မြန်မာသတင်းများ မေလ ၁၆ ရက် ၂၀၁၂ ခုနှစ်
တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ကမကထလုပ် ကျင်းပတဲ့ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနား အတွင်း ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကတဆင့် တိုက်ရိုက် ဗွီဒီယို မိန့်ခွန်း ပြောဆိုရာ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ မေးခွန်းထုတ်ခဲ့တဲ့အပေါ် မပြေလည်နိုင်သေးပဲ ဖြစ်နေရတဲ့ တိုင်းရင်းသား အရေးကိစ္စကို အလေးထား ဖြေကြားသွားတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က စလို့ အစိုးရသစ် တရပ်တက်လာပြီးနောက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်ဆိုပြီး မြန်မာအစိုးရက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ အပြီးသတ် ပြေလည်မှုတွေ မရနိုင်ဘဲ ဖြစ်နေရတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အဓိက အခြေစိုက် လှုပ်ရှားနေကြတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ဆိုရင်လည်း တိုက်ပွဲတွေဟာ အခုအချိန်အထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း
မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးကြောင်း
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အကောင်းမြင်လွန်းလို့မရဘဲ သတိထားဖို့လိုတဲ့ အကြောင်း ပြောသွားကြောင်း သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment