နောက်ဆုံးရမြန်မာသတင်းများ မတ် ၃၁ ရက်၊ ၂၀၁၂
ရွေးကောက်ပွဲသတင်းများ အန်အယ်လ်ဒီ တိုက်ရိုက် ထုတ်ပြန်သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက် တနင်္ဂနွေနေ့တွင် ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှ တိုက်ရိုက်ထုတ်ပြန်မှု ပြုလုပ်သွားမည်ဟု သိရသည်။

ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးရှေ့တွင် LED ဆိုင်းဘုတ်တခု ယနေ့ တပ်ဆင်ထားပြီး အဆိုပါဆိုင်းဘုတ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ဖော်ပြပေးသွားမည်ဟု အန်အယ်လ်ဒီပြန်ကြားရေးဌာနက ဆိုသည်။

မဲဆန္ဒ္ဒနယ်မြေအသီးသီးရှိ ပါတီပြန်ကြားရေးဌာနများအနေဖြင့်လည်း အဖွဲ့ချုပ်ရုံး (ဗဟို)သို့ တနာရီခြားတကြိမ် သတင်းအချက်အလက်များ ပေးပို့ရန် ညွှန်ကြားထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။ အန်အယ်လ်ဒီပါတီသည် တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ စုစုပေါင်း ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မဲဆန္ဒနယ် ၄၀ ၀န်းကျင်လောက် နိုင်မယ်လို့ မျှော်လင့်ပါတယ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိသည့် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုနှင့် ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား မတ်လ ၂၁ ရက်နေ့၌ တွေ့ဆုံမေးမြန်းထားသည်။
- ဦးဉာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
* အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးမှု နည်းဗျူဟာကို ရှင်းပြပေးပါ။
အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း ပေါ်မှာ အခြေပြုပြီးလုပ်တယ်။ ဒီရွေးကောက်ပွဲ ကြေညာစာတမ်း မှာပါတဲ့ အချက်တွေကို ပြည်သူတွေအားလုံး နားထဲ လက်ထဲ ရောက်အောင် အန်ကယ် ကြိုးစားလုပ် တယ်။ အန်ကယ်တို့လုပ်တဲ့ ကာလမှာ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေ အများကြီးရှိတယ်။ လူတိုင်း သိနေတဲ့ မဲ စာရင်းတွေက အလွန့်အလွန်ကို မှားနေတယ်။ ဘာ ကြောင့်ဖြစ်လဲ စဉ်းစားတဲ့ အခါမှာ အောက်ခြေ ကော်မရှင်ရုံး တွေက ရုံးမရှိဘူး။ ၀န်ထမ်းမရှိဘူး။ လိုအပ်တဲ့ စက်ပစ္စည်းတွေမရှိဘူး။ အဲတော့ သူတို့က လည်း နိုင်သလောက်အင်အားနဲ့ပဲ လုပ် လို့ ဒီလိုဖြစ် တယ်လို့ နားလည်ထားတယ်။ အဲဒီလို မဲစာရင်းမပြည့်မစုံတာတွေဟာ အခုထိ မပြေလည်သေးဘူး။ မဲစာရင်းကို မရတဲ့နေရာတွေ၊ ဥပမာ တောင်တွင်းကြီးမှာ မရသေးတဲ့ကျေးရွာတွေ အများကြီး ရှိသေးတယ်။
* အဲဒီပြဿနာကို ဧပြီ ၁ ရက်နေ့အထိ ဖြေရှင်းလို့ မပြီးဘူးဆိုရင် ဘယ်လို ဖြစ်လာမလဲ။
ဖြေရှင်းလို့မပြီးဘူးဆို အန်ကယ်တို့ရဲ့ အဖွဲ့ဝင်တွေကိုမှာနေတာ။ အန်ကယ် တို့မှာ မဲရုံကိုယ်စားလှယ်၊ မဲရုံအကူ ကိုယ် စားလှယ် နှစ်ယောက်ရှိတယ်။ ဒီနှစ် ယောက်ကို ဒီအမှားအယွင်းစာရင်းကို ကိုင်ခိုင်းထားမယ်။ မဲလာပေးလို့ ဒီအမှား စာရင်းထဲကဆို ကန့်ကွက်ရမယ်။ ဒါ နောက်ဆုံး Checkpoint ပဲလို့ နားလည် ထားတယ်။
* ၂၀၁၀ တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မှတ်ပုံလည်းမတင်ဘူး၊ ၀င်လည်းမပြိုင်ဘူးပေါ့နော်။ အဲဒီ ရွေးကောက်ပွဲကို မြင်ခဲ့ရတာနဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပေးပါလား အန်ကယ်။
၂၀၁၀ မှာတုန်းကတော့ မဲစာရင်းကို ကူးလို့ရှိရင် တစ်မျက်နှာကို ကျပ် ၂၀၀ ပေး ရတယ်။ အလွန်များတယ်။ မဲစာရင်း စာရွက်ကလည်း ထောင်ချီနေတော့ ငွေ အများကြီးကုန်တဲ့အတွက် မကူးကြဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတော့ မသိဘူး။ ကျန် ပါတီတွေ ဘယ်သူမှမကူးဘူး။ မကူးတော့ စစ်ဆေး ကြည့်ဖို့ အခက်အခဲရှိတယ်။ မလုပ်နိုင် ဘူး။ မစစ်ဆေးနိုင်တဲ့အချက်တွေကိုပဲ တချို့ကော်မရှင်တွေက အဲဒါကိုပဲ ထိုး တင်ပေးလိုက်တဲ့သဘော။ ၂၀၁၀ တုန်း က ရှိပြီးတော့ ယနေ့ကွယ်လွန်သွားကြတဲ့ လူတွေ (စာရင်းထဲမှာ) အဲဒီအတိုင်းရှိနေ တယ်။ အဲဒါကြောင့် အဲဒီလိုဖြစ်နိုင်တယ် လို့ တွက်တာ။
* ဒါဆို ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှုရှိတယ် မရှိ ဘူးဆိုတာကျတော့ အန်ကယ်တို့ ဒီ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ် ဆေးမှာလား။
ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတယ်လို့ ပြောရတဲ့ အဆင့်ကို အန်ကယ်တို့ အများကြီး စိုးရိမ်တယ်။ အန်ကယ်တို့ အခုလုပ်နေ တာလည်း မဲစာရင်းတွေကိုပြင်ဖို့ ပြုဖို့ လိုတာတွေထည့်ဖို့၊ မှားတာတွေပြင်ဖို့ လုပ်နေတာဟာ တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့လုပ်နေတာ။ အင်န် အယ်လ်ဒီပါတီတစ်ခုတည်း အကျိုးခံစား ရမှာမဟုတ်ဘူး။ ပါတီအားလုံး အကျိုး ခံစားရမယ့် အလုပ်ကို လုပ်နေတာပါ။
* တကယ်လို့ ရွေးကောက်ပွဲဟာ တရား မျှတမှုမရှိခဲ့ဘူးဆိုရင် ရွေးကောက်ပွဲ အပြီးမှာ အန်ကယ်တို့ ဘာဆက်လုပ် မှာလဲ။
ကမ္ဘာပေါ်မှာ ဘယ်ရွေးကောက်ပွဲ ဖြစ်ဖြစ် ချို့ယွင်းချက်ရှိတာပဲ။ ချို့ယွင်း ချက်လေးတွေ့ရုံနဲ့ free and fair မဖြစ် ဘူးလို့လည်း ပြောလို့မရဘူး။ အားလုံး ခြုံငုံပြီးတော့မှ ပြောလို့ရတော့မယ့် ကိစ္စ။ အခုလည်း ရွေးကောက်ပွဲနီးလာ ပြီ၊ ပြဿနာတွေ များတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ဘယ်လောက်ထိ မျှမျှတတ မဲရုံမှူးတွေက ကြီးကြပ်မလဲ။ အန်ကယ်တို့ကရော ဘယ်လောက် ထောက်ပြနိုင်မလဲ။ ဒီအပေါ်မှာ မူတည် ပြီးမှ free and fair ဆိုတာကို အန်ကယ် တို့ ပြန်သုံးသပ်ရမှာပေါ့။
* ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည် ထောင်စုအဆင့်က ၄၆ နေရာပဲရှိတာ ဆိုတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ပြောင်းရေးမှာ ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိမယ်လို့ ထင်ပါသလဲ။
အရေအတွက်အားဖြင့် ပြောမယ်ဆို ရင်တော့ အရေအတွက်က ရာခိုင်နှုန်း အများကြီးနည်းပါတယ်။ ဒါပေမယ့် အန်ကယ်တို့ရဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ၊ ပြည်သူတွေ အကျိုးရှိမယ့်ကိစ္စတွေကို ဒီလောက်နည်းနည်းနဲ့လည်း လွှတ်တော် မှာ တင်ပြနိုင်တယ်။ ဥပဒေကြမ်းလုပ်နိုင် တယ်။ မေးခွန်းထုတ်နိုင်တယ်။ အန်ကယ် တို့လုပ်တာသည် ပြည်သူကို အကျိုးပြု တာဖြစ်လို့ ကျန်သော လွှတ်တော်ကိုယ် စားလှယ်တွေကလည်း ပါဝင် နိုင်တယ်လို့ အန်ကယ်တို့ ယုံကြည်ထားတယ်။
* အန်ကယ်တို့ ၀င်ပြိုင်မယ့် ၄၇ နေရာ မှာ ဘယ်နှနေရာလောက် နိုင်မယ် လို့ ကြိုခန့်မှန်းထားလဲ။
အန်ကယ်တို့ခန့်မှန်းခြေကတော့ ၄၀ ၀န်းကျင်လောက်တော့ နိုင်လိမ့်မယ်လို့။ ဒါပေမယ့် ဆောင်ရွက်နေတာကတော့ ၄၇ နေရာ စလုံးနိုင်အောင်လို့ ဆောင်ရွက် နေပါတယ်။

ဒါရိုက်တာချိုတူးဇော်က အပိတ်ခံ “လွမ်းစိမ့်”ဇာတ်ကား အယ်လ်အေတွင် အခမဲ့ပြတော့မည်
ကချင်ပြည်တွင်စစ်ဘေး ဒုက္ခသည်များကူညီရေး နှိုးကြားမှုနှင့် အလှူဒါနပြုနိုင်ရေး ရည်ရွယ်ြ့ပီး ဧပြီ ၂၈၊ အယ်လ်အေရှိ အောင်ဇေခန်းမတွင် အယ်လ်အေသြဂနိုင်ဇာဖော်ဘားမားနှင့် မန္တလေးဂေဇက်အဖွဲ့တို့၏ ၀ို်င်းဝန်းကမကထပြုမှုဖြင့် ၀င်ကြေးအခမဲ့ ပြသမည်ဟု ကြော်ငြာလိုက်သည်ကို တွေ့ရသည်။
နေပြည်တော် ပုပ္ဗသီရိတွင် မဲရုံ ၁၈ ရုံ တိုးလာ

နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် မဲပေးနိုင်သူစာရင်း ၃၀၀၀ ခန့် ထပ်တိုးလာသဖြင့် မဲရုံ ၁၈ ရုံ တိုးချဲ့ချထားကြောင်း ယင်းမြို့နယ်တွင် ၀င်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်လောင်း ဦးဇေယျာသော်က ပြောသည်။ ပုပ္ဗသီရိတွင် မူလက မဲပေးနိုင်သူပေါင်း ၅၄၂၂၇ ဦး ရှိသည်ဟု မြို့နယ်ကော်မရှင်က ထုတ်ပြန်ခဲ့သော်လည်း ယခုလ ၂၉ ရက်နေ့တွင် မဲပေးနိုင်သူ ၅၇၀၀၀ ကျော်ဟု ကြေညာပြီး မဲရုံများ တိုးချဲ့ချထားခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး အနိုင်ရခဲ့သည့် ပုပ္ဗသီရိမြို့နယ်တွင် အဆိုတော်လည်းဖြစ်သူ NLD အမတ်လောင်း ဦးဇေယျာသော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းဌေးတို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။


တစ်ကမ္ဘာလုံးက စောင့်ကြည့်နေသည့် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ
ဘယ်လိုပါတီတွေ အားသာမလဲ ဆိုတော့ ပါတီကြီးတွေ အားသာ မယ်ပေါ့။ ပါတီကြီးနှစ်ခု ရှိတဲ့အ ထဲက အဆင် ပြေတာရသွားမယ်။ နောက် တိုင်းရင်းသားဒေသ နေရာ တွေမှာလဲ သူဟာနဲ့သူ အားသာမယ်လို့ ယူဆရတယ်။ ရွေးကောက်ပွဲ ဆိုတာတော့ ပြောလို့ရတာ မဟုတ်ဘူး။ ဘယ်ရွေးကောက်ပွဲမှတော့ ပြဿနာမရှိတာ မရှိဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် လွတ်လပ်မျှတမယ်လို့ ယူဆပါတယ်။
လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန် မီဒီယာ ပါဝင်စေလို
လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဆောင်ရွက်ထား ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းပြလိုပါကြောင်း၊ မီဒီယာပိုင်းက လည်း ပါဝင်ကူညီစေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စောင့်ကြည့်လေ့လာ သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ ပြောကြား
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲတွင် စောင့်ကြည့် လေ့လာမှုများပြုလုပ်ရန် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှု ကွန်ရက်ကို မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့က ကြေညာ လိုက်သည်။
"ဆိုးဆိုးရွားရွား မဲညစ်မှုတွေတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်"
မိတ္ထီလာဆိုတာ ကိုယ့်ဒေသလည်း ဖြစ်တယ်။ လွှတ်တော်ထဲရောက်ရင် ဒီဒေသအတွက် ဦးစားပေးပြီးလုပ်မယ်။ ဒေသခံတွေ လူနေမှု ဘ၀မြှင့်တင်ရေး အတွက် လုပ်ပေးချင်တဲ့အတွက် မဲပေး သင့်ပါတယ်။ ပြီးတော့ ၀န်ထမ်းတွေ အကျင့်ပျက်ခြစားတာမျိုးတွေကို ပြုပြင် ချင်တယ်။ သူတို့အတွက်လုပ်ပေးဖို့က နှစ်နဲ့ချီပြီး အချိန်ယူရမယ်။ ပြီးတော့ ကလေးတွေ ကျောင်းပညာရေးအတွက် လည်း အချိန် ယူပြီးလုပ်ဆောင်ရမယ်။ ချက်ချင်းလုပ်ပေးနိုင်တာဆိုရင်တော့ အခု တောင်သူလယ်သမားတွေအတွက် လယ်ယာထွက်ကုန် တွေကို ဈေးကောင်း ရအောင် လုပ်ပေးနိုင်မယ်၊ ဈေးကွက် စီးပွားရေး ကောင်းအောင်လုပ်ပေးနိုင် မယ်ဆိုရင် သူတို့တွေအတွက် အများကြီး အထောက်အပံ့ပေးနိုင်လိမ့်မယ်။ ဒါတွေ ကို ဦးစားပေးလုပ်ဆောင်ပါမယ်။
တန်ဖိုးရှိတဲ့ မဲတစ်ပြား ပယ်မဲလေးတော့ မဖြစ်စေချင်
လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ အတွက် အစိုးရဘက်က ကတိတွေ ပေးနေချိန်မှာ ပြည်သူ တွေဘက်က လည်း ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းကလို မိမိမဲကို တန်ဖိုးရှိတဲ့မဲဖြစ်စေဖို့ ကြိုးစား မဲပေးဖို့လိုတယ်လို့ ရွေးကောက်ပွဲ လေ့လာသူတွေက ပြောဆိုကြပါတယ်။
ဥပဒေနှင့်မညီသည့် ကြိုတင်မဲလျှောက်ထားမှုများကို စိစစ်ပယ်ချ
လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ဇမ္ဗူသီရိမြို့နယ်၊ လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ရှိ ၀န်ထမ်း အချို့၏ ဥပဒေနှင့် မညီသည့် ကြိုတင် မဲပေးရန် လျှောက်ထားခဲ့မှုကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်က ပယ်ချ လိုက်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

ဝန်ထမ်းအများစု လွတ်လပ်စွာ မဲပေးလိမ့်မည်ဟု ယုံကြည်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲဖြစ်မည်ဟု ကတိပေးထား သည့်အတွက် ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိ မဲဆန္ဒ နယ်များရှိ စစ်ဘက်၊ အရပ်ဘက်၌ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ၀န်ထမ်းအများစု လွတ်လပ်စွာ မဲပေး လိမ့်မည်ဟုယုံကြည်ကြောင်း ကိုယ်စား လှယ်လောင်းများက ပြောသည်။
မရမ်းကုန်းမြို့နယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးခင်လှိုင်(ဇောတိက)
ကျွန်တော့ကို ရွေးချယ်သင့်တယ်လို့ ကျွန်တော် မပြောချင်ဘူး။ ဒါ ပြည်သူ့ဆန္ဒပဲ။ ကျွန်တော့ရဲ့ လက်ကမ်း ဂျာနယ်မှာလည်း ဦးခင်လှိုင်ကို မဲပေးကြစို့ဆိုတဲ့စကား တစ်ခုမှမပါပါဘူး။ အခု ကျွန်တော် အောင်နိုင်ရေး လုပ်တယ်ဆိုတာ အလုပ်သဘောသာလုပ်တာ။ စိတ်ထဲမှာ မဲပေးစေဖို့ ဆိုတာထက် ပြည်သူလူထုကို နိုင်ငံရေး အတွေးအခေါ်တွေ၊ အသိတွေ ပြန့်ပွားရေး အတွက် နဂါးနီနိုင်ငံရေး ကွန်ရက်ခေါင်းဆောင် အနေနဲ့ ဆောင်ရွက် နေတာ။ ကျွန်တော် ဘယ်လို လူမျိုးဆိုတာထက် ပြည်သူ တွေကြားထဲက ထွက် လာတဲ့ ပြည်သူတစ်ယောက်ရဲ့ နိုင်ငံရေးခံယူချက် တွေက သူတို့နဲ့တစ်သားတည်းရှိ မရှိဆိုတာပဲ အရေးကြီးတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် တွေ့ဆုံခြင်း
လားရှိုးအမျိုးသားလွှတ်တော်နေရာအတွက် လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ မိုင်းရယ်၊ ကွန်းလုံ ငါးမြို့နယ်မှာ အခြေခံတာ။ အဲဒီမဲဆန္ဒနယ်တွေ မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျားဖြူက ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်နေရာတွေ နိုင်ထားခဲ့ တယ်။ အခုလည်း လားရှိုးမြို့ရပ်ကွက် ၁၂ခုမှာ ရှမ်းတွေရှိတဲ့ အဓိက ငါးရပ်ကွက် ရှိတယ်။ အဲဒီ အပိုင်မဲတွေနဲ့ ကျန်တဲ့ဟိန္ဒူ၊ ဂေါ်ရခါး၊မွတ်စလင် စတဲ့လူမျိုးစုတွေကို စည်းရုံးရေး ဆင်းတယ်။ သူတို့နဲ့သွားတွေ့ပြီး နိုင်ငံရေး စကားဝိုင်းတွေ လုပ်ထား တယ်။
ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး
လုပ်ခဲ့ရတဲ့ စည်းရုံးရေးကိုရောအားရကျေနပ် မှုရှိပါသလား။ စည်းရုံးရေးအတွက်ကိုတော့ ကျွန်တော်တို့ရဲ့ အောင်နိုင်ရေး ကော်မတီ တွေက တစ်အိမ်ဆင်း တစ်အိမ်တက် စည်းရုံးပြောဆိုပါတယ်။ အရေး ပါတဲ့နေရာတွေမှာတော့ ကျွန်တော်ကိုယ်တိုင် အချိန်မရွေး ကွင်းဆင်းပြီး စည်းရုံးရေးလုပ်ပါ တယ်။ စည်းရုံးရေးလုပ်ခဲ့တာတွေကိုတော့ အားရပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘာသာစုံ ဆုတောင်းပွဲ ကျင်းပ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေ သော စစ်မီးများ ငြှိမ်းသတ်၍ မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရန်နှင့် မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပ နိုင်စေရန် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန် ကျောင်းတော်တွင် ကျင်းပခဲ့ သည်။
"ရာစုနှစ်တစ်ဝက်ကျော် လျစ်လျူရှုခံထားရတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိလာတော့မှာပါ"
ခေတ်နောက်ကျနေသော နိုင်ငံပိုင် သတင်းစာများသာရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ များစွာပြောဆိုနေခဲ့ကြရာ တကယ့် လက်တွေ့တွင် အဓိပ္ပာယ်မည်သို့ ရှိပါသနည်း။ မည်သူတွေ အကျိုးအမြတ်ရပြီး မည်သူတွေ အရှုံးပေါ်ကြမည်နည်း၊ မြန်မာတိုင်း(မ်)၏ ဒုတိယ သတင်းအယ်ဒီတာ ရတနာထွန်း က အလန့်တကြားဖြစ်စေလောက် သော ထိရောက်မှုဆန်းစစ်ခြင်း အပါအ၀င် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကြီး အခက်အခဲပြဿနာများအကြောင်းကို သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းကို ဤကဏ္ဍတွင် ဖော်ပြသွားပါမည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်ရာ ပထမတစ်ပိုင်း အဖြစ် ကျွန်ုပ်တို့ အပတ်စဉ်ဂျာနယ်ကို စတင် တည်ထောင်သူဖြစ်သော မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြ လိုက်ပါသည်။
ဧပြီလ ၁ ရက်မှစတင်၍ အခွန်နှုန်းထားများ ပြင်ဆင်ကောက်ခံမည်
လက်ရှိကောက်ခံလျက်ရှိသော အခွန် စည်းကြပ်မှုများကို လာမည့်ဘဏ္ဍာနှစ် သစ်ဖြစ်သည့် ဧပြီလ ၁ ရက် နေ့မှစတင်ခါ နှုန်းထားသစ် ဖြင့် ပြင်ဆင်သတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူ များက မတ်လ ၂၆ ရက် နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်တွင် ကျင်းပသော အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်း ဆွေး နွေးပွဲတွင် ပြောသည်။
ရွှေလီသို့အလုပ်သွားလုပ်သည့် တရားမ၀င် မြန်မာအလုပ်သမားများ ဖမ်းဆီးပြန်ပို့ခံရ
တရုတ်ပြည် ရွှေလီမြို့ရှိ တရုတ်လုပ်ငန်းများတွင် မြန်မာပြည်ဘက်မှ လာရောက် လုပ်ကိုင်ကြသော လုပ်သား များအား တရုတ်ရဲများက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်၍ ပြန်ပို့လျက်ရှိကြောင်း ရွှေလီ မြို့သို့ သွားရောက် လုပ်ကိုင်နေသော လုပ်သားများက ပြောသည်။
အွန်လိုင်းမှလျှောက်ထားနိုင်မည့် အီးဗီဇာစနစ် ဧပြီလ ၁ ရက် စတင်စမ်းသပ်မည်
အွန်လိုင်းမှ တစ်ဆင့်ပြည်ဝင်ခွင့် လျှောက်ထားနိုင်မည့် အီးဗီဇာစနစ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်စမ်းသပ်လုပ် ဆောင်သွားမည်ဟု မြန်မာနိုင်ငံဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
အစိုးရ၏ဆောင်ရွက်ချက် ဥပဒေနှင့် ညီရန်လို
နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အစိုးရအဖွဲ့သည် ဖော်ပြပါကိစ္စများကို စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဥပဒေနှင့် ညီညွတ်မှုရှိ မရှိ စိစစ်ရန်လိုအပ်မည်ဟု ယူဆကြောင်းဖြင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင် စု လွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
သဘာဝဘေးလျှော့ချရေးစီမံချက် လပွတ္တာနှင့်ကွမ်းခြံကုန်းတွင် စတင်
မြန်မာနိုင်ငံ မြေနိမ့်ကမ်းရိုးတန်းဒေသ များဖြစ်သော ကွမ်းခြံကုန်းနှင့် လပွတ္တာ ခရိုင်များတွင် ဆူနာမီ၊ မုန်တိုင်းဒီရေ၊ ကြီးမားသော လှိုင်းလုံးကြီးများနှင့် အခြား သော သဘာဝဘေးအန္တရာယ်များ လျှော့ချရေးစီမံချက်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိ ကြောင်း ပုသိမ် မိုးလေ၀သရုံးမှ ဦးစီးအရာ ရှိ ဦးအောင်မြင့်ကြည်က ပြောသည်။
စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်း
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးကို ဖျက်သိမ်းပြီးနောက် ပြန်ကြားရေး ၀န်ကြီးဌာနအောက်တွင် မဟုတ်တော့သည့် သတင်း မီဒီယာဆိုင်ရာ လွတ်လပ်သော အသင်းသုံးသင်း လာမည့်သုံးလအတွင်း ထွက်ပေါ် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှု တက္ကသိုလ်) က မတ်လ ၂၄ ရက်နေ့က ပြောသည်။
ရန်ကုန်မြို့မှ ကိုလိုနီခေတ်လက်ရာအဆောက်အအုံများ ထိန်းသိမ်းရေး မျှော်လင့်ချက်တစ်ခု ပေါ်ထွက်လာ
ရန်ကုန်မြို့ကို သွင်ပြင်ထူးခြားသည့် မြို့ပြရှုခင်းတစ်ခုအဖြစ် ဖန်တီး ပေးနေသော တန်ဖိုးမဖြတ်နိုင်သည့် ကိုလိုနီ ခေတ်အဆောက်အအုံ ရာပေါင်းများစွာကို ထိန်းသိမ်းရန် လှုံ့ဆော်နေကြသူများ အတွက် ပုဂ္ဂလိကပိုင် ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရေး တွင် အရေးပါသည့် အစီအစဉ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သစ်လုံးပုံများမီးလောင်ကျွမ်းမှု ဒေါ်လာငါးသန်းဖိုးခန့် ဆုံးရှုံး
သီလ၀ါဆိပ်ကမ်းတွင် မတ်လ ၂၆ ရက် နေ့ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်ခန့်က စတင်ခါ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ကာကွယ်ဆေးဖြင့် ၀က်သက်ကို ရာနှုန်းပြည့် မကာကွယ်နိုင်
မြန်မာနိုင်ငံတွင် ၀က်သက်လူနာဦးရေ မှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၉၀ ဦး ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁,၇၇၄ ဦးအထိ မြင့် တက်လာ သည်ဟု ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)မှ Mr Marinus Gotink က ပြောသည်။
၂၆ ဦး သေဆုံးခဲ့ရသည့် ရေယာဉ်နစ်မြုပ်မှုအတွက် အမှုဖွင့်အရေးယူထား
မတ်လ ၂၀ ရက်က နစ်မြုပ်ခဲ့သော ပုသိမ်ခရိုင်၊ ပုသိမ်-ငပုတော-ကတက် ချောင်း ပြေးဆွဲနေသည့် ပုသိမ်သူ ၁၁ ရှပ်ပြေး ရေယာဉ် အား ၂၃ ရက်နေ့က ပြန်လည်ဆယ်ယူခဲ့ပြီး သေဆုံးသူ စုစု ပေါင်းမှာ ၂၆ ဦး ဖြစ်ကြောင်း ငပုတောမြို့ နယ်မှ တာဝန်ရှိသူများက ပြောသည်။
ဘုရင့်နောင်တွင် ကတ္တားတစ်စင်း ဆောက်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက် လုပ်ရေးဝန်ကြီးဌာနက ကတ္တားကြီး တစ်စင်း တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ပြောသည်။

အလုပ်လုပ်နေကြရသည့် ၁၈ နှစ်အောက် ကလေးများ စာသင်ခွင့်ရရှိရေးကို အလေးထား ဆောင်ရွက်ပေးရန်လို
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးများ၏ ၇၀ ရာ နှုန်းခန့်ကို လုပ်ငန်း ခွင်နေရာများ၌ တွေ့ရှိ ရသဖြင့် အလုပ် လုပ်နေ ကြရသည့် ကလေးများအား စာသင်ခွင့်ပေးရန် အလုပ်ရှင်များကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကလေး သူငယ်အခွင့်အရေး ဆောင် ရွက်ပေးနေသည့် အဖွဲ့အစည်းများ ပူးပေါင်းတိုက် တွန်းပေး သင့်ကြောင်း ကလေးသူငယ် များကို ကူညီစောင့်ရှောက်ပေးနေသည့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့ အစည်းတစ်ခုဖြစ်သည့် ရတနာမဟာ အဖွဲ့၏ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ပြောကြားသည်။
အလုပ်သမားအဖွဲ့အစည်းများတွင် နိုင်ငံခြားသားများ ဥက္ကဋ္ဌဖြစ်နိုင်
မတ်လ ၉ ရက်နေ့တွင် စတင်အာဏာ တည်သည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်နည်းဥပဒေအရ နိုင်ငံခြားသား အလုပ် သမားနှင့် အလုပ်ရှင်များသည် သက်ဆိုင်ရာ အလုပ်သမားနှင့် အလုပ် ရှင်အဖွဲ့အစည်း အဆင့်ဆင့်၏ အလုပ် အမှုဆောင်အဖွဲ့တွင် ပါဝင်နိုင်ကြောင်း သိရသည်။
ဗုဒ္ဓဓမ္မ ချန်နယ်လ် ရုပ်သံလိုင်းတစ်ခုထုတ်လွှင့်ရန် စီစဉ်နေ
အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေး ရှင်းမှကြီးမှူး၍ 'ဗုဒ္ဓဓမ္မ ချန်နယ်လ်' အမည် ဖြင့် ရုပ်သံလိုင်းတစ်ခုထုတ်လွှင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းဖောင်ဒေးရှင်း မှ သိရသည်။
ဘုန်းတော်ကြီးသင် စာသင်ကျောင်းများအား ဂျပန်အစိုးရထောက်ပံ့
ဂျပန်အစိုးရသည် ၎င်း၏အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ် အရ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းငါးကျောင်းနှင့် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုလုပ်ငန်း အတွက် အမေရိကန်ဒေါ်လာလေးသိန်း ခန့်ကို လှူဒါန်းခဲ့ကြောင်း သတင်းထုတ် ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ၀င် ပြိုင်ပွဲကျင်းပမည်
အလယ်တန်းကျောင်းသူ၊ ကျောင်းသား များအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ 'သုတစုံလင် ဗုဒ္ဓ၀င်' ပြိုင်ပွဲကို ဧပြီလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ် ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ တွင် ပါဝင်သော ဓမ္မရောင်ခြည်ဓမ္မဒါန လုပ်ငန်းမှ ဦးလှမျိုးက ပြောသည်။
ဂျွန်ဟော့ကင်း စင်ကာပူအပြည်ပြည်ဆိုင်ရာဆေးရုံ ကိုယ်စားလှယ်ခန့်အပ်
အမေရိကန်ပြည်ထောင်စု၏ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်းတစ်ခုဖြစ်သော ဂျွန်ဟော့ကင်းမှ စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်ထားသော ဂျွန်ဟော့ကင်း စင်ကာပူအပြည်ပြည် ဆိုင်ရာ ဆေးရုံ၏ မိတ်ဆက်ပွဲ၊ ဆေးပညာ နှီးနှောဖလှယ်ပွဲနှင့် မြန်မာပြည်တစ်ဦး တည်း ကိုယ်စားလှယ်ခန့်အပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ Parkroyal ဟိုတယ်တွင် မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။
ဥပဒေနှစ်ရပ်၏ လွတ်ငြိမ်းချမ်းသာခွင့်အနှစ်သာရ ကွာခြားပုံ
ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက် စွဲပါ ကြေညာချက်အမှတ် ၇/၂၀၀၈ ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်း လုံးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦးအနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ယင်းသို့ဆန္ဒမဲပေးသူ များအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ထောက်ခံသဖြင့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း ဖော်ပြထားခဲ့ပါ သည်။
သံချပ်တွေခံစားနိုင်မယ့် 'တစ်ခါက မဟာရန်ကုန် သင်္ကြန်ညများ'
လွန်ခဲ့တဲ့ ၂၅ နှစ် ကျော်ကာလတွေက သင်္ကြန်ပွဲတွေမှာ လူကြိုက်များခဲ့တဲ့ သံချပ်တွေကို ပြန်လည်တူးဖော်ပြီး တင်ဆက်မယ့်ပွဲကို ဒါရိုက်တာမောင်သီနဲ့ Regent Business Academy မှ ကျောင်းသား၊ ကျောင်းသူများဦးစီးပြီး မတ်လ ၃၀ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ညနေ ၆ နာရီ ကစပြီး ည ၁၁ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။



မန်းလူရွှင်တော်များ သင်္ကြန်ပွဲတော်တွင် သံချပ်ထိုးမည်
မန္တလေးမြို့ပေါ်ရှိ လူရွှင်တော်များ စုစည်းကာ လာမည့်သင်္ကြန်၌ အလှဆင် ကားဖြင့် သံချပ်နှင့်ပြက်လုံးများကို မြို့တွင်းတွင် လှည့်လည်အသုံးတော်ခံ သွားမည်ဟု စီစဉ်နေသူတစ်ဦးဖြစ်သည့် လူရွှင်တော် ပါပါလေးက ပြောသည်။
မဟာအောင်မြေတွင် မဲစာရင်း မှားယွင်းမှုများတွေ့ရှိ
မန္တလေးမြို့၏ တစ်ခုတည်းသော လစ် လပ်မဲဆန္ဒနယ်ဖြစ်သည့် မဟာအောင် မြေမြို့နယ်၏ မဲပေးခွင့်ရှိသူစာရင်းတွင် အမှားအယွင်း များရှိနေသည်ကို တွေ့ရှိ ရကြောင်း အဆိုပါနေရာတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့ကပြောသည်။
လူမှုရေးအဖွဲ့သစ် ၀မ်းတူဝမ်းက အကူအညီများ ပေးသွားမည်
လူတစ်ဦးလျှင် တစ်လကို ကျပ် ၁,၀၀၀ ထည့်သွင်းပါဝင်ကာ အကူအညီများ ပေး သွားမည့် လူမူရေးအဖွဲ့သစ် One to One စုပေါင်း ကူညီရေးအဖွဲ့က ကူညီမှုများကို မန္တလေးတစ်မြို့တည်းတွင်သာ မဟုတ်ဘဲ လိုအပ်ပါက နေရာဒေသ မရွေးပေးသွား မည်ဟု အဖွဲ့၏ စီမံခန့် ခွဲသူတစ်ဦးဖြစ် သည့် ဦးနေမျိုးမောင်မောင်က မြန်မာ တိုင်း(မ်)ကို ပြောသည်။
ဂွေ့ကြီးကုန်း မီးဘေးဒုက္ခသည်များ အိမ်ပြန် ဆောက်ရန် အကူအညီများ လိုအပ်လျက်ရှိ
ပြီးခဲ့သည့်လက ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာအုပ်စု၊ ဂွေ့ကြီးကုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးလောင် ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ် များပြန်လည် တည်ဆောက်ရန် အကူ အညီများစွာ လိုအပ်နေသည်ဟု အဆိုပါ ကျေးရွာမှ တာဝန်ရှိ သူများက ပြော သည်။
အလှူငွေ သိန်း ၁၈၀ ကျော် ရဲတိုက်ကောက်ခံရရှိ
ကချင်စစ်ဘေးသင့် ဒုက္ခသည်များ အတွက် ရဲတိုက်ဖောင်ဒေးရှင်းက သီးသန့် ရန်ပုံငွေရှာဖွေခြင်းအဖြစ် မန္တလေးမြို့တွင် မင်းသားရဲတိုက် ကိုယ် တိုင် အလှူငွေ လိုက်လံကောက်ခံရာ မျှော်မှန်းထားသည်ထက် သုံးဆ ပိုကာ ကျပ်သိန်းပေါင်း ၁၈၀ ကျော် ရရှိခဲ့သည်ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဒါရိုက်တာ ရီဇော်ကပြောသည်။
မိတ္ထီလာကန်မှ တစ်ရက်လျှင် ရေဂါလံ ခြောက်သန်းဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာကန် မှာ ကျဉ်းကျုံ့တိမ်ကောသွားသည်ဟူ သော ထင်မြင်ယူဆ ချက်များ ထွက်ပေါ် လျက်ရှိသော်လည်း မိတ္ထီလာကန်ကြီး မှာ မိတ္ထီလာမြို့နေ ပြည်သူများအတွက် ရေတင်စက်ရုံ ၁၈ ခုဖြင့် တစ်ရက်လျှင် ရေ ဂါလန် ခြောက်သန်းခန့်နှင့် အနီးဝန်း ကျင်ဒေသများအတွက် သောက်သုံးရေ နှင့်စိုက်ပျိုးရေကို လုံလောက်စွာ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမြို့တော်ဝန် အုတ်ဂူကို ထိန်းသိမ်းလျက်ရှိ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက် ၁၃၅၊ ၁၇x၁၈ လမ်းကြားနှင့် ၈၆x၈၇ လမ်း ကြားရှိ မင်းတုန်းမင်းကြီးလက်ထက် ရွှေမြို့တော်ဝန်လေးဦးအနက်မှ ရွှေမြို့ တော်ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စားမင်း၊ မင်းကြီး မဟာမင်းခေါင် နော်ရထာ ၏ ပျက်စီးယို ယွင်းနေသောအုတ်ဂူနှင့် ပရ၀ဏ်ကို ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ ထိန်းသိမ်းရေး နှင့်ရေရှည်ကြံ့ခိုင်ရေးလုပ်ငန်းများ ကို မတ်လ ၁၉ ရက်၌စတင် ဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။
သတင်းအချက်အလက်နှင့်နည်းပညာလုံခြုံရေး ဆွေးနွေး
နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာ သည် နှင့်အမျှ အရေးကြီးလာသော သတင်း အချက်အလက်များလုံခြုံရေးနှင့် ကွန်ပျူ တာ ကွန်ရက်စနစ်လုံခြုံရေး အသိပညာဆွေးနွေးဖလှယ်ပွဲဖြစ်သည့် Security Camp ကို မတ်လ ၁၈ ရက်၌ မန္တလေးမြို့၊ ရွှေဖြူ ပလာဇာတွင် ကျင်းပခဲ့သည်။
သံရည်ကျိုရန် သံထည်ပစ္စည်း ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ စက်မှုဇုန် (၂)သခင်ဖိုးလှကြီးလမ်း ၆၈ လမ်းနှင့် ၆၉ လမ်းကြား နန ၂၃၊ ဇ ရပ်ကွက်ရှိ သံရည်ကျိုစက်ရုံတစ်ရုံတွင် သံရည်ကျိုရန် သံထည်ပစ္စည်းဟောင်း များ ထုခွဲရာမှပေါက်ကွဲမှုတစ်ရပ် မတ်လ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်။
ဝက်သက်ရောဂါကာကွယ်ဆေးထိုးရေး ညှိနှိုင်းစည်းဝေး
မန္တလေးတိုင်းတွင် မတ်လ ၂၂ ရက်နေ့ မှ ၃၁ နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ် သည့် အသက် ကိုးလ မှ ငါးနှစ်အရွယ် ကလေးများ အစုလိုက် ၀က်သက် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများ အတွက် ညှိနှိုင်း အစည်းအဝေးကို မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) အသင်းရုံး ခန်းမတွင် မတ်လ ၁၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် တစ်ပတ်အတွင်းမှာပင် လူ ၇၀ ခန့် သေဆုံး
မန္တလေးခရိုင်အတွင်း ယာဉ်မတော် တဆမှုကြောင့် ယခုလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်ပတ်အတွင်း သေဆုံးသူ ၆၇ ဦးအထိ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်အရ သိရသည်။
ပုံနှိပ်လုပ်ငန်းရှင် မိသားစု သာရေး၊ နာရေး အကျိုးဆောင်လူငယ်အဖွဲ့တွင် အသင်းဝင်နိုင်
မန္တလေးမြို့ မြို့နယ်လုံးဆိုင်ရာ ပုံနှိပ် လုပ်ငန်းရှင်များ မိသားစု သာရေး၊ နာရေး အကျိုးဆောင် လူငယ်အဖွဲ့ အသင်းဝင် နိုင်ရန် နှိုးဆော်ထားပြီး အသင်းဝင်ကြေး သတ်မှတ်မထားဘဲ လစဉ်ကြေး တစ်လ လျှင် ကျပ် ၁,၀၀၀ သတ်မှတ်ထားသည်။

မော်တော်ကားအရောင်းပြခန်းငါးခု နေပြည်တော်တွင်ဖွင့်လှစ်ရန် ပြင်ဆင်နေ
နေပြည်တော်ကောင်စီနယ်မြေတွင် မော်တော်ကား အရောင်းပြခန်းများ ဖွင့် လှစ်ရန် ကုမ္ပဏီကြီးသုံးခုမှ လျှောက်ထား ရာ မကြာမီ အချိန်တွင် ဖွင့်လှစ်သွားမည် ဟု သိရသည်။
နေပြည်တော်တွင် ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်မှု များပြားလာ
နေပြည်တော် ကောင်စီနယ်မြေအတွင်း ရှိ တစ်နေရာမှ တစ်နေရာဆက်သွယ် သွားလာမှုလွယ်ကူစေရန်အတွက် ဆိုင်ကယ်အသုံးပြုမှု တွင်ကျယ်လာ သည့်နည်းတူ ဆိုင်ကယ်အရောင်း အ၀ယ် များပြားလာပြီး အရောင်းပြခန်း ဖွင့်လှစ်ရောင်းချမှုများလည်း များပြား လာသည်ဟု အရောင်းပြခန်းများနှင့် ဒေသခံများက ပြောသည်။
ကယားပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖွင့်မည်
မြန်မာနိုင်ငံ၏ ၁၃ ခုမြောက် နယ်စပ် ကုန်သွယ်ရေးစခန်းအဖြစ် ကယားပြည် နယ်၊ မယ်စဲ့၊ မယ်စဲနန်ဒေသတွင် မကြာမီ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့် လှစ်သွားမည်ဖြစ်သည်ဟု ကူးသန်း ရောင်းဝယ်ရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
လူလတ်တန်းစားများအတွက် နေရေးခက်တဲ့ မြေဈေးကွက်
အရောင်းအ၀ယ် ငြိမ်နေပေမမယ့် အိမ်ခြံမြေဈေးနှုန်းတွေ တရိပ်ရိပ်တက် လာခဲ့တဲ့မန္တလေးမြို့မှာ လက်ရှိအခြေ အနေဟာ လူလတ်တန်းစားတွေ အတွက် လည်း နေရေးအဆင်ပြေဖို့ ပိုခက်ခဲလာ တယ်လို့ သိရပါတယ်။
မြောက်ပြင်က အနေအထားလှတဲ့ နှစ်ထပ်တိုက်
မန္တလေးမြို့၊ မြောက်ပြင်ရပ်မှာရှိပြီး ကျယ်ဝန်းသပ်ရပ်ကာ မိသားစု များသူ တွေနဲ့လည်း ကိုက်ညီမယ့် အာရ်စီ နှစ်ထပ် တိုက်တစ်လုံးကို ဖော်ပြလိုက်ပါတယ်။ လမ်း ၈၀ နဲ့နီးပြီး ဆိတ်ငြိမ်အေးချမ်း တဲ့ရပ်ကွက် ထဲမှာရှိတဲ့ ဒီတိုက်ဟာ မြောက်ဘက်လှည့်ဖြစ်ပါတယ်။
ဧပြီ ၁ ရက်မတိုင်မီ ပြင်ဦးလွင်မြို့ရဲကအခြေအနေ
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စစ်တက္ကသိုလ် တည်ရှိရာမြို့ဖြစ်သည့် ပြင်ဦးလွင်မြို့မှ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက် နေ့ မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးရမည့် ရပ်ကွက်သူ ရပ်ကွက်သားများ၊ ကျေးရွာသူရွာသား များ၏ အခြေအနေနှင့် ပါတီများ မဲဆွယ် စည်းရုံးရေးလုပ်ငန်း အခြေအနေများ ကိုသွားရောက် လေ့လာဖြစ်ခဲ့သည်။
ပဲစင်းငုံဈေး ပြန်ကျလာ
မတ်လလယ်တွင် ပြည်တွင်းပြည်ပ ၀ယ် လိုအား ပြန်လည်လျော့နည်းသွားသော ကြောင့် မြင့်တက်ခဲ့သော ပဲစင်းငုံဈေးနှုန်း မှာ ယခုအခါ ပြန်ကျဆင်းလာသည်။

အင်းအိုင်၊ မြစ်၊ ချောင်းများတွင် ပြည်ပငါးမျိုးစိတ်ပေါက်ဖွားမှု များလာ
မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ပြည်ပနိုင်ငံများနှင့်ငါးလုပ်ငန်း များပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ် တစ်ဒေသဖြစ်သော နည်းပညာ အရ ငါးမျိုးစိတ်များလွဲပြောင်းပေးအပ်သည့် အချက်ကြောင့် နိုင်ငံ အတွင်းရှိ သဘာဝ အင်းအိုင်၊ မြစ်၊ ချောင်းများတွင် ယခုနှစ် အတွင်း တိုင်းရင်းငါးမျိုးမဟုတ်သော ပြည်ပငါးမျိုးစိတ်များ ပေါက်ဖွားမှု ပိုမို များပြားလာကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ဗီယက်နမ် - မြန်မာ သဘောတူညီမှု စာချုပ် ၁၁ ခုရေးထိုး
သုံးရက်ကြာ ဆွေးနွေးခဲ့သော ဗီယက်နမ်- မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အခွင့်အလမ်းဆွေးနွေးပွဲကို ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့ရှိ ပြည်ထောင် စုမြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပ ခဲ့ပြီး လုပ်ငန်းဆိုင်ရာ သဘော တူညီမှု စာချုပ် ၁၁ ခုကို ဗီယက်နမ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီများအကြား အပြန်အလှန် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ဗီယက်နမ်မွေးမြူရေးနှင့် ရေထွက် ပစ္စည်းဆိုင်ရာပြပွဲ မြန်မာတက်မည်
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် မတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် မွေးမြူရေးနှင့် ရေထွက် ပစ္စည်းများဆိုင်ရာ နိုင်ငံတကာပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
စပါးခွံဓာတ်ငွေ့ထုတ်မှု စံနှုန်းလိုအပ်
မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ် အားရရှိစေရန် ထုတ်လုပ်အသုံးပြုနေ သည့်ဂက်ဆီဖိုင်ယာခေါ် စပါးခွံမှ ဓာတ် ငွေ့ထုတ်ယူ အသုံးပြုရာတွင် အခြေခံစံ တစ်ခုသတ်မှတ်ထားရှိရန် ကြိုးပမ်း လျက်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းအောက်ရှိ စွမ်းအင်နှင့် ပြန် ပြည့်မြဲစွမ်းအင်ကော်မတီ၏ ဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြောသည်။
နိုင်ငံခြားဘဏ်များနှင့်ချိတ်ဆက်၍ ငွေလွှဲများ ဧပြီလကုန်ပိုင်းတွင် စတင်တော့မည်
နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံခြားကုန်သွယ်မှုနှင့် ငွေလွှဲငွေပို့ လုပ်ငန်းများဆောင်ရွက်ပေးနိုင်သည့် swift စနစ်ကို လာမည့်ဘဏ္ဍာနှစ်ဆန်း ပိုင်း ဧပြီလကုန်၊ သို့မဟုတ် မေလဆန်း တွင် စတင်နိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်တာဝန်ရှိသူများက ပြောသည်။
ကုန်သွယ်မှုနှင့် နိုင်ငံတကာ ကားပြပွဲကျင်းပမည်
မြန်မာကုန်သွယ်မှုနှင့် နိုင်ငံတကာ ကားပြပွဲ (Myanmar Trade Exhibition & Car Expo)ကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် မတ်လ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်သည်။
ကာလရှည်ကြာဆွေးနွေးခဲ့သည့် တောင်ကိုရီးယား-အမေရိကန် အကောက်ခွန်မဲ့ ကုန်သွယ်ရေး စာချုပ် စတင်အကျုံးဝင်
အမေရိကန်နှင့် တောင်ကိုရီးယားနှစ် နိုင်ငံအကြား ကြာမြင့်စွာ ဆွေးနွေးခဲ့သည့် အကောက်ခွန်မဲ့ ကုန်သွယ်ရေးသဘော တူညီ ချက်သည် မတ်လ ၁၅ ရက်နေ့က စတင်အကျုံးဝင်သွားပြီဖြစ်ရာ နှစ်နိုင်ငံ ခေါင်းဆောင်များက အမွှမ်းတင်ပြောဆို ခဲ့ကြပြီး ထောက်ခံ သူများနှင့် ကန့်ကွက်သူများအကြား အပြိုင် အဆိုင်ပြောဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။
ထိုင်းလုပ်ငန်းရှင်များ မြန်မာနိုင်ငံတိုးတက် ပြောင်းလဲချိန်တွင် မနှောင့်နှေးကြရန်လို
ရန်ကုန်ထိုင်းစီးပွားရေးလုပ်ငန်းရှင် အများစုသည် မြန်မာနိုင်ငံအပေါ်၎င်းတို့ စွဲမြဲယုံကြည်နေဆဲဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကန့်သတ်ထားခြင်း အဟန့်အတားများရှိနေခြင်းစသည့် သဘောထားအမြင်တို့ကိုပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးရုံးမှ ဒါရိုက်တာ ပရာချွတ်ဆူပနီက တိုက်တွန်းသည်။
ဖိလစ်ပိုင်သတ္တုတွင်းကုမ္ပဏီကြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလို
မနီလာ - မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများနှင့် အခွန်ဆိုင်းငံ့မှုများ ပြုလုပ်ချိန်ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ ၏ အကြီးဆုံး ရွှေတူးဖော်ရေးကုမ္ပဏီက လာရောက်လုပ်ကိုင်ရန် စိတ်အားထက် သန်လျက်ရှိကြောင်း မတ် ၁၄ ရက် က ပြောကြားသည်။
မကြုံစဖူး မြင့်တက်သွားခဲ့သော ဒဂုံမြို့သစ်မြို့နယ်အချို့မှ မြေကွက်ဈေးနှုန်းများ သိသာစွာ ပြန်လည်ကျဆင်းနေ
လွန်ခဲ့သော ငါးလခန့်က တစ်ရှိန်ထိုး တက်သွားခဲ့သော ဒဂုံမြို့သစ် မြို့နယ် အချို့မှ မြေဈေးများသည် ယခုအခါ နဂို ဈေးနှုန်းများ ပြန်ရောက်သည်ထိတိုင် အောင် ကျဆင်းသွားကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယခုလ ၁၄ ရက်နေ့က ပြောသည်။
ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ "Shwe Taung Home Show" ကျင်းပမည်
ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှ "Shwe Taung Home Show" ကို မတ်လ၂၈ ရက်မှ မတ်လ ၃၁ ရက်အထိ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနှင့် ပြည်လမ်းရှိ Junction Square ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဧပြီလ ၁ ရက်နေ့မှစတင်ကာ ရေဖိုးရေခများတိုးမြှင့်ကောက်ခံမည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လက်ရှိမြို့တော်အတွင်း ကောက်ခံလျက်ရှိသော ရေဖိုးရေခနှုန်း ထားများအား ပြင်ဆင်သတ်မှတ်လိုက် ပြီး ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ယင်း နှုန်းထားများအတိုင်း ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
အကြီးစားစက်မှုလုပ်ငန်းများအတွက် အရေးပါသည့် ဘယ်ရင်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့
အကြီးစားစက်ရုံ၊ အလုပ်ရုံများအတွက် မရှိမဖြစ် အသုံးပြုရန်အရေးပါသည့် ဘယ်ရင်(rolling bearing) များ၏ထိန်းသိမ်းပြုပြင်မှု များကို အဓိကဦးတည် သည့် ဆွေးနွေးပွဲဖြစ်သော "SKF Condition Monitoring & Reliability Systems"ကို မတ်လ ၁၄ ရက်တွင် ချက်ထရီယမ်ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ သည်။
မိုင် ၂၀ ကျော်ရှည်လျားသည့် ပုသိမ်-ငပုတော လမ်း မတ်လ ၂၅ တွင် ဖွင့်မည်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်စီမံကိန်း၏ ၁၁ ခုမြောက် လမ်းဖြစ်သည့် ပုသိမ်-ငပုတော လမ်းမကို ယခုလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အိုလံပစ်အားကစားပွဲကြောင့် လန်ဒန်မြို့ ဖွံ့ဖြိုးမှုအနည်းပါး ဆုံးဒေသတွင် အိမ်ဈေးနှုန်းများ မြင့်တက်လာရန် မျှော်မှန်း
ဗြိတိန်အစိုးရက မြို့တော်၏ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးအပိုင်းများကို တိုးတက်ဖွံ့ ဖြိုးလာအောင် ပေါင်ငွေ ဘီလျံနှင့်ချီ အသုံးပြုပြီး ဆောင်ရွက်ပေးနေသော်လည်း ၂၀၁၂ အိုလံပစ်အားကစားပွဲ လက်ခံကျင်းပမည့် လန်ဒန်အရှေ့ပိုင်း ခရိုင်သည် လန်ဒန်မြို့၏ အိမ်ဈေးနှုန်း အကျဆင်းဆုံးအပိုင်းဖြစ်နေသေးသည်။
မလေးရှား 'ပထမ အိမ်ရာ စီမံကိန်း'ဝေဖန်ခံရမှုများရှိနေ
မလေးရှား၏ 'ပထမအိမ်ရာ စီမံကိန်း' My First Home မှာ လူသိရှိမှုနည်းပါး ခြင်းနှင့်ဘဏ်ချေးငွေ အတည်ပြုချက် များမရှိဟု ထင်ရသည့်အချက်တို့ကြောင့် ဝေဖန်ခံနေရကြောင်း သိရသည်။

Lwin Pwin
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment