မြန်မာသတင်းများ မေလ ၂၆ ရက် ၂၀၁၂ ခုနှစ်
လူထုဆန္ဒပြမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ အာဆီယံအတွင်းရေးမှူးချုပ် တိုက်တွန်း
မြန်မာနိုင်ငံက ပြည်သူတွေရဲ့ လျှပ်စစ်မီးရရှိရေးတောင်းဆိုနေကြတာတွေနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီစံနစ်ဆီသွားနေတဲ့ နိုင်ငံတွေ အနေနဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုတွေ၊ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားရမယ်လို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်သူတွေရဲ့တောင်းဆို ဆန္ဒဖော်ထုတ်မှုတွေကို အကြမ်းမဖက်ဖို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက ဂျပန်နိုင်ငံမှာရောက်နေစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။
လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့မြို့ကြီးတွေမှာ ပြည်သူရာပေါင်းများစွာ စုဝေး ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ခဲ့သလို ရန်ကုန်တိုင်းထဲက စက်မှုဇုံတွေမှာ စက်ရုံအလုပ်သမားတွေအတွက် ဆန္ဒပြမှုတွေ ကျယ်ပြန့်ဖြစ်ပေါ်နေချိန်မှာ မြန်မာအစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးလမ်းပေါ် တက်စပြုနေချိန်မှာ အခုလို လျှပ်စစ်မီးရဖို့ တောင်းဆိုမှုတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေဟာ အစိုးရရဲ့ဖြေရှင်းနိုင်မှုကို စမ်းသပ်မှုလို့ မြင်နိုင်ပါတယ်။ အခြေခံအဆောက်အအုံပိုင်းမှာ ပြည့်စုံမှုမရှိရင်လည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်အကျိုးအမြတ်ကို အပြည့်အဝခံစားနိုင်မှာ မဟုတ်ဘူးဆိုတာကို အာဆီယံအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။
သောက်သုံးရေ၊ အစားအစာ၊ လမ်းပမ်းဆက်သွယ်ရေး-စတဲ့ မရှိမဖြစ် လိုအပ်တဲ့ကိစ္စတွေမှာ အကူအညီလိုအပ်တယ်ဆိုရင် အာဆီယံအဖွဲ့ဘက်က အကူအညီပေးဖို့ အဆင်သင့်ပဲလို့ အာဆီယံအထွေထွေအတွင်းရေးမှူး ဆူရင်းပစ်ဆူဝမ်က ရိုက်တာသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောသွား ကြောင်းသိရသည်။
လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။အမေရိကန်လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအခြေအနေ တိုးတက်လာ
ပြီးခဲ့တဲ့တနှစ်အတွင်း ကမ္ဘာအ၀ှမ်းမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ တိုးတက်ပြောင်းလဲ လာတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါ တယ်။ နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန အခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိတယ်ဆိုတာကိုဖော်ပြပေမဲ့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတုန်းပဲဆိုတာကိုလည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်မှုတွေရှိလာရာကနေ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်တတ်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေ အစပျိုးလာတာနဲ့အတူ လူ့အခွင့်အရေး အခြေအနေတွေလည်း ပြောင်းလဲတိုးတက်မှု ရှိလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေး အစီရင်ခံစာမှာ ချီးကျုးထားပါတယ်။ ပြီးခဲ့တဲ့နှစ်ဟာ မြန်မာအပါအ၀င် ကမ္ဘာနေရာအတော်များများမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးကလင်တန်က မနေ့က အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံထဲမှာ အခုနှစ်အတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေကတော့ လွှတ်တော်ပေါ်လာပြီး လွှတ်တော်ထဲ အတိုက်အခံ နိုင်ငံရေးပါတီတွေ ၀င်ရောက်ခွင့်ပြုလာတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်နိုင်အောင် ဥပဒေပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့တာ၊ ရာနဲ့ချီ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ စာပေဆင်ဆာ ဖြတ်တောက်မှုတွေကို လျှော့ပေါ့ပေး လာတာ၊ အတိုက်အခံ အမြင်ကွဲပြားသူတွေရဲ့ သဘောထားအမြင်ဖော်ပြနိုင်အောင် လွတ်လပ်ခွင့် အချို့ ပေးတာ၊ နိုင်ငံသားတွေ ပြည်တွင်းပြည်ပသွားလာနိုင်အောင် ကန့်သတ်မှု အချို့ ဖြေလျှော့ပေး တာ တွေ ဖြစ်တယ်လို့ ဒီ လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါပေမဲ့လည်း လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရပ်တွေ စိုးရိမ်စရာတွေတော့ ကျန်နေဆဲပဲလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း အခုလို အားတတ်စရာ တိုးတက်မှု အတော်များများ တွေ့ရပေမဲ့လည်း လုပ်ဆောင်စရာတွေလည်း အတော်များများ ကျန်နေသေးတယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michale Posner က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက် ဆုံးရှုံးရတာ၊ ကျေးရွာတွေ အတင်း အဓမ္မ ပြောင်းရွှေ့ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ အစရှိတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်စေခဲ့တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အကျဉ်းသားတွေကို စစ်ဆင်ရေးမှာ အသုံးပြုတာတွေကိုလည်း ဝေဖန်ထားပါတယ်။ ဒီလို သတ်ဖြတ်မှုတွေ ညှင်းပမ်း နှိပ်စက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်စော်ကားမှုတွေမှာ အစိုးရရဲ့ လုံခြုံရေးတပ်က ပါဝင် ပတ်သက်မှုရှိနေတယ်လို့ အပြစ်တင်ပါတယ်။
အရပ်ဘက် လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲ ဆက်ရှိနေ တာတွေအပြင် ထောင်တွေအတွင်း အခြေအနေတွေဟာလည်း ဆိုးဝါးနေတယ်လို့ နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသား တွေနဲ့ ပတ်သက်လို့ အရင်လိုတော့မဟုတ်ဘဲနဲ့ အစိုးရအနေနဲ့ လုံခြုံရေးအရထိမ်းသိမ်းထားသူများဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန် ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာနဲ့ လက်ခံဆွေးနွေးစကားပြောတာမျိုးတွေတော့ ရှိလာပြီ လို့ မှတ်ချက်ပြုပါတယ်။
အခုလို လူ့အခွင့်အရေးချိုးဖောက်နေသူတွေအပေါ် အစိုးရအာဏာပိုင်တွေဘက်က အပြစ်ပေး အရေးယူ တာမျိုး မရှိတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အပြစ်ကနေ ကင်းလွတ်ခွင့် ရနေတယ် လို့ ဝေဖန်ပါတယ်။ တိုင်းရင်းသားဒေသက အခြေအနေတွေ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ကလေးစစ်သားအသုံးပြုမှုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဘက်က ကျူးလွန်တာမျိုးလည်း ရှိတယ်လို့ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပုံမှန်နှစ်စဉ်ထုတ်ဝေနေကျ လူ့အခွင့်အရေးအစီရင်ခံစာတွေမှာ မြန်မာနိုင်ငံ အပါအ၀င် အာဏာရှင်နိုင်ငံတွေ အပေါ် နှစ်စဉ် ပြင်းပြင်းထန်ထန်ဝေဖန် ရေးသားလေ့ ရှိပါတယ်။ မြန်မာနိုင်ငံ အဖို့တော့ ဒီနှစ်မှာ ထူးထူးခြားခြား ချီးကျူးခံရတဲ့အချက်တွေ ပါဝင် လာတယ်လို့ ပြောရမှာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားနေသလို၊ တဘက်မှာ လူ့အခွင့်အရေး စိုးရိမ်မှုတွေကိုလည်း ထုတ်ပြောနေဆဲရှိပါတယ်။
ဒေါ်စု ကို Johns Hopkins တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်
မေလ (၂၄) ရက် မနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်၊ Johns Hopkins တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Humane Letters) ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ AIDS ရောဂါ ကာ ကွယ် ကုသစောင့်ရှေက်မှုတွေ မကြာခဏသွားရောက် လုပ်ဆောင်ခဲ့သူ Johns Hopkins တက္ကသိုလ် လူထု ပညာရေးဌာနက ပါမောက္ခ ဒေါက်တာ ခရစ်(စ်) ဘိုင်ယာ (Dr. Chris Beyrer) က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်းပေး ပို့ခဲ့တာမှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ တောက်ပတဲ့ အနာဂတ်အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့ သူမျှော်လင့် ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
မေလ ၂၄ ရက်နေ့က မေရီလဲန်းပြည်နယ်၊ ဘော်လတီမိုးမြို့က Johns Hopkins တက္ကသိုလ် ဟုမ်းဝုဒ် နယ်မြေ (Home Wood Campus)မှာ ကျင်းပခဲ့တဲ့ ဒီဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။ ဒီအခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်း အမှာစကား ပြောကြားတာကိုလည်း ပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ တက္ကသိုလ် ဘွဲ့ရလူငယ်တွေ ရင်ဆိုင်နေကြရတဲ့ လက်တွေ့ ပကတိအခြေအနေကို ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အခုလို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တဲ့ Johns Hopkins တက္ကသိုလ်အနေနဲ့ မြန်မာလူငယ်ထုရဲ့ ပညာရေးကို ကူညီစောင့်ရှောက်ပေးဖို့ ဗီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မယ်လ ဒုက္ခသည်စခန်း ဒေါ်အောင်ဆန်းစုကြည် သွားမည်
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် ခရီးစဉ်အတွင်း ထိုင်း ၀န်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နှင့် အတူ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ မေလ ၃၁ ရက်တွင် နေ့ချင်းပြန် သွားရောက်မည် ဖြစ် သည်။ မယ်လ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅ သောင်းခန့်ရှိကြောင်း၊ ထိုင်းနယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခွဲ နီးပါး ရှိကြောင်း သိရသည်။
သံမဏိစက်ရုံ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြပြီ
မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်ကရောင်း သံမဏိစက်ရုံ အလုပ်သမားများ ဆန္ဒပြလျှက်ရှိရာ အဓိက တောင်းဆိုချက်ဖြစ်သည့် တနေ့လုပ်ခ တိုးမြှင့်ရေး တောင်းဆိုချက် မရရှိသေးသဖြင့် ဆန္ဒပြ ၆ ရက်မြောက်သည့် သောကြာနေ့ နံနက်ပိုင်းတွင် လုပ်သား ၂၅ ဦးက စတင်ကာ အစာငတ်ခံဆန္ဒပြလျှက်ရှိကြောင်း YPI သတင်းဌာနက သတင်းပေးပို့ထားသည်။
အစာငတ်ခံ ဆန္ဒပြ အလုပ်သမားများ ကျန်းမာရေးထိခိုက်နေ
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံတွင် ယမန်နေ့ နံနက်ပိုင်းက စတင် အစာငတ်ခံ ဆန္ဒပြ နေကြသော အလုပ်သမား ၂၀၀၀ နီးပါးအနက် အလုပ်သမ ၂၅၀ ကျော်မှာ ကျန်းမာရေးထိခိုက်မှု ရှိနေကြောင်း သတင်းရရှိသည်။ဟိုတယ် လုပ်ငန်းများ အခက်အခဲကြုံရနိုင်ဟု သတိပေး
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍသည် အလားအလာများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် ခေတ်မမီ သည့် ဥပဒေ စည်းမျဉ်းများ ရှိနေရဆဲ ဖြစ်၍ အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ကြောင်း ထိုင်း နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့(ATTA)က ထိုင်း ဟိုတယ်လုပ်ငန်းရှင်များကို သတိပေး လိုက်သည်။ လတ်တလောတွင်လည်း ရန်ကုန်နှင့်မန္တလေးတွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။
ကမ္ဘာ့စီးပွားရေး ဖိုရမ် ၌ ဦးသိန်းစိန် မိန့်ခွန်းပြောမည့် အစီအစဉ် ဖျက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခုလကုန်ပိုင်းတွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ သမ္မတ ဦးသိန်းစိန် တက်ရောက်မည် ဖြစ် သော်လည်း မိန့်ခွန်း ပြောကြားတော့မည် မဟုတ်ကြောင်း သိရသည်။ မူလက ဦးသိန်းစိန်သည် ဇွန်လ ၁ ရက်တွင် မိန့်ခွန်းပြောရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုသာ ပွဲထုတ်မည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကို ကိုးကား၍ Straits Time သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ် ကို မေလ ၃၀ နှင့် ဇွန် ၁ ရက်နေ့များတွင် ကျင်းပ မည်ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ စီးပွားရေးကို အထူးပြုဆွေးနွေးမည် ဖြစ်သည်။
ကုမ္ပဏီ ၆ ခုကို ရွှေရှာခွင့် ပိတ်ပင်
စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းဒေသရှိ ကျေးရွာများတွင် ရွှေတူးဖော်ရေးလုပ်ကိုင်နေသော ကုမ္ပဏီ ၆ ခုသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့မှ ကြားဝင်ဆောင်ရွက် တားမြစ်မှုကြောင့် ရွှေလုပ်ကွက်များမှ ထွက်ခွာသွားရပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ဟုမ္မလင်းမြို့နယ်တွင်းရှိ တုန်ခံကျေးရွာမှ ရှမ်းတိုင်းရင်းသား လယ်သမား ၁၂ ဦးက တရားစွဲဆိုခဲ့သည့်အမှုကို တရားရုံးက လက်ခံ ဆောင်ရွက်နေစဉ် ရသတ္တပတ် အတွင်းတွင်ပင် အထက်ပါအတိုင်း ကြားဝင်ဆောင်ရွက် ပေးမှုကြောင့် ကုမ္ပဏီများ ထွက်ခွာသွားရခြင်း ဖြစ်ကြောင်း သိရသည်။ဖမ်းဆီးထားသူ ၉ ဦးကို ဆန္ဒပြမှုကြောင့် အစိုးရလွှတ်ပေး
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အလမျိုးအင်း အနီး နေထိုင်သူ ၉ ဦးအား အာဏာပိုင်များက ငါးခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးထားခြင်းကို ဒေ သခံ လူထုက မြို့ပေါ်တက် ဆန္ဒပြခဲ့သဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။အလမျိုးအင်းအနီးနေထိုင်သော အလမျိုး၊ ဥတို၊ ချောင်းဖျားနှင့် လက်ပန်စဥ့်ကုန်း ကျေးရွာများမှ ရွာခံ ၁၆၀ ကျော်က အင်းနှင့် ၅ မိုင်ခန့်ဝေးသော ဓနုဖြူမြို့ပေါ်ရှိ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်ရဲစခန်းရှေ့တွင် အင်္ဂါနေ့က သွားရောက် ဆန္ဒပြခဲ့ပြီးနောက် အာဏာပိုင်များက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ယင်းအမှုအားကူညီဆောင်ရွက်ပေးနေသူ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့ကပြောသည်။
လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
လျှပ်စစ်မီးအချိန်ပြည့်ရဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတာတွေကို ထောက်ခံပေမယ့် လက်ရှိအခြေ အနေကို ပြည်သူတွေ နားလည်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ NLD ပါတီရဲ့ နာယက ဦးတင်ဦးကလည်း ဆန္ဒပြတောင်းဆိုနေကြတဲ့ အလုပ်သမား အရေးကိုလည်း အစိုးရက အမြန်ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်၊ ဒီဆန္ဒပြ တောင်း ဆိုမှုတွေကို ငြိမ်းချမ်းစွာ ဥပဒေနဲ့ကိုက်ညီအောင် လုပ်ဆောင်ကြဖို့ ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်၊
NLD ပါတီ အလုပ်သမားများဘက်က ရပ်တည်မည်
အခြေခံအလုပ်သမား လစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတွေအရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကို တင်ပြဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ပြောဆိုပါတယ်။ဒေါ်စု အိန္ဒိယဝန်ကြီးချုပ် တည်းခိုရာ သွားရောက်တွေ့ဆုံမည်
မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း အား ၎င်းခေတ္တတည်းခိုရာ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်သို့ အင်္ဂါနေ့တွင်
ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည် ဖြစ်သည်။
အချို့အကဲခတ်များက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်တာဆင်း အနေနှင့် သံတမန် ကျင့်ထုံးတို့ကို ဘေးဖယ်ကာမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံလေမည်လောဟု ခန့်မှန်းထင်ကြေးများလည်း ရှိနေစဉ်တွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က ထိုကဲ့သို့ ဖြေကြား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ အပါအဝင် ကမ္ဘာ့အထင်ကရခေါင်းဆောင်အများစုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့လာရောက်လေ့ရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည် ဖြစ်သည်။
အချို့အကဲခတ်များက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်တာဆင်း အနေနှင့် သံတမန် ကျင့်ထုံးတို့ကို ဘေးဖယ်ကာမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံလေမည်လောဟု ခန့်မှန်းထင်ကြေးများလည်း ရှိနေစဉ်တွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က ထိုကဲ့သို့ ဖြေကြား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ အပါအဝင် ကမ္ဘာ့အထင်ကရခေါင်းဆောင်အများစုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့လာရောက်လေ့ရှိကြသည်။
မြန်မာ့ လျှပ်စစ်စွမ်းအင် ပြဿနာ တရုတ်ကူညီလို
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက်ဖြစ်နေတာကို ကူညီဖို့အတွက် မြန်မာ့ဓာတ်အားပေးလုပ်ငန်း အဆင့်မြှင့်တင်ပေးရာမှာ ပူးပေါင်းပါဝင်ရေး ဆွေးနွေးကြဖို့ မိမိတို့ပြည်တွင်းက ကုမ္ပဏီတွေကို အားပေး တိုက်တွန်းမယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ပုသိမ်မြို့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ
သောကြာနေ့ ညနေပိုင်းက ပုသိမ်မြို့ မြိုနယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါတယ်။လယ်မြေသိမ်းမှု လယ်သမားတွေ ကန့်ကွက်စာပို့
မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ်၊ ပဲခင်းကျော် အုပ်စုအတွင်း သန်းဇော်ရွှေ ကုမ္မဏီက လယ်ယာမြေဧက ၆၀၀ ကျော် သိမ်းယူတာကို လယ်သမား ၁၀၀ ကျော်က လက်မှတ်ထိုးပြီး မနေ့က ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကစိန်ခေါ်မှုဖြစ်နေ
မြန်မာ့ဒီမိုကရေစီအရေးမှာ ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ ချက်သမ္မတ နိုင်ငံသံရုံးမှာ မနေ့ညက ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက ပြောကြားလိုက်ပါတယ်။
မြန်မာ့အနာဂတ်ပေါ် ရှုမြင်ချက်နဲ့ မြန်မာ့အသိုင်းအ၀ိုင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို မကြာခင်က ရောက်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer က အဓိက ဆွေးနွေးသွားပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ တချိန်တခါက ပညာရေးမှာ အရှိန်အ၀ါ ကြီးမားခဲ့ပေမဲ့ လောလောဆယ်မှာ နိမ့်ကျနေတာ ထင်ရှားကြောင်း ဒီဆွေးနွေးပွဲမှာ Project 2049 က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ အာရှ-ပစိဖိတ်ဒေသ တရားဥပဒေ စိုးမိုးရေး ပညာရှင် Kelly Currie က ဗဟိုနဲ့ အောက်ခြေကွာဟမှု ရှိနေတာကို ထောက်ပြ ဆွေးနွေးပါတယ်။
Freedom House လူ့အခွင့်အရေးအဖွဲ့က ဒုတိယ ဥက္ကဋ္ဌ Robert Herman ကတော့ မြေယာသိမ်းမှု အပါအ၀င် ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြဆွေးနွေးပါတယ်။USCB မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် လှုပ်ရှားမှုအဖွဲ့က ကရင်အမျိုးသမီး Myra Dahgaypaw မိုင်းရာဒေကပေါ ကတော့ ပြောင်းလဲနေတယ်လို့ ကမ္ဘာကမြင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းသွားတာ မရှိသေးတဲ့အကြောင်း၊ မြန်မာနိုင်ငံအကြောင်း အမှန်တကယ် သိချင်ရင် တစ်သံတည်းရဲ့ အသံနားမစွင့်ဘဲ အသံပေါင်းစုံကို နားထောင်သင့်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေပြီး ဖွင့်လှစ်မည့်ရက် အတိအကျ၊ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံအပေါ် မည်သို့ ကူညီပေးမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ထုတ်ပြန်ပေးမည်ဟု လည်း သိရှိရသည်။
ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ခွင့်ပြုသည်နှင့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ပေးမည့်အပေါ် ကမ္ဘာ့ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်နေသူတစ်ဦးက ''သတင်းကတော့ ထုတ်ပြန်ပေးမှာပါ။ ကမ္ဘာ့ဘဏ်ရုံးခွဲနဲ့ဆိုင်တဲ့ သတင်းအသေးစိတ်ကို Communication Officer က ခွင့်ပြုတာနဲ့ မီဒီယာတွေကိုပါ ရှင်းလင်းသွားဖို့ စီစဉ်ထားတယ်'' ဟု ပြောပြခဲ့သည်။
ကမ္ဘာ့ဘဏ်ရုံးခွဲအပြင် မြန်မာနိုင်ငံ၌ ကမ္ဘာ့ထိပ်တန်းဘဏ်များဖြစ်သော Standard Chartered ဘဏ်နှင့် ဂျပန်ဘဏ်များအပါအ၀င် နိုင်ငံခြားဘဏ်ကြီးများကို ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းအပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်းခြင်း၊ တိုကျို စတော့အိတ်ချိန်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်အတွက် နေပြည် တော်၌ နားလည်မှုစာချွန်လွှာ MoU ရေးထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment