ဒီမိုကရေစီစနစ်၏ လွတ်လပ်စွာ ဟောပြောရေးသားကိုးကွယ်ခွင့်အား အခွင့်အရေးယူ၍ ဗုဒ္ဓဘာသာတရားတော်များအား ထိပါးနေသည့် ဘေးရန်များမှ ကာကွယ်နိုင်ရန် သာသနာဟိတ၊ ပရဟိတအဖွဲ့များ ပါဝင်သည့် ထေရ၀ါဒဓမ္မကွန်ရက်အား သြ ဂုတ်လ ၂၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
ထေရ၀ါဒဓမ္မကွန်ရက် စတင်ဖွဲ့စည်းမှု အခမ်းအနားအား ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့ပြီး သြ၀ါဒဆရာတော်များအဖြစ် ဘဒ္ဒန္တ၀ီရိယ(ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ ပဓာနနာယက၊ ပခုက္ကူမြို့) ၊ ဘဒ္ဒန္တ ဇနိန္တသာရ (အောင်စန္ဒာသိဒ္ဓိကျောင်းတိုက်၊တောင်ဥက္ကလာပ)နှင့် ဆရာတော်ကြီးများ၊ နာယကဆရာတော်များအဖြစ် ဘဒ္ဒန္တပညာသီရိ(ဗဟန်း)၊ ဘဒ္ဒန္တနာရဒ(ပုတီးကုန်း)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ထေရ၀ါဒဓမ္မကွန်ရက်အား အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်းအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး အဖွဲ့၏ ယာယီတည်နေရာမှာ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်းရှိ မင်္ဂလာမဏ္ဍိုင် ကျောင်းတိုက်ဖြစ်ပြီး dhammanetwork2556@gmail.com သို့ ဆက်သွယ် အသင်းဝင်နိုင်ကြောင်းလည်း သိရှိရပါသည်။
''ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်က တရားဝင် သတ်မှတ်ခဲ့တာ ၁၉၆၂ ခုနှစ်ကဆိုတော့ ဒီနှစ်မှာ ၅၂ နှစ်ရှိပါပြီ။ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ထေရ၀ါဒဓမ္မကွန်ရက် စတင်ဖွဲ့စည်းခဲ့တာပါ''ဟု နာယက ဆရာ တော်တစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ဗုဒ္ဓဘာသာ ကာကွယ်ရေးအတွက် ထုတ်ဝေခဲ့သည့် ရွှေဒုံးဘီအောင်ရေး''အမျိုးပျောက်မှာ စိုးကြောက်စရာစာအုပ်နှင့် ကိုယ်တော့်ကရုဏာ စာအုပ်''၊ သမိုင်းသုတေသန ညွှန်ကြားရေးမှုး ဦးမြင့်သိန်း ရေးသားပြုစုသည့် ''ရခိုင်ဒေသအတွင်းသို့ ဘာသာခြားများ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေး လှုပ်ရှားပုံ အဆင့်ဆင့်''အကြောင်းအား မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာနိုင်ငံ စသည့် စာတမ်းများ ဖတ်ခြင်းနှင့် သက်တော်ရဆရာတော်ကြီးများ ၏ ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပုံများ၊ မြန်မာနိုင်ငံတွင် စစ်မှန်သော ဗုဒ္ဓဘာသာ ထွန်းကားတည်မြဲရေးအတွက် သံဃာယနာတင်ခဲ့ပုံများ၊ ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ် ပြီးနောက်တွင် အဓမ္မ၀ါဒီအဖြစ် သတ်မှတ်ခံခဲ့ရသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ၀ါဒဖြန့်ချိနေသော ရုပ်ပုံများ၊ ဘာသာခြားများ၏ ဗုဒ္ဓရုပ်ပုံကို မလျော်ကန်သောနေရာတွင် အသုံးပြုခြင်း၊ မသင့်တော်သည့် အမူအရာများဖြင့် ပြုမူနေပုံများအား အများပြည်သူများနှင့် လူငယ်များ လေ့လာသိရှိစေရန် ဖော်ပြခဲ့ကြောင်းလည်း သိရှိရပါသည်။
ထေရ၀ါဒဓမ္မကွန်ရက်၏ အဓိကလမ်းစဉ်များအဖြစ် ဗုဒ္ဓဘာသာနှင့်သာသနာတော်အရေးကို ဆောင်ရွက်နေသော ရဟန်းတော်များနှင့် အသင်းအဖွဲ့များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဘာသာရေးနှင့် ပတ်သက်သော အခက်အခဲများ ဖလှယ်နိုင်ရန် အဓမ္မ၀ါဒီများ၏ ဘေးရန်မှကာကွယ်နိုင်ရန် သာသနာပြန့်ပွားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး သာသနာ သန့်ရှင်းပြန့်ပွားရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ရန်၊ အဓမ္မ၀ါဒီများ၏ ဟောပြောဖြန့်ဝေမှုများအား တားဆီးနိုင်ရန်၊ သာသနာ အကျိုးဆောင် အရည်အချင်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရန်နှင့် မဖွံ့ဖြိုးသေးသောဒေသများနှင့် တောင်တန်းနယ်ခြားဒေသများတွင် သာသနာသန့်ရှင်း ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သာသနာပြုရဟန်းတော်များ အား လိုအပ်သည်များ ထောက်ပံ့နိုင်ရန်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


0 comments:

Post a Comment