ရှမ်း ၊ ကရင် ၊ ရှမ်း၊ ရခိုင် ၊ ချင်း နဲ့ ကချင် သတင်းများ စက်တင်ဘာ ၂၇ ၊ ၂၀၁၂
ကချင်ပြည်သူများအသံ အစိုးရ နားထောင်သင့်
“ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြညှိကြတာ အခုအထိ ဘာအဖြေမှ မပေါ်ဘူး။ ဘာမှလည်း ထူးလာတာမရှိဘူး။ ပြီးတော့ ပြည်သူတွေ ပူးပေါင်းမှု မပါဝင်ရင် ကျနော်တို့ အမြဲတမ်း ဥပမာပေးနေကျ ကြက်ဆူပင်တောင် စိုက်လို့မရဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောဆန္ဒတွေ၊ ခံစားချက်တွေ သိဖို့တော့ အရမ်းလိုအပ်တယ်။ အဲဒါမှ အဖြေကထွက်လာမှာပါ” ဟု စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကိုမင်းကိုနိုင်က ဆိုသည်။
ဖားကန့်ဒေသခရီးစဉ်သို့ သွားရောက်စဉ်တွင် မြန်မာစစ်အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲသံ မကြားရသဖြင့် ဖားကန့်ဒေသရှိ ပြည်သူများသည် အလွန်ဝမ်းမြောက်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးကို အဆိုပါနေရာတွင် လာရောက်ထူထောင်ရန် တိုက်တွန်းမှုများလည်း ရှိသည်ဟု သိရသည်။
“ကျနော်တို့ ရောက်တဲ့ရက်ကနေပြီး တိုက်ပွဲဖြစ်တဲ့အသံတွေ မကြားရတော့ ဒေသခံတွေက ၀မ်းသာပြီး ညနေပိုင်း အပြင်မထွက် ထိုင်ရတာ တော်တော်ကြာပြီဆိုပြီး ပြောနေကြတယ်။ အဲဒီဒေသတွေမှာ စစ်ပွဲထပ်ဖြစ်နေရင်တော့ ဒေသခံတွေ အစာငတ်ဖြစ်ဖို့အလားလာ အများကြီးရှိပါတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံချက်တွင် လက်မှတ်ရေးထိုးသူ လူဦးရေ သောင်းဂဏန်းအထိ ရောက်ရှိလာပြီး ယနေ့အချိန်အထိ နေ့စဉ် လက်မှတ်ထိုးလှုပ်ရှားမှုများ လုပ်နေကြောင်း၊ အစိုးရ၀န်ထမ်းများကလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။
ယင်းမေတ္တာရပ်ခံချက်ကို ဖားကန့်ဒေသအပြင် မိုးကောင်း၊ ခန္တီး၊ နမ္မတီးစသည့် ဒေသများတွင်လည်း လုပ်ဆောင်နေသည်။
မေတ္တာရပ်ခံချက်ကို ကချင်ပြည်နယ်တခုလုံး၊ ပြည်ထောင်စုတခုလုံးအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မေတ္တာရပ်ခံချက်ကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့သို့ လာမည့်နှစ်ပတ်အတွင်း ပေးနိုင်အောင်လည်း ဆောင်ရွက်နေကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးဌေးကြွယ်၊ ဦးသက်ဇော်နှင့် ဦးမာကီး တို့ ၅ ဦးသည် ဖားကန့်ဒေသ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အလှူငွေများ ပေးအပ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများက ၄င်းတို့၏ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ ရရှိငွေများထဲမှ ကျပ်ငွေ ၁၇၅ သိန်းကို လှူဒါန်းရာ ကချင် နှစ်ချင်းခရစ်ယာန် အသင်းတော်ချုပ်က ကျပ်ငွေ သိန်း ၅၀၊ မြစ်ကြီးနား ကက်သလစ် အသင်းတော်က ငွေကျပ် သိန်း ၅၀၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ပူတာအိုဒေသအတွက် ငွေကျပ် ၂၅ သိန်း အသီးသီး လက်ခံရယူခဲ့သည်။
ဖားကန့်နှင့် မိုးကောင်း ခရီးစဉ်အတွင်း နောက်ထပ် အလှူငွေ ကျပ် ၂၅ သိန်းကိုလည်း ဆက်လက်လှူဒါန်းပြီး ဒေသခံများကလည်း နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်းသိရသည်။ ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ၂ သောင်းကျော်ရှိကြောင်း သိရသည်။
ရခိုင်အမျိုးသားကွန်ယက် ပြည်နယ် အတွက် ၃၄၈ သိန်း လှူဒါန်း
ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ ပြင်ဆင်ရန်နှင့်
ကလေးငယ်များ အတွက် အလှူငွေ အပါအဝင် အစားအစာ၊ အဝတ်အထည်များအတွက် စုစုပေါင်းကျပ်ငွေ
၃၄၈ သိန်းကို ရခိုင်အမျိုးသားကွန်ယက်က လှူဒါန်းခဲ့သည်ဟု ကွန်ယက် ဥက္ကဋ္ဌ
ကိုတင်ထူးအောင် က ပြောသည်။
“အားလုံး
ငွေသားချည်းပဲ ၁၂၈ သိန်း။ သိန်း၂ဝဝ တန်ဖိုးရှိတဲ့ ဆေးဝါး၊ အဝတ်အထည်၊ အစားအစာတွေနဲ့
အဖွဲ့က အသားတင် ယူသွားတဲ့ငွေ သိန်း၂ဝ ကို မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တွေမှာ အဓိက
သုံးစွဲခဲ့တယ်” ဟု ဆိုသည်။
ကွန်ယက်အနေဖြင့် မောင်တောမြို့နယ်တွင် ပညာရေးရန်ပုံငွေ ထူထောင်၍ ကော်မတီ တရပ် ဖွဲ့စည်းနိုင်ရန်
လှူဒါန်း ရန်ပုံငွေ သိန်း ၇ဝ၊ စစ်တွေ စံပြရွာ ကလေးများအခမဲ့ ပညာသင်ကျောင်းသို့ ၁ဝ သိန်း လှူဒါန်းခဲ့သည်။ ယင်းအပြင် ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်ဒုက္ခသည် စခန်း နှစ်ခုမှ ဒုက္ခသည်များသို့လည်း တအိမ်ထောင်လျှင် ကျပ်တသောင်းနှုန်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။
စက်တင်ဘာလလ ၇ ရက်နေ့မှ ၂ဝ ရက်နေ့အထိ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် အတွေ့အကြုံကိုလည်း ကိုတင်ထူးအောင်က “ရေရှည် ထူထောင်ဖို့အတွက် အစိုးရက လုံခြုံစိတ်ချရတဲ့ အခြေအနေတခု မဖန်တီး နိုင်သရွေ့ပြန်လည်ထူထောင်ဖို့ အနည်းဆုံး ငါးနှစ်လောက် ကြာဦးမယ်လို့ ကျနော် ယူဆတယ်” ဟု မဇ္ဈိမကို ပြောသည်။ ရခိုင်အမျိုးသားကွန်ယက်ကို ၂ဝ၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ ကိုယ်ထူကိုယ်ထ ထည့်ဝင်ငွေများ၊ ပြည်သူများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေကြောင်း သိရသည်။ ကွန်ယက်မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများအတွက် ကူညီပေးနိုင်ရန် သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား
ပြဇာတ်ရုံတွင် ဂီတရန်ပုံငွေ တခုပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခဲ့သေး သည်။
ရခိုင်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရန်၊ စာပေယဉ်ကျေးမှု သမိုင်းအမွေအနှစ်နှစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ ကျန်းမာရေး၊ ပညာရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရန်၊ လူ့အခွင့်အရေး အပြည့်အဝရရှိပြီး တရားဥပဒေစိုးမိုးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကွန်ယက်ကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ဒေသလူထုအစည်းအဝေး ဆုံးဖြတ်ချက် ကုလသမဂ္ဂသို့ တင်ပြတောင်းဆိုမည်
အစည်းအဝေးမှာ ရခိုင်ပြည်နယ်တစ်ခုလုံးက လူထုကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်ဒေသမှာ တရားမဝင် ခိုးဝင်သူတွေ ရှိနေတဲ့အတွက် ပင်လယ်ပြင်နဲ့ နယ်စပ်လုံခြုံရေးကို အခိုင်အမာ တည်ဆောက်ပေးဖို့၊ ရခိုင်ဒေသက ထွက်ရှိတဲ့ သယံဇာတတွေကို ဒေသခံ ပြည်သူတွေအတွက် ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို နိုင်ငံတကာရဲ့ စံချိန်စံနှုန်းတွေအတိုင်း ပြည်ထောင်စု အစိုးရက ခံစားခွင့်ပေးဖို့၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီတွေရဲ့ လူဦးရေ ပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ အချက် ၁၈ ချက်ကို နိုင်ငံတော် အစိုးရကို တင်ပြတောင်းဆိုသွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်) အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်တဲ့ ကိုခိုင်ကောင်းစံက အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေအရ ရခိုင်နဲ့ဘင်္ဂါလီ အတူယှဉ်တွဲ နေထိုင်ခြင်း၊ မြန်မာနိုင်ငံမှာ လုံးဝမရှိတဲ့ လူမျိုးဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ပြည်တွင်း ပြည်ပ မီဒီယာတွေက သုံးစွဲနေခြင်း၊ ရခိုင်တစ်မျိုးသားလုံး ရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာရေး ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတ၊ လက္ခဏာ အမှတ်အသားတွေကို ဘင်္ဂါလီ လူမျိုးခြားတွေက ပုံတူကူးယူ အသုံးပြုနေကြခြင်း စတဲ့အချက်တွေ ပါဝင်တဲ့ ကန့်ကွက်ချက် ၆ ချက်ကိုလည်း ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြပါတယ်။
မနေ့က စတင်ကျင်းပခဲ့တဲ့ ဒီလူထုအစည်းအဝေးမှာ အာဏာပိုင်တွေက လူပေါင်း ၃၅၀ သာ ခွင့်ပြုထားပေမယ့် ဒီကနေ့မှာတော့ ဒေသတွင်းမြို့နယ်တွေက လူပေါင်း ၃၀၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးဆုံးဖြတ် အတည်ပြုတဲ့ အချက်တွေကို နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြတောင်းဆို သွားမယ်လို့လည်း သိရပါတယ်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment