မြန်မာသတင်းများ မေလ ၁၄ ရက် ၂၀၁၂ ခုနှစ်
တောင်ကိုရီးယားသမ္မတ မြန်မာခရီးစတင်
တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရကြောင်း
အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြကြောင်း
ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရကြောင်း တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိကြောင်း ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေကြောင်း သတင်းရရှိသည်။
ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်ပေါင်တိုက်နယ်က လယ်သမားတွေ စုပေါင်းပြီး လယ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တာကို နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် ဆိုကာ မြို့နယ်အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။လွန်ခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေ ဥပဒေမှာ တောင်သူလယ်သမားများ သမဂ္ဂ ဖွဲ့စည်းခွင့်ရှိသည်ဟု ဖော်ပြထားတဲ့ အတွက် လယ်သမားတွေက အခုလို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ပြောကြောင်းမေလ ၁၁ ရက်နေ့က ပုသိမ်မြို့နယ် အာဏာပိုင်အဖွဲ့က လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထားသူတွေကို ခေါ်ယူပြီး ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ကြောင်း ပုသိမ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သူတို့ရှေ့မှောက်မှာ ခေါ်ယူလက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ကြောင်းပုသိမ်မြို့၊ ကြက်ပေါင်အုပ်စု လယ်သမားတွေကတော့ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို အမှန်တကယ် အကာအကွယ်ပေးနိုင်မယ့် လယ်သမားသမဂ္ဂတရပ် ပေါ်ထွန်းလာတဲ့အထိ ဆက်လက် ဆောက်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။
‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါဝင်နိုင်မည် မဟုတ်
ဒုတိယ အဆင့် မဟာဗျူဟာ ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်စေရန် လွန်ခဲ့သော တလကျော်ကတည်းက ဖွဲ့စည်းရန် စီစဉ်ခဲ့သည့် ‘မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင်
နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် အနေဖြင့် ပါဝင်နိုင်လိမ့်မည်မဟုတ်ကြောင်း
နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် အနေဖြင့် ပါဝင်နိုင်လိမ့်မည်မဟုတ်ကြောင်း
ထို အကြံပေးကောင်စီတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်မည်၊ မည်သည့်အချိန်တွင် အပြီးသတ် ဖွဲ့စည်းမည်
ဆိုသည်ကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း သမ္မတအကြံပေး ဦးမြင့် က ဆိုကြောင်းသို့သော် မြန်မာ့လူမှုစီးပွား တိုးတက်ရေးအတွက် နိုင်ငံတော်ကောင်စီတရပ်ကို သုံးပွင့်ဆိုင် ဖွဲ့စည်းပြီး
နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်မည်ဖြစ်ကာ ၎င်းကောင်စီ၏အောက်တွင် အကြံပေးအဖွဲ့နှင့် Implementing Body (အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့)ထားရှိ၍ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။
ကား မောင်းနှင်ပြီး ခရီးမိုင် လိမ်လည်ရောင်းချမှုများ ရှိနေ
အသစ်တင်သွင်းလာသော တပတ်ရစ်ကားများ၏ မောင်းနှင်ပြီး ခရီးမိုင်ပြ ဒိုင်ခွက်များတွင် ကိန်းဂဏန်းများကို လျှော့ချပြီး ကားအခြေအနေ အဆင့်အတန်းပြ စာရွက် စာတမ်းများရှိ ကိန်းဂဏန်းများကိုပါ
ပြင်ဆင်ကာ ရန်ကုန် ကားဈေးကွက်အတွင်း လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားဝပ်ရှော့ဆရာများက ဆိုကြောင်းကားဈေးကွက်ထဲတွင် မှန်မှန်ကန်ကန် လုပ်စားနေသူများ ရှိသကဲ့သို့ ၀ယ်သူများကို နည်းအမျိုးမျိုးဖြင့် စာရွက်စာတမ်းများ အတုပြုလုပ်ပြီး လိမ်လည်ရောင်းချနေသော ကားအရောင်းစင်တာများနှင့် ၀ယ်ရောင်းတချို့ကြောင့် ၀ယ်သူများ အလိမ်ခံရသည်ကို မကြာခဏ ကြားနေရလျက်ရှိသည်ဟု ကားလုပ်ငန်းလုပ်ကိုင်သူများက ဆိုကြောင်းယခင် ၁၉၉၅ မော်ဒယ်အောက် ကားများတွင် တပ်ဆင်ထားသော ရိုးရိုး mechanical mileage မောင်းနှင်ပြီး ခရီးမိုင်ပြ ဒိုင်ခွက်များကို ဖြုတ်ကာ ကိန်းဂဏန်းများကို အလွယ်တကူ လျှော့ချနိုင်သကဲ့ သို့ ၁၉၉၆မော်ဒယ်နှင့် အထက်ကားများတွင် တပ်ဆင်ထားသော Digital mileage မောင်းနှင်ပြီး မိုင်ပြ ဒိုင်ခွက်များကိုလည်း ကွန်ပျူတာ နည်းပညာသုံး စက်ပစ္စည်း ကိရိယာများဖြင့် ပြင်ဆင်ကာ လိမ်လှည်
ရောင်းချနေမှုများကို တွေ့ရှိရသည်ဟုလည်း သိရှိရသည်။
ပြင်ဆင်ကာ ရန်ကုန် ကားဈေးကွက်အတွင်း လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားဝပ်ရှော့ဆရာများက ဆိုကြောင်းကားဈေးကွက်ထဲတွင် မှန်မှန်ကန်ကန် လုပ်စားနေသူများ ရှိသကဲ့သို့ ၀ယ်သူများကို နည်းအမျိုးမျိုးဖြင့် စာရွက်စာတမ်းများ အတုပြုလုပ်ပြီး လိမ်လည်ရောင်းချနေသော ကားအရောင်းစင်တာများနှင့် ၀ယ်ရောင်းတချို့ကြောင့် ၀ယ်သူများ အလိမ်ခံရသည်ကို မကြာခဏ ကြားနေရလျက်ရှိသည်ဟု ကားလုပ်ငန်းလုပ်ကိုင်သူများက ဆိုကြောင်းယခင် ၁၉၉၅ မော်ဒယ်အောက် ကားများတွင် တပ်ဆင်ထားသော ရိုးရိုး mechanical mileage မောင်းနှင်ပြီး ခရီးမိုင်ပြ ဒိုင်ခွက်များကို ဖြုတ်ကာ ကိန်းဂဏန်းများကို အလွယ်တကူ လျှော့ချနိုင်သကဲ့ သို့ ၁၉၉၆မော်ဒယ်နှင့် အထက်ကားများတွင် တပ်ဆင်ထားသော Digital mileage မောင်းနှင်ပြီး မိုင်ပြ ဒိုင်ခွက်များကိုလည်း ကွန်ပျူတာ နည်းပညာသုံး စက်ပစ္စည်း ကိရိယာများဖြင့် ပြင်ဆင်ကာ လိမ်လှည်
ရောင်းချနေမှုများကို တွေ့ရှိရသည်ဟုလည်း သိရှိရသည်။
RNDP ပါတီညီလာခံ မေလကုန်တွင် ကျင်းပမည်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို
မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စစ်တွေမြို့ရှိ ပါတီဌာနချုပ်တွင် လေးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်
မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စစ်တွေမြို့ရှိ ပါတီဌာနချုပ်တွင် လေးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်
မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်
မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ပြည်သူတွေအတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း လောလောဆယ် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်းတစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောကြောင်းသိရပါတယ်။ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျုးကျော်နေတယ်ဆိုပြီး ၃ လအတွင်း ထွက်ခွာပေးဖို့ သတိပေးခဲ့ကြောင်းမြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအ၀င် ဒေသအာဏာပိုင်တွေက ချောင်းသာကျေးရွာသားတွေကို မနေ့က အစည်းအဝေးခေါ်ယူပြီး အမိန့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အတွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရကြောင်းစိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ့ မြောက်ဖက်က မြင်းကကျေးရွာ အနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံမြေ ဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ၀င်ရောက် ရှင်းလင်းနေတာဖြစ်တာလို့ ဒေသခံပြည်သူတွေက ပြောကြောင်းခြံမြေပိုင်ရှင် ၅ ဦးကတော့ မြင်းကကျေးရွာက ဦးစိုးဝင်း၊ ဦးဇော်ဝင်း၊ ဦးကင်း၊ ဦးစိုးဝင်းနိုင်၊ဦးမောင်နီ တို့ ဖြစ်ပြီး ဒီမြေတွေဟာ ဘိုးဘွားလက်ထက် ကတည်းက မိရိုးဖလာ လုပ်ကိုင်လာနေတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ဆိုကြောင်း
သီးနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေ ဒေသခံပြည်သူတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် သက်သေ အထောက်အထားတွေ ရယူထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် နေပြည်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားတင်ပြသွားမယ်လို့ သိရကြောင်း သိရပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးစီးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ် မြန်မာနိုင်ငံ ခေါင်းစဉ်နဲ့  ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဒီကနေ့ မနက်က ကျင်းပခဲ့ကြောင်းဒါ့အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အပတ်တိုင်း ပုံမှန်တွေ့ ဆုံနေကြ အစီအစဉ်အရ အခုတပတ်အတွက် မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဒေါက်တာကျော်ကျော်နဲ့  အင်းစိန်ထောင်က ကိုထွန်းမြတ်သူတို့ရဲ့  မိသားစုတွေကို ဂုဏ်ပြုလက်ဆောင်တွေကို ဒီကနေ့ အခမ်းအနားမှာပဲ ပေးအပ်ခဲ့ ကြောင်း
ဒီဟောပြောပွဲက ဟောပြောချက်တွေ ၊ မေးခွန်းနဲ့ ဖြေဆိုချက်တွေ အပေါ် စုစည်းသုံးသပ်တဲ့  စာတမ်းတစ်စောင် ပြုစုပြီး အစိုးရအဖွဲ့၊ လွှတ်တော် အသီးသီး၊ နိုင်ငံရေးပါတီတွေ နဲ့ လူထု အခြေပြု အဖွဲ့အစည်းနဲ့ ပြည်သူလူထု အကြား စိမ့်ဝင်ပြန့်နှံ့ အောင် ဖြန့်ချိပေးပို့မယ်လို့ သိရကြောင်း
အခမ်းအနားကို မနက် ၈ နာခွဲကနေ ညနေ ၃နာရီအထိ ကျင်းပခဲ့ရာမှာ ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ဦးအေးသာအောင် ၊ ရွှေဝါရောင် သံဃာတွေ ကျောင်းသားအဖွဲ့ အစည်းတွေ အပါအ၀င် စိတ်ဝင်စားသူ ပရိတ်သတ် အင်အား ၄၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့  သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေလှူဒါန်း
သောက်သုံးရေးရှားပါးမှုနဲ့ ကြုံနေရတဲ့ ဒလ မြို့နယ်ကို ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေ သွားရောက်ခဲ့ပြီး သောက်သုံးရေ လှူဒါန်းခဲ့သလို၊ ရေရရှိရေး အတွက် ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိကြောင်းဒလမြို့နယ်မှာ မြေအောက်ရေမှာ ရေငံတွေဖြစ်နေတဲ့ အတွက် ဒေသခံတွေဟာ နှစ်ပေါင်းများစွာ ကန်ရေကိုသာ အားထားလာခဲ့ရပါတယ်။ အခုအခါ ရာသီဥတု ပူပြင်းလာပြီး ကန်ရေတွေ ခန်းခြောက်ကုန်တဲ့ အတွက် သောက်သုံးရေ ပြတ်လတ်မှုနဲ့ ကြုံနေရတဲ့ ပြဿနာကို လေ့လာတွေရှိခဲ့ရကြောင်းဒလမြို့မှာ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားတဲ့ ရေပေးဝေရေးအဖွဲ့တွေကို သောက်ရေသန့်ပုံး အလုံး ၂၀၀၀ လောက်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ဒလမြို့ကို ၈၈ မျိုးဆက်ကျောင်းသားတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇော်မင်း၊ ကိုကိုကြီး စမ်းချောင်း၊ မနီလာသိန်း၊ မမီးမီးတို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။ပြည်တွင်း လူမှုကူညီရေး အမေရိကန်ရောက် မြန်မာတွေ ရန်ပုံငွေရှာဖွေပွဲ ကျင်းပ
ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပကြတာ ဖြစ်ကြောင်း
မြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ပြီး လူမှုရေးလုပ်ငန်းတွေကို အကျိုးရှိရှိ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို နိုင်ငံခြားရောက် မြန်မာတွေက ၀ိုင်းဝန်းကူညီလိုတဲ့ ဆန္ဒနဲ့ အခုလို ရန်ပုံငွေရှာဖွေပွဲတွေကို ကျင်းပတာ ဖြစ်တယ်လို့ မနေ့က ၀ါရှင်တန်ပြည်နယ် Seattle မြို့မှာ ကျင်းပတဲ့ပွဲကို စီစဉ်သူတစ်ဦးဖြစ်သူ ဒေါ်မိုနဟန် (Mona Han) က ပြောကြောင်း
Seattle မြို့မှာ ကျင်းပတဲ့ ရန်ပုံငွေ ရှာဖွေပွဲကို အနီးအနားက မြို့တွေဖြစ်တဲ့ Oregon နဲ့ ကနေဒါနိုင်ငံဘက်ခြမ်းက မြန်မာနိုင်ငံသားတွေလည်း ပါဝင်ကူညီကြကြောင်း၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် ငါးဦးအဖြစ် ကချင်လူငယ် လဖိုင်နော်မန်း၊ ရှေ့နေဦးဖိုးဖြူ၊ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၊ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ စာရေးဆရာမ သန်းမြင့်အောင် (နာရေးကူညီမှုအသင်း) တို့ ပါဝင်ကြောင်း
ဆုပေးပွဲကိုတော့ မေလ (၂၇) ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အမေရိကန် ပြည်ထောင်စုသာမက ဂျပန်၊ ကိုးရီးယားနိုင်ငံတွေရောက် မြန်မာတွေလည်း ပါဝင်လာကြကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံဖြစ်နေ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင်နေသော စက်ရုံများ၌ လုပ်ခလစာနည်းပါးမှုကြောင့် အလုပ်သမားများ၏ ဆန္ဒပြုမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပေါ်
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအနက် အလုပ်သမားများ ၏ အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံ ဖြစ်နေကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ၀င်ရောက်လုပ်ကိုင်နေသော စက်ရုံများတွင် လုပ်ခလစာ နည်းပါးလွန်းမှုကြောင့် အလုပ်သမားများ၏ တောင်းဆိုမှုများ ၂၀၁၂ ခုနှစ်အတွင်း ဆက်တိုက်ပင် ဖြစ်ပေါ်ခဲ့ကြောင်းဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် တရုတ်နှစ်ကူးပိတ်ရက် လုပ်ခမပေးသည့်ကိစ္စ မှ စတင်ကာ အခြေခံလစာ၊ အခြားသော အလုပ်သမား အခွင့်အရေးများ နှင့်ပတ်သက်၍ တောင်းဆိုမှုများ စတင် ဖြစ်ပေါ်ခဲ့ကြောင်း
မတ်လ ၁ ရက်နေ့တွင် ၀ါဏိဇ္ဇ ပဋိပက္ခကော်မတီမှ ချမှတ်ပေးသည့် ဆုံးဖြတ်ချက်အပေါ် မကျေနပ်သောကြောင့် မတ်လ ၂၉ ရက်နှင့် ၃၀ ရက် နေ့တွင် တိုင်ရီဖိနပ်စက်ရုံ၌ ဒုတိယ အကြိမ် အလုပ်သမားဆန္ဒပြမှု ထပ်မံ ဖြစ်ပွားခဲ့သည်။ အခြေခံ လုပ်ခလစာနှုန်းထားများနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် မေ လ ၉ ရက်နေ့ နံနက် ၈ နာရီဝန်း ကျင်မှစတင်ကာ လှိုင်သာယာစက်မှု ဇုန်၊ ဇုန် (၄)၊ ၀က်မစွတ်ဝန်ထောက် လမ်းရှိ High-Art ဆံပင်တုစက်ရုံ (A)၊ (B) နှင့် ယင်းစက်မှုဇုန်(၃)ရှိ UNNO Myanmar Yes အထည်ချုပ်စက်ရုံ၌ စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ မေလ ၉ ရက်နေ့တွင်ပင် ဆန္ဒ ပြမှုပေါ်ပေါက်ခဲ့သော UNNO Myanmar Yes အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁၃၀၀ ကျော်ရှိကာ ရှားပါးစရိတ်တိုးမြှင့်ပေးရန် တောင်း ဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သုံးလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၇၀ကျော် ၀င်ရောက်
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော်သာ ၀င်ရောက် မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ၀င်ရောက်ရာတွင် ၂၄၇ သန်းကျော်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ မြှုပ်နှံခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါးမှာ သတ္တုကဏ္ဍတွင် မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၂ ခုနှစ် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၄၀၆၉၉ ဒသမ ၀၄၈ သန်း ရှိလာသည်။တရုတ်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ရှစ်နိုင်ငံမှ လာရောက်မြှုပ်နှံခြင်းဖြစ်ကြောင်း ဗြိတိန်မှ အမေရိကန်ဒေါ်လာသန်း ၁၀၀ နီးပါးဖြင့် အများဆုံး မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မေလ ၂၈ ရက်နေ့တွင် မြန်မာပြည်သို့ လာရောက်လည်ပတ်ရန် စီစဉ်ထား
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ မေလ ၂၈ ရက်နေ့တွင် သုံးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဟု India Today သတင်းစာက ဖော်ပြထားကြောင်း၎င်း၏ ခရီးစဉ်တွင် နေပြည်တော်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ် တည်ဆောက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် ကာကွယ်ရေးကဏ္ဍ တို့တွင် အကူအညီများ ပေးအပ်သွားမည်ဟု အဆိုပြုရန် စီစဉ်ထားကြောင်း ၎င်း၏ ခရီးစဉ်သည် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသော မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ စိတ်ဝင်စားမှုကို ဖော်ပြရန် အခွင့်အလမ်း ရစေမည်ဟု ဆိုကြောင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ မလာရောက်မီတွင် အိန္ဒိယရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများက မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ် ဆောင်သွားရေးအတွက် တွန်းအားပေးရန် တောင်းဆိုထားကြကြောင်း သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment