နှစ်သစ်ကူး သင်္ကြန်ပွဲ ၀ါရှင်တန်ဒီစီမှာ ကျင်းပ

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်တ၀ိုက် နေထိုင်တဲ့ မြန်မာတွေရဲ့ စုပေါင်းသင်္ကြန်ပွဲတော် နှစ်သစ်ကူးပွဲကို မေရီလန်းပြည်နယ်က မင်္ဂလာရာမကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။
နှစ်သစ်ကူးပွဲနှင့်အတူ မင်္ဂလာရာမ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကိုလည်း ပြုလုပ်ပါတယ်။ အခမ်းအနားကို ကြွရောက်လာတဲ့ ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ သြ၀ါဒစရိယ ဆရာတော်ကြီး ဦးဇဋိလ ကလည်း နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ကာလမှာ မြန်မာပြည်သူ ပြည်သားတွေကို ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါတယ်။
သင်္ကြန်ပွဲကို ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုတော့ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ စတုဒိတာ ကျွေးမွေးဧည့်ခံပြီး အဆိုတော် မီမီဝင်းဖေအပါအ၀င် မြန်မာ-အမေရိကန် ကလေးလူငယ်တွေရဲ့ သင်္ကြန်ရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
ပြည်ပကို ရောက်ရှိနေကြပေမယ့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ သင်္ကြန်ပွဲတော်တွေကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အနှံ့မှာ ကျင်းပနေပြီး မနေ့က အင်ဒီယားနားပြည်နယ် ဖိုဒ်ဝိန်းမြို့မှာလည်း စုပေါင်းပြီး သင်္ကြန် အခမ်းအနား ကျင်းပခဲ့ပါတယ်။

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment