ရခိုင်
သတင်းများ အောက်တိုဘာ ၀၃ ၊ ၂၀၁၂
နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် ရခိုင်ဒေသလူထုအစည်းအဝေးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက် ၁၈ ချက်၊ အကြံပြုချက် သုံးချက်နှင့် ကန့်ကွက်ချက် ခြောက်ချက်တို့အား ဆုံးဖြတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊ ၂၆ ရက် နေ့များက ကျင်းပခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးကြီးမှ နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် နိုင်ငံတော်အစိုးရသို့ တင်ပြ တောင်းဆိုချက် ၁၈ ချက်၊ ကန့်ကွက်ချက် ခြောက်ချက်နှင့် အကြံပြုချက် သုံးချက်ကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အစည်းအဝေးကြီးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်များတွင် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င် ခိုးဝင်သူများရှိနေ၍ ပင်လယ်ပြင်နှင့်နယ်စပ်အား လုံခြုံရေးကို အခိုင်အမာ တည်ဆောက်ပေးရန်၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီများ၏ လူဦးရေပေါက်ဖွားနှုန်းကို ထိန်းချုပ်နိုင်မည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အပါအ၀င်တောင်းဆိုချက် ၁၈ ချက် တောင်းဆိုခဲ့သည်။
အစည်းအဝေးကြီးမှ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ အခြေအနေများအရ သော်လည်းကောင်း၊ ဘင်္ဂါလီများ၏ အတွင်းစိတ်သဏ္ဌာန် မမှန်ကန်မှုအရ သော်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူးသစ္စာကို မစောင့်သိ၊ မရိုသေ ၍သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအတူ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်သောကြောင့် ရခိုင်-ဘင်္ဂါလီ အတူ ယှဉ်တွဲနေထိုင်ရေး ကို လုံးဝကန့်ကွက်ကြောင်း၊ မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေးအရ မတရား ၀င်ရောက်စွက်ဖက်မှုကို လုံးဝဆန့်ကျင်ကန့်ကွက်ပြီး ရခိုင်ပြည်နယ် မည်သည့်နေရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကို လုံးဝကန့်ကွက်ကြောင်း အပါအ၀င် ကန့်ကွက်ချက်ခြောက်ချက်ကို ကန့်ကွက်ခဲ့ကြသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီတို့မှလည်း ရခိုင်ဒေသ လူထုအစည်းအဝေးမှ နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များကို အင်တိုက်အားတိုက် ထောက်ခံကူညီပေးပါရန်၊ ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီ များသည် အကွဲကွဲအပြားပြား မဆောင်ရွက်ကြဘဲ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပြည်ပတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုး အသင်းအဖွဲ့အစည်းတို့သည် ကွန်ရက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန်တို့ကို အလေးအနက်ထား၍ တိုက်တွန်းအကြံပြုခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ဒေသ လူထုအစည်းအဝေးကြီးမှ တောင်းဆိုချက်၊ ကန့်ကွက်ချက်၊ အကြံပြုချက်များကို တက်ရောက်ဆွေးနွေး တင်ပြကြသော ကိုယ်စားလှယ်တော်ကြီးများ၏ ဆန္ဒသဘောထားအပေါ် မူတည်၍ တခဲနက် ဆုံးဖြတ်အတည်ပြုနိုင်ရေးအတွက် ပြင်ဆင်စုစည်း သတ်မှတ်ပေးရန် အဖွဲ့ဝင်ကိုးဦး ပါဝင်သော ပြုစုရေးကော်မတီကို စက်တင်ဘာလ ၂၄ ရက်နေ့က တာဝန်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ကိုးဦးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ အကြံပြုတင်ပြချက်များကို စိစစ်ခွဲခြမ်းစိပ်ဖြာ၍ ဤလူထုအစည်းအဝေးကြီးမှ တောင်းဆိုချက်၊ ကန့်ကွက်ချက်၊ အကြံပြုချက် များကိုပြုစုခဲ့ပြီး ရခိုင်ဒေသလူထု အစည်းအဝေးကြီးမှ တခဲနက် ထောက်ခံအတည်ပြုချက် ရယူနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒေသ လူထုအစည်းအဝေးကြီးသို့ ရခိုင်အမျိုးသမီးများအစည်း အရုံးမှပေးပို့သော သ၀ဏ်လွှာ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ တင်သွင်းသည့်သ၀ဏ်လွှာ၊ ခိုင်အောင်ကျော် (နယူးယောက်)မှ တင်သွင်းသည့် ရခိုင် အနာဂတ်စီမံကိန်းများနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်ခြင်း စာတမ်း၊ ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများ၏ သဘောထားစာတမ်း၊ ကျောက်နီမော်ဒေသနေ ရခိုင်တိုင်းရင်းသားများမှ တင်သွင်းသည့် စာတမ်းအထူးအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (အာဆီယံအမတ်များညီလာခံ A.I.P.A ဥက္ကဋ္ဌ Dr MARZUKI ALIE ABDUL MADJID)အား မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြန်ကြားလွှာတွင်ပါရှိသော “ရိုဟင်ဂျာ ဆိုသူများသည် ဤနိုင်ငံတွင် မရှိပါ။ ၎င်းအပြင် ရိုဟင်ဂျာလူမျိုးသည် မြန်မာလူမျိုးပေါင်းစုံစာရင်းတွင်လည်း ပါဝင်ခြင်း မရှိပါ'စာပိုဒ်အား ရခိုင်ပြည်သူ ရဟန်း၊ ရှင်လူတစ်ရပ်လုံးက အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါသည်။
OIC အကူအညီပေးရေး ဆွေးနွေးပွဲ ဒိုဟာတွင် ကျင်းပမည်
ရခိုင်ပြည်နယ် ပဋိပက္ခအလွန် ပြည်လည်ထူထောင်မှု အကူအညီပေးရေးအတွက် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာတွင် မနက်ဖြန်၌ ကျင်းပမည်ဟု သိရသည်။ ယင်းအစည်းအဝေးကို အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် Qatar Charity တို့က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းပေါင်း ၃၀ ခန့်တက်ရောက်မည်ဟု သိရသည်။ ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့သည့်လ အစောပိုင်း၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။
စစ်တွေ မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား
အင်ဘာလာရပ်ကွက်၌ စက်တင်ဘာလ ၂၈ ရက်က ကလေးတဦးသည် အင်ဘာလာ ရပ်ကွက်ထဲသို့ ရေခဲချောင်း ရောင်းချရန် သွားစဉ် ထိုရပ်ကွက်နေသူ များက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ကောလဟာလ သတင်းများ ရုတ်တရက်ပြန့်နှံ့ သွားခြင်း ကြောင့် စစ်တွေမြို့ဒေသခံ ထောင်ချီ၍ အင်ဘာလာရပ်ကွက်ကို ၀ိုင်းထားကာ ထိုကလေးအား ထုတ်ပေးရန် တောင်းဆိုရာမှ ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ထိုရပ်ကွက်အား မြို့ပြင်ပြောင်း ရွှေ့ပေးရန် စစ်တွေလူထုက ဆက်လက် တောင်းဆိုသောကြောင့် ပြောင်းရွှေ့ခြင်း ကိစ္စသည် ပြည်နယ်အစိုးရ လုပ်ဆောင်ရမည့် ကိစ္စ မဟုတ်ကြောင်း၊ ထို့ကြောင့် သမ္မတထံ တင်ပြပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောဆိုကြောင်း အစိုးရအဖွဲ့ က ဆိုသည်။
“ရပ်ကွက်ရွှေ့ပေးမယ်လို့ ကျနော်တို့က ကတိပေးတာ မဟုတ်ပါဘူး၊ ဒီကိစ္စဟာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်စေဖို့ အတွက် သမ္မတကို တင်ပြပေးမယ်လို့ ၀န်ကြီးချုပ် က ပြောတာပါ”ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန် ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောသည်။
အင်ဘာလာရပ်ကွက်သည် မွတ်စလင်အများစု နေထိုင်ရာ ရပ်ကွက်တခုဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား များ၊ အမျိုးသမီးများအနေဖြင့် ထိုရပ်ကွက်ထဲမှ ဖြတ်သန်းသွားပါက ရပ်ကွက်နေသူ တချို့၏ နှောက်ယှက်မှု၊ ခြိမ်းခြောက်မှုကို ခကြာခဏ ခံနေရ ကြောင်း၊ ထို့ကြောင့် ထိုရပ်ကွက် ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆို ရခြင်းဖြစ် ကြောင်း စစ်တွေ မြို့ခံများ က ပြောသည်။
ဇွန်လအတွင်း စတင်ခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့မှ မွတ်စလင်များ ကို မြို့ပြင်ရှိ ၎င်းတို့လူမျိုးများ နေထိုင်ရာ ကျေး ရွာများသို့ ပြောင်းရွှေ့၍ နေရာချပေးထားမှု များ ရှိခဲ့ပြီး အင်ဘာလာ ရပ်ကွက်သည် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိသည့် ရပ်ကွ က်တခု ဖြစ်သည်။
မွတ်စလင်များအား သီးသန့်နေရာချထားပေးခြင်းဖြင့် လတ်တလောဖြစ်ပွားနေသည့် ပြဿနာ တည်ငြိမ်မှု ရရှိနိုင်မည် မှန် သော်လည်း ရေရှည်တွင် မွတ်စလင်များအတွက် အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း၊ ရေရှည်တည်ငြိမ်ရေးအတွက် နှစ်ဦးနှစ်ဘက် ပြန်လည် ယုံကြည်မှုရလာအောင် တည်ဆောက်ပေးသင့်ကြောင်း အစ္စလမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ ပြောခွင့် ရသူ ဦးဝဏ္ဏရွှေ က ပြောသည်။
“ပြဿနာဖြစ်နေချိန်မှာတော့ သီးခြားစီထားတာ သဘာဝကျပါတယ်၊ ဒါပေမယ့် ရေရှည်မှာတော့ သီးခြားစီ ထားမယ်ဆိုရင် လည်းပဲ ပြဿနာက ပြေလည်မှာမဟုတ်ဘူး၊ သူတို့နေတဲ့ နေရာကိုတော့ သူတို့ကို ပြန်ပေးသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့၏ ယနေ့အခြေအနေသည် တည်ငြိမ်မှု ရှိနေပြီး အင်ဘာလာရပ်ကွက်နှင့်အနီးတ၀ိုက်၊ မြိုပေါ်ရှိ လမ်းဆုံများ၊ လူ စည်ကားရာ နေရာတချို့တွင် လုံခြုံရေးများ ချထားကြောင်း စစ်တွေ ဒေသခံများ က ပြောသည်။
ရခိုင်ဒေသတွင်း တည်ငြိမ်နေသော်လည်း ဘင်္ဂလာေးဒ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရခိုင်ဒေသသို့ ပြန့်နှံ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြ ကြောင်းသိရပြီး စစ်တကောင်း ဒေသ၌ ဗုဒ္ဓဘာသာဝင် များနှင့် မွတ်ဆလင်များ အကြား ပဋိပက္ခ ကြောင့် ဘုန်းကြီး ကျောင်းများ၊ ဒေသခံ ဗုဒ္ဓ ဘာသာ မာရမာလူမျိုးများ၏ နေအိမ်များ မီးရှို့ ခံရခြင်း၊ လူတချို့ ဒဏ်ရာရခြင်း တို့ရှိသည်။
ပြည်နယ်အစိုးရကပြောရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ရခိုင်နယ်စပ်ဒေသဖြစ်သော မောင်တောနှင့်နယ်စပ် တ၀ိုက်၌ လုံခြုံရေး ချထားကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။
မောင်တောမြို့နယ်ရှိ သရေကုန်တန်းကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်အား စက်တင်ဘာလ ၃၀ ရက်နေ့က မီးရှို့ခံရကြောင်း ဒေသခံ တချို့က ပြောသည်။ ထိုကိစ္စအား ပြည်နယ် အစိုးရက လည်း အတည်ပြု ပြောဆိုသည်။ ထိုနေ့၌ ပင် မင်းပြားမြို့တွင် လည်း ပဋိပက္ခ တချို့ရှိခဲ့ပြီး ယခုအခါ တည်ငြိမ်နေကြောင်း အာဏာပိုင်တို့က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသမှ ပြဿနာသည် ရခိုင်ပြည်သို့ ရိုက်ခတ်မှု ရှိလာနိုင်သကဲ့သို့ ရခိုင်ဒေသက ပြဿနာ သည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ရိုက်ခတ်မှု တချို့ ရှိခဲ့ခြင်းကြောင့် ရခိုင်ပြည်သူများ အနေဖြင့် သတိထား၍ နေထိုင်ရန် လို အပ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြော သည်။
“သွေးထိုးလှုံဆော်မှုတွေ၊ ကောလဟာလထုတ်လွှင့်မှုတွေ ရှိနေတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အရာရာကို သတိထားပြီး နေထိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် မောင်တောနှင့်စစ်တွေ တွင် ဒုက္ခသည်များ ရှိနေ ဆဲဖြစ် ပြီး၊ ၎င်းတို့ရေရှည် နေထိုင်စားသောက်ရေး အတွက် အခက်အခဲ များရှိကြောင်း သိရပြီး ရခိုင်နှင့်တခြားတိုင်းရင်းသား ဒုက္ခ သည်များသည် ဘုန်းတော်ကြီးကျောင်းများ၌ တည်းခိုနေဆဲဖြစ်ပြီး မကြာမီ နေရာချထားနိုင်မည် ဟု အာဏာပိုင်အဖွဲ့ က ဆို သည်။
စစ်တွေမြို့နယ်အတွင်းမှ မွတ်စလင် ဒုက္ခသည်များကို မြို့ပြင်၌ စခန်းများ တည်ဆောက်၍ နေရာ ချပေးထားသော် လည်း နေအိမ် လုံလောက်မှု မရှိကြောင်း၊ လူဦးရေများပြားပြီး ရေအိမ်သာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ ရှိကြောင်း ဦးဝဏ္ဏရွှေ က ပြောသည်။
“ဆောက်ပေးတဲ့ တဲအိမ်ကသေးနေပြီး လူအရေအတွက်ကများတော့ မိုးရာသီမှာ နေထိုင်ရ ခက်ခဲနေကြပါတယ်၊ လူဦးရေနဲ့ လိုက်ဖက်တဲ့ တဲအိမ်တွေနဲ့ ကျန်းမားရေးစောင့်ရှောက်မှု၊ အစားအစာ အဓိက လိုအပ်နေပါတယ်”ဟု ၎င်း က ဆိုသည်။
စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၌ မွတ်စလင်ဦးရေ ၆ သောင်းဝန်းကျင်ရှိကြောင်း၊ အစိုးရအဖွဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လှုဒါန်းမှုများ ရှိကြောင်း၊ အာဏာပိုင်များအနေဖြင့် စစ်တမ်းကောက်ယူထားသည့် လူဦးရေ စာ ရင်းအတိုင်း အားလုံးကို ထောက်ပံ့ပေးနေ၍ လုံလောက်မှု ရှိကြောင်း ဦးဝင်းမြိုင် က ပြောသည်။
၎င်းက“ကျနော်တို့ စစ်တမ်းမှာရှိတဲ့ စာရင်းအတိ အကျပေးပါတယ်၊ ဒါပေမယ့် စခန်းတွေထဲကို ခိုးဝင်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်၊ ဒီလိုမျိုး တိုးပွားလာနေသူတွေက စာရင်းမရှိတော့ ရိက္ခာမရတာနေမှာပါ”ဟု ဆိုသည်။မွတ်စလင်ဒုက္ခသည် စခန်းများသို့ ပြည်တွင်း မီဒီယာများ အပြင် နိုင်ငံတကာ မီဒီယာများ၊ ရုပ်သံများကို လွတ်လပ်စွာ သတင်းရခွင့် ပေးထားကြောင်း၊ ဒုက္ခသည်များကိုလည်း လွတ်လပ်စွာ အင်တာဗျူးများ လုပ်ခွင့်ပေးထားကြောင်း ပြည်နယ် အာဏာပိုင် တို့က ဆိုသည်။
ကောက်စ်ဘဇား ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု ရိုဟင်ဂျာများ ပတ်သက်ဟုဆို
ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေဟာ စစ်တကောင်း တိုင်းအတွင်းက ကော့စ်ဘာဇာခရိုင်၊ ဦးကီယာ၊ တက္ကနာနဲ့ စစ်တကောင်း ခရိုင် ပေါ်တီယာမြို့တွေကို ပျံ့နှံ့သွားခဲ့ပြီးနောက် အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို အာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာ အခုဆို လူ ၁၇၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာထုတ် သတင်းစာတွေနဲ့ ဒေသတွင်း သတင်းစာတိုင်းမှာ ဖော်ပြနေပါတယ်။
ဖမ်းဆီးမှုတွေအကြောင်း ကော့စ်ဘာဇာ ရဲအရာရှိတဦးက “ဖမ်းတာတွေကတော့ ၁၇၀ ကျော်ပြီ။ သူတို့ကို စစ်တကောင်းမြို့နယ်နဲ့ ကော့စ်ဘာဇာ မြို့နယ်တွေက ဖမ်းဆီးထားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ် ၄၀ လောက် မီးရှို့ဖျက်ဆီး ခံရအပြီး ဒေသတွင်းမှာ နေထိုင်ကြသူ ဒုက္ခသည် ဗုဒ္ဓဘာသာဝင်တွေ ရပ်ရွာကို ပြန်လာကြရာမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါတယ်။
ဒေသခံ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အဆိုအရ လူ တထောင်လောက် ထွက်ပြေးခဲ့ရပြီး အခု တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးမယ် လို့လည်း အစိုးရက ပြောပါတယ်။
အစ္စလမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေ ၁၅၃ သန်းမှာ ဗုဒ္ဓဘာသာဝင်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌရဲ့ အဆိုအရ ပြီးခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ချိန်ကစလို့ ဒီလိုမျိုး တခါမှ မကြုံသေးဘူးလို့ သိရပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဩဇာရှိတဲ့ လူမှုရေးခေါင်းဆောင် ၉ ဦးကလည်း တရားဥပဒေအရ စုံစမ်းစစ်ဆေးရေး အမြန်စဖို့ တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ တိုက်ခိုက်မှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ အဖမ်းအဆီး ခံရမှုများလည်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားများ ဝင်ခွင့်ပြု
ရခိုင်ပြည်နယ်
အတွင်းမှ နေရာတချို့အား နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်ခွင့်
ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၏ ရှေ့ဟောင်းယဉ်ကျေးမှု
နယ်မြေ မြောက်ဦးမြို့နှင့် ဝေသာလီမြို့ဟောင်း၊ ကျောက်တော်မြို့နယ် အတွင်းရှိ မဟာမုနိဘုရား
နယ်မြေ၊ စစ်တွေမြို့နယ် ဧရိယာတို့ကို ခရီးသွားလာခွင့် ယခင်က ပိတ်ထားခြင်း ဖြစ်သည်။
ထိုကန့်သတ်မှုကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းရှင်များအသင်းက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသားများအား
ခရီးသွားလာမှု ကန့်သတ်ချက်သည် ဇွန်လဆန်းတွင် စတင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့်
လုံခြုံရေး အကြောင်းပြချက်ဖြင့် သြဂုတ်အတွင်း စတင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒုက္ခသည်အလှူ ဖြန့်ဖြူးမှု မမှန်ကန်ကြောင်း ကန့်ကွက်စာပေးပို့
လက်ရှိ အတိဒုက္ခရောက်နေကြတဲ့
ပြည်သူတွေကိုသာ ပေးအပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို
မြို့ခံလူထု ၅၀၀ ကျော်က စုပေါင်းလက်မှတ် ရေးထိုးပြီး ဒီကနေ့ရက်စွဲနဲ့ ကန့်ကွက်စာ ပေးပို့လိုက်တယ်လို့
လက်မှတ်ရေးထိုးပေးပို့ရာမှာ ပါဝင်တဲ့ မြို့ခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက မီဒီယာ ကိုပြောပါတယ်။
"
ဒီမှာက ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့မှာ ဒုက္ခသည်စခန်း ရှိပါတယ်။ ဒါပေမယ့်
ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့ နေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက
ကုလားကျေးရွာတွေကို ပို့ပေးမယ်လို့ သိရပါတယ် ဆန်အိတ်တွေကို ။ အဲဒါကြောင့် မြို့နယ်
လူထုတစ်ခုလုံးက မကျေမနပ်ဖြစ်ပြီးတော့ ကန့်ကွက်ကြတာပါ"ပဋိပက္ခကာလ အတွင်းက ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေကို မြို့ပေါ်မှာရှိတဲ့ လောကမာရဇိန်သိမ်မှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ထားရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေဟာ နေရပ်အသီးသီးကို ပြန်လည် ထွက်ခွာသွားခဲ့ကြပြီး ဖြစ်တာကြောင့် ကျန်ရှိနေသေးတဲ့ ဆန်အိတ် အလှူတွေကို တစ်ခြားမြို့နယ်တွေက နေအိမ်မီးရှို့ခံရတဲ့ ဒုက္ခသည်တွေ အတွက် ပေးအပ်သွားဖို့ကိုလည်း ဝန်ကြီးချုပ်ဆီ ပေးပို့တဲ့စာထဲမှာ ရေးသားထားကြောင်း မြို့ခံတွေကပြောပါတယ်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment