Y Talk ဖြင့် ဖုန်းခေါ်ဆိုသည့် စနစ်ကို နေအိမ်များ၊ ရုံးခန်းများတွင်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်
By Pyi Myanmar

 
Y Talk ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုသည့် စနစ်ကို နေအိမ်များ၊ ရုံးခန်းများတွင်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  VMG ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် သရုပ်ဆောင် စမိုင်းလ်က ပြောကြားသည်။ “ဒီလို နေအိမ်တွေ၊ ရုံးခန်းတွေကနေ Y Talk ခေါ်ဆိုနိုင်ဖို့ကို MPT ကို စာတင်ထားတယ်။ ခွင့်ပြုချက် စောင့်နေတာ။ ခွင့်ပြုမိန့်ရတာနဲ့ လုပ်ဆောင်ပေးသွားမှာပါ။ လက်ရှိမှာတော့ Y Talk Calling Centre ရယ်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးက အင်တာနက်ဆိုင်တွေမှာ Y-Talk အသုံးပြုနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
Y Talk  စနစ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုရန် Y Talk Account ကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ပြောဆိုခအတွက် FEC (10, 30, 50) တန် Credit Card များ ဝယ်ယူ အသုံးပြုရကြောင်း၊ သို့သော် Y Talk က ဖွင့်လှစ်ထားသည့် Calling Centre တွင် လာရောက် ဖုန်းခေါ်ဆိုလျှင် Y Talk Account, Credit Card များ မလိုဘဲ ခေါ်ဆိုနိုင်ပြီး ကျသင့်ငွေကို မြန်မာငွေဖြင့်သာ ပေးချေရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် Y Talk Account ပေါင်း ၂၀၀၀ ကျော် ရောင်းချထားပြီးဖြစ်ကြောင်း၊ Y Talk ဖြင့် ဖုန်းခေါ်ဆိုသည့် စနစ်ကို VMG Co.,Ltd.၊ ရတနာပုံတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment