မြန်မာ့ စီးပွားရေး သတင်းများ အောက်တိုဘာ ၀၆ ၊ ၂၀၁၂
မြန်မာ-တောင်ကိုရီးယား စီးပွားရေးအဓိကဆွေးနွေးမည်
တောင်ကိုရီးယားသမ္မတအီမြောင်ဘခ်ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံကို လာရောက်မယ့် သမ္မတဦးသိန်းစိန်နဲ့သမ္မတ အီမြောင်ဘခ်တို့ အောက်တိုဘာလ ၉ ရက်နေ့မှာ တွေ့ဆုံကြမယ် လို့တောင်ကိုရီးယား သမ္မရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။ ခေါင်းဆောင် ၂ ယောက်တွေ့ဆုံကြတဲ့အခါ ဆွေးနွေးကြဖို့ရှိတဲ့ ကိစ္စတွေ ကို သမ္မတရုံးပြောခွင့်ရသူ Lee Mi Yeon က ခုလိုပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်အပါအဝင် အရှေ့တောင်နဲ့ အရှေ့မြောက်အာရှဒေသ အရေးကိစ္စတွေ အပြင် နိုင်ငံတကာကိစ္စတွေမှာ ပူပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ကို ခေါင်းဆောင် ၂ ယောက်ကြား မှာ အမြင်ဖလှယ်ကြမှာဖြစ်တယ် လို့ တောင်ကိုရီးယား သမ္မတရုံး ပြောခွင့် ရသူ ပြောသွား တာဖြစ်ပါတယ်။
ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေးကိစ္စတွေကိုလည်း သမ္မတဦးသိန်းစိန်နဲ့ သမ္မတအီမြောင်ဘခ်တို့ ဆွေးနွေးကြဖို့ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်း တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့လည်းတွေ့ဆုံ မှာဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးကပြောပါတယ်။
မြန်မာသမ္မတရဲ့ ခရီးစဉ်ဟာ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အဓိက အာရုံစိုက် မှာဖြစ်ပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားကြား စစ်ရေး ဆက်ဆံမှုရှိနေတဲ့ ကိစ္စကိုလည်းဆွေးနွေးကြလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယား တာဝန်ရှိသူ တယောက်က VOA ကိုပြောပါတယ်။
ဒီနှစ် မေလတုန်းက တောင်ကိုရီးယားသမ္မတအီမြောင်ဘခ် မြန်မာနိုင်ငံကို နိုင်ငံတော်ခရီးစဉ် အဖြစ် သွားရောက်ခဲ့စဉ်တုန်းကလည်း စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ အရင်းအမြစ် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင်၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် Scholarship အစီအစဉ်တွေလုပ်ဖို့၊ Korea Development Institute ကို နမူနာ ယူပြီး နိုင်ငံတော်ပိုင် စီးပွားရေးသုတေသနသိပ္ပံတခု တည်ထောင်ဖို့အတွက် ပူးပေါင်း လုပ်ကြဖို့သဘောတူခဲ့ကြပါတယ်။
အခုတောင်ကိုရီးယားကိုလာရောက်မယ့် မြန်မာသမ္မတရဲ့ ခရီးစဉ်ကနေ၂ နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မြဲစေဖို့ မျှော်လင့်ထားတယ် လို့တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။
စိုက်ခင်းများကြောင့် ပုပ္ပားရေထွက်ပေါက်များ ပျက်စီး
ရေရှားပါးမှုကို ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၂၆ ရွာတွင် အဓိက ကြုံတွေ့နေရသည့်အပြင် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ပုဂံ-ညောင်ဦး ဒေသများတွင်လည်း ယင်းသို့ ကြုံတွေ့နေရကြောင်း သိရှိရသည်။
“ကုမ္ပဏီက လက်ဖက်တွေ စိုက်တယ်၊ နားမလည်သေးဘူး။ လက်ဖက်တွေ မအောင်မြင်တော့ နဂါးမောက်တွေ ပြောင်းစိုက်တယ်၊ နားမလည်သေးဘူး။ နောက်ဆုံး ပုပ္ပားတောင်က ရေကိုမရတော့မှ အားလုံးလန့်ကုန်ကြတယ်။ ဒီပုပ္ပားရေကိုပဲ ပိုက်လိုင်းတွေနဲ့ သွယ်ပြီးတော့ ရေဖြန့်ဝေပေးတာပါ။ ဒီအပူပိုင်းဒေသက ရေတွေက ငန်တယ်၊ သောက်လို့မကောင်းဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (ကျောက်ပန်းတောင်းမြို့နယ်) တိုင်းညီလာခံ ပေါ်ပေါက်လာရေးအဖွဲ့ဝင် ဦးအေးခိုင်က ပြောသည်။
ပုပ္ပားတောင် တကြောလုံးတွင် ရေထွက်ပေါက်ပေါင်း ၁၅၀ ကျော်ရှိရာမှ ယခုနှစ်တွင် ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း၊ ယင်းကျန်ရှိနေသေးသည့် ရေထွက်ပေါက်များမှာလည်း မိုးရာသီရောက်မှာသာ ရေထွက်သည့် ရေထွက်များလည်း ရှိကြောင်း သိရသည်။
ပုပ္ပားတောင်မကြီးပေါ်တွင် မြန်မာ့သစ်တောဦးစီးဌာနနှင့် တင်ဝင်းထွန်းကုမ္ပဏီ ဖက်စပ် လက်ဖက်စိုက်ခင်းဟု နာမည်တပ်ထားသော စိုက်ခင်းဧက ၅၀၀ ခန့်ရှိပြီး တောင်စောင်းတလျှောက်ရွာများမှ ဒေသခံများ၏ နဂါးမောက် စိုက်ခင်းများလည်း ရှိကြောင်း သိရှိရသည်။
“ပုပ္ပားဆိုတာရှိလို့ ကျောက်ပန်းတောင်းဆိုတာ ဖြစ်လာတာ၊ ပုပ္ပားသာမရှိတော့ရင် ကျောက်ပန်းတောင်း ပျက်သွားလိမ့်မယ်။ အနားကရွာတွေလည်း ကန္တာရဖြစ်သွားမှာ အသေအချာပဲ။ ပုပ္ပားရှိလို့ ဒီနယ်ကလူတွေ ရေသောက်နေရတာ” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက ပြောသည်။
ပုပ္ပားအနီးတ၀ိုက်တွင် ရရှိသည့်ရေများသည် မြေအောက်ရေ သီးသန့်မဟုတ်ဘဲ မိုးရာသီတွင် ရရှိသည့်ရေများကို ပေ ၂ ထောင်နက်သည့် မီးတောင်တွင်းကြီးထဲတွင် သိုလှောင်ထားသည့် မိုးရေများသာဖြစ်ကြောင်း၊ ယခုကဲ့သို့ စိုက်ခင်းများကြောင့် တောပြုန်းပြီး ရေများအငွေ့ပျံမှု ပိုများလာကာ သိုလှောင်ထားနိုင်စွမ်း နည်းလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ယင်းဒေသများ၌ မိုးခေါင်ခဲ့ခြင်းကြောင့်လည်း ယခင်နှစ်များထက် ရေပြဿနာ ပိုဖြစ်လာရခြင်းဖြစ်ကြောင်း၊ အနည်းငယ်သာရရှိသည့် တောင်ပေါ်ရေထွက်တချို့မှ ရေများကို တောင်ခြေရှိ အမှတ် ၇၈ ခြေလျင်တပ်ရင်းကသာ ယူသုံးနေကြောင်း၊ ပုပ္ပားတောင်ပေါ်ရှိ ရွာများတွင်လည်း ရေအလုံအလောက် မရသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများလည်း အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ရေတစည်လျှင် ကျပ် ၁၀၀၀၊ ထော်လာဂျီနှင့် ပို့သည့် ရေတစည်လျှင် ကျပ် ၃၀၀၀နှင့် ကျပ် ၅၀၀၀ ကြား ၀ယ်သုံးရကြောင်း ကျောက်ပန်းတောင်းမြို့ပေါ်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဦးမွတ်တားက ဆိုသည်။
ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်သည့် EcoDev အဖွဲ့မှ တာဝန်ရှိသူ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးမျိုးဝင်းသူက “စိုက်ခင်းတွေကြောင့်သာ မဟုတ်ဘူး။ ဟိုတယ်တွေက ရေကို ပြန်သန့်စင်သုံးတာ မရှိဘဲ အလကား အလဟဿ စွန့်ထုတ်ပစ်နေတာကြောင့်လည်း ပါတယ်။ ဒီလို ရေရှားပါးနေတဲ့ အခြေအနေမှာ ဟိုတယ်တွေရဲ့ ရေသုံးစွဲတဲ့စနစ်ကို နည်းပညာအကူအညီနဲ့ ထိန်းချူပ်ဖို့လိုနေပြီ” ဟု ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လက်ထောက်အင်ဂျင်နီယာ ဦးအေးဇော်မြင့်က ယင်းဒေသများသည် မိုးခေါင်ရေရှားဒေသများ ဖြစ်သောကြောင့် ရေရှားပါမှုပြဿနာကို ဖြေရှင်းပေးနိင်ရန် ရည်ရွယ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်းမြို့ အနီးရှိ ဆယ်ပေါက်ရွာတွင် ပိုက်နှင့် ရေစုပ်တင်သည့် ရေတွင်းပေါင်း ၈ တွင်း တူးထားကြောင်း၊ ရေဂါလန် ၂ သိန်းနှင့် ဂါလန် ၁ သိန်း ၂ သောင်း ဆံ့သည့် ရေကန်ကြီး ၂ ကန်မှနေ၍ မြို့ပေါ်ရှိ ဂါလန် ၉၂၀၀၀ ဆံ့သည့် ကန် ၉ ကန်သို့ ရေပို့ပေးခဲ့ကြောင်း သိရသည်။
သို့သော် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ပုပ္ပားတောင်ရှိ ရေထွက်ပေါက်များမှ ရေရရှိမှုနည်းလာကာ မြို့နယ်များအား လုံလောက်အောင် ရေပေးနိင်စွမ်း မရှိတော့ကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ကျောက်ပန်းတောင်းမြို့နှင့် လေးမိုင်ခန့်ဝေးသည့် အင်တောရွာတွင် ရေဂါလန် ၂ သိန်းဆံ့သော ရေကန်နှင့် ရေတွင်းပေါင်း ၅ တွင်း တူးထားခဲ့သော်လည်း ယခုနှစ်အထိ ပိုက်လိုင်းများ သွယ်တန်းခွင့်မကျသေးသည့်အတွက် ယခုနှစ် ရေရှားသည့်ပြဿနာအား ဖြေရှင်းပေးနိုင်စွမ်း မရှိသေးကြောင်း သိရသည်။
“ငွေမရှိရင် ရေမရှိဘူးဗျ။ နွေရောက်ရင် ရေရဖို့ ပိုက်ဆံများများ ရှာထားမှရတော့မယ်။ ရေရရှိဖို့နဲ့ ပုပ္ပားတောင်ကို ပြန်လည်ထိန်းသိမ်းပေးဖို့အတွက် ကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်ကိုလည်း စာတင်ထားပါတယ်” ဟု ပုပ္ပားတောင်ပြန်လည်ထိန်းသိမ်းရေး ဆောင်ရွက်နေသော ပုပ္ပားတောင်ချစ်သူများအဖွဲ့မှ ကိုရဲဝင်းအောင်က ပြောသည်။
သြဂုတ်လ ၂၀ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်းနှင့် ဦးဝင်းမျိုးသူ တို့က ဦးဆောင်ပြီး ပုပ္ပားတောင်ချစ်သူများအဖွဲ့အား ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဒေသခံအင်အား ၃ သောင်းက ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ ဒေသခံများနှင့် ပုပ္ပားတောင်ချစ်သူများအဖွဲ့တို့က ပူးပေါင်းပြီး တောင်ပေါ်နှင့် ကျောက်ပန်းတောင်းမြို့တို့တွင် အစည်းအဝေးများ ပြုလုပ်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကျောက်ပန်းတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်မောင်အား အကူအညီတောင်းခံထားကြောင်း သိရသည်။
မြန်မာ့ဆန် ယူနန်တရုတ် အဝယ်လိုက်နေ
ယခင်က မြန်မာ့ဆန်များကို ပုံမှန်မှာယူလျက်ရှိသည့် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံများက လက်ရှိတွင် မြန်မာ့ဆန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ၀ယ်ယူရန် စဉ်းစားနေကြသော်လည်း ယူနန်ပြည်နယ်မှ ဆန်ကုန်သည်များက ပြည်တွင်းဆန်များကို တခြားနိုင်ငံများထက် ဈေးနှုန်းပိုပေးကာ မြန်မာ-တရုတ် နယ်စပ်မှတဆင့် ၀ယ်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းမှ ပြောကြားသည်။
ဆန်ကုန်သည်များအဆို ပြည်ပသို့ ဆန်တင်ပို့ရာတွင် FOB ၃၉၀ ဒေါ်လာ ရရှိမှသာ အရင်းကျေနိုင်မည်ဖြစ်ပြီး ယင်းဈေးမှာ ဗီယက်နမ် ဆန်ဈေးနှင့် ညီသောကြောင့် ဆန်အရည်အသွေးအရ မြန်မာက မယှဉ်နိုင်ပေ။ သို့သော် ယူနန်ပြည်နယ်က မြန်မာ ဧည့်မထ တတန်လျှင် ဒေါ်လာ ၄၆၀ ဖြင့် ပေးဝယ်နေသည်ဟု သိရသည်။
လက်ရှိတွင် ယူနန် ပြည်နယ်သို့ ဆန်တင်ပို့မှုမှာ တန်ချိန် နှစ်သိန်းကျော်ရှိပြီး ဈေးပိုရခြင်းကြောင့် ပြည်တွင်း ဆန်ကုန်သည်များက အခြားနိုင်ငံများထက် တရုတ်နိုင်ငံသို့သာ တင်ပို့လိုကြကြောင်း သိရသည်။ ဆန်ဟောင်းကုန်ကာ ဆန်သစ်ပေါ်ချိန် နီးနေသဖြင့် ဈေးနှုန်း တက်ခြင်းမှာ ဖြစ်နေကြဟု ဆန်ကုန်သည်များက သုံးသပ်ကြသည်။
ပုဂ္ဂလိက လျှပ်စစ်မီးဖြန့်ဖြူးလိုသူများ လျှောက်ထားနိုင်
တနိုင်တပိုင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလိုသူများအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လာရောက် လျှောက်ထားနိုင်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အသေးစားနှင့် အလတ်စား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလိုသူများအနေဖြင့် အသုံးပြုမည့် ဓာတ်အားအမျိုးအစား၊ အသုံးပြုမည့် ပစ္စည်းနှင့် ဖြန့်ဖြူးမည့်စနစ်၊ ထုတ်လုပ်မည့် ဗို့အား၊ အရန် လျှပ်စစ်ဓာတ်အား အခြေအနေနှင့် မီတာခနှုန်းထားများကို စိစစ်တွက်ချက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ခွင့်ပြုပေးသွားမည်ဟု သိရသည်။
ရန်ကုန် ကုန်စည်ပြပွဲတွင် မလေးရှားကုမ္ပဏီ ၅၀ လာပြမည်
အောက်တိုဘာလ ၁၈ မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပမည့် ၂၀၁၂ မလေးရှား ကုန်စည်ပြပွဲတွင် မလေးရှားကုမ္ပဏီ ၅၀ လာရောက်ပြသမည်ဟု သိရသည်။ ၄ ရက်ကြာ ယင်းကုန်စည်ပြပွဲတွင် မလေးရှားမှ အစားအသောက်၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုသုံးပစ္စည်း၊ အဝတ်အထည်၊ ဆေးဝါး၊ ကျန်းမာရေးဝန်ဆောင်မှု၊ သတင်းဆက်သွယ်ရေး နည်းပညာ၊ အိုင်စီတီ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီများ လာရောက်ပြသမည်ဟု သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အများစု စက်သုံးဆီရောင်းချရာ၌ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အများစုမှာ စက်သုံးဆီရောင်းချရာ၌ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ထူး၊ မက်စ်မြန်မာ၊ ရွှေတောင်၊ မြ၀တီ၊ ဧရာရွှေဝါ၊ ယုဇန အစရှိသည့်ကုမ္ပဏီများကပိုင်ဆိုင်သည့် စက်သုံးဆီအရောင်းဆိုင်များ ပါဝင်နေကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိက ဘဏ်များကို စိတ်ချယုံကြည်ရန် ဗဟိုဘဏ်အရာရှိ ပြော
ပုဂ္ဂလိက ဘဏ်များအနေဖြင့် ဗဟိုဘဏ်၏ စနစ်တကျ ကွပ်ကဲမှု အောက်တွင်
ရှိနေသောကြောင့် စိတ်ချယုံကြည်မှုရှိကြရန် ဗဟိုဘဏ်အရာရှိ တဦးက ပြောဆိုလိုက်သည်။
“ပုဂ္ဂလိက ဘဏ်တွေက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စနစ်တကျ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ ရှိနေတာပါ။ စည်းကမ်း ဥပဒေများနှင့်အညီ လုပ်ငန်းများကို စိစစ်ခိုင်မာစွာနဲ့ လုပ်ကိုင်နေပါတယ်။ ပုဂ္ဂလိကဘဏ် အားလုံးကို
ပြည်သူလူထုအနေနဲ့ စိတ်ချယုံကြည်စွာနဲ့ အပ်နှံနိုင်ပါတယ်” ဟု ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောသည်။
သောကြာနေ့ နေ့ခင်းက ကောလာဟလ အမျိုးမျိုး ထွက်ပေါ်ခြင်းနှင့် တိုက်ဆိုင်စွာ ပုံမှန်ထက် ငွေထုတ်မှု များပြား ခဲ့သော ကမ္ဘောဇဘဏ်၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးမိုးအောင်ဆန်း ကလည်း ပိတ်ရက်ခံခဲ့သည့်အတွက် လူများရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
“ပုဂ္ဂလိက ဘဏ်တွေက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စနစ်တကျ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ ရှိနေတာပါ။ စည်းကမ်း ဥပဒေများနှင့်အညီ လုပ်ငန်းများကို စိစစ်ခိုင်မာစွာနဲ့ လုပ်ကိုင်နေပါတယ်။ ပုဂ္ဂလိကဘဏ် အားလုံးကို
ပြည်သူလူထုအနေနဲ့ စိတ်ချယုံကြည်စွာနဲ့ အပ်နှံနိုင်ပါတယ်” ဟု ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောသည်။
သောကြာနေ့ နေ့ခင်းက ကောလာဟလ အမျိုးမျိုး ထွက်ပေါ်ခြင်းနှင့် တိုက်ဆိုင်စွာ ပုံမှန်ထက် ငွေထုတ်မှု များပြား ခဲ့သော ကမ္ဘောဇဘဏ်၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးမိုးအောင်ဆန်း ကလည်း ပိတ်ရက်ခံခဲ့သည့်အတွက် လူများရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
“(အောက်တိုဘာလ) ၁ ရက်နေ့ ရုံးပိတ်လိုက်တဲ့အတွက် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်ပဲ ကျန်ပါတော့တယ်ခင်ဗျာ။ ရက်တိုတိုအတွင်းမှာ လူကလည်း နဂိုကလည်း များတဲ့အတွက် ၁ ရက်နေ့ကလည်း ပိတ်ရက်ဖြစ်တဲ့အတွက် လူများခြင်းပဲ ဖြစ်ပါတယ်။ Normal Transaction ပါ။ ကျနော်တို့ ကမ္ဘောဇကြီးကတော့ ခိုင်မာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဘဏ်တွေထဲမှာလည်း အကြီးဆုံး အတောင့်တင်းဆုံး ဖြစ်ပါတယ်။ ယုံကြည်မှု မရှိစရာ အကြောင်းမရှိဘူးဆိုတာပြောချင်ပါတယ်” ဟု ပြောသည်။
ဘဏ်များတွင် ကြိတ်ကြိတ်တိုး ငွေထုတ်ယူမှု ပြုနေသည်ဆိုသော ကောလာဟလ ထွက်ခဲ့အပြီး မဇ္ဈိမ သတင်းထောက်များက ဘဏ်များသို့ သွားရောက်လေ့လာရာ ငွေထုတ်သူအချို့က အကြောင်းရင်း မယ်မယ်ရရ မပြောနိုင်ဘဲ စိုးရိမ်၍ ငွေလာထုတ်သည် ဟုသာ ဆိုကြသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ပိုက်ဆံ ထုတ်လာသော အသက် ၅ဝ အရွယ် အမျိုးသမီးကြီး တဦးက “ဘာသတင်း၊ ညာသတင်းတွေ ကြားတော့ ကျမလည်း လာထုတ်တာပါ။ အခု ကျမ ထည့်ထားသမျှ ပိုက်ဆံ အကုန်ထုတ်သွားတယ်” ဟု ဆိုသည်။
မြေနီကုန်း ဘဏ်ခွဲတွင်လည်း မွန်းလွဲ ၃ နာရီဘဏ်ပိတ်ချိန်တွင် ဘဏ်ရှေ့တွင် လူ ခြောက်ယောက်ခန့်က ငွေထုတ် ရန် ဘဏ်ထဲဝင်ဖို့ ပြောနေသည်ကို ဘဏ်လုံခြုံရေးက မစိုးရိမ်ရန် ပြန်လည်ရှင်းပြနေသည်ကို တွေ့ခဲ့ရသည်။
“ဘဏ် ဒေဝါလီခံမယ် ကြားလို့ လာထုတ်တာ။ ဒီဘဏ်က လေယာဉ်တွေ၊ ဘောလုံးကွင်းတွေ ပိုင်တယ်ကြားလို့ အပ်ထားတာဖြစ်ပြီး အခုတော့ အားလုံး ပြန်ထုတ်သွားတော့မယ်” ဟု ဘဏ်ရှေ့တွင် စောင့်နေသူ တဦးက ပြော သည်။
မည်သို့မည်ပုံ ယခုကဲ့သို့ ကြားသိခဲ့ရခြင်းကိုမူ ရေရေရာရာ ရှင်းပြနိုင်ခြင်း မရှိပေ။
AGD ဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေကလည်း “ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီးတော့ လာမေးကြတယ်။ ဒါတွေက ကောလာဟလတွေလို့ပဲ ထင်တယ်။ ဒီလူတွေဟာ မဟုတ်တာ လုပ်မယ့်သူတွေလည်း မဟုတ်ဘူး။ ဘဏ်တွေ အားလုံးက အခိုင်အမာပဲ” ဟု ပြောသည်။
မြန်မာပြည်အိမ်မြေဈေးနှုန်းအကြောင်း ၂၀၁၂
Myanmar Property Market Analysis
By ဇော်အောင် (မုံရွာ)
မြန်မာပြည်နယ်မြို့ကလေးတခုဆီကို
အလည်ပြန်သွားတဲ့ စင်ကာပူအခြေချ မြန်မာတစ်ဦးကို သူပြန်အလာမှာ မေးကြည့်ပါတယ်။
ဟာဗျာ.. ကျုပ်တို့ ဖားအံမြို့ဆိုတာ အရင်က တောမြို့ပဲ၊ အိမ်ဈေး၊မြေဈေးဆိုတာ
ဈေးချိုသလားမမေးနဲ့၊ အခုများ အိမ်စုတ်ကလေးတခုတောင် ဘယ်လောက်လဲ မေးကြည့်တော့
သိန်း၅၀၀၊ သိန်းထောင်ဂဏန်း ပြောနေကြတယ်။ ကွန်တော်ပိုင်တဲ့ စင်ကာပူ ၃ခန်း၊
အိမ်ကလေးဆို စင်ကာပူဒေါ်လာ ၄သိန်းလောက်ဈေးပေါက်တယ်။ မြန်မာငွေဆိုရင်
သိန်း၂၀၀၀ကျော်ပေါ့။ စင်ကာပူက အိမ်ကိုရောင်းပြီး၊ ကိုယ့်ဇာတိ ဖားအံမြို့ထဲမှာ
အိမ်ဝယ်ရင်တောင် သိန်း၂ထောင်နဲ့ အိမ်ကောင်းကောင်းမရတော့ဘူးဗျာ…
မြန်မာပြည်အခြေပြန်ချချင်နေတာ၊ မလွယ်ဘူးဗျို့.. မြန်မာတွေ အရမ်းချမ်းသာနေကြပြီ၊
လိုက်လို့မမှီတော့ဘူး… ပြန်ဖြေသံကြားရပါတယ်။
သြော် ..အိမ်ငှားဈေး
ဘယ်လောက်ရှိသလဲ ဆိုတာတော့ သူမစုံစမ်းခဲ့ရဘူးဆိုပဲ။ ပြီးတော့ သူက
သူဌေးအသိုင်းအ၀ိုင်းတွေနဲ့ပဲ တွေ့ဆုံ၊ ဆွေးနွေးခဲ့ပုံရပါတယ်။
တိုင်းပြည်တခု၊ ဒေသတခု
တိုးတက်သလား၊ မတိုးတက်ဘူးလား ဆိုတာကို အဲဒီဒေသမှာ အိမ်ငှားခဘယ်လောက်လဲ၊
အိမ်ဈေးဘယ်လောက်လဲ ..ဆိုတာစုံစမ်းကြည့်လိုက်ရုံနဲ့ အလွယ်တကူ (လူပြိန်းနည်း)
သိနိုင်ပါတယ်။ လူတန်းစား သူဌေးအဆင့်နဲ့၊ သာမန်လူအဆင့် လို့
၂မျိုးခွဲပြီးလေ့လာမယ်ချင်ပါတယ်။ ကျွန်တော် မြန်မာပြည်ပြောင်းလဲခါစ
၂၀၁၁နိုဝင်ဘာလောက်က အထက်၊အလယ်၊အောက် မြန်မာပြည်မြို့တွေကို ရောက်ခဲ့ပါတယ်။
အထူးသဖြင့် အခြေခံလူလတ်တန်းစား အများစုနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဟုတ်ပါတယ်။
အိမ်ဈေးတွေ မတရားမြောက်နေပါတယ်။ ဒါပေမဲ့ ရောင်းဝယ်ဖြစ်တယ်လို့ သိပ်မကြားရပါ။ မိမိအိမ်ကိုပဲ
ပါးစပ်နဲ့ရှောက်အော်ဟစ်၊ ရောင်းဝယ်နေကြတယ်။ အခု ၂၀၁၂ ဇူလိုင်လလောက်မှာတော့
ကားပါမစ်လည်းမရှိတော့၊ ကားဝယ်သူတွေလည်း ပိုက်ဘောမိ၊ အိမ်ဝယ်ထားသူများလည်း
ပိုက်ဘောမိဖြစ်နေပါတယ်။
နောက်တခါ
မြန်မာပြည်မှာ အိမ်ဈေးတွေ အရောင်းအ၀ယ် တံ့သွားချိန်၊ စင်ကာပူကို
မြန်မာကွန်ဒိုများ လာရောင်းတာကို တွေ့လိုက်ပါတယ်။ ၂၀% အရင်ပေး၊ အရစ်ကျ
၃နှစ်အတွင်းပေး .. ဆိုတဲ့ စင်ကာပူကွန်ဒိုစတိုင် မြိုလည်နဲ့ ကီလို၂၀ကျော်
ဝေးတဲ့နေရာတွေမှာ၊ လက်ညိုးထိုး၊ လာရောင်းကြပါတယ်။ ဒေါ်လာ တစ်သိန်းကနေ ၂သိန်းကျော်၊
၃သိန်းအထိ ဈေးပေါက်တယ်။ လက်ထဲ ငွေစုဆောင်းမိထားတဲ့ ရွှေမြန်မာ၊ စင်ကာပူပီအာတွေ
တော်တော်ဝယ်ကြတယ် ကြားရတယ်။ ဒီလူတွေလည်း ပိုက်ဘောမိဦးမှာပါပဲ။ အိမ်တအိမ်
ပိုက်ဘောမိ ၀ယ်လိုက်တယ်ဆိုရင် အရင်းတော့မရှုံးပါဘူး။ ၁၀နှစ်လောက်ကြာမှ
ပြန်ရောင်းရင် အမြက်ထွက်ပေမဲ့၊ ၁၀နှစ်အတွင်း ငှားစားရင်လည်း သိပ်အမြက်မရ၊
အိမ်ဈေးနှုန်းကိုမကြည့်ပဲ၊
အိမ်ငှားခဈေးနှုန်းကို ကြည့်ပါ။ အိမ်ဈေး သိန်း၅၀၀ ပေါက်နေတဲ့
ဖားအံမြို့တစ်ဝိုက်ဆို အဲဒီလိုအိမ်မျိုးကို ငှားရင် တလ ၂သိန်းတောင်မပေးရတာကို
တွေ့ရပါလိမ့်မယ်။ ဥပမာ စင်ကာပူမှာ ဒေါ်လာ၎သိန်းတန်အိမ်ကိုငှားရင် တစ်လ $2500 ပေးရမယ်။
တစ်နှစ်ကို အိမ်တန်ဖိုးရဲ့ 7.5% လောက် အမြက်ရတာကိုတွေ့ရတယ်။ အဲဒီငွေ
ဒေါ်လာ၎သိန်းကို စင်ကာပူဘဏ်ထဲ ထည့်ထားရင် 1% တောင် မရပါဘူး။ မြန်မာပြည်က
ဘဏ်ထဲထည့်ထားရင်တော့ 8% အတိုးရပေမဲ့ ၊ မြန်မာဘဏ်ကို ဘယ်သူမှမယုံပါ။ မြန်မာပြည်မှာ
အိမ်ဝယ်ပြီး ငှားစားမယ်ဆိုရင်လည်း ဖွတ်မွဲဖြစ်သွားနိုင်တယ်။ သိန်း၅၀၀တန်ကို တလ
၂သိန်းပဲ ငှားခရတော့ 4.8% အမြက်ရမယ်။ အလျှင်းမသင့်လို့ မြန်မာအာဏာပိုင်များကို
ဂရံကိစ္စ အနိုင်ကျင့်ခံရရင် ၀ယ်ထားတဲ့အိမ်ပါ ပြောင်သွားနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံခြားမှာနေတဲ့
ဘယ်သူမှ မြန်မာပြည်က အိမ်ကိုဝယ်ဖို့လည်း စိတ်မကူးပါ။ မြန်မာပြည်က
ဘဏ်ထဲငွေထည့်ထားဖို့ဆို ဝေးလာဝေးပေါ့.။ ယုံကြည်မှု Thrust ပျက်ပြားနေတာကိုး။ အခု
အစိုးရသစ်က ကမ္ဘာနိုင်ငံများကို ယုံကြည်မှု ပြန်လည်တည်ဆောက်နေတာ၊ အစိုးရသစ်ကို
ယုံကြည်သူများစွာကတော့ ပေးတဲ့အခွင့်အရေးတွေယူပြီး
လာရောက်ရင်းနှီးမြုတ်နှံနေကြပါတယ်။
ကျွန်တော် ဗီယက်နမ်ကိုရောက်ပြီး
စင်ကာပူ-ဗီယက်နမ် စက်မှုဇုံကို လေ့လာမိတယ်။ စင်ကာပူမှာရှိနေတဲ့ အနောက်နိုင်ငံ၊
ဂျပန်၊ကိုးရီးယား ကုမ္ပဏီများကို စင်ကာပူအစိုးရက ခေါ်လာတယ်။ ဟောင်လျှောင်းဘဏ်က
ဦးဆောင်ပြီး၊ စင်ကာပူအစိုးရ ပံ့ပိုးမှုနဲ့ ဖက်စပ်လာလုပ်ကြတယ်။ ဗီယက်နမ်ကို
မယုံပေမဲ့၊ စင်ကာပူကို ယုံတော့ ကုမ္ပဏီများစွာ လာရောက်ရင်းနှီးလုပ်ကိုင်ကြတယ်။
စင်ကာပူအစိုးရခေါင်းဆောင်ပြိး
Kuala Lumpur Singapore Shanghai Beijing Nanjing Tianjin South Vietnam တွေမှာ
အောင်မြင်စွာ စက်မှုဇုံများကို တည်ဆောက်နိုင်ပြီး၊ စက်မှုဇုံအလုပ်လာလုပ်တဲ့
နိုင်ငံခြားသားများအတွက် ဗီယက်နမ်က Canary Project လို အိမ်မြေ၊ ဆိုင်ခန်း၊
ရင်းနှီးမြုတ်နှံမှုတွေ လုပ်နေပါတယ်။
နိုင်ငံခြားကနေ ဗီယက်နမ်ကို
လာရောက်အခြေချ၊ စီးပွားလုပ်ဖို့ဆိုတာ နံပါတ်(၁) အနည်းဆုံး ၅နှစ်အတွင်း အမြက်ရဖို့
သေချာရပါတယ်။ ပထမ၃နှစ်အတွင်း အမြက်ရတဲ့ လုပ်ငန်းများစွာလည်း ရှိပါတယ်။
အဲဒီလုပ်ငန်းများကိုတော့ ဗီယက်နမ် အစိုးရနဲ့သူဌေးများက လက်ဝါးအုပ်ထားပါပြီ။
နိုင်ငံခြားကုမ္ပဏီများကတော့ နည်းပညာပိုင်းကို ဦးစားပေး၊ လာရောက်ရင်းနှီးရပါတယ်။
ရင်းနှီးတဲ့အခါမှာလည် 4M & 1E ဆိုတဲ့ Manpower (Human Resource), Material
(raw material & spare parts), Management (Method, Technology) နဲ့
နောက်ဆုံးအဆင့်က Money ဖြစ်ပါတယ်။ အဲဒီ “M” လေးမျိုးနဲ့ “E” ဆိုတဲ့ Environment
(ကာလ၊ဒေသ၊အခြေအနေ) တွေအပေါ်မူတည်ပြီး ရင်းနှီးမြုတ်နှံရပါတယ်။
ဥပမာ .. Property Market ကိုပဲ
ကြည့်ကြမယ်ဆိုရင်၊ ဗီယက်နမ်လူမျိုးတစ်ယောက် ပြည်ပကနေ၊ ဗီယက်နမ်ပြန်လာရင် 5Year PR
ပေးပါတယ်။ နိုင်ငံသားနဲ့ အခွင့်အရေးအတူတူပဲ။ မဲပေးခွင့်ပဲ မရှိတာ။ အိမ်မြေ၊
ကုမ္ပဏီထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းများမှာ ဗီယက်နမ်နိုင်ငံသားနဲ့ အခွင့်အရေး
အတူတူရပါတယ်။ စင်ကာပူပီအာ ဆိုရင် ကလေးကျောင်းစရိတ်၊ ဆေးကုသစရိတ် ဈေးကြီးတယ်။
ဗီယက်နမ်မှာတော့ ကျောင်းနေစရိတ်၊
ဆေးကုသစရိတ်များ အလွန်ဈေးချိုလို့ ဘယ်နိုင်ငံခြားသားကမှ အစိုးရကျောင်း၊
အစိုးရဆေးရုံကို မသွားကြပါဘူး။ အိမ်ဝယ်မယ်ဆိုရင် စင်ကာပူက ၄သိန်းကျော်တန်
ကွန်ဒိုအဆင့် အိပ်ခန်း၂ခန်း 80 sqm အိမ်တစ်ခုကို အမေရိကန်ဒေါ်လာ
၎သောင်းလောက်ပဲပေးရတယ်။ မြိုနဲ့ 20km လောက်ဝေးတယ်။ မြန်မာပြည်မှာ ကန်ဒေါ်လာ
၂သိန်းလောက် ပေးရတဲ့ အိမ်မျိုးကို ချက်ခြင်း ဆောက်ပြီးသား၊ အသင့်တက်နေရုံပဲ၊
တခုပဲရှိပါတယ်။ မြန်မာရော၊ ဗီယက်နမ်ပါ လူတွေကို အကြွေးမပေး၊ အရစ်ကျမရောင်းပါဘူး။
ငွေအကြေပေးရှင်းပြီး ၀ယ်ရပါတယ်။ ခရစ်တစ်ကပ်စနစ် ဗီယက်နမ်မှာရှိပေမဲ့ လူထုက
မသုံးကြပါ။ နိုင်ငံခြားသားများနဲ့ ဗီယက်နမ်ချမ်းသားသူများပဲ ခရစ်တက်ကဒ်
သုံးကြပါတယ်။ Installment Selling ဆိုတာမရှိသေးပါဘူ။ ဒါကြောင့် ဈေးချိုတဲ့
ဗီယက်နမ်ကို နိုင်ငံခြားကုမ္ပဏီအမြောက်အများ လာရောက်လုပ်ကိုင်၊ ရင်းနှီးမြုတ်နှံကြပါတယ်။
ဗီယက်နမ်မှာ တိုက်ခန်းနေလူတန်းစား
မရှိသလောက်ပါ။ လုံးချင်းအိမ်၊ အိမ်နဲ့မြေ၊ ၂ထပ်၊ ၃ထပ် စသဖြင့် တိုက်အိမ်ကြီးများ
ဆောက်လုပ်နေထိုင်သလို၊ ဘက်ထရီမီးသုံးပြီး၊ လျှပ်စစ်ရောင်းစားသူထံက
လျှပ်စစ်မီးဝယ်သုံးတဲ့ ရပ်ကွက်၊ မြို့ရွာများစွာရှိပါတယ်။ ဟိုချီမင်းမြို့လည်က
အိမ်တစ်လုံး 20×80 feet ၂ထပ်အိမ်တစ်လုံးဆို ကန်ဒေါ်လာ ၂သောင်းတောင် မပေးရပါဘူး။
ကွန်ဒိုလို တိုက်ခန်းတခုကို ဒေါ်လာ၅သောင်းပေးဝယ်တာထက် ၂ဆလောက်လည်း ဈေးချိုတယ်။
ပြိးတော့ မြို့လည်ခေါင်းဆိုတော့ စီးပွားလုပ်စားလည်းရပါတယ်။ ထုံးစံအတိုင်း
မြို့အလည် နိုင်ငံခြားဘဏ်၊ ဟိုတယ်။ ကုမ္ပဏီအကြီးကြီးတွေ၊ ရေနံ၊
ငွေကြေးကုမ္ပဏီများအတွက် Business District မြေတွေကတော့ 1sq m ဈေးနှုန်းဟာ
စင်ကာပူဈေးနှုန်းနီးပါး မြင့်မားလှပါတယ်။
ဒါနဲ့ ဗီယက်နမ်တစ်ခုတည်း
အိမ်မြေ၊ဈေးနှုန်း သက်သာလှတာမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံများ ဥပမာ၊
မြန်မာအများစုနေထိုင်တဲ့ ထိုင်း၊မလေးရှား မြို့များဖြစ်တဲ့ ကွာလာလမ်ပူ၊ ဂျဟိုး၊
ပီနန်၊ ဘန်ကောက်၊ ချင်းမိုင် မြို့များမှာလည်း ဈေးနှုန်းချိုသာလှပါတယ်။
ဘန်ကောက်နဲ့ ကွာလာလမ်ပူမြို့လယ်ခေါင်မှာတောင် စင်ကာပူ အိမ်ခန်း၃လုံးအကျယ်၊ အိမ်တခုငှားရင်
တလ ကန်ဒေါ်လာ၃၀၀ – ၅၀၀ လောက်ပဲဈေးရှိပါတယ်။ မြန်မာပြည်က
ပြုပြင်ပြောင်းလဲခါစဆိုတော့ ၀ိသမလောဘသမားများကြောင့် အိမ်ဈေးတွေ
ကြီးသွားရခြင်းပါ။
လုပ်အားခကတော့ မြန်မာပြည်ထက်စာရင်
ပျှမ်းမျှလစာ မြင့်ပါတယ်။ သို့သော် ရတဲ့ လစာငွေက မိသားစုတခု ကောင်းကောင်းနေနိုင်၊ စားနိုင်၊
ကျောင်းထားနိုင်ပါတယ်။ ကျူရှင်တွေလည်း မရှိ၊ ဟိုး ကျွန်တော်တို့ ၁၉၈၈ မတိုင်မီကလို
လူလတ်တန်းစားများအများစု ဖြစ်အောင် ဗီယက်နမ်အစိုးရက ဖန်တီးထားပါတယ်။
ဆိုင်ကယ်တစ်စီးကို ကန်ဒေါ်လာ ၂၀၀ ကနေ ၁၀၀၀ အတွင်း အရောင်းအ၀ယ်ဖြစ်ပါတယ်။
ပျှမ်းမျှဆိုင်ကယ်ဈေးနှုန်းဖြစ်ပြီး၊ လူတိုင်းနီးပါး မြိုနေလူတွေ
ဆိုင်ကယ်ပိုင်ဆိုင်၊ ခရီးသွားနိုင်ပါတယ်။ ဘတ်စကားစနစ်ကို သိပ်အားမပေးပဲ၊
ဆိုင်ကယ်စနစ်ကို သုံးပါတယ်။ ကောင်းချက်ကတော့ ကုန်ထုတ်လုပ်ငန်းတိုးတက်လာတယ်။
ဆိုးချက်ကတော့ လေထု အရမ်းညစ်ညမ်းပါတယ်။ မျက်နှာဖုံးစွပ် သွားလာကြရတယ်။ အစိုးရအတွက်တော့
ဓါတ်ဆီရောင်းအမြက်ငွေ အများကြီးရပါတယ်။
မော်တော်ကားတစ်စီးကို ဒေါ်လာ
၎သောင်းကျော်ဆိုတော့ ကွန်ဒိုတိုက်ခန်းတစ်လုံးဈေးဖြစ်နေပါတယ်။ ကားသွင်းခွင့်ကို
အထူးတင်းကြပ်ထားပါတယ်။ လူချမ်းသာများသာ ကားဝယ်စီးနိုင်ပါတယ်။
ဓါတ်ဆီဈေးနှုန်းကလေည်း အမေရိကန်နိုင်ငံထက် ပိုဈေးကြီးနေပါတယ်။ ရေနံ၊ဓါတ်ငွေ
၂ခုပေါင်းရင် မြန်မာပြည်ထက် ၃ဆလောက်ပိုထွက်ပါတယ်။ အဲဒီဝင်ငွေကို
တိုင်းပြည်တိုးတက်ရေး Infra Sturcture တွေမှာသုံးတဲ့အတွက် ကတ္တရာလမ်းမကြီးများကို
အပြည့်၊ လမ်းကြိုကြားအထိ ခင်းပေးထားပါတယ်။ ကားလမ်းကြမ်းလို့ ကား၊ ဆိုင်ကယ်
ဘီးပွန်းပဲ့ရင်၊ ပြည်သူလူထု ငွေပိုကုန်မယ်။ ပြည်သူတွေ ငွေပိုကုန်ရင်
တိုင်းပြည်နစ်နာမယ် ..ဆိုတဲ့ စိတ်ထား၊ အစိုးရမှာရှိပါတယ်။
နောက်ဆုံး
အရာရာဈေးချိုနေတဲ့အပြင်၊ နိုင်ငံခြားသားများအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်၊
ဘားကလပ်၊ ဂေါက်ကလပ်၊ ကုန်တိုက်များလည်း အသင့်ရှိနေပါတယ်။ နိုင်ငံခြားသားများ အတွက်
လိုအပ်တာတွေ အကုန်ရနိုင်တယ်။ ဈေးသက်သာချင်ရင် လိုကယ် ဗီယက်နမ်များလို
နေထိုင်စားသောက်၊ နောက်ဆုံး ဗီယက်နမ်အမျိုးသမီး၊ အမျိုးသားနဲ့ အိမ်ထောင်ကျသွားရင်
ချက်ချင်းလိုလို ဗီယက်နမ်ပီအာကို ရနိုင်ပါတယ်။
ရင်းနှီးမြုတ်နှံသူများက
မိမိလုပ်ငန်း ၅နှစ် အနည်းဆုံး အာမခံချက်ရဖို့ လိုပါတယ်။ ပြီးတော့ Return Money
ဆိုတဲ့ ရင်းနှီးငွေရဲ့ ဘယ်နှစ်ရာနှုန်းပြန်ရမလဲကို ကြည့်ပါတယ်။ လာရောက်လုပ်ကိုရင်း
ဗီယက်နမ် Property များမှာ ရင်းနှီးဖို့အတွက် နည်းလမ်း၃မျိုး တွေ့ရပါတယ်။
ဒီနည်းလမ်းများဟာ မဟာ တရုပ်ပြည်ကြီးက အရင်ကျင့်သုံးခဲ့တာကို ဗီယက်နမ်များက
ကော်ပီလုပ် အသုံးချပါတယ်။ မြန်မာအစိုးရသစ် သမ္မတဦးသိန်းစိန် အဖွဲ့လည်း
ဗီယက်နမ်နဲ့တရုပ်များဆီက ကော်ပီလုပ်ထားပြီးပါပြီ။ လက်တွေ့ အသုံးချဖို့ပဲ
လိုပါတော့တယ်။
၁။ ဗီယက်နမ်းလူမျိုး (ဥပမာ USA Citizen, EU Citizen, Australia citizen ..etc) များကို ဗီယက်နမ်ပီအာ (အမြဲနေထိုင်ခွင့်၊ နိုင်ငံသားကဲ့သို့ အိမ်မြေ၀ယ်ခွင့်ပေးခြင်း)၊
၂။ ဗီယက်နမ်လူမျိုးနှင့်အိမ်ထောင်ပြုပြီး၊ ဗီယက်နမ်နိုင်ငံတွင် ထာဝရနေထိုင်၊ ရင်းနှီးမြုတ်နှံစေခြင်း
၃။ ကုမ္ပဏီအနေဖြင့် FDI Foreign Direct Investment အဖြစ် တရားဝင်လာရောက်ပြီး၊ ကုမ္ပဏီနာမည်ဖြင့် အိမ်မြေများကို ၀ယ်ယူရင်းနှီးခြင်း.. တို့ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ မြန်မာပြည်မှာ
အိမ်ဈေးနှုန်း၊ အဆမတန်ကြီးနေခြင်းဟာ ကျသွားဖို့ လမ်းမရှိတော့ပါ။ နောက်၂နှစ်ကြာရင်
မြန်မာပြည်၊ငွေကြေးဖောင်းပွနှုန်းဟာ ဗီယက်နမ်းလိုပဲ ၁၃ရာနှုန်းအထက် ဖြစ်လာပါတော့မယ်။
ဒါကြောင့် အခု အမေရိကန်တစ်ဒေါ်လာဟာ အခု ကျပ် ၆၀၀ ဈေးပေါက်ပေမဲံ။
နောက်၂နှစ်ကြာရင် ကျပ် ၁၀၀၀လောက် ပြန်ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ဆိုရင်
စီးပွားရေးသမားများ၊ နိုင်ငံခြားကုမ္ပဏီများလည်း ပိုအဆင်ပြေလာပါလိမ့်မယ်။
မြန်မာပြည် ပြန်ပြီး
စီးပွားလုပ်လိုသူများ၊ အောင်မြင်အဆင်ပြေပါစေ ဆုတောင်းပါတယ်။
ဈေးကြီးလှသောမြန်မာပြည် ဆောင်းပါးများကို စိတ်ဝင်စားသူများ ဆက်လက်ဖတ်နိုင်ပါတယ်။
ဇော်အောင်
၂၆-စက်တင်ဘာ-၂၀၁၂
၂၆-စက်တင်ဘာ-၂၀၁၂
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment