မြန်မာသတင်းများ  ဇူလိုင် ၃၊ ၂၀၁၂



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက် အပြည့်အစုံမှာ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း-စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးခဲ့ကြာင်း သိရှိရသည်'' ဟု နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ပါသည်။

ဇူလိုင်လ ၃ ရက်နေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ပြီး ၎င်းတို့ထဲတွင် ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည်ထောင်မှ ကိုပြည့်ဖြိုးအောင်၊ ကသာထောင်မှ ကိုအောင်အောင်ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့တွင် ကိုအေးအောင်သည် ပုဒ်မ် ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ်ကျခံနေရသူဖြစ်ပြီး ကိုသန်းဇော်မှာ  ပုဒ် ၁၂၂(၁) ၊ ၅(ည)၊ ၃၀၂(၁) တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် နှစ် ၂၀ ကျခံနေရသူ ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ၉ ဦးလွတ်မြောက်လာပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ဦး ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ၉ ဦးတွင် ၆ ဦးမှာ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြင်းခြံထောင်၌ ထောင်ဒဏ် ၁၉ နှစ်ကျခံနေရသူ ဒေါက်တာကျော်ကျော် ပြန်လည် လွတ်မြောက်လာပြီး မြင်းခြံအကျဉ်းထောင်၌ပင် အကျဉ်းကျခံနေရသော ကယန်းနိုင်ငံရေးသမား ကောရိယိုလည်း လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရပါသည်။ ဒေါက်တာ ကျော်ကျော် ပြန်လည် လွတ်မြောက်လာခြင်းကို အတည်ပြုချက် ရရှိထားပြီး ကောရိယို ပြန်လည် လွတ်မြောက်လာခြင်းကို အတည်ပြုချက် ရယူနေဆဲ ဖြစ်ပါသည်။

ထို့အပြင် ထားဝယ်ထောင်မှ လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၃ ဦးပါဝင်ပြီး မ၀ါ၊ မဦးနှင့် ကိုမင်းလွင်တို့ ဖြစ်ကာ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ်ကျ ခံနေရသူများ ဖြစ်ပါသည်။ ကော့သောင်းထောင်၌ ပုဒ်မ ၁၇/၁၊ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဒေါ်ဝင်လည်း ပြန်လည် လွတ်မြောက် လာသူများ ထဲတွင် ပါဝင်ခဲ့ကြောင်း သိရပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယနေ့နံနက်ပိုင်း၌ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသူများ စာရင်း

၁) စောဝီလျံ( ၁၇/၁၊ ၁၃/၁)
၂) စောဖရန်စစ် (၁၇/၁)
၃) အန်ထော်နီ (၁၇/၁)
၎) ထွန်းမြတ်သူ (၁၇/၁)
၅) ကိုမြင့်ကြိုင် (၁၇/၁၊ ၁၃/၁)
၆) ကိုအေးသိန်း(ခ) ရန်နိုင် (၁၇/၁၊ ၁၃/၁)
၇) ကိုဇော်မင်းအောင် (၁၇/၁)
၈) ကိုစောနိုင်ဝင်း (၁၇/၁)
၉) ကိုမိုးသီး(ခ) အောင်မိုးဇော် (အသင်းအဖွဲ့ ၇၊ ၁၃/၁)
၁၀) မအေးအေးနွယ် (၁၇/၁၊ ၁၃/၁)
၁၁) မဇာဏီဦး (၁၇/၁၊ ၁၃/၁)

ဇူလိုင် ၃ ရက် လွတ်မြောက်လာသူများ စာရင်း ရသမျှ


ယနေ့ကြေညာသော အကျဉ်းသား ၈၀ လွတ်မြောက်ခွင့်ပေးသည့်စာရင်းတွင် အောက်ပါ နိုင်ငံရေးအကျဉ်းသား  ပါဝင်ကြောင်း သိရှိရသည်။ နံမယ်စာရင်းများကို ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်းမှာ စုံစမ်းရယူနိုင်သည်။ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်သည်ဟု ပြောသည်။

ကောရိယို (မြင်းခြံ) ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်မှု
ကိုအေးအောင် (ကလေး)
သန်းဇော်၊ (မြင်းခြံ)
ဒေါက်တာကျော်ကျော် (မြင်းခြံ)
ပြည့်ဖြိုးအောင် (ပြည်)
အောင်အောင်ဦး (ကသာ)
အောင်ကျော်မိုး (မြစ်ကြီးနား)
ဒေါ်ဝင်း (ကော့သောင်)
မ၀ါ (ထားဝယ်)
မဦး (ထားဝယ်)
ကိုဝင်းလွင် (ထားဝယ်)
ဦးမြင့်ကြိုင် (အင်းစိန်) ၁၇(၁) ၁၃(၁) ၅ နှစ်ကျ။
အောင်မိုးဇော် ခေါ် မိုးသီး  (အင်းစိန်) သင်းဖွဲ့ပုဒ်မ၊ ၆ နှစ်ကျ။
အေးအေးနွယ် ခေါ် အဲလီဇဘက်  (အင်းစိန်)
စောဖရန်စစ် ခေါ် ကျော်ကျော်  (အင်းစိန်)။ ၁၇(၁)၊ ၁၃(၁)၊ ၃ နှစ်ကျ
စောနိုင်ဝင်းခေါ် အလက်ဇန်းဒါး  (အင်းစိန်)
မဇာနည်ဦး ခေါ် ဇာဇာ  (အင်းစိန်)
စောဝီလျံ  (အင်းစိန်) ။ ၅ နှစ်ကျ ၁၇(၁) ၁၃(၁)၊
ဇော်မင်းအောင် (အင်းစိန်) ၁၇(၁) ၁၃(၁) ၂ နှစ်ကျ၊
ကိုအေးသိန်း ခေါ် ရန်နိုင် (အင်းစိန်) ၁၇(၁) ၁၃(၁)
ထွန်းမြတ်သူ ၂၇ နှစ်ကျ၊ ၁၂ နှစ် နေခဲ့။ ၁၇(၁) ၁၃(၁)။ ၂၄(၁)၊ ၄၂၀။ ၄၆၈။

အကျဉ်းသား ၈၀ လွတ်ငြိမ်းခွင့်ပေး


အစိုးရက နိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၈၀ ကို ယနေ့မှစတင်၍ လွတ်ငြိမ်းခွင့် ပြုလိုက်သည်။ သမ္မတ ၏ လုပ် ပိုင်ခွင့်ဖြင့် လွတ်ငြိမ်းခွင့်ပေးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၉ ဦး၊ နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး တို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ လတ်တလော လွတ်မြောက်လာသူများထဲတွင် သရက် ထောင်မှ ကိုသန်းဇော်၊ ကလေးမြို့ အကျဉ်းထောင် မှ ကိုအေးအောင်၊ ကသာထောင်မှ ကိုအောင်အောင်ဦး၊ မြင်းခြံထောင်မှ ကိုအောင်ကျော်မိုး၊ ပြည်မြို့ အကျဉ်းထောင် မှ ကိုပြည့်ဖြိုးအောင် စသည့် နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်ကြောင်း သိရသည်။


အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်

နိုင်ငံတော် သမ္မတ ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် အကျဉ်းသား ၈၀ ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ လွတ်မြောက်လာသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဘောင်းဘောင်းက အတည်ပြုပြောဆိုသည်။ 
၎င်း လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများအား ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးခန်းသို့ ယခုသတင်းရရှိချိန်တွင် သွားရောက်နေပြီဟုလည်း သိရှိရသည်။ 
ယင်းလွတ်မြောက်သူများထဲတွင် ပဲခူးမြို့မှ စောဝီလျံ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောသည်။

Facebook excerpts - နိုင်ငံရေးအကျဉ်းသားများဖြစ်သော.. ကိုအေးအောင်၊ ကိုသန်းဇော်၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်အောင်ဦးတို့  လွတ်မြောက်စာရင်းထဲ ပါသည်ဟု ဆိုသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment