မြန်မာသတင်းများ မေလ ၂၃ ရက် ၂၀၁၂ ခုနှစ်
လျှပ်စစ်မီး ရရှိရေး ရန်ကုန်မှာ ဆန္ဒပြ
“အခုရန်ကုန်မြို့ မြို့တော်ခမ်းမကနေ စတာပေါ့နော်။ မြို့တော်ခမ်းမ ဘေးကနေ ၇ နာရီလောက်က စပြီးတော့ သူတို့ ဖယောင်းတိုင်တွေ ထွန်းပြီးတော့ လမ်းလျှောက်တဲ့ အချိန်မှာ လူကတဖြည်းဖြည်း တိုးလာတာပေါ့။ သူတို့က မြို့တော်ခမ်းမ ဘေးကနေစပြီး ထွက်လာတယ်၊ ဒါပေမဲ့ အဝေးကြီး မသွားဘူး။ ဆူးလေဘုရားကိုပဲ ပတ်ပြီးတော့၊ ဘုရားပေါ်တက်ပြီး ၀တ်ပြုတဲ့ သဘောမျိုးပေါ့နော် လုပ်တယ်။ ကြေညာချက် သဘောမျိုး သတင်းထောက်တွေကို ပြောပြီးတော့ ပြီးသွားပါတယ်။ အားလုံးပေါင်းတော့ ၁၀၀ နီးပါးလောက်တော့ ရှိမယ် ထင်ပါတယ်။”
ရန်ကုန်မြို့ခံ လူထုတွေဟာ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ဖို့အတွက် မြို့တော်ခမ်းမဘေးကို လူစုဝေးချိန်မှာတော့ လုံခြုံရေး စောင့်ကြပ်မှုတွေ ရှိနေပေမဲ့ ဖမ်းဆီးတာမျိုး၊ အနှောက်အယှက် ပေးတာမျိုးတော့ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
လျှပ်စစ်မီးမှန်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်တွင်ကျင်းပ
ဒီနှစ်နွေရာသီမှာ ရန်ကုန်နဲ့ အခြားဒေသတွေမှာ အကြောင်းအမျိုးမျိုးပြပြီး မကြာ ခဏ မီးပျက်လေ့ရှိပါတယ်။ ခုရက်ပိုင်းမှာလည်း ရွှေလီဓာတ်အားပေးတာဝါတိုင် ဖောက်ခွဲ ဖျက်ဆီးခံရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှအ်စစ်ဓာတ်အားဖြတ်တောက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် လျှပ်စစ်မီးမှန်မှန်ရရှိရေး လူထုဆန္ဒ ဖော်ထုတ်ပွဲကို ဒီနေ့ည ၇း ၀၀ နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်မှာရှိတဲ့ မြို့တော်ခန်းမကား မှတ်တိုင်အနီးမှ စတင်ခဲ့ပါတယ်။ အွန်လိုင်းနဲ့ အသံလွှင့် မီဒီယာတွေမှ တစ်ဆင့် ဒီလူထု ဆန္ဒဖော်ထုတ်ပွဲအကြောင်း ကြားသိကြတဲ့ အလွှာအသီးသီးမှ ပြည်သူအင်အား သုံးရာ ကျော်ခန့်နဲ့ အားပေးကြည့်ရှုသူပရိသတ် ထောင်ပေါင်းများစွာတို့ဟာ ကားမှတ်တိုင်အနီး မိမိတို့ သဘောဆန္ဒအလျောက် စုရုံးရောက်ရှိလာခဲ့ကြ ပါတယ်။ ဆန္ဒဖော်ထုတ်သူများက ည ၇း ၀၀ နာရီတိတိမှာ ဖယောင်းတိုင်မီးများထွန်းညှိကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆူးလေစေတီ် ရင်ပြင်တော်ပေါ်သို့တက်ရောက် ဆီမီးပူဇော်ဆုတောင်းကြပြီး ည ၇း၃၀ မှာ အောင်မြင်စွာ လူစု ခွဲခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေထဲမှာ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်နော်အုံးလှကိုလည်း တွေ့ကြရပါတယ်။ဒီနေ့ပွဲကို အဓိကစီစဉ်သူဖြစ်တဲ့ ကိုဟန်ဝင်းအောင်က
“ကျွန်တော်တို့ ဒီနေ့ပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်က ပြည်သူလူထုတွေ လိုလားတောင့်တနေကြတဲ့ လျှပ်စစ်မီး အချိန်ပြည့်ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်တာမျိုး မဟုတ် ပါဘူး။ နိုင်ငံခြားကိုတောင် လျှပ်စစ်မီးရောင်းစားနိုင်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ ပြည်သူတွေ မီးမှန်မှန်ရသင့်ပါတယ်။ မှောင်ထဲမှာ နေနေရတာ မျိုး မဖြစ်သင့်ပါဘူး။ နိုင်ငံတော်က တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို ပြေလည်အောင် အမြန်ဆုံး ဖြေရှင်းပေး သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီနေ့ပွဲကို အာဏာပိုင်တွေဘက်က ဟန့်တားဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ
မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်နှင့် ဒေသခံ အနည်းဆုံး ၁ဝ ဦးခန့်ကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မွန်လွဲပိုင်းမှာ စာရေးဆရာညီပုလေး အပါအဝင် NLD အဖွဲ့ဝင် လေးဦးတို့ ပြန်လွတ်မြောက်လာသည်ဟု လွတ်လာသူများက ပြောသည်။
စာရေးဆရာ ညီပုလေး၊ မန္တလေး NLD မဟာအောင်မြေမြို့နယ်မှ ရွေးကောက်ပွဲ တာဝန်ခံ ဦးမြင့်စိုးနှင့် စည်းရုံးရေးမှူး ဦးဘကြီးအောင်နှင့် ဒေါ်ခင်သန်းမြင့်တို့ လေးဦးကို တဦးချင်းစီ ပြန်လွှတ်ပေးလိုက်သည်ဟု ခေါ်ယူစစ်ဆေးခံရသည်
သူတို့ကို မနေ့က နံနက် ငါးနာရီကျော်ချိန်တွင် သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)နှင့် ရပ်ကွက်အာဏာပိုင်များက လျှပ်စစ်မီး ရရှိရေး ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း စရာရှိသည်ဟုဆိုကာ နေအိမ်မှာ လာရောက်ခေါ်ဆောင် သွားကာ ၆၆လမ်းနှင့် ၁၂ လမ်းကြားရှိ အက်စ်ဘီ ရုံးတွင် စစ်ဆေးမေးမြန်းပြီး မနေ့က ၁၂ နာရီချိန်တွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်မီး ရရှိရေး ဆန္ဒပြသူများ အဖမ်းခံရ
မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြမှုကြောင့် ဦးဆောင်သူတချို့အပါအ၀င် ဆန္ဒပြသူ ၄၀ ဦးခန့်ကို ယနေ့နံနက်စောစော ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အဖမ်းခံရသူများတွင် စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့်၊ ဘကြီးအောင်၊ ကိုဝင်းဇော်ဦး၊ ကိုချစ်ရင်၊ ကိုမြင့်စိုး နှင့် မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီ တို့ ပါဝင်ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။ ၎င်းတို့သည် လျှပ်စစ်မီးရရှိရေးအတွက်၂ ရက်ဆက်တိုက်ဆန္ဒပြကြခြင်း ဖြစ်သည်။
စာရေးဆရာ ညီပုလေး ပြန်လွတ်
မန္တလေး၌ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုနှင့်ပတ်သက်၍ စာရေးဆရာ ညီပုလေးအား ရဲ အထူးသတင်းတပ်ဖွဲ့(SB)က ခေါ်ယူမေးမြန်းပြီး နောက် မကြာခင် အချိန်အတွင်း ပြန်လည် လွှတ်ပေးလိုက်သည်။ SB က ဆရာ ညီပုလေးအား ဆန္ဒပြမှုနောက်ကွယ်တွင် မည်သူ က ကြိုးကိုင်နေသလဲဟု သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။ ဆရာ ညီပုလေးမှာ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိဘဲ ဘေးမှ ဓာတ်ပုံရိုက်ခြင်းကိုသာ ပြုလုပ်သည်ဟု ဆိုသည်။ လျှပ်စစ်မီးရရှိရေး ၂ ရက်ကြာ ဆန္ဒပြခဲ့ကြသူများထဲမှ လူ ၄၀ ခန့်ကို မနေ့က နံနက် ပိုင်းက စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဂျနီဗာတွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြည်ပမိန့်ခွန်း ပြောမည်
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် ဂျနီဗာတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၌ ကိုယ်တိုင် ပထမဆုံးအကြိမ် ပြည်ပမိန့်ခွန်းကို ပြောကြားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အလုပ်သမားရေးရာရုံး အကြီးအကဲက ယနေ့ပြောကြားလိုက်သည်။ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က လာမည့်လကျင်းပမည့် ILO ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံက ပြည်ပခရီးထွက်လာပြီးနောက် ပြည်ပရောက် မိန့်ခွန်းပြောကြားမည့် ပထမဆုံးနေရာဖြစ်ကြောင်း ယနေ့တွင် ပြောသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။၁၉၉၃ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ကိုယ်တိုင်လက်ခံဖို့အတွက် နော်ဝေးနိုင်ငံကို အသွား ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ILO ညွှန်ကြားရေးမှူးချုပ်က - အခုကျင်းပမယ့် ILO ညီလာခံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပမှာ မိန့်ခွန်းပြောကြားတဲ့နေရာ ဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကနေ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
စပယ်ပွင့် အထည်ချုပ် စက်ရုံတွင်လည်း အလုပ်သမားများ ဆန္ဒပြ
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်သည် အခြေခံလစာတိုးမြင့်ရေး၊ ထောက်ပံ့ကြေးနှင့် ရှားပါးစရိတ် ရပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ယနေ့ ဆက်လက်၍ စက်ရုံရှေ့တွင် တာင်းဆို ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
ဓနုဖြူတွင် ဆန္ဒပြရန် လူ ၁၅၀ ကျော် စုရုံးချီတက်
ဧရာဝတီတိုင်း မအူပင်ခရိုင် ဓနုဖြူမြို့ပေါ်ရှိ ငါးလုပ်ငန်းဦးစီးဌာနကို ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် ချောင်းဖျားအင်း ဒေသခံ ရွာသား ၁၅၀ ကျော် ယနေ့နံနက် စုရုံးချီတက်နေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရှိရသည်။ ချောင်းဖျားအင်းအား ဒေသခံ အင်းလုပ်သားများ လုပ်ကိုင်ခွင့်ရရှိရေး၊ အင်းစည်းကမ်း ချိုးဖောက်လုပ်ကိုင်သူ စီးပွားရေးလုပ်ငန်းရှင်အား ထိရောက်စွာအရေးယူ ပေးရေးနှင့် အင်းလုပ်ငန်းနှင့် ပတ်သက်၍ ခိုးမှုဖြင့် စွတ်စွဲခံထားရသူ ၉ ဦးကိုလည်း ချွင်းချက်မရှိ ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ ထပ်မံရရှိ
အစိုးရ ငြိမ်းအဖွဲ့သစ်နှင့် KIO ပထမဆုံးအကြိမ်တွေ့
ဒုက္ခသည်နှင့် အလုပ်သမားအရေး မမေ့ရန် ရှမ်းအမျိုးသမီးအဖွဲ့ တိုက်တွန်း
အစိုးရနှင့် မကြာသေးမီက အပစ်အခတ်ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့သော ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) အဖွဲ့အနေဖြင့် ရှမ်း ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေးတို့ကို စဉ်းစားပေးရန် လိုကြောင်း အပစ်ရပ် တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုလိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသော ရှမ်းဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးတို့ကိုလည်း ဆောင်ရွက်သင့်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) က တိုက်တွန်းလိုက်သည်။မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း
ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ဖွဲ့စည်းလိုက်သည့် သမဂ္ဂတွင် လုပ်အားနှင့် လုပ်အားခ မျှတစွာ ရရှိရေး၊ အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိုက်သင့်သည့် နစ်နာကြေး ရရှိရေး၊ အလုပ်သမားများ၏ ဘဝမြှင့်တင်ရေး စသည့် ရည်ရွယ်ချက်များလည်း ပါဝင်သည်။
သမဂ္ဂတွင် ဘုရားသုံးဆူမြို့ တဖက်ခြမ်း ထိုင်းပိုင်နက် စေတီစမ်အွန်း၌ အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမား ၃၀ ဦး ပါဝင်ပြီး၊ မြန်မာဘက်ခြမ်းမှ နံနက် ညနေ အလုပ်တက်ဆင်းကြသူများ ဖြစ်သည်။
“ထိုင်းအလုပ်သမားနဲ့ မြန်မာအလုပ်သမား တန်းတူအခွင့်အရေး မရှိဘူး၊ ကျနော်တို့မှာ နေမကောင်းလို့ ခွင့်တိုင်တာ လည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်မပေးဘူး၊ လုပ်အားခ ဆိုလို့ရှိရင်လည်း ထိုင်းနဲ့ ကျနော်တို့နဲ့ မတူဘူး၊ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျနော်တို့ ဒီသမဂ္ဂကို ဖွဲ့ရတာ ဖြစ်တယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ ကိုဝေဖြိုးက ပြောသည်။
၎င်း၏ အဆိုရ ထိုင်းအလုပ်သမား တဦးလျှင် တရက်လုပ်အားခ အနည်းဆုံး ထိုင်းဘတ်ငွေ ၂၀၀ ကျော် ရရှိပြီး၊
မြန်မာအလုပ်သမားများမှာ ၉ဝ ဘတ်သာ ရရှိသည်။ “ကျနော်တို့ဟာ မြန်မာပိုင်ထဲမှာ သမဂ္ဂကို ဖွင့်ထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို သွားပြီးတော့ ဝင်စွက်ဖက်လို့တော့ မရဘူး။ ဒါပေမဲ့ မှတ်ပုံတင်ကျမယ် ဆိုရင်တော့ ထိုင်းအလုပ်သမား သမဂ္ဂနဲ့ ချိတ်ပြီး တန်းတူအခွင့်အရေး ရအောင် လုပ်သွားမယ်” ဟု ကိုဝေဖြိုးက ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် မရှိသော်လည်း အလုပ်သမားတိုင်းအတွက် တန်းတူအခွင့်အရေး ရှိကြောင်း၊ ပြည်နယ်အလိုက် အနိမ့်ဆုံး လုပ်အားခကို အစိုးရက သတ်မှတ်ပေးထားကြောင်းလွန်ခဲ့သည့် ဇူလိုင်လက လုပ်အားခ တရက် ၁၅ ဘတ် တိုးပေးရန်နှင့် တနေ့ အလုပ်ချိန် ၉ နာရီမှ ၈ နာရီသို့ ပြောင်းလဲ သတ်မှတ်ပေးရန်အတွက် စေတီစမ်အွန်းရှိ PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာအလုပ်သမား ၄၀၀ ကျော်နှစ်ကြိမ်တိုင် ဆန္ဒပြ တောင်းဆိုခဲ့ပြီး နောက်တွင် ထိုင်းအလုပ်ရှင်များက အနိမ့်ဆုံး ၇၀ ဘတ်မှ အမြင့်ဆုံး ၁၁၅ ဘတ်သာ ရရှိသည့် အလုပ်သမားများကို ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိ တိုးပေးခဲ့ပြီး၊ အလုပ်ချိန်ကိုလည်း ၈ နာရီသို့ သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း မြန်မာ နှင့် ထိုင်း အလုပ်သမားများ၏ လုပ်အားခမှာ ကွာဟမှု ရှိနေသေးကြောင်း စေတီစမ်အွန်းတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅၀၀၀ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်း ၄၀ ကျော် ရှိသည်။မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ အာဏာတည်သည့် မတ်လ ၉ ရက်နေ့မှ စ၍ အဖွဲ့ဝင် ၃၀ ရှိပါက အလုပ်သမား သမဂ္ဂတခုကို တရားဝင် ဖွဲ့စည်းခွင့် ရရှိမည် ဖြစ်ပြီး၊ လက်ရှိတွင် မှတ်ပုံတင်ရန် လျှောက်ထားသည့် အလုပ်သမား အဖွဲ့အစည်း ၁၂ ခု ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဝတ္တရားနှောက်ယှက်မှုဖြင့် ဦးအေးလွင် ထောင်ဒဏ် ၂ လ အမိန့်ချခံရ
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်သည် ဝန်ထမ်းအား ဝတ္တရားနှောက်ယှက်မှုဖြင့် လှည်းကူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်လိုက်သည်ဟုသိရသည်။
မြန်မာ့ပြောင်းလဲမှု ဆက်ထိန်းနိုင်ရင် ဖွံ့ဖြိုးမှုအလာအလာကောင်း
မြန်မာနိုင်ငံဟာ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မပျက် မှန်မှန်သွားနိုင်မယ်ဆိုရင်တော့ တိုးတက် ဖွံ့ဖြိုးရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Carnegie Endowment နိုင်ငံ တကာငြိမ်းချမ်းရေးလေ့လာမှုဌာန စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း ရှိပြီးသား အရင်းအမြစ်တွေကို မှန်မှန်ကန်ကန် ဖြစ်လာအောင် ပြောင်းလဲအသုံးချဖို့ကိစ္စမှာ စိန်ခေါ်ချက်တွေတော့ ရှိနိုင်တယ်လို့ သူက ယူဆပါတယ်။ ဒါပေမယ့် လက်ရှိ နှုန်းအတိုင်း ပြုပြင်ပြောင်းလဲမှုတွေ မှန်မှန် လုပ်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအလားအလာကောင်းတွေ ရှိနေတယ်လို့ သူက သုံးသပ်ပါတယ်
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment