ရခိုင်မှာ ဒုက္ခသည်တိုးလာမှု ကုလစိုးရိမ်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်အပြီး၊
၎လကြာမှာ နိုင်ငံထဲမှာ နေရာရွှေ့ပြောင်းနေထိုင်
ဒုက္ခရောက်နေသူ အရေအတွက် ဟာ တိုးပွားလာနေတယ်လို့ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး UNHCR ကစိုးရိမ်တကြီး ထုတ်ပြောလိုက်ပါတယ်။
ဒီ ဒုက္ခသည်ဆိုင်ရာရုံးက နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်ပေါင်း
၇၅,၀၀၀ ခန့် လောလောဆယ် ရှိနေတယ်။ နောက်ထပ် လူသားချင်းဆိုင်ရာ အကူအညီလိုနေသူတွေလဲ ဆက်ရှိနေသေးတယ်လို့ သောကြာနေ့မှာ ထုတ်ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Adrian Ewards က ဒီဒုက္ခရောက်နေသူတွေရဲ့ သွားလာရေးကို ကန့်သတ်ထိန်းချုပ်ထားဆဲဖြစ်တယ်၊ ဈေးသွားခွင့်၊ အစားအစာရရှိခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ ပညာရေးအခွင့်အလမ်းတွေအတွက် ပိတ်ပင်ခံနေရဆဲ ဖြစ်တယ်လို့ ဂျီနီဗာမြို့မှာ ပြောကြားလိုက်ပါတယ်။
ဒီပြောခွင့်ရှိသူကပဲ ခုလို ဖိနှိပ်ကန့်သတ်မှု့တွေ ဆက်ဆိုးဝါးနေတာကြောင့် ဆက်သည်းမခံနိုင်တော့တဲ့ ဒီဒုက္ခသည်တွေအနေနဲ့ အစားအစာနဲ့ ဆေးဝါးတွေရရှိနိုင်ဖို့ ခုလို ဒုက္ခသည်စခန်းတွေကို ဆက် ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့ ဆက်ပြောလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Martin Nesirsky က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးနဲ့ ဒုက္ခသည်ရုံးတွေ လက်တွဲပြီး၊ သက်ဆိုင်ရာဒေသတွင်းမှာ ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်နေကြောင်း၊ သူတို့က အထူးကို စိုးရိမ်မကင်း ဆက်ဖြစ်နေကြောင်း ကြေညာချက်ထုတ်တယ်ဆိုရင်တော့ ဒါဟာ ခိုင်လုံတဲ့ အထောက်အထားတွေရှိလို့သာ ဖြစ်နိုင်ကြောင်း ဖြေကြားသွားပါတယ်။

ရိုဟင်ဂျာများအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အလှူငွေအဖြစ်
ကမ္ဘာ့မူဆလင် အဖွဲ့ကြီး OIC က အမေရိကန်ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားသည်။
သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ပံ့မှုများဆိုင်ရာ OIC ၏ ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် စာနာထောက်ထားရေးဌာနများထံမှ ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း Jakata Post တွင် ရေးသားဖော်ပြထားသည်။
ချမ်းသာသော နိုင်ငံကြီးများမှ ထည့်ဝင်မှု မပြုရသေး၍ ယခု ရရှိသည့်ပမာဏထက် ပိုမိုများပြားစွာ ရရှိရန်ရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူးချုပ်က ဆိုသည်။
သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ် အစည်းအဝေးတွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ဒေါ်လာသန်း ၅၀ မှ ၁၀၀ အကြား ထည့်ဝင်ရန် ကတိပေးထားခဲ့ကြခြင်း ဖြစ်သည်။
OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံ ရှိသည်။
ကောက်ခံရရှိသော အလှူငွေများကို ဇွန်လ အဓိကရုဏ်းနှင့် အကြမ်းဖက်မှုများကြောင့် ဒုက္ခခံစားနေရသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု သိရှိရသည်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment