသားလို လူတစ်ဦးချင်းတွေသာ အလျှံပယ် ကြွယ်သည့်ဘ၀မှ
မွဲတတ်ကြသည် မဟုတ်၊ မထိန်းတတ်၊ မသိမ်းတတ်သည့် အခါ တိုင်းပြည်လိုက် ၊
လူမျိုးလိုက် မွဲသွားသည့် တိုင်းပြည်နိုင်ငံလေး တစ်ခုအကြောင်း.....
ပစိဖိတ် သမုဒ္ဒရာအလယ်က သာယာတဲ့ ကျွန်းနိုင်ငံလေး...
ပစိဖိတ် သမုဒ္ဒရာအလယ်ပိုင်း အီကွေတာမျဥိးတန်း၏ အောက်ဘက်နားလေး ကပ်လျက်မှာ
ကျွန်းကလေး သေးသေးတစ်ခုရှိသည်။ နာအူရူး (နောရူး) (Nauru) ဟု ခေါ်သည်။
ဧရိယာ (၈.၁) စတုရန်းမိုင်လောက်ပဲရှိသည်။ ကန့်လန့်ဖြတ်တိုင်းလျှင် အကျယ်ဆုံးနေရာမှာ
(၃)မိုင် လောက်သာရှိသည်။ ကျွန်းသူ/သားတွေဟာ နှစ်ပေါင်းထောင်ချီနေလာခဲ့သည့်
ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်သည်။ ၁၉၆၈-ခုနှစ်တွင် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာသည်။
ကမ္ဘာ အသေးဆုံးနိုင်ငံတစ်ခုဖြစ်သည်။
၂၀၁၀-ခုနှစ် စာရင်းအရ လူဦးရေ (၁၀၀၀၀)နီးပါးရှိသည်။
သူတို့ချမ်းသာပုံက .....
မူလကတော့ သူတို့မှာလည်း ဘာမှရှိသည် မဟုတ်။ သူတို့ကျွန်း ပတ်ပတ်လည်မှာက
သန္တကျောက်တန်း၊ ကမ်းခြေ၊ သဲသောင်ပြင်၊ အုန်းပင် နှင့် အခြားအပင်အချို့ပေါက်ရောက်ပြီး
အများစုသည် ငါးဖမ်း၊ ငှက်ပစ်၊ အုန်းသီးခူးစားပြီးနေထိုင်ခဲ့ကြသည်။ သည်နေရာမှာ
ရတနာကို စတွေ့သူက ကျွန်းသားများ မဟုတ်။ ပစိဖိတ် ကျွန်းစုများ ကုမ္ပဏီဟု ခေါ်သည့်
တိုင်းတစ်ပါး လုပ်ငန်းတစ်ခုမှ သင်္ဘောအရာရှိ တစ်ယောက် ဖြစ်သည်။
သူက ကျွန်း လယ် ရှိ ကျောက်ကုန်းခေါင်ခေါင်မှာ တွေ့ရသည့် ထူးဆန်းသော
ကျောက်ခဲတစ်ခုကိုယူလာခဲ့ပြီး ဓာတ်ခွဲကြည့်သည့်အခါအဖိုးတန်ပြီး အရည်အသွေးမြင့်မားသည့်
ဖော့စဖိတ် အရိုင်းတုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဤတွင် နာအူရူး ၏ကံကြမ္မာလည်း
ပြောင်းလဲသွားခဲ့သည်။ သည် ဖော့စဖိတ်များသည် မြေသြဇာအဖြစ်အလွန်တန်ဖိုးရှိသလို၊ယမ်းမှုန့်
လုပ်ရာတွင်လည်း အသုံးဝင်သည်။ ဈေးအလွန်ကောင်းသည်။ သို့နှင့် ၁၉၀၆ ခုနှစ်မှစတင်ကာ
နိုင်ငံခြားသားကုမ္ပဏီ လုပ်ငန်းရှင်များက နာအူရူး ကျွန်းလယ်ရှိ ဖော့စဖိတ် ရတနာမြေကို
နှစ်ပေါင်း(၆၀)ကျော်မျှ တူးဖော် ယူငင်ကာ အကျိုးစီးပွား ကြီးမားစွာ ခံစားခဲ့ကြသည်။
ချမ်းသာခဲ့ကြသည်။
၁၉၆၈-ခုနှစ်၊ တွင် လွတ်လပ်ရေးရသည့်အခါ နာအူရူး သားတွေသည် နေ့ချင်း ညချင်း
ပိုင်ရှင် သူဌေးတွေ ဖြစ်လာကာ အလျှံပယ် ကြွယ်ဝသော ဘ၀ကို ပြည့်ပြည့်၀၀ ခံစား ကြသည်။
လူတိုင်း အိမ်သစ် ရာသစ်နှင့် ရေမီး အပြည့်အစုံနှင့် ၊ တယ်လီဖုန်း နှင့် ခေတ်မီ အိမ်သုံး
ပစ္စည်းမျိုးစုံနှင့် ၊ အခမဲ့ ပညာသင်ကြားခွင့် ၊ အခမဲ့ ဆေးဝါးကုသခွင့် ၊အိမ်တိုင်းမှာ ကိုယ်ပိုင်ကား နှင့် ။
ပြည့်ပြည့် စုံစုံ ကြွယ်ဝ ချမ်းသာကြသည်။ပညာရေးဆိုလျှင်အခမဲ့ ပညာသင်ကြားရေးစနစ်။
ကျွန်းမှ စာသင်ကျောင်း၊တက္ကသိုလ်တွင်သာမဟုတ်သြစတြေးလျနှင့် နယူးဇီလန် မှာ
ကျောင်းသွား တက်ချင်သည် ဆိုလျှင်လည်း တစ်ယောက်စီအတွက် နှစ်စဉ် ဒေါ်လာ သောင်းချီ
အကုန်အကျခံကာ ပို့ပေးသည်။ ၀မ်းနည်းစရာ ကောင်းသည်က ကျွန်းအစိုးရက
အားပေးသလောက် နာအူရူး ကျွန်းသား ပညာတော်သင် ကလေးများက ထူးချွန်မလာခြင်းပင် ။
ကျန်းမာရေးဆိုလျှင်လည်း ... အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ၊ ကျွန်းဆေးရုံနှင့် မပြီး
နိုင်ငံခြား အထူးကု နှင့်ကုရမည်ဆိုလျှင် သြစတြေးလျသို့ ပို့ပြီး ကုပေးသည်။
စင်စစ် သြစတြေးလျက နီးလှသည်မဟုတ်၊ မိုင်ပေါင်း ထောင်ချီ ဝေးကွာလှသောခရီး ။
သည်ခရီးကို နာအူရူးသားတွေ လမ်းထိပ်က ကုန်စုံဆိုင်ကို သွားသလို ဥဒဟိုသွားလာနိုင်ရန်အတွက်
နာအူရူး လေကြောင်းလိုင်းကိုပင် အစိုးရက ဖွင့်ပေးထားသည်။ ဘိုအင်း ဂျက်လေယာဉ်ကြီး
ငါးစီးနှင့်ပင် သွားကြ ပြန်ကြ ၊ ဈေးဝယ်ကြ။ စိတ်ကူးရှိရာ လုပ်နိုင်သည့် ကာလပင်ဖြစ်သည် ။
လွတ်လပ်ရေးရပြီးနောက် နှစ်(၂၀)တာမျှ ဖြစ်သည့် (၁၉၇၀-၁၉၈၀) ပြည့်နှစ်များ အတွင်း
နာအူရူး သည် နိုင်ငံအလိုက် တစ်ဦးချင်းပျှမ်းမျှ ပြည်တွင်းထုတ်ကုန် ပမာဏ(ဂျီပီဒီ)တွင်
ကမ္ဘာအဆင့်မှာပင် (၂)ရှိသည် အထိအထွတ် အထိပ်သို့ ရောက်ခဲ့သည်။ သည်ကာလမှာ
အလျှံပယ် သုံးစွဲနေခဲ့ကြတာ မှန်သော်လည်း တစ်နေ့သောအခါ ကျွန်းပေါ်က ဖော့စဖိတ်တွေ
ကုန်သွားလိမ့်မည်။ အဲသည်အခါ ဆက်ပြီး ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက်အရင်းအနှီး
စုဆောင်းကာ အဲသည်အရင်းအနှီးများမှ အကျိုး အမြတ်တွေရနိုင်အောင်လုပ်ထားဖို့ လိုသည်ဆိုတာ
ကို သူတို့လည်း သိခဲ့ကြသည်။ သို့သော် သိသည် ဆိုသည်က အတိုင်းအတာ အမျိုးမျိုးရှိသည်။
သူတို့နှင့် ကုဋေ ရှစ်ဆယ် သူဌေးသား တူသည်က အဲသည်နေရာမှာ ဖြစ်သည် ။
အမှန်အတိုင်းပြောရလျှင် တချို့လူက ကိုယ်တိုင်က တစ်ပြားတစ်ချပ် မရှိ၊ သို့သော်
သူ့ထက် အများကြီးရှိသူကိုအကြံပေး ဥာဏ်ပေး လုပ်တတ်သည်။ ဘယ်ဟာကို
ဘယ်လို လုပ်လိုက်လျှင် ဘယ်လောက် အကျိုးအမြတ်ရရှိသွားမည်။ ငါက လက်ထဲ
မရှိလို့ ကြည့်နေတာ၊ မင်းလုပ်လိုက်ပါလား ၊ မင်းပိုက်ဆံတွေ ဒီအတိုင်းထားရင်
မှိုတက်သွားမယ် ၊ ပရုတ်လုံးလို လုံးပါးပါးသွားမယ်။ ကြာလေ တန်းဖိုးလျော့လေ ။
အဲဒီတော့ ထုတ်သုံးပြီး ထုတ်ပြီးရင်းနှီး ၊ အဲသည်က အကျိုး အမြတ်ကိုစား၊
အဲသည်လို စည်းရုံးတတ်သည်။
ကုဋေရှစ်ဆယ် သူဌေးသား မွဲသွားတာ အဲဒါကြောင့် ဖြစ်သည်။
ပညာရည် မပြည့်ဝတာလည်း ပါသည် ။ဘာမှ မလုပ်ပဲ ထိုင်စားခဲ့လျှင်ပင် ကုန်မည် မဟုတ်။
နားမလည်ပဲ ရင်းနှီးမြုပ်နှံမှုလုပ်တော့ လူလိမ်ခံရသည်။ အနည်းဆုံးတော့ သူများ ဖြတ်စား
လျှပ်စားလုပ်တာ ခံရရင်း ကုန်ရသည်။ နာအူရူး သားတွေ ထိုနည်းအတိုင်းခံရသည်။
အစိုးရက နှစ်စဉ် ဖော့စဖိတ် ရောင်းရငွေထဲမှ သတ်မှတ်ရာခိုင်နှုန်းတစ်ခု ဖဲ့ယူကာ
အနာဂတ်အတွက် ရန်ပုံငွေ တစ်ခု တည်ထောင်ခဲ့သည်။ တာဝန်ယူ လုပ်ကိုင်ကြသည့်
ကျွန်းသား မလယ်မ၀ယ်တွေ၊ နိုင်ငံတကာမှ လူလည်တွေ ။ စာရင်းချုပ်ကြည့်သောအခါ
၁၉၉၀ လောက်က ဒေါ်လာ သန်း ၁၂၀၀ လောက်ရှိသော ရန်ပုံငွေသည် နောက် (၁၀)နှစ်
ကြာသော အခါ (၁၀)ပုံ (၁)ပုံ လောက်သာ ကျန်တော့သည်။
မူလက စုဆောင်းငွေသည် မိသားစုတစ်စုလျှင် ဒေါ်လာ (၂)သန်းဖိုး လောက်ရှိရာ
တိုင်းပြည် တစ်ပြည်လုံးသန်းကြွယ် သူဌေးကြီးဟု ဆိုနိုင်သည်။
အတိုး ကလေးနှင့်ပင် ထိုင်စားခဲ့လျှင်ပင် အခြေအနေ ပျက်လိမ့်မည် မဟုတ်။
ယခုတော့ ...
နာအူရူး မှာ ကျွန်းလယ်ရှိ ရတနာမြေ တစ်ခုလုံးသည် ဖော့စဖိတ်တွေ တူးယူပြီး ၍
ကျင်းတွေ ချိုင့်တွေကျောက်စိုင် ကျောက်ငုတ်ကြီးတွေ နှင့် ရုပ်ပျက် ဆင်းပျက်
ကျန်ရစ်ခဲ့တော့သည် ။ ကမ်းခြေများမှ သယ်ယူပို့ဆောင်ရင်း ဖော့စဖိတ်မြေ ရေထဲကျသဖြင့်
ကမ်းခြေ ရေတိမ်ပိုင်းမှာ ငါး နှင့် အခြား ရေသတ္တ၀ါ အမြောက်အများ သေကျေ ပျက်စီးခဲ့ရပါပြီ။
အစိုးရမှာလည်း ၀င်ငွေ မရှိတော့သဖြင့် အလုပ်လက်မဲ့ဦးရေ ၉၀%လောက်အထိပင် ဖြစ် ပျက်ခဲ့သည်။
ယခင်က ဖောဖော သီသီ ၀ယ်ခြမ်း စားသောက်ခဲ့သော နာအူရူး သားတွေမှာ ယခုအခါ
စာနပ်ရိက္ခာသာမကသောက်သုံးရေပါ အခက်အခဲ ရှိလာတော့သည်။သည်ထက်ပို၍
ခက်ခဲသည်က လျှပ်စစ်ဓာတ် နှင့် လောင်စာစီပြသနာပင် ။ ယခုတော့ ပြသနာပေါင်းစုံ
ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာက အကူအညီတွေကို လက်ဖြန့် တောင်းခံနေရပါပြီ။
သည်ကြားထဲ ကျွန်းသားတွေ ခံစားနေရသည့် ဒုက္ခတစ်ခုရှိသေးသည်။
ကျွန်းသား(၁၀၀)မှာ (၉၀)လောက်က အ၀လွန်နေခြင်းဖြစ်သည်။ ကောင်းစားစဉ်ကာလ က
အတော်စား ခဲ့ကြသည်ကိုး ။ အ၀လွန်ခြင်းနှင့် ဆက်စပ်ကာ ဆီးချို၊ ကျောက်ကပ်၊ နှလုံး၊
သွေးတိုး ဖြစ်ပွားနေသူများ ကလည်း အလွန်များနေသည်။ လူဦးရေ၏ ၄၀% မှာ
ဆီးချိုရောဂါစွဲကပ်နေပြီဖြစ်သဖြင့် ကမ္ဘာပေါ်တွင် ဆီးချိုရောဂါ ဖြစ်ပွားနှုန်း
အများဆုံး အမြင့်မားဆုံး တိုင်းပြည် နိုင်ငံအဖြစ် စာရင်းပေါက်နေလေပြီ။
သည်ရောဂါတွေနှင့် အတူ သက်တမ်းတွေလည်း တိုကုန်နေကြပြီ။
အဲ့သည်တော့ နာအူရူး သားတွေ တိုင်းပြည်ရော လူမျိုးရော အဓွန့်ရှည်ဖို့ဆိုလျှင်
ကောင်းစားစဉ် ကာလကပျက်ခဲ့သော အမူ အကျင့် အနေအထိုင် အသုံးအဖြုန်းတွေ
အားလုံးကို ပြန်ပြင်ဖို့ လိုနေပေတော့သည် ။
သို့မဟုတ်လျှင်တော့ ...
ကုဋေရှစ်ဆယ် သူဌေးသားလို ဇာတ်သိမ်းမလှ ဖြစ်ရဖို့ များနေပေတော့မည် ။
ဤသည်က နာအူရူး (နောရူး) (Nauru) ကျွန်းနိုင်ငံလေး၏ အဖြစ်အပျက်များပင်ဖြစ်တော့သည်....
နာအူရူး (နောရူး) (Nauru) ကျွန်းနိုင်ငံလေး၏ အဖြစ်အပျက်များကို စံနမူနာယူရင်း ...
ကျွန်ုပ်တို့၏ အမိရွှေမြန်မာနိုင်ငံ ....
အာရှ ၏ ကျားတစ်ကောင်ဖြစ်ဖို့ ဆိုမူ ...
ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ/သား အားလုံး က စတင် ပြုပြင်ပြောင်းလဲကြပါစို့ဟု ဆန္ဒပြုရင်း .....
ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန် ကိုယ်စီ ရှိပါသည်......
လေးစားစွာဖြင့် ....
သင်ဆရာ..မြင်ဆရာ..ကြားဆရာများကို ဦးညွတ်
ပြည်ပငွေလွှဲ လုပ်ကိုင်ခွင့်ရသော ပြည်တွင်းဘဏ်အချို့ ဖေဖော်ဝါရီလတွင် လုပ်ငန်းစတင်မည် by Eleven
ပြည်ပရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားငွေ ပြန်လည်လွှဲပို့မှုကို လက်ခံနိုင်သော ၀န်ဆောင်မှု (Inward Remittance) ကို ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီလလယ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်း ထံမှ သတင်းရရှိပါသည်။
“အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးအနေနဲ့ မလေးရှားနဲ့ စင်ကာပူမှာ ပြည်ပငွေလွှဲလုပ်ငန်းတွေ လုပ်ကိုင်သွားမှာပါ။ မလေးရှားမှာက မလေးဘဏ်နှစ်ခုနဲ့ ချိတ်ထားတယ်။ သူ့ တို့က ဖေဖော်ဝါရီလဆန်းပိုင်းလာပြီး ညှိနှိုင်းဖို့ ချိန်းထားတယ်။ အဲဒီဘဏ် နှစ်ဘဏ်ထဲက တစ်ဘဏ်နဲ့ လုပ်ငန်း ဆောင်ရွက်သွားမှာပါ။ စင်ကာပူမှာတော့ ဖေဖော်ဝါရီလလယ် ၀န်းကျင် ကစပြီး လုပ်ငန်းဆောင်ရွက်မှာပါ။ စင်ကာပူမှာက Remittance လုပ်ငန်း နဲ့ပတ်သက်ပြီး လိုင်စင်ရှိပြီးသား လုပ်ငန်းနဲ့ ကျွန်တော်တို့ဘဏ်နဲ့ ပူးပေါင်းပြီး ဖွင့်လှစ်သွားမှာပါ။ စင်ကာပူမှာ ဖေဖော်ဝါရီလလယ်လောက် စပြီးတော့ မလေးရှားမှာ မတ်လအတွင်း စတင်သွားမှာပါ”ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားပါသည်။
ပြည်တွင်းပုဂ္ဂလိကဘဏ် လေး ဘဏ်သည် ပြည်ပမှငွေလွှဲအ၀င် လက်ခံခြင်းလုပ်ငန်း (Inward Remittance) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့ကလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ထို့ပြင် ပို့ကုန်သွင်းကုန် လုပ်ငန်းများအပါအ၀င် နိုင်ငံခြားဘဏ် လုပ်ငန်းကိုလည်း အဆိုပါဘဏ်လေး ဘဏ် အပါအ၀င် မြန်မာဘဏ် ၁၁ ဘဏ်က လုပ်ငန်းဆောင်ရွက်ခွင့်ရရှိ ထားကာ နိုင်ငံတကာ အသိအမှတ်ပြု နိုင်ငံခြားဘဏ် code နံပါတ်ဖြစ် သော swift code ကို လျှောက်ထား ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
ကမ္ဘောဇဘဏ်မှ အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က “ပြည်ပ ငွေလွှဲလုပ်ငန်းကို ဧပြီ၊ မေမှစတင် လုပ်ကိုင်နိုင်မှာပါ။ အဓိကကတော့ swift code လျှောက်ထားတာ မကျသေးလို့ပါ။ မတ်လကုန် ဧပြီလဆန်း ပိုင်းမှကျမယ် မှန်းပါတယ်။ ရပြီဆိုရင် ထိုင်း၊ စင်ကာပူ၊ မလေးရှား တင်မဟုတ်ဘဲ အာရှနိုင်ငံ တော်တော်များများနဲ့ ချိတ်ဆက်ပြီး ၀န်ဆောင်မှု ပေးသွားမှာပါ။ နိုင်ငံခြားဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုပိုင်းတွေကိုတော့ အရှိန်အဟုန်နဲ့ လုပ်နေပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ငွေလွှဲလုပ်ငန်းရော ပြည်ပ ပို့ကုန်သွင်းကုန်လို နိုင်ငံခြားဘဏ် လုပ်ငန်းကိုပါ ၀န်ဆောင်မှုပေးသွားမှာပါ”ဟု ရှင်းပြခဲ့ပါသည်။ ပြည်ပ ငွေလွှဲလုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်နေသော ပြည်တွင်းဘဏ်များမှာ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ကြောင်း သိရပါသည်။
တို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်
သူ့ကို ထောက်လှမ်းရေးက ဆေး တလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ တို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။
ကယ်တွေ ကြွေနေတဲ့ တိုင်းပြည် သို့ ခင်ညွန့် ကိုခွင့်လွှတ်သင့်သလား?(မြန်မာပြည်ကို လူညွန့်တုံးအောင် လုပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့် ရဲ့ လုပ်ရပ်တွေထဲ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။)
ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင...်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားတဲ့ ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက် တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေ တယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။ မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။
ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင် ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန် ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်း လည်း ဆရာဝန် တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
ဒေါက်တာ မင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လို ကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက် တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်း သိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်း ကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေ ချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွားနိုင် တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်းကြားခဲ့ ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာမင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေးက ဆေး တလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ် မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှူရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်း က ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေး ရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်း သိန်း တို့ကပဲ ကုသပေးခဲ့ပါတယ်။
ဒါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါက် တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင် နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီးတဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်။ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွားတာတဲ့။ ဒေါက် တာ စောလွင် တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာ ၀န်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်ကတော့ ထွက်ပြေးခဲ့ရပါ တယ်။
ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမ ယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသပေးခဲ့တာ ကျမရှေ့တင်ပါ။ ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့ အဖေ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက်လာခဲ့ပါတယ်။
ဘာမှ ထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက် ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေ မယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်။ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ် မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီး ရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုက လေး ကို ပြန်လာခဲ့ပါတယ်။
ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်း ရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာစောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာစောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်။ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စော လွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲ ကြိုးချ သတ်သေနေခဲ့ပါတယ်။
ဆရာ သေဆုံးရခြင်းအတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်း တဦးပါ။ ကျမတို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘတွေရဲ့ ခံစား ချက်က ဘယ်လောက်များ နာကျင်နေမလဲ။ ကျမတို့ရဲ့ အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာ လဲ……။ ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
သူဖုန်းစားများဘက်မှ ရပ်တည်ချက်
မန္တလေးမြို့ တော်စည်ပင်ကထုတ်တဲ့ သတင်းစာမှာ မန္တလေးမြို့ ပေါ်ရှိတောင်းရမ်းစားသောက်
သူတွေကို အရေးယူမည်လို့ ဖော်ပြထားပါတယ်။ကျနော်တော်တော်
မိတယ်ဗျာ။သူတို့ က မြို့ တော်မသန့် ရှင်းလို့ ဘာလို့ ပေါ့ဗျာ။ဒါလဲမှန်ပါတယ်။မြို့ တော်သန့် 
ရှင်းအောင်ကောသူတို့ ဂရုတစိုက်လုပ်လားလို့ တော့မေးစရာရှိလာပါတယ်။ဒီ့အပြင် ကျနော်
ငယ်ငယ်ကကြည့် ရတဲ့ သူတောင်းစားဂိုဏ်းတရုတ်ကားကို အမှတ်ရပါတယ်။နောက်ဆုံးခန်း
မှာ မင်းသားသတောင်းစားဂိုဏ်းချုပ်ကု
တာကို သတိပေးလိုက်ပါတယ်ခင်ဗျ အဲ့အချိန်မှာ သူတောင်းစားဂိုဏ်းချုပ်က ပြန်ပြောလိုက်တဲ့ 
စကားလေး ကျနော်အခုထိမှတ်မိနေသေးတယ် တိုင်းပြည်တပြည်ရဲ့ သူတောင်းစားတိုးတက်
နှုန်းဟာ ကျနော်မျိုးနဲ့ မဆိုင်ပါဘူး အရှင်မင်းကြီးနဲ့ သာဆိုင်ပါတယ်ဆိုတာပါပဲခင်ဗျာ။
ကကျလဲဆိုတာမစဉ်းစားသရွေ့ ကျနော်တို့ နိုင်ငံဘာမှတိုးတက်မှာမဟုတ်ပါ
ဖော်လန်ဖား ဖြုတ်ဦးနှောက်တွေနဲ့ လုပ်နေသရွေ့ မြန်မာပြည်က ပြည်သူတွေဒုက္ခရောက်ဦးမှာ
ပါ။ပြီးတော့ တခုမှတ်ထားရမှာက ဘယ်သူမှ သူတောင်းစားမဖြစ်ချင်ဘူးဆိုတာပါ
ဘာကြောင့်သူတောင်းစားဖြစ်နေရတယ်
စာနာစွာဖြင့်
ဒေါင်းခေတ်
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment