လျှပ်စစ်မီးမှန်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ
လျှပ်စစ်မီး ရရှိရေး ရန်ကုန်မှာ ဆန္ဒပြ
“အခုရန်ကုန်မြို့ မြို့တော်ခမ်းမကနေ စတာပေါ့နော်။ မြို့တော်ခမ်းမ ဘေးကနေ ၇ နာရီလောက်က စပြီးတော့ သူတို့ ဖယောင်းတိုင်တွေ ထွန်းပြီးတော့ လမ်းလျှောက်တဲ့ အချိန်မှာ လူကတဖြည်းဖြည်း တိုးလာတာပေါ့။ သူတို့က မြို့တော်ခမ်းမ ဘေးကနေစပြီး ထွက်လာတယ်၊ ဒါပေမဲ့ အဝေးကြီး မသွားဘူး။ ဆူးလေဘုရားကိုပဲ ပတ်ပြီးတော့၊ ဘုရားပေါ်တက်ပြီး ၀တ်ပြုတဲ့ သဘောမျိုးပေါ့နော် လုပ်တယ်။ ကြေညာချက် သဘောမျိုး သတင်းထောက်တွေကို ပြောပြီးတော့ ပြီးသွားပါတယ်။ အားလုံးပေါင်းတော့ ၁၀၀ နီးပါးလောက်တော့ ရှိမယ် ထင်ပါတယ်။”
ရန်ကုန်မြို့ခံ လူထုတွေဟာ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ဖို့အတွက် မြို့တော်ခမ်းမဘေးကို လူစုဝေးချိန်မှာတော့ လုံခြုံရေး စောင့်ကြပ်မှုတွေ ရှိနေပေမဲ့ ဖမ်းဆီးတာမျိုး၊ အနှောက်အယှက် ပေးတာမျိုးတော့ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
လျှပ်စစ်မီးမှန်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်တွင်ကျင်းပ
ဒီနှစ်နွေရာသီမှာ ရန်ကုန်နဲ့ အခြားဒေသတွေမှာ အကြောင်းအမျိုးမျိုးပြပြီး မကြာ ခဏ မီးပျက်လေ့ရှိပါတယ်။ ခုရက်ပိုင်းမှာလည်း ရွှေလီဓာတ်အားပေးတာဝါတိုင် ဖောက်ခွဲ ဖျက်ဆီးခံရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှအ်စစ်ဓာတ်အားဖြတ်တောက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် လျှပ်စစ်မီးမှန်မှန်ရရှိရေး လူထုဆန္ဒ ဖော်ထုတ်ပွဲကို ဒီနေ့ည ၇း ၀၀ နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်မှာရှိတဲ့ မြို့တော်ခန်းမကား မှတ်တိုင်အနီးမှ စတင်ခဲ့ပါတယ်။ အွန်လိုင်းနဲ့ အသံလွှင့် မီဒီယာတွေမှ တစ်ဆင့် ဒီလူထု ဆန္ဒဖော်ထုတ်ပွဲအကြောင်း ကြားသိကြတဲ့ အလွှာအသီးသီးမှ ပြည်သူအင်အား သုံးရာ ကျော်ခန့်နဲ့ အားပေးကြည့်ရှုသူပရိသတ် ထောင်ပေါင်းများစွာတို့ဟာ ကားမှတ်တိုင်အနီး မိမိတို့ သဘောဆန္ဒအလျောက် စုရုံးရောက်ရှိလာခဲ့ကြ ပါတယ်။ ဆန္ဒဖော်ထုတ်သူများက ည ၇း ၀၀ နာရီတိတိမှာ ဖယောင်းတိုင်မီးများထွန်းညှိကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆူးလေစေတီ် ရင်ပြင်တော်ပေါ်သို့တက်ရောက် ဆီမီးပူဇော်ဆုတောင်းကြပြီး ည ၇း၃၀ မှာ အောင်မြင်စွာ လူစု ခွဲခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေထဲမှာ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်နော်အုံးလှကိုလည်း တွေ့ကြရပါတယ်။ဒီနေ့ပွဲကို အဓိကစီစဉ်သူဖြစ်တဲ့ ကိုဟန်ဝင်းအောင်က
“ကျွန်တော်တို့ ဒီနေ့ပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်က ပြည်သူလူထုတွေ လိုလားတောင့်တနေကြတဲ့ လျှပ်စစ်မီး အချိန်ပြည့်ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်တာမျိုး မဟုတ် ပါဘူး။ နိုင်ငံခြားကိုတောင် လျှပ်စစ်မီးရောင်းစားနိုင်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ ပြည်သူတွေ မီးမှန်မှန်ရသင့်ပါတယ်။ မှောင်ထဲမှာ နေနေရတာ မျိုး မဖြစ်သင့်ပါဘူး။ နိုင်ငံတော်က တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို ပြေလည်အောင် အမြန်ဆုံး ဖြေရှင်းပေး သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီနေ့ပွဲကို အာဏာပိုင်တွေဘက်က ဟန့်တားဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ
မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်နှင့် ဒေသခံ အနည်းဆုံး ၁ဝ ဦးခန့်ကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မွန်လွဲပိုင်းမှာ စာရေးဆရာညီပုလေး အပါအဝင် NLD အဖွဲ့ဝင် လေးဦးတို့ ပြန်လွတ်မြောက်လာသည်ဟု လွတ်လာသူများက ပြောသည်။
စာရေးဆရာ ညီပုလေး၊ မန္တလေး NLD မဟာအောင်မြေမြို့နယ်မှ ရွေးကောက်ပွဲ တာဝန်ခံ ဦးမြင့်စိုးနှင့် စည်းရုံးရေးမှူး ဦးဘကြီးအောင်နှင့် ဒေါ်ခင်သန်းမြင့်တို့ လေးဦးကို တဦးချင်းစီ ပြန်လွှတ်ပေးလိုက်သည်ဟု ခေါ်ယူစစ်ဆေးခံရသည်
သူတို့ကို မနေ့က နံနက် ငါးနာရီကျော်ချိန်တွင် သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)နှင့် ရပ်ကွက်အာဏာပိုင်များက လျှပ်စစ်မီး ရရှိရေး ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း စရာရှိသည်ဟုဆိုကာ နေအိမ်မှာ လာရောက်ခေါ်ဆောင် သွားကာ ၆၆လမ်းနှင့် ၁၂ လမ်းကြားရှိ အက်စ်ဘီ ရုံးတွင် စစ်ဆေးမေးမြန်းပြီး မနေ့က ၁၂ နာရီချိန်တွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။
စာရေးဆရာ ညီပုလေး၊ မန္တလေး NLD မဟာအောင်မြေမြို့နယ်မှ ရွေးကောက်ပွဲ တာဝန်ခံ ဦးမြင့်စိုးနှင့် စည်းရုံးရေးမှူး ဦးဘကြီးအောင်နှင့် ဒေါ်ခင်သန်းမြင့်တို့ လေးဦးကို တဦးချင်းစီ ပြန်လွှတ်ပေးလိုက်သည်ဟု ခေါ်ယူစစ်ဆေးခံရသည်
သူတို့ကို မနေ့က နံနက် ငါးနာရီကျော်ချိန်တွင် သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)နှင့် ရပ်ကွက်အာဏာပိုင်များက လျှပ်စစ်မီး ရရှိရေး ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း စရာရှိသည်ဟုဆိုကာ နေအိမ်မှာ လာရောက်ခေါ်ဆောင် သွားကာ ၆၆လမ်းနှင့် ၁၂ လမ်းကြားရှိ အက်စ်ဘီ ရုံးတွင် စစ်ဆေးမေးမြန်းပြီး မနေ့က ၁၂ နာရီချိန်တွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်မီး ရရှိရေး ဆန္ဒပြသူများ အဖမ်းခံရ
မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြမှုကြောင့် ဦးဆောင်သူတချို့အပါအ၀င် ဆန္ဒပြသူ ၄၀ ဦးခန့်ကို ယနေ့နံနက်စောစော ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အဖမ်းခံရသူများတွင် စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့်၊ ဘကြီးအောင်၊ ကိုဝင်းဇော်ဦး၊ ကိုချစ်ရင်၊ ကိုမြင့်စိုး နှင့် မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီ တို့ ပါဝင်ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။ ၎င်းတို့သည် လျှပ်စစ်မီးရရှိရေးအတွက်၂ ရက်ဆက်တိုက်ဆန္ဒပြကြခြင်း ဖြစ်သည်။
စာရေးဆရာ ညီပုလေး ပြန်လွတ်
မန္တလေး၌ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုနှင့်ပတ်သက်၍ စာရေးဆရာ ညီပုလေးအား ရဲ အထူးသတင်းတပ်ဖွဲ့(SB)က ခေါ်ယူမေးမြန်းပြီး နောက် မကြာခင် အချိန်အတွင်း ပြန်လည် လွှတ်ပေးလိုက်သည်။ SB က ဆရာ ညီပုလေးအား ဆန္ဒပြမှုနောက်ကွယ်တွင် မည်သူ က ကြိုးကိုင်နေသလဲဟု သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။ ဆရာ ညီပုလေးမှာ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိဘဲ ဘေးမှ ဓာတ်ပုံရိုက်ခြင်းကိုသာ ပြုလုပ်သည်ဟု ဆိုသည်။ လျှပ်စစ်မီးရရှိရေး ၂ ရက်ကြာ ဆန္ဒပြခဲ့ကြသူများထဲမှ လူ ၄၀ ခန့်ကို မနေ့က နံနက် ပိုင်းက စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment