လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်
လေးဖြူနဲ့ မြန်မာပြည်ဒီမိုကရေစီ
ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖေ့ဘွတ်ခ်မှာ သီချင်းဆိုတဲ့ကိုလေးဖြူနဲ့ပတ်သက်လို့ သတင်းတစ်ခု တက်လာပါတယ်။
Envoy Journal က လေးဖြူနဲ့အင်တာဗျူးဆိုပြီး ၂၀၁၀ မှာ ကိုလေးဖြူက ကြံ့ဖွတ်ပါတီကို မဲပေးခဲ့ကြောင်းအခု ၂၀၁၂ မှာ ဘယ်ပါတီကိုမဲပေးရမလဲမဆုံးဖြတ်ရသေးကြောင်း ဆိုတဲ့သတင်းကို အကြောင်းပြုပြီးIC တစ်ဖွဲ့လုံးနဲ့ဆန့်ကျင်လျက် လေးဖြူက ၂၀၁၀ မှာ ဖွတ်ကိုမဲပေးခဲ့ကြောင်း Envoy Journal မှာတရားဝင်ထုတ်ပြောပြီဟု ခေါင်းစဉ်တပ်ပြီး ထပ်ဆင့်သတင်းတင်လာပါတယ်။
လေးဖြူကိစ္စ ကျွန်တော်နဲ့မဆိုင်ပေမယ့် သူငယ်ချင်းဖြစ်လို့ ဒီသတင်း အခြေအမြစ်မရှိကြောင်း
မဖြစ်နိုင်ကြောင်းကို မှတ်ချက်လေးပေးလိုက်ပါတယ်။
မှတ်ချက်ပေးပြီး (၆)မိနစ်အကြာမှာ လက်ဖက်ရည်သောက်ဖို့ဆိုပြီးလေးဖြူရောက်လာပါတယ်။ ဒီသတင်းပြတော့ ကြံကြံဖန်ဖန်ကွာလို့ပြောပါတယ်။
ဂျာနယ်များ မင်းဖြေလိုက်မိသလားမေးတော့ လေးဖြူက မင်းက ငါ့ကို မယုံလို့လား၊ ငါထမင်းစားတဲ့လူလို့ပြောပြီး ဟေ့ကောင် အဲဒါတွေကြည့်မနေနဲ့။ အာရုံနောက်တယ်။ ထားလိုက်လို့ပြောပါတယ်။တိုင်းပြည်အတွက်လည်း ရင်လေးတယ်ကွာလို့ ဆက်ပြောပါတယ်။
ညကျတော့ ကျွန်တော့် Friend List လည်း မဟုတ်ပါဘဲ အဲဒီသတင်းနဲ့ မှတ်ချက်တွေ
တောက်လျှောက် တက်နေလို့ကြည့်လိုက်တော့ စောစောကမဟုတ်နိုင်ဘူးလို့
ကျွန်တော်မှတ်ချက်ပေးထားလို့လား မသိပါ။ ချစ်စမ်းမောင်၊ Kathleen Nite၊ ဖိုးတာ၊
Lone Lone Lwin၊ Thunder၊ Bold Mg၊ Nay Lay and Lay Phyu and Myo Swe Than
ဆိုပြီး Tag လုပ်ထားတာတွေ့ရပါတယ်။ မင်းတို့လည်းဖတ်ကြည့်ကြဦး ဆိုတဲ့သဘောပေါ့လေ။
ကျွန်တော့်အနေနဲ့ လေးဖြူကိစ္စစိတ်မ၀င်စားပါ။ ဒါပေမယ့် မိုးလင်းတော့ လေးဖြူအတွက်မှတ်ချက်တွေကမဆိုင်တဲ့ မမှန်ကန်တဲ့ personal အကြောင်းအရာတွေပါ ပါလာတာတွေ့ရပါတယ်။ဒီလိုသတင်းတွေ ဖြစ်နေပြီိလို့ အကျိုးအကြောင်းသိရအောင် share ပေးတဲ့သူကကျွန်တော်တို့မိတ်ဆွေ Morning Star က ကိုမောင်စိုးပါ။
ဒီနားကစပြီး ကိုလေးဖြူ ဒီသတင်းကိုသိရပြီဆိုတော့ ဇာတ်လမ်းကဒီနားကစပြီပေါ့။ လေးဖြူက မနက်လင်းတော့ ဘယ်လိုတွေလဲမေးတော့ မင်းကိုချစ်တဲ့ပရိသတ်တွေက သူတို့နဲ့မတူရကောင်းလားလို့ စေတနာဒေါသောတွေဖြစ်ကြတာပါလို့ ပြောလိုက်ပါတယ်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်တို့၊ ကိုယ်နဲ့မတူ ရန်သူလို့သဘောမထားကြနဲ့လေတို့လို ကောင်းမွန်မျှတတဲ့ မှတ်ချက်တွေလည်း တွေ့ပါတယ်လို့ ပြောလိုက်ပါတယ်။
ဒါပေမယ့် IC ကိုဆန့်ကျင်ကြစို့ဆိုတဲ့ မဆိုင်တာတွေလည်းပါကုန်ပြီဆိုတော့ သူငယ်ချင်းတွေကို တိုင်ပင်ပြီး အမှန်တရားအတွက် လေးဖြူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။ ငါရှေ့နေခေါ်ပြီတဲ့။
ဒီတော့လည်း သူ့ပရိသတ်တွေအတွက် ဒီနားကပဲ ဒီသတင်းကို အဆုံးသတ်ပေးလိုက်ပါတယ်။
၁။ ကိုလေးဖြူက Envoy Journal နှင့် မည်သည့်အင်တာဗျူးမှ မလုပ်ဖူးပါ။
၂။ Envoy Journal သို့ ဥပဒေကြောင်းအရ ရှေ့နေဖြင့် notice ပို့ထားပြီးဖြစ်ပါသည်။
၃။ ၃၀-၃-၂၀၁၂ နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကိုလေးဖြူ၏ officially အများ သိစေရန် ကြော်ငြာမြင်တွေ့ကြရပါလိမ့်မည်။
၎။အသိ၊ဉာဏ်ပညာ၊တရားဓမ္မတို့ဖြင့်တည်ဆောက်ထားသောအဆိုတော်တစ်ယောက်ဘ၀ဖြစ်ပါသည်။
Lwin PwinABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment