ကမ္ဘာ့သတင်းများ 16/03/2012
နိုင်ငံတကာသတင်း
ဆီးရီးယားအုံကြွမှု နှစ်ပတ်လည် သေဆုံးသူများပြား
ဆီးရီးယားနိုင်ငံမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့တာ ၁ နှစ်ပြည့်ချိန်မှာပဲ ကြာသပတေးနေ့က အတိုက်အခံတွေအပေါ် လုံခြုံရေးတပ်တွေရဲ့ နှိမ်နင်းမှုတွေအတွင်း လူပေါင်း ၂၃ ယောက်ထက်မနည်း သေဆုံးသွားကြောင်းအစိုးရပိုင် ရုပ်မြင်သံကြားမှာတော့ သမ္မတကို ထောက်ခံတဲ့ လူထုစုဝေးပွဲတွေကို ပြသခဲ့ကြောင်းနိုင်ငံအနောက်မြောက်ဘက်က Idlib ဒေသမှာ အလောင်း ၂၃ လောင်းကို စွန့်ပစ်ထားတာ တွေ့ရပြီး အလောင်းတချို့မှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ လက္ခဏာတွေကို တွေ့ရတဲ့အကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောကြောင်း နိုင်ငံပိုင် သတင်းတွေမှာတော့ Idlib ဒေသ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကိုင် အုပ်စုတချို့နဲ့ အစိုးရတပ်တွေ ပဋိပက္ခဖြစ်ပွားပြီး အကြမ်းဖက်သမား အများအပြားကို သုတ်သင်ခဲ့တယ်လို့ ကြေညာခဲ့ကြောင်းပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe ကတော့ အတိုက်အခံတွေကို လက်နက်တပ်ဆင်ပေးတာဟာ နောက်ထပ် ပြဿနာတွေ ကြီးထွားလာနိုင်တာမို့ ပြင်သစ်နိုင်ငံကတော့ လက်မခံဘူးလို့ ကြာသပတေးနေ့မှာပဲ ပြောခဲ့ကြောင်း သိရှိရသည်။
အမေရိကန်တပ်ဖွဲ့ အာဖဂန်ရွာတွေက ရုပ်သိမ်းရေး သမ္မတ Karzai တောင်းဆို
အာဖဂန်သမ္မတ Hamid Karzai က အာဖဂန်ရွာတွေမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းပြီး တခြားနေရာ တွေမှာ ပြန်လည်နေရာချထားဖို့ တောင်းဆိုလိုက်ကြောင်းဒီသတင်းပတ် အစောပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တဦးက အာဖဂန်ရွာသား ၁၆ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ဆိုတဲ့ပြဿနာ ပေါ်ပေါက်ခဲ့ပြီးနောက် အခုလိုတောင်းဆိုလိုက်ကြောင်း သိရသည်။
ချုံချင်းမြို့တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ရာထူးကဖယ်ရှားခံရ
တရုတ်နိုင်ငံ ချုံချင်းမြို့က လူချစ်လူခင်များတဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် Bo Xilai ကို ရာထူးကနေ ဖယ်ရှား လိုက်ပါတယ်။ သူ့ရဲ့ လက်ရုံးတယောက်နဲ့ ပါတ်သက်နေတဲ့ နိုင်ငံရေး ပြဿနာတခု ဖြစ်နေချိန်မှာ Bo Xilai ရာထူးကနေ ဖယ်ခံရတာဖြစ်ကြောင်း Bo ရဲ့နေရာမှာ ဒုဝန်ကြီးချုပ် Zhang Dejiang ကိုလွှဲပြောင်းခန့်အပ်လိုက်တယ်ဆိုတဲ့ ကြေညာချက်တိုလေးကို အစိုးရပိုင် ရှင်ဟွာသတင်းက ဒီကနေ့ ဖေါ်ပြပါကြောင်းအသက် ၆၂ နှစ် အရွယ် Bo Xilai ဟာ တရုတ်နိုင်ငံမှာ အာဏာအရှိဆုံး ပေါ်လစ်ဗြူရို အမြဲတမ်းကော်မတီ ခေါင်းဆောင် ရာထူးအတွက်ကိုတောင် လျာထားခံရသူဖြစ်ကြောင်း
ဒါပေမဲ့ သူ့ရဲ့ ရဲချုပ်တာဝန်ကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ Wang Lijun က ချန်ဒူးမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့လက သွားပြီး ခုလှုံခွင့် တောင်းခံဖို့ ကြိုးစားခဲ့ တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီးထဲက Bo Xilai ရဲ့ ရပ်တည်ချက်အပေါ် သံသယပွား ခဲ့ကြကြောင်း
Wang ကိုတော့ ချုံချင်းမြို့ ဒုတိယမြို့တော်ဝန်ရာထူးကနေ ဒီကနေ့ ကြာသပတေးနေ့မှာ ဖယ်ရှား လိုက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ် လို့ ရှင်ဟွာသတင်းမှာ ဖေါ်ပြထားကြောင်း သိရသည်။
အစ္စရေးသည် မိမိကံကြမ္မာ အရှင်သခင်ဖြစ်ရမည်ဟု နေတန်ယာဟုက အိုဘားမားကို ပြောကြား
ဝါရှင်တန် - အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန် နိုင်ငံအား တစ်ဖက်သတ် ဗုံးကြဲတိုက်ခိုက်ပိုင်ခွင့်ဆိုသည့် ၎င်း၏ ခိုင်မြဲသော အယူအဆကို ကာကွယ်ရင်း "အစ္စရေးသည် မိမိကံကြမ္မာ၏ အရှင်သခင်ဖြစ်ရမည်" ဟု အမေရိကန်သမ္မတ ဘာရက်အိုဘား မားအား မတ်လ ၅ ရက်နေ့တွင် ပြောကြား လိုက်ကြောင်းသိရသည်။ကွန်ဂိုနိုင်ငံရှိ စစ်လက်နက်ပစ္စည်းများ ထားရှိသည့် ဂိုဒေါင်များ ပေါက်ကွဲ
ဘရာဇာဗီးလ် - ကွန်ဂိုနိုင်ငံ၏ မြို့တော် ဘရာဇာဗီးလ်တွင် မတ်လ ၄ ရက်နေ့က စစ်လက်နက်ပစ္စည်းများ ထားရှိရာ ဂိုဒေါင်နှစ်ခု၌ ပြင်းထန်သော ပေါက်ကွဲမှု များဖြစ်ပွားခဲ့ရာ အဆောက်အအုံများ၊ နေအိမ်များနှင့် ကက်သလစ် ဘုရား ကျောင်းများပျက်စီးပြီး လူ ၁၄၆ ဦး သေဆုံးကာ လူရာပေါင်းများစွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။လူငယ်ခေါင်းဆောင်ကို တာဝန်ရပ်မှစဲ
အာဏာရ အာဖရိ က အမျိုးသားကွန်ဂရက်ပါတီ ANC က ၎င်းလူငယ်ခေါင်းဆောင် ဂျူးလိယက် မာလီမာကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် တာဝန်မှရပ်စဲလိုက်ကြောင်းသိရသည်။ပါကစ္စတန်တွင် အမေရိကန်မောင်းသူမဲ့ လေယာဉ်များက ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက် မှုကြောင့် စစ်သွေးကြွငါးဦးသေဆုံး
မီရန်ရှား- အာဖဂန်နယ်စပ်အနီး ပါကစ္စတန် အနောက်မြောက် မျိုးနွယ်စု နယ်မြေတွင် ဖေဖော်ဝါရီလ ၁၆ ရက် နေ့က အမေရိကန် မောင်းသူမဲ့လေယာဉ် မှ ပစ်ခတ်မှုကြောင့် တိုက်ခိုက်ရေး သမား ငါးဦးသေဆုံးပြီး စစ်သွေးကြွ ခြံဝင်းပျက်စီးသွားခဲ့သည်ဟု လုံခြုံရေး အရာရှိများက ပြောကြောင်းသိရသည်။'နျူ'အစီအစဉ်များ ရပ်ဆိုင်းပေးမည်ဟု မြောက်ကိုရီးယား အစိုးရသစ် ကြေညာပြီ
ဆိုးလ် - မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအီးလ် သေဆုံးပြီးနောက် သုံးလခန့်ကာလအတွင်း ထူးထူး ခြားခြား ထောက်ပံ့ခဲ့သည့် အမေရိ ကန်၏ ရိက္ခာ ကူညီမှုအတွက် တုံ့ပြန်သည့်အနေဖြင့် မိမိတို့၏ နျူကလီးယား စမ်းသပ်မှုများနှင့် ယူရေနီယံ သန့်စင်ရေးအစီအစဉ်များကို ရပ်ဆိုင်းပေးပါမည်ဟု မြောက်ကိုရီးယား အစိုးရက ကြေညာကြောင်းသိရသည်။ဩစတြေးလျ သန္တာကျောက်တန်းများ၏ ရေအောက်ကမ္ဘာ
ဆစ်ဒ်နီ- ကြီးမားကျယ်ပြန့်သော သန္တာကျောက်တန်းကြီး "The Great Barrier Reef" ကို မြေပုံရေးဆွဲ ပြုစုနေ ကြသော ဩစတြေးလျ သိပ္ပံပညာရှင်များ သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်လာသော သက်ရောက် မှုများကို မီးမောင်း ထိုးပြနိုင်ရန်အတွက် ၎င်းတို့၏တွေ့ရှိ ချက်များကို ဂူးဂဲလ်နှင့် ပူးပေါင်း၍ ထုတ်လွှင့်ပြသ တော့မည်ဟု သိရှိရသည်။ဆူနာမီကြောင့်သေသူများ၏ အရိုးပြာကို ဂျပန်ဘုန်းကြီးတစ်ပါးထိန်းသိမ်းထား
ယာမာမိုတို - ဂျပန်ငလျင်ဆူနာမီ ရေလှိုင်းကြောင့် သေဆုံးခဲ့သူပေါင်း ၁၉,၀၀၀ အနက် ရာချီ၍ရှိနေသော ရုပ်အလောင်းများကို လာရောက် စုံစမ်းထုတ် ယူခြင်း မရှိသေးပေ။ ယင်းရုပ်အလောင်းများအနက်မှ အချို့၏ ပြာမှုန့်နှင့် အရိုးများကို ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးတစ်ပါးက ကရုဏာသက်စွာဖြင့် သိမ်းဆည်းထား ဆဲဖြစ်သည်။တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာရှင်များက ၀ိညာဉ်မဲ့ သတ္တ၀ါကလေးတွေကို ရှင်သန်မှု တစ်မျိုးပေး သတဲ့လား
နယူးယော့ခ်- လောကမှာ လူတွေလည်း ရှိတယ်။ ကြွက်တွေလည်း ရှိတယ်။ ဒါပေမယ့် မင်္ဂလာမရှိပေမယ့်ဝါသနာ ပါလို့ လုပ်နေကြတဲ့ လုပ်ငန်းတစ်မျိုးကြောင့် လူတွေနဲ့ အသွင်တူတဲ့ ကြွက်တွေ ကိုလည်း တွေ့မြင်ကြရကြောင်းသိရသည်။ဘီဘီစီဝေါလ်ဆားဗစ် နှစ် ၈၀ ပြည့်ပြီ
လန်ဒန် - အသုံးစရိတ် အမြောက်အမြား ဖြတ်တောက်သည့်ကြားမှ ၎င်း၏ ရေဒီယို ပရိသတ်များ တိုးတက်များပြားလာမှုကို ၀မ်းသာအားရ ကြိုဆိုလျက်ရှိသော ဘီဘီစီ နိုင်ငံတကာ အသံလွှင့်အစီ အစဉ်သည် ဖေဖော်ဝါရီလ ၂၉ နေ့တွင် ထုတ်လွှင့်မှုသက်တမ်း နှစ် ၈၀ ပြည့် မြောက်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့ အလယ်ခေတ် ပိတ်ဆို့ တိုက်ခိုက်မှုပမာ ဖြစ်နေ
လန်ဒန် - ဟုမ်းစ်မြို့တွင် ဒဏ်ရာရရှိ ခဲ့သော ဗြိတိသျှဓာတ်ပုံသတင်းထောက် တစ်ဦးက ၀ိုင်းဝန်းပိတ်ဆို့၍ အမြောက် လက်နက်ကြီး များဖြင့် တရစပ်ပစ်ခတ် ထားခြင်းခံနေရသော ဆီးရီးယား မြို့တော်သည် အလယ်ခေတ်ရန်သူများ ကို ၀ိုင်းဝန်းပိတ်ဆို့ပြီး သတ်ဖြတ် ချေမှုန်း ခြင်းခံရသော မြို့ကြီးတစ်မြို့ပမာ အလူး အလဲခံနေရကြောင်း သောကြာနေ့တွင် ပြောကြားလိုက်ပြီး ၎င်းက ဒမတ်စ်ကတ်စ အစိုးရအား လူသတ်သမားများ အဖြစ် ပြစ်တင်ရှုတ်ချလိုက်ကြောင်းသိရသည်။တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် လယ်သမားများ၏ မြေယာအခွင့်အရေး မည်သူမျှ မချိုးဖောက်ရ
ပေကျင်း - လယ်သမားများမြေယာ အခွင့်အရေးများကို ထိပါးချိုးဖောက်မှု များ မပြုလုပ်သင့်ကြောင်း တရားဝင်မြေ သိမ်းခြင်းကို ဆန့်ကျင်သည့် သင်္ကေတ ဖြစ်သော ၀ူခန်းရွာတွင် ရွေးကောက်ပွဲ များပြုလုပ်ပြီး တစ်ရက်အကြာ မတ်လ ၅ ရက်နေ့တွင် တရုတ် ၀န်ကြီးချုပ်က ပါလီမန်တွင်ပြောကြားခဲ့ကြောင်းသိရသည်။Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment