မြန်မာသတင်းများ မေလ ၁၆ ရက် ၂၀၁၂ ခုနှစ်
တောင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် ဆောင်ရွက်ချက်တွေကို ချီးကျူးပြောကြားခဲ့သလို မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒါ့အပြင် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ အနာဂတ်ဟာ မိမိတို့ရဲ့ လက်ထဲမှာသာ ရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေအပေါ် ချီးကျူးဂုဏ်ပြုကြောင်း၊ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အားရကျေနပ်မှု ဖြစ်မိကြောင်း ပြောကြားပါတယ်။မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံမှုတွေဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာ ဖြစ်တယ်ဆိုတာ မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တောင်ကိုးရီးယားအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍက အရေးကြီးကြောင်း၊ ဒါကြောင့် တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာ့ပညာရေး တိုးတက်မှုတွေအတွက် အထောက်အကူပြုသွားမှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတဟာ ဒီကနေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်တွေ နဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ကိစ္စရပ် မျိုးစုံကို ပြောခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပထမဆုံး ချီးကျူး ပြောဆို ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးကို သမ္မတ အီလ်မြောင်ဘာ့က် က အထူး အလေးပေး ပြောဆိုခဲ့တာပါ။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲမှာ လက်နက်ငယ်တွေ က လွဲပြီးတော့ ဘယ်လို စစ်လက်နက်ပစ္စည်းမျိုးကိုမှ မြောက် ကိုရီးယား နိုင်ငံဆီကနေ မရယူဖို့ နိုင်ငံတွေ ကို ပိတ်ပင် တားမြစ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအီလ်တို့ တွေ့ဆုံဆွေးနွေးကြတာမှာလည်း ကိစ္စရပ်မျိုးစုံ ပါဝင် ခဲ့ပြီး အဓိကအနေနဲ့ ပညာရေးရဲ့ အရေးကြီးပုံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အီလ်က ပြော ပါတယ်။ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ဘယ်တော့မှ အနစ်နာခံ အလျှော့မပေးရဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောတူ ခဲ့ကြ တယ်လို့လည်း သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတို့ အားလုံးကို တခုမဟုတ်တခု လိုချင်တာမဟုတ်ဘဲ အားလုံးကို လိုချင်တာ ဖြစ်ပါတယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က -
“နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ကြတာမှာ အုပ်ချုပ်သူတွေက လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘဲ သူတို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း တည်ဆောက်နိုင်စေမယ့် ပညာရေးမျိုးကို မြန်မာ ကလေးငယ်တွေ ရစေ ချင်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
မြန်မာလူထုအနေနဲ့ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့အတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်သွား ချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို လုံခြုံတယ် ဆိုရုံနဲ့ မလုံလောက်ဘဲ အစိုးရကရော ကိုယ်ကိုယ်တိုင်ကပါ အကာအကွယ် ပေးနိုင်မယ့် လူသားဂုဏ်သိက္ခာကို မိမိတို့ လိုအပ်ပါ တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
မြန်မာလူထုအနေနဲ့ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအခြေအနေကို ရောက်အောင် ခက်ခဲတဲ့ လမ်းကြောင်းကို ဆက်လျှောက်ရ ဦးမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေကိုလည်း မီးမောင်းထိုး ပြောဆိုခဲ့ပါ တယ်။
“ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အပြောင်းအလဲဖြစ်နိုင်ခြေရှိတဲ့ အဆင့်တခုမှာ ကျမတို့ ရောက်နေပါ တယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအလဲဟာ မလဲမပြိုဘဲ ဖြစ်လိမ့် မယ် ဆိုပြီး ကျမတို့ သေချာပေါက် ယူဆနိုင်မယ်လို့ ကျမတော့ မထင်ပါဘူး။ ရည်ရွယ်ချက် ရှိနေပါတယ်၊ တကမ္ဘာလုံးက စိတ်ကောင်း စေတနာကောင်းနဲ့ အားပေးနေ ကြပါတယ်၊ ဒါပေမဲ့ အဲဒီ စိတ်စေတနာကောင်းတွေ အလဟဿဖြစ်မသွားစေရေး သေချာအောင် ကျမတို့ လုပ်ရပါမယ်၊ ပြီးတော့ ကျမတို့လူထုအကျိုး အတွက် အဲဒီ စိတ်စေတနာကောင်းတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် လုပ်ကြရပါမယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဂုဏ်သိက္ခာရှိပြီး ကောင်းမြတ်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ မိမိ ကိုယ်တိုင်အနေနဲ့ရော၊ ကိုရီးယားလူထုနဲ့ အစိုးရကပါ ဆက်လက်ပြီး ထောက်ခံသွား ပါမယ် လို့လည်း မစ္စတာအီလ်ကပြောပါတယ်။မြန်မာနိုင်ငံကို နိုင်ငံတော် တရားဝင်ခရီးစဉ်အဖြစ် မနေ့ကရောက်လာတဲ့ တောင် ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကပဲ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော် တရားဝင်ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်
မြောက်ကိုရီးယားနှင့် နျူကလီးယားကိစ္စ ဦးသိန်းစိန် ငြင်းဆို
နိုင်ငံတကာက သံသယရှိနေသော မြန်မာနိုင်ငံသည် မြောက်ကိုရီးယား ထံမှ နျူကလီးယား စီမံကိန်းအပါအ၀င် စစ်ရေး အကူအညီ ရယူခြင်း မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်မံ ငြင်းဆိုလိုက်သည်။ ယမန်နေ့က တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင် ဘက် နှင့် တွေ့ဆုံရာတွင် ဦးသိန်းစိန်က ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားက လက်နက်မဝယ်ဟု မြန်မာအာမခံ
မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူခြင်းမရှိတော့ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ကို ကတိပေး ပြောကြားလိုက်သည်။ တောင်ကိုရီးယား သမ္မတရုံး ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်း ပူးပေါင်း ဆောင်ရွက်ခြင်း မည်သည့်အခါမှ မရှိကြောင်း၊ သို့ရာတွင် သမားရိုးကျ စစ်လက်နက်များ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ၏ သဘောတူညီချက်ကို လိုက်နာသောအားဖြင့် လက်နက်ဝယ်ယူမှုမပြုတော့ကြောင်း သမ္မတ ဦးသိန်းစိန်က တောင် ကိုရီးယား သမ္မကို ကတိကဝတ်ပြုလိုက်သည်ဟု သိရှိရသည်။ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်
ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးက မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်တွေ ရှေ့ဆက် အရှိန်အဟုန် ကောင်းလာအောင် ထောက်ပံ့ကူညီသွားဖို့ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ လျော့ပေါ့ရေး အပါအ၀င် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဝင်ရောက်လာရေး ကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။အမေရိကန်အစိုးရက စီစဉ်ကျင်းပမယ့် ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးကို အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာရှိတဲ့ အမေရိကန်သမ္မတရဲ့အပန်းဖြေစခန်း Camp David မှာ အခုလာမယ့် သောကြာနဲ့ စနေနေ့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ အမေရိကန်၊ ရုရှ၊ ကနေဒါ၊ ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံက အစိုးရခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။ အဖွဲ့ဝင် မဟုတ်ပေမယ့် တရုတ်အစိုးရ ခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။
ထိပ်သီးညီလာခံမှာ ဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေက မြန်မာနိုင်ငံက အပြောင်းအလဲ၊ ဆီးရီးယားနိုင်ငံက သွေးချောင်းစီးနေမှု၊ အာဖရိကတိုက်က စားနပ်ရိက္ခာရှားပါးမှု ပြဿနာ၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စ အပါအ၀င် ဥရောပ ငွေကြေးဈေးကွက် အကြပ်အတည်း ကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်
ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။မဲဆောက်မြို့အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမား ဆန္ဒပြ
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲအရပ်မှာရှိတဲ့ M Apparel Co,LTD (အမ် အဲပရယ်) ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ မနေ့ ညနေပိုင်းမှာ လုပ်ခလစာ ရက်အတိအကျ ထုတ်ပေးဖို့ အချိန်ပိုမဆင်းပဲ ဆန္ဒပြခဲ့တဲ့အတွက် ဒီကနေ့ မနက်မှာ စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲက မောင်းထုတ်ခဲ့တာကြောင့် အလုပ်သမား (၁၀၀) လောက် နီးစပ်ရာ ဘုန်ကြီးကျောင်းတစ်ကျောင်းမှာ ခိုလှုံနေရတယ်လို့ စုံစမ်းသိရပါတယ်။လှိုင်သာယာ အထည်ချုပ်စက်ရုံ ၂ ရုံ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့်နဲ့ ပုလဲ ဆိုတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးရဖို့ ဒီနေ့ ဆန္ဒပြနေကြပါတယ်။ဦးဝဏ္ဍမောင်လွင် ဝန်ကြီးကလင်တန်နှင့် ဝါရှင်တန်မှာ မေ ၁၇ ရက်၊ တွေ့ဆုံမည်
မြန်မာနိုင်ငံခြားရေးဝန်ကြီးဦး ဝဏ္ဍမောင်လွင်ဟာ ဝါရှင်တန်ဒီစီကို လာရောက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ မေလ ၁၇ ရက်၊ ကြာသာပတေးနေ့ မနက်ပိုင်း ၂ နိုင်ငံ ဆက်ဆံရေး ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြာရေးဌာနက အတည်ပြုပြောကြားပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
မေလ ၂၀ ရက်နေ့ မှာ ကုန်ဆုံးမယ့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအသစ် ဟန့်တားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို နောက်တနှစ်သက်တမ်းတိုးဖို့ အချိန် နီးကပ်လာတာနဲ့ အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး အခုလို ဝါရှင်တန်ကို လာရောက်တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံကို မနှစ်က ၂ ကြိမ်သွားရောက်ခဲ့တဲ့ ဝါရင့်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ တနင်္လာနေ့က မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ယာယီရုပ်သိမ်းပေးဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ဟာ သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်စဉ် ဝါရှင်တန်ဒီစီရှိ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ သူရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာနိုင်ငံကြား တိုးတက်တဲ့ ဆက်ဆံရေး အဖြစ် ၂ နိုင်ငံကြား သံအမတ်ကြီး အဆင့် ခန့်ထားရေးကိစ္စလည်း မကြာမီ အတည်ပြုဖွယ်ရှိနေပါတယ်။
ကချင် ငြိမ်းချမ်းရေး တရုတ်ကို အကူအညီတောင်း
သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် တရုတ်နိုင်ငံသို့ အကူအညီ တောင်းလိုက်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ၀မ်ဂန်း နှင့် ယမန်နေ့က နေပြည်တော် ပြည်တော်၌ တွေ့ဆုံရာဆွေးနွေးရာတွင် ဦးသိန်းစိန်က ပြောဆိုခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ မစ္စတာ ၀မ်ဂန်း နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မြန်မာ အပါအ၀င် နမီးဘီးယား၊ ဂျော်ဒန် နှင့် အိုင်ယာလန် နိုင်ငံ များသို့ တနင်္ဂနွေနေ့က စတင်ပြီး ချစ်ကြည်ရေး ခရီးစဉ်ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်မီးသွေးစက် ပြောင်းရွှေ့ရန် သမ္မတကို တောင်းဆို
တနင်္သာရီတိုင်း ကော့သောင်းမြို့ ကော့သောင်း ကျောက်မီးသွေး စက်ရုံအား ပြောင်းရွှေ့ပေးရန် ဒေသခံများက သမ္မတထံ ဧပြီ လ ကုန်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ ကျောက်မီးသွေး စက်ရုံသည် ပုဂ္ဂလိကစက်ရုံ တခုဖြစ်ပြီး တည်ဆောက်မှု ပြီးစီး တော့မည်ဟု သိရသည်။ မရပ်ဆိုင်းပါက ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ကြောင်း၊ စက်ရုံသည် လူနေအိမ်ခြေများနှင့် နီးကပ်နေ သည့်အတွက် မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း
၂၀၁၂ အတွင်း ကမ္ဘာလှည့် ခရီးသွား ၂၅ ရာခိုင်နှုန်း တိုးမည်
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၀င်ရောက်မှု ယခင်ထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာဖွယ် ရှိကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာဖွယ် ရှိသည်ဟုလည်း အာရှ-ပစိဖိတ် ခရီးသွား အဖွဲ့(PATA)က ဆိုသည်။ ကမ္ဘာလှည့် ခရီးသွားများအတွက် ဟိုတယ်နှင့် ခရီးသွားလာမှုဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများအပြင် စားသောက်ဆိုင်များ၏ ဧည့် ၀န်ဆောင်မှု လုပ်ငန်းများကိုပါ နိုင်ငံတကာ အဆင့်မီရန် ခရီး သွားလုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ဆာဘုတ်စနစ် ဇွန်လတွင် ဖျက်သိမ်းမည်
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာမူကြမ်းများကို စိစစ်သည့် စနစ် ဇွန်လ နောက်ပိုင်းတွင် ရှိတော့မည် မဟုတ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြောင်းစာပေကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ လုပ်ဆောင်နေသည့် စာပေစိစစ်ရေးစနစ်ကို လုံးဝ ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း မီဒီယာ ဥပဒေမူကြမ်းအား ရှေ့နေချုပ်ရုံးသို့ ဧပြီလအတွင်းက ဒုတိယအကြိမ် ပို့ထားကြောင်း၊ ထိုရှေ့နေချုပ်ရုံး၏ ညွန်ကြားချက်၊ အကြံပြုချက်များကို ရယူရန် မကြာမီ ရက်ပိုင်းအတွင်းမှာ သွားရောက် ခံယူပြီး ပြင်ဆင်မည်ကြောင်းသို့သော် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဆက်လက် ရှိနေပြီး မှတ်ပုံတင်သည့် ကိစ္စများ၊ တနိုင်ငံလုံးမှ ထွက်သည့် စာအုပ်များကို မှတ်ပုံတင်ခြင်း၊ သက်ဆိုင်ရာ အမျိုးသားမော်ကွန်းတိုက် (National achieve)၊ အမျိုးသားစာကြည့်တိုက် (National library) များသို့ ပို့ပေးခြင်းများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း စာပေနှင့် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ယက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီ MJAနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ MJU တို့မှ ကိုယ်စားလှယ် ၆ ဦးကျ ပါဝင်သည့် စာနယ်ဇင်းကောင်စီ Press council အား လာမည့် ဇွန်လမှာ ဖွဲ့ပြီး သမ္မတ က အတည်ပြုပေးမည်ဖြစ်ကြောင်း
စာပေစိစစ်ရေးစနစ် ဖျက်သိမ်းလိုက်သော်လည်း ထိုကောင်စီ ဖွဲ့စည်းရေး ဥပဒေများသည် သတင်းသမားများအတွက် အကာအကွယ် ပေးနိုင်ခြင်း မရှိမှာကို စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း အစည်းအဝေးပြုလုပ်၍ စာနယ်ဇင်းကောင်စီတွင် ပါဝင်ရေး၊ မပါဝင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း အင်္ဂါနေ့က ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲတွင် စတုတ္ထအဆင့်အဖြစ် ဝတ္ထုစာမူကြမ်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ မနက်ဖြန်မှစတင်၍ တင်ပြရန် မလိုတော့ဘဲ ထုတ်တင်စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့် ပြုလိုက် သည်ဟု ရှင်းလင်းခဲ့သည်ဟု ဦးတင့်ဆွေကပြောကြောင်း သိရသည်။
စာပေစိစစ်ရေးစနစ် ဖျက်သိမ်းလိုက်သော်လည်း ထိုကောင်စီ ဖွဲ့စည်းရေး ဥပဒေများသည် သတင်းသမားများအတွက် အကာအကွယ် ပေးနိုင်ခြင်း မရှိမှာကို စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း အစည်းအဝေးပြုလုပ်၍ စာနယ်ဇင်းကောင်စီတွင် ပါဝင်ရေး၊ မပါဝင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း အင်္ဂါနေ့က ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲတွင် စတုတ္ထအဆင့်အဖြစ် ဝတ္ထုစာမူကြမ်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ မနက်ဖြန်မှစတင်၍ တင်ပြရန် မလိုတော့ဘဲ ထုတ်တင်စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့် ပြုလိုက် သည်ဟု ရှင်းလင်းခဲ့သည်ဟု ဦးတင့်ဆွေကပြောကြောင်း သိရသည်။
လယ်မြေအဓမ္မ သိမ်းယူမှု မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမည်
နိုင်ငံတော် စီမံကိန်းများ အကြောင်းပြ၍ ပုဂ္ဂလိက ကုမ္ပဏီအချို့က လယ်မြေများ သိမ်းယူနေမှု များကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးကာ မြန်မာနိုင်ငံအတွင်း ပြသနိုင်ရန် စီစဉ်နေသည်ဟု ရုပ်ရှင်ဒါရိုက်တာ ဝိုင်းကကြောင်း ဒါရိုက်တာဝိုင်းသည် မေလအတွင်း ပြင်ဦးလွင်မြို့နယ်သို့ သွားရောက်ကာ လယ်သမားများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသတွင် လယ်သမား အယောက် ၄ဝ ၏ မြေဧက ၁,၇၀၀ ကို ကုမ္ပဏီတခုမှ သိမ်းယူထားသည်ဟုလည်း ဆိုကြောင်း။ အဆိုပါ မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ မြေယာဥပေဒများ၏ အကျိုးသက်ရောက်မှုကို လေ့လာနေပြီး၊ ဥပဒေ ပညာရှင်များနှင့်လည်း တိုင်ပင်ညှိနှိုင်းကာ လုပ်ဆောင်သွားမည်ဟုလည်း ဝိုင်းကပြောကြောင်း
မှတ်တမ်းရုပ်ရှင်အတွင်း လယ်မြေသိမ်းယူမှုကြောင့် လယ်သာ လုပ်ကိုင်စားသောက်တတ်သည့် လယ်သမားများ၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေး၊ လယ်သိမ်းယူမှုကြောင့် ပြည်ပနိုင်ငံထွက်ကာ အလုပ်လုပ်နေကြရသည့် လယ်သမားများ၏ ဘဝများကိုလည်း ထည့်သွင်း ရိုက်ကူးသွားမည် ဖြစ်ကြောင်း
အဆိုပါ မှတ်တမ်းရုပ်ရှင်အတွက် လယ်မြေသိမ်းယူမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တို့သို့ ကွင်းဆင်းကာ ရိုက်ကူးမည်ဖြစ်ပြီး ရိုက်ကူးပြီးစီးချိန်တွင် တနိုင်ငံလုံးသို့ ဖြန့်ချိပြသွားသွားမည်ဟု ဆိုကြောင်း ထို မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူးလိုမှုနှင့် ပတ်သက်၍လည်း အာဏာပိုင်များဘက်မှ တုန့်ပြန်နိုင်မှုနှင့် ပတ်သက်၍ “ဒီကားကတော့ သူတို့ရဲ့ သဘောထားကြီးမှုနဲ့ ဒီမိုကရေစီလမ်းပေါ် လျှောက်မလျှောက်ဆိုတာ ဒီကားက အဖြေပါပဲ” ဟု ဝိုင်းက ပြောကြောင်းကုမ္ပဏီများ မြေယာသိမ်းယူမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီနှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်သမားတို့ အချင်းများလျက်ရှိနေပြီး ဇေကမ္ဘာကုမ္ပဏီသည် အဆိုပါဒေသရှိ
လယ်ဧက ၈၀၀ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂၀၁၀ ခုနှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း
လယ်မြေများပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ်အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ယခုလ ၉ ရက်နေ့တွင် တားမြစ်ချက် ထုတ်ပြန်ထားကြောင်း
လယ်သမားများ၏ နစ်နာမှုများကို တင်ပြတောင်းဆိုနိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ လယ်မြေသိမ်းယူမှုများကို ကာကွယ်နိုင်ရန် ဖြေရှင်းရန် “စုပေါင်းညီညာ စက်မှုလယ်ယာကုမ္ပဏီ” ကို ယခုလ ၁၇ ရက်နေ့တွင် မှတ်ပုံတင်မည် ဟုလည်း ရွှေနံ့သာ လယ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောကြောင်းသိရသည်။
မှတ်တမ်းရုပ်ရှင်အတွင်း လယ်မြေသိမ်းယူမှုကြောင့် လယ်သာ လုပ်ကိုင်စားသောက်တတ်သည့် လယ်သမားများ၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေး၊ လယ်သိမ်းယူမှုကြောင့် ပြည်ပနိုင်ငံထွက်ကာ အလုပ်လုပ်နေကြရသည့် လယ်သမားများ၏ ဘဝများကိုလည်း ထည့်သွင်း ရိုက်ကူးသွားမည် ဖြစ်ကြောင်း
အဆိုပါ မှတ်တမ်းရုပ်ရှင်အတွက် လယ်မြေသိမ်းယူမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တို့သို့ ကွင်းဆင်းကာ ရိုက်ကူးမည်ဖြစ်ပြီး ရိုက်ကူးပြီးစီးချိန်တွင် တနိုင်ငံလုံးသို့ ဖြန့်ချိပြသွားသွားမည်ဟု ဆိုကြောင်း ထို မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူးလိုမှုနှင့် ပတ်သက်၍လည်း အာဏာပိုင်များဘက်မှ တုန့်ပြန်နိုင်မှုနှင့် ပတ်သက်၍ “ဒီကားကတော့ သူတို့ရဲ့ သဘောထားကြီးမှုနဲ့ ဒီမိုကရေစီလမ်းပေါ် လျှောက်မလျှောက်ဆိုတာ ဒီကားက အဖြေပါပဲ” ဟု ဝိုင်းက ပြောကြောင်းကုမ္ပဏီများ မြေယာသိမ်းယူမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီနှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်သမားတို့ အချင်းများလျက်ရှိနေပြီး ဇေကမ္ဘာကုမ္ပဏီသည် အဆိုပါဒေသရှိ
လယ်ဧက ၈၀၀ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂၀၁၀ ခုနှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း
လယ်မြေများပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ်အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ယခုလ ၉ ရက်နေ့တွင် တားမြစ်ချက် ထုတ်ပြန်ထားကြောင်း
လယ်သမားများ၏ နစ်နာမှုများကို တင်ပြတောင်းဆိုနိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ လယ်မြေသိမ်းယူမှုများကို ကာကွယ်နိုင်ရန် ဖြေရှင်းရန် “စုပေါင်းညီညာ စက်မှုလယ်ယာကုမ္ပဏီ” ကို ယခုလ ၁၇ ရက်နေ့တွင် မှတ်ပုံတင်မည် ဟုလည်း ရွှေနံ့သာ လယ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောကြောင်းသိရသည်။
ချင်းပါတီ နှစ်ခု ပူးပေါင်းမည်
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ချင်းအမျိုးသားပါတီ CNP နှင့် ချင်းတိုးတက်ရေးပါတီ CPP တို့ ချင်းပြည်နယ် ကိုယ်စားပြုသည့် တခုတည်းသော ပါတီအဖြစ် ပူးပေါင်းတော့မည်ဟု ဆိုကြောင်း
“ပါတီနှစ်ခု ပေါင်းခြင်းအားဖြင့် အင်အားပိုကောင်းလာမှာပေါ့။ အဲ့ဒီအတွက်လည်း ရည်မှန်းပါတယ်။ စနစ်တကျ အကူးအပြောင်းလေးတွေ လုပ်နေပါတယ်” ဟု CNP မှ ပူးဇမ်ကျင့်ပေါင် (ခေါ်) ဇိုဇမ်က ပြောကြောင်း
ပူးပေါင်းရန်အတွက် ပါတီနှစ်ခုစလုံးမှ ပူးပေါင်းကော်မတီများဖွဲ့ကာ သုံးကြိမ်ခန့် တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း
ဒေသခံမဲဆန္ဒရှင်တွေဆီ ကွင်းဆင်းလေ့လာချက်အရ ပူးပေါင်းဖို့ စီစဉ်ရကြောင်းကိုလည်း “မဲဆန္ဒရှင်တွေဆီ ကွင်းဆင်း တဲ့ အခါကျတော့ ဘာဖြစ်လို့မပေါင်းကြသလဲ၊ ဘာဖြစ်လို့ တမျိုးစီ ဖြစ်နေတာလဲ။ မြို့နယ်တွေမှာ သူလည်းဝင်တယ်၊ ကိုယ်လည်းဝင်တယ် ဆိုတော့ ချင်းအမျိုးသားအချင်းချင်း တပါတီတည်းဖြစ်ရင် မကောင်းဘူးလားဆိုတဲ့ တင်ပြချက်တွေ ရှိတယ်။ အဲ့ဒါကြောင့် ပူးပေါင်းဖို့ စဉ်းစားပြီး အစီအစဉ်လုပ်နေကြတာ” ဟု CPP မှ ဦးလျံကျယ်က ပြောကြောင်းချင်းပါတီနှစ်ခု ပူးပေါင်းရန်အတွက် အောက်ခြေအဆင့်မြို့နယ်ပါတီရုံးအသီးသီးကို အကြောင်းကြားရန် စီစဉ်နေကြောင်းနှင့် ဗဟိုအဆင့်က တွေ့ဆုံညှိနှိုင်းပြီး မူအားဖြင့် ပူးပေါင်းဖို့ သဘောတူပြီး ဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် CNP မှ ၉ ဦး အနိုင်ရရှိခဲ့ပြီး CPP ပါတီမှ ၁၂ ဦး အနိုင်ရရှိခဲ့ကြကြောင်းခေါင်းဆောင်မှုပိုင်းကိုမူ ဒီမိုကရေစီနည်းကျ ရွေးချယ်မှာ ဖြစ်သည်ဟုလည်း သိရသည်။
“ပါတီနှစ်ခု ပေါင်းခြင်းအားဖြင့် အင်အားပိုကောင်းလာမှာပေါ့။ အဲ့ဒီအတွက်လည်း ရည်မှန်းပါတယ်။ စနစ်တကျ အကူးအပြောင်းလေးတွေ လုပ်နေပါတယ်” ဟု CNP မှ ပူးဇမ်ကျင့်ပေါင် (ခေါ်) ဇိုဇမ်က ပြောကြောင်း
ပူးပေါင်းရန်အတွက် ပါတီနှစ်ခုစလုံးမှ ပူးပေါင်းကော်မတီများဖွဲ့ကာ သုံးကြိမ်ခန့် တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း
ဒေသခံမဲဆန္ဒရှင်တွေဆီ ကွင်းဆင်းလေ့လာချက်အရ ပူးပေါင်းဖို့ စီစဉ်ရကြောင်းကိုလည်း “မဲဆန္ဒရှင်တွေဆီ ကွင်းဆင်း တဲ့ အခါကျတော့ ဘာဖြစ်လို့မပေါင်းကြသလဲ၊ ဘာဖြစ်လို့ တမျိုးစီ ဖြစ်နေတာလဲ။ မြို့နယ်တွေမှာ သူလည်းဝင်တယ်၊ ကိုယ်လည်းဝင်တယ် ဆိုတော့ ချင်းအမျိုးသားအချင်းချင်း တပါတီတည်းဖြစ်ရင် မကောင်းဘူးလားဆိုတဲ့ တင်ပြချက်တွေ ရှိတယ်။ အဲ့ဒါကြောင့် ပူးပေါင်းဖို့ စဉ်းစားပြီး အစီအစဉ်လုပ်နေကြတာ” ဟု CPP မှ ဦးလျံကျယ်က ပြောကြောင်းချင်းပါတီနှစ်ခု ပူးပေါင်းရန်အတွက် အောက်ခြေအဆင့်မြို့နယ်ပါတီရုံးအသီးသီးကို အကြောင်းကြားရန် စီစဉ်နေကြောင်းနှင့် ဗဟိုအဆင့်က တွေ့ဆုံညှိနှိုင်းပြီး မူအားဖြင့် ပူးပေါင်းဖို့ သဘောတူပြီး ဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် CNP မှ ၉ ဦး အနိုင်ရရှိခဲ့ပြီး CPP ပါတီမှ ၁၂ ဦး အနိုင်ရရှိခဲ့ကြကြောင်းခေါင်းဆောင်မှုပိုင်းကိုမူ ဒီမိုကရေစီနည်းကျ ရွေးချယ်မှာ ဖြစ်သည်ဟုလည်း သိရသည်။
ချည်ချောလုံချည် ထုတ်လုပ်သူ ဦးဂျမ်း ကွယ်လွန်
နိုင်ငံတစ်ဝှမ်း ကျော်ကြားသည့် အရေအသွေးမြင့် ၂/၈၀ ချည်ချောလုံချည်များ ထုတ်လုပ်ရောင်းချခဲ့သူတစ်ဦးဖြစ်ပါသည်။အိန္ဒိယ ချည်ချောလုံချည်များ မြန်မာနိုင်ငံတွင်အ၀တ်များသည့်ကာလတွင် မြန်မာများ မြန်မာ့ လုံချည် ၀တ်နိုင်ရန် ပြည်တွင်းဖြစ်ကိုအသုံးပြုနိုင်ရန် ပြန်လည်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ သွင်းကုန်အစားထိုး ထုတ်လုပ်အောင်မြင်ခဲ့သူတစ်ယောက်အဖြစ် မှတ်တမ်း တင်အပ်ပါသည်။အမရပူရနယ်တစ်လွား စက်ရက်ကန်းသံများ နိုးထနိုင်ရန် စွမ်းဆောင်ခဲ့သူဖြစ်ပါသည်။
ဦးဂျမ်း ကို အဘ ဦးကျော်၊အမိ ဒေါ်အေးစိန်တိုမှ အမရပူရမြို့ နယ် ၊ ရဲလွှမ်းကျော်ရွာတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း(၉)ယောက်အနက် တတိယမြောက်သားဖြစ်ပါသည်။ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ်ရှိပြီး၊ ဇနီးဒေါ်မြရင်၊သားသမီး (၄)ယောက်၊ မြေး (၈) ယောက်ကျန်ရှိပါသည်။
HTC ၏ CEO မန္တလေး ပြန်လာ
ထိုင်းဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မိမိသည် မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသည်။ထိုင်းဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မိမိသည် မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသည်။မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး သည် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွေ့ အခြေချခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။ ယခုခရီးစဉ်မှာ သူ၏ ပထမဆုံးအကြိမ် ပြည်တော်ပြန်ခြင်း ဖြစ်သည်။မစ္စတာ ပီတာချူး မြန်မာနိုင်ငံသို့ ပြန်လာချိန်သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ပရောက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဒုတိယအကြိမ် ဖိတ်ခေါ်မှုနှင့် တိုက်ဆိုင်နေသည်။သို့သော် မစ္စတာ ပီတာချူးက သူ၏ ပထမအကြိမ် ပြည်တော်ပြန်ခရီးစဉ်သည် ဆွေမျိုး မိတ်သင်္ဂဟများနှင့် တွေဆုံရုံ သက်သက်သာဖြစ်ပြီး စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်မဟုတ်ဟု ရင်းနှီးသူများကို ပြောဆိုကြောင်း သိရသည်။
အခြေခံပညာကျောင်း အချို့၌ ကျောင်းအပ် လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိ၊ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်၌ အလှူငွေ ကောက်ခံခြင်းအပြင် အခြားသော ခေါင်းစဉ်များဖြင့် ရန်ပုံငွေရှာဖွေခြင်းမျိုးလည်း မပြုလုပ်ကြရန် ညွှန်ကြားထား
အခြေခံပညာကျောင်း အချို့၌ ကျောင်းအပ် လက်ခံခြင်းများကို မေလဆန်းပိုင်းကပင် စတင်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပြီး ကျောင်းအပ်နှံ ရာသီဖြစ်သည့် မေလ သီတင်းနောက်ဆုံးပတ်အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းသို့ ကျောင်းအပ်လက်ခံရာတွင် မသင်မနေရ မူလတန်းပညာရေး စနစ်အရ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်နှံမှုမှာအခမဲ့ဖြစ်ပြီး အလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းအပ်နှံမှုအတွက် သက်ဆိုင်ရာအတန်း အလိုက် မိဘဆရာ အသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ကြောင်း မသင်မနေရ မူတန်းပညာရေးစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ကျောင်းသားမိဘများအား အလှူငွေကောက်ခံခြင်းများ အပြင် အခြားသော ခေါင်းစဉ်များဖြင့် ငွေကြေး ကောက်ခံခြင်း၊ ပြင်ပမှထုတ်ဝေသည့် Student's Guide များ၊ မှတ်စုတိုများ၊ လေ့ကျင့်ခန်းစာအုပ်များ ရောင်းချ ခြင်းများကိုလည်း မပြုလုပ်ကြပဲ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျောင်းရန်ပုံငွေများနှင့် ကျောင်းလခကောက်ခံရန် သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ကောက်ခံသွားကြရမည်ဟု ပြည်ထောင်စုဝန်ကြီးအဖွဲ့ ဥက္ကဌ ဦးကျော်သူက၂၀၁၂ခုနှစ်၊ မေလ(၇)ရက်နေ့၌ အထက်မြန်မာပြည်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၄၆) သင်တန်းဖွင့်ပွဲ အခမ်း အနား၌ ညွှန်ကြားထားရှိခဲ့သည့် အတိုင်း အခြေခံပညာကျောင်းများ အားလုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အခြေခံပညာ ကျောင်းအများစု၌ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment