ကမ္ဘာ့သတင်းများ 18/05/2012
နိုင်ငံတကာသတင်း
ငါးဖမ်းသမား ၃၀ ခန့် မြောက်ကိုရီးယားတွေ ပြန်ပေးဆွဲ
မည်သူမည်ဝါဆိုတာ မသိရတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေက တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို ပင်လယ်ဝါအတွင်းမှာ ပြန်ပေးဆွဲသွားကြောင်း တရုတ် မီဒီယာတွေမှာ ဖေါ်ပြနေကြပါတယ်။ ပြန်ပေးသမားတွေက ဒီလူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေကြေး တောင်းခံထားတယ်လို့ ဆိုပါတယ်။
လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား ရေယာဉ်တစီးဟာ တရုတ်နိုင်ငံပိုင် ပင်လယ်ဝါအတွင်းမှာ ငါးဖမ်းနေတဲ့ တရုတ်ငါးဖမ်း စက်လှေ သုံးစီးမှာ အလုပ်လုပ်ကိုင်နေသူ တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို မေလ ၈ ရက် နေ့က ဖမ်းဆီးလိုက်ပြီးနောက် သူတို့ကို မြောက်ကိုရီးယားပိုင် နယ်နမိတ် အတွင်းကို ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးဖို့အတွက် ဒေါ်လာ ၂ သိန်း နီးပါးပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြုံယမ်းမှာရှိတဲ့ မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုလိုက်ပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အလွန်အရေးပါတဲ့ စီးပွားရေးနဲ့ သံတမန်ရေးရာ ထောက်ခံမှုပေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မကြာခင်နှစ်တွေအတွင်း တရုတ်နိုင်ငံက ငါးဖမ်းသင်္ဘောတွေဟာ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက် ဒေသအတွင်း အခြေအတင်ပြဿနာတွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။

အဓိကပါတီလေးခု တွေ့ဆုံဆွေးနွေးမှုတွင် နီပေါနိုင်ငံကို ပြည်နယ်များ မည်သို့ ခွဲခြားသတ်မှတ်မည့်ကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှုရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီးချုပ် Narayan Kaji Shrestha ကနီပေါတွင် ပြည်နယ် ၁၁ ခု ခွဲခြမ်းရေးကို သဘောတူမှုရခဲ့ခြင်းဖြစ်ပြီး နယ်မြေစည်းသတ်မှတ်ရေးနှင့် အမည်နာမ သတ်မှတ်ရေးတို့ကို ပြည်နယ်ဆိုင်ရာကော်မရှင်က အပြီးသတ်ဆုံးဖြတ်ပေး မည်ဖြစ်ကြောင်း ထို့ပြင်သမ္မတကို တိုက်ရိုက်ရွေး ချယ်သည့်စနစ်နှင့် ၀န်ကြီးချုပ်ကို လွှတ်တော်က ရွေးချယ်သည့်စနစ်ကိုလည်း ပါတီများအကြား သဘောတူညီမှုရ ခဲ့ကြောင်း သိရသည်။ ပြည်နယ်ခွဲဝေမှုစနစ်မှာ အခြေခံဥပဒေသစ်ပြီးစီးအောင် ရေးဆွဲနိုင်ရေးတွင် အဓိက အတားအဆီးတစ်ခုဖြစ်ခဲ့ပြီး ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။
ရေငုပ်သင်္ဘောဆိုက် ကပ်ခြင်းမှုသည် အရေးပါသည့်အရာများ ပြုလုပ်ရန်အတွက် မဟုတ်ကြောင်း နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုဖြစ်နေသည့် Scarborough Shoal ကို တွန်ဆေးက ရည်ညွှန်းပြောကြားခဲ့ကြောင်း Scarborough Shoal ရှိ ရေပိုင်နက် အငြင်းပွားမှုနှင့်ပတ်သက်ပြီး မနီလာနှင့် ပေကျင်းတို့က စစ်ဖက်သုံးမဟုတ်သည့် သင်္ဘောများကို အဆိုပါဒေသတွင် ထားရှိခဲ့ကြောင်းScarborough Shoal သည် အမေရိကန် ရေတပ်စခန်းဟောင်းတစ်ခုရှိရာ Subic ပင်လယ်အောက် အနောက်ဘက် ၂၃၄ ကီလိုမီတာ အကွာခန့်တွင် တည်ရှိသည်။ ဧပြီ ၈ ရက်နေ့တွင် တရုတ်ငါးဖမ်းသမားများကို ဖိလစ်ပိုင်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့မှုကို တရုတ်က တားမြစ်ခဲ့ချိန်တွင် Scarborough Shoal ကျွန်း၌ အငြင်းပွားမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်းကမ်းရိုးတန်းများသည် ဖိလစ်ပိုင်နှင့် အခြားအာရှနိုင်ငံများနှင့် နီးကပ်သည်ဆိုသော်လည်း တောင်တရုတ်ပင်လယ်သည် မိမိတို့၏ ပိုင်နက်ဖြစ်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာ ပြောကြားခဲ့ကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်ရှိ မိမိတို့ ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှုပိတ် ပင်ထားမှုအား ဗီယက်နမ်က ကန့်ကွက် ထားကြောင်း တရုတ်၏ ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်မှာ တရားမ၀င်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Luong Thanh Nghi ၏ ပြောကြားချက်ကို ယင်းဌာန ၀က်ဘ်ဆိုက်တွင် မေလ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း တရုတ်က တောင်တရုတ်ပင်လယ်တွင် ရာသီအလိုက် ငါးဖမ်းခြင်း ပိတ်ပင်မှု ပြုလုပ်လေ့ရှိရာ မေလ ၁၆ ရက်တွင် စတင်ခဲ့ပြီး ယင်းရာသီအတွင်း ငါးဖမ်းခွင့်ရမည် မဟုတ်ပေ။ တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင် ၀မ်တို့ကလည်း ပိုင်ဆိုင်သည်ဟု အသီးသီး ကြေညာထားကြောင်း ယင်းပင်လယ်တွင် ရေနံနှင့်ဓာတ်ငွေ့၊ ငါးသယံဇာတများ ပေါကြွယ်ဝကြောင်း
အငြင်းပွားဖွယ် ရေပိုင်နက်နှင့်ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်တို့သည် မကြာသေးမီက စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား Shoal ကျွန်းစုနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်နေသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်းသိရသည်။

ယမန်နှစ် ဇူလိုင်လက ဆူဒန်မှ ခွဲထွက်ခဲ့သော တောင်ဆူဒန်၏ အခြေအနေသည် ပိုမို ဆိုးရွားလာမည်ကိုလည်း စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်၏ သုတေသနများအရ ၂၀၁၂ ခုနှစ် ပထမလေးလတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုသည် ဆိုးရွားလာခဲ့ပြီး လူ ၄ ဒသမ ၇ သန်းခန့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက လူသားချင်း စာနာထောက်ထားမှုရေးရာရုံးက ပြောကြားခဲ့သည်။ ဆူဒန်နှင့် နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လောင်စာပြတ်လပ်မှုမှာလည်း ပိုမိုဆိုးရွားလာနေပြီး စီးပွားရေးပြဿနာများကို နက်ရှိုင်းစေခဲ့သည်။ တောင်ဆူဒန်၏ စီးပွားရေးသည် ရေနံကို မှီခိုနေရပြီး ၀င်ငွေ၏ ၉၈ ရာခိုင်နှုန်းကို ရေနံမှရရှိသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment