နိုင်ငံတကာသတင်း


ပါကစ္စတန်ရေဘေး ၄၅၀ ကျော်သေ

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ မုတ်သုန်မိုးရာသီအတွင်း သီတင်းပတ်ပေါင်းများစွာ ရေကြီးခဲ့တာကြောင့် လူ ၄၅၅ ယောက်သေဆုံးပြီး ၅ သန်းကျော် ဘေးဒုက္ခရောက်ခဲ့ကြတယ်လို့ ပါကစ္စတန် ဘေးဒုက္ခ ကယ်ဆယ်ရေး အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ငါးပတ်အတွင်းမှာ ပါကစ္စတန်တနိုင်ငံလုံး ရေကြီးတဲ့ဘေးဒဏ်တွေကို ခံခဲ့ကြရတယ် လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုးဆုံးခံခဲ့ရတာကတော့ မြေနိမ့်ပိုင်း ဆင်းပြည် နယ် ဖြစ်ပါတယ်။ ဆင်းပြည်နယ်ဒေသဟာ ပင်လယ်ကမ်းရိုးတန်း တလျှောက် တည်ရှိတဲ့နေရာဖြစ်ပါ တယ်။ ရေကြီးမှုနဲ့ဆက်နွယ်တဲ့ သေဆုံးသူတ၀က်ကျော်ဟာ ဆင်းပြည်နယ်က ဖြစ်ပြီး လူ ၂ သိန်းခွဲ နီးပါးလောက် ဟာလည်း ကယ်ဆယ်ရေးစခန်းတွေမှာ နေ နေကြရပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍဘက်မှာဆိုရင်လည်း ပန်ဂျပ်ပြည်နယ်က  အဆိုးဆုံးခံရတာဖြစ်ပြီး  သီးနှံစိုက်ပျိုးမြေ ဧက ၅ သိန်းလောက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်မှာတော့ လယ်ယာသုံးတိရစ္ဆာန်တွေ အများဆုံးသေဆုံးခဲ့ပြီး နွားကောင်ရေ ၇ ထောင် သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်လိုလို မုတ်သုန်ရာသီရောက်ပြီးဆိုရင် ရေကြီးတာတွေ ကြုံရတတ်ပြီး လွန်ခဲ့ တဲ့နှစ်နှစ်မှာလည်း ရေကြီးမှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တဲ့ ရေကြီးမှု ကတော့ ရာစုနှစ်တခုအတွင်း အဆိုးဆုံးရေကြီးမှုဖြစ်ပါတယ်။ အဲဒီ ရေကြီးမှုကြောင့် ဗြိတိန်နိုင်ငံ အင်္ဂလန် နယ်လောက်ရှိတဲ့ မြေဧရိယာ ရေနစ်မြုပ်ခဲ့ပြီး ၁,၈၀၀ ကျော်သေဆုံးခဲ့သလို၊ လူပေါင်း ၂၁ သန်း ဒုက္ခရောက်ခဲ့ကြပါတယ်ခင်ဗျာ။

သမ္မတလောင်းနှစ်ဦး ဒုတိယအကြိမ်စကားစစ်

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီသမ္မတလောင်း မစ်တ် ရွမ်မ်နီတို့ဟာ အင်္ဂါနေ့ညက ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ ကိစ္စရပ်ပေါင်းစုံကို အခြေအတင် ပြောဆိုခဲ့ကြပါတယ်။
နယူးယောက်မြို့၊ Hofstra တက္ကသိုလ်မှာလုပ်တဲ့ လူထု နဲ့ တိုက်ရိုက် ပြောဆို ဆွေးနွေးတဲ့ပုံစံ စကားစစ်ထိုးပွဲမှာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေက စီးပွားရေး၊ စွမ်းအင်နဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာပါ။

သမ္မတအိုဘားမားဟာ ဘဏ္ဍာငွေ လိုငွေပြမှုကို နှစ်ဆတိုးစေခဲ့ပြီး သူလုပ်မယ်လို့ ပြောခဲ့တာတွေ ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ ဘူးလို့ ပြီးခဲ့တဲ့လေးနှစ်အတွင်း သမ္မတရဲ့ စွမ်းဆောင်ရည်အပေါ် မစ္စတာရွမ်မ်နီက ဝေဖန် ထိုးနှက်ခဲ့ပါတယ်။သမ္မတ အိုဘားမားကတော့ သူပေးခဲ့တဲ့ကတိ အတော်များများကို သူ လုပ်ပေးခဲ့ပြီး ကတိပေးထားခဲ့တဲ့ အတိုင်း မလုပ်နိုင်ခဲ့တာ တွေဟာ ကြိုးစားမှုအားနည်းတာကြောင့် မဟုတ်ဘူးလို့ ပြန်လည် ချေပခဲ့ပါတယ်။နောက်လာမယ့် လေးနှစ်အတွင်း အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို ပြန်ကောင်းလာအောင် ဘယ်လို လုပ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေပေါ်မှာလည်း သူတို့နှစ်ဦး အခြေအတင် ငြင်းခုန်ခဲ့ပါတယ်။

ချမ်းသာသူတွေကို အခွန်လျှော့ကောက်မယ့် မစ္စတာရွမ်မ်နီရဲ့ အစီအစဉ်ဟာ စီးပွားရေးကို ထိခိုက်စေ လိမ့်မယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း မစ္စတာရွမ်မ်နီကတော့ အခွန်အတုပ် ဆိုင်ရာ သူ့ရဲ့အစီအစဉ်ဟာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ပြီး တိုင်းပြည်ရဲ့ ၀င်ငွေထွက်ငွေကို မျှတစေ လိမ့်မယ်လို့ ပြောပါတ

သီဟာနုရုပ်ကလာပ် ကမ္ဘောဒီးယားပြန်ရောက်

ကွယ်လွန်သူ ကမ္ဘောဒီးယား ဘုရင်ဟောင်း နိုရိုဒွန် သီဟာနုရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည် သယ်ဆောင်လာတာမှာ လူ ထောင်ပေါင်းများစွာက ဂါရ၀ပြု ကြိုဆိုခဲ့ကြပါတယ်။ဘုရင်သီဟာနုရဲ့ ရုပ်အလောင်းဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကနေ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖနွမ်းပင်မြို့တော်ဆီ လေယာဉ်နဲ့ ရောက်သွားခဲ့တာပါ။ ဘေဂျင်းမြို့တော်မှာ ကင်ဆာရောဂါကို ကာလရှည်ကြာ ကုသနေရင်း အသက် ၈၉ နှစ်အရွယ်မှာ တနင်္လာနေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဝမ်းနည်းကြေကွဲနေကြတဲ့ လူထောင်ပေါင်းများစွာတို့ဟာ ဘုရင်ဟောင်းရဲ့ နောက်ဆုံး အိမ်အပြန်ခရီးကို ကြိုဆိုဖို့နဲ့ သူ့ရဲ့ရုပ်အလောင်းကို ကြည့်ခွင့်ရဖို့ ဘုရင့်နန်းတော်မှာ စုဝေး စောင့်ဆိုင်းခဲ့ကြပါတယ်။ ကွယ်လွန်သူ ဘုရင်ဟောင်းရဲ့ ရုပ်အလောင်းကို ဘုရင့်နန်းတော်မှာ သုံးလကြာ ထားရှိပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း အသုဘအခမ်းအနားကျင်းပပြီး မီးသဂြုင်္ိဟ်မှာဖြစ်ပါတယ်။

ကမ္ဘာကျော် ပန်းချီကားတွေ အခိုးခံရ

ရော့တာဒန်မြို့ ပြတိုက်တစ်ခုထဲက ပီကာဆို၊ မတ်တီ့စ်၊ မိုနေးတို့ အပါအ၀င် ပန်းချီ ကျော်တွေရဲ့ လက်ရာ ပန်းချီကား ၇ ချပ် အခိုးခံရတယ်လို့ ဒတ်ခ်ျ ရဲတွေက ပြောကြား လိုက်ပါတယ်။ အင်္ဂါနေ့ လင်းအားကြီးမှာ သူခိုးတွေက ကွန်စသာ ပြတိုက်က အချက် ပေး ခေါင်းလောင်းကို ချိုးဖျက်ပြီး ရဲတွေမရောက်ခင် ပန်းချီကားတွေကို ထုတ်ယူသွား ကြတာပါ။

ပန်းချီကား ခိုးယူမှုဟာ မကြာသေးမီ နှစ်တွေအတွင်း   နယ်သာလန်နိုင်ငံရဲ့ အကြီးဆုံး ခိုးမှု ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ ပြတိုက်မှာရှိတဲ့ ဗွီဒီယို တိပ်ခွေတွေကို ဆန်းစစ် နေကြပြီး ဒီ စနစ်တကျ ခိုးယူမှုနဲ့ ပတ်သက်လို့ မျက်မြင် သက်သေတွေရှိခဲ့ရင် အကြောင်းကြားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပန်းချီ ကျွမ်းကျင်သူတွေကတော့ ဒီပန်းချီကားတွေကို လေလံတင်မယ်ဆိုရင် ဒေါ်လာ ကုဋေနဲ့ချီ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူခိုးတွေက ပန်းချီကားတွေကို လေလံဈေးကွက်မှာ တင်ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ပန်းချီကားတွေက လူသိများ ကျော်ကြားပြီး ခိုးယူခံရတယ်ဆိုတာလည်း သတ်မှတ်ထားလို့ပါ။ သူခိုးတွေ အနေနဲ့ ဒီပန်းချီကားတွေကို ငွေနဲ့ ရွေးယူဖို့ ကမ်းလှမ်းနိုင်တယ်ဆိုပြီးလည်း တချို့က ပြောပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment