မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၂၅ ၊ ၂၀၁၂

၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည်ဟု ဦးမြင့်ပြော

 ၂၀၃၀ ပြည့်နှစ် ရောက်သည့်တိုင် မြန်မာနိုင်ငံသည် ၀င်ငွေ အနိမ့်စား နိုင်ငံများ စာရင်းတွင်သာ ပါဝင်နေဦးမည် ဖြစ်ကြောင်း သမ္မတ စီးပွားရေးနှင့် လူမူရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က ပြောသည်။



ဆန်တန်ပို့မှု တရုတ်နယ်စပ်သို့ အဓိက သွားနေ

မြန်မာ့ ဆန်စပါးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူလျက်ရှိရာ တရုတ် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် အများစု သွားနေကြောင်း ဆန်ကုန်သည်ကြီးများက ပြောသည်။အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ပပို့ ဈေးနှုန်းများမှာ ၁ တန်လျှင် ၅ မှတ်ဆန်ကို ၄၂ဝ-၄၃ဝ ဒေါ်လာ၊ ၁ဝ မှတ်ဆန် ၄ဝဝ-၄၁ဝ ဒေါ်လာ၊ ၁၅ မှတ်ဆန် ၃၈ဝ-၃၉ဝ ဒေါ်လာ နှင့် ၂၅ မှတ်ဆန် ၃၅၅-၃၇ဝ ဒေါ်လာတို့ ဖြစ်သည်။ပြည်တွင်း ဈေးကွက်တွင် ဆန်ကြမ်း (၂၅ မှတ်) ၁ဝ၈ ပေါင် တအိတ်လျှင် ၁၃,၅ဝဝ ကျပ်။ ၅ မှတ်ဆန် ၁ဝ၈ ပေါင် တအိတ်လျှင် ၁၄,ဝဝဝ-၁၅,၅ဝဝ ကျပ် ရှိနေသည်။ မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်မှု အနေအထားမှာ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ၁၃၆,၂၃ဝ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိ ၂၈၂,ဝ၂၁ တန် တင်ပို့ပြီး ဖြစ်ကြောင်း သိရသည်။


ဆူးလေဆိပ်ကမ်းအဆင့်မြှင့်တင်ရန် တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များထုတ်ပြန်


ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင်ရန် တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့်ပတ်သက်သည့် စည်းကမ်းချက် ၈ချက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ပါဝင်သည့် ဆူးလေဆိပ်ကမ်းတံတား ၁၊ ၂၊ ၃၊ ၄ တို့အား ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်ပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်ကိရိယာများ တပ်ဆင်ခြင်းနှင့် နောက်ခံမြေပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အုံများ တည်ဆောက်နိုင်ရန် လုပ်ငန်းတင်ဒါပုံစံများအား သြဂုတ်လ ၂၃နှင့် ၂၄ နေ့များက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ရောင်းချပေးခဲ့သည်။
ယင်းတင်ဒါပုံစံများအား အောက်တိုဘာလ ၂၅ရက်နေ့၊ နေ့လည်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။
ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင်ရန် တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက် များမှာ စီမံကိန်းလျာထားအဆိုပြုဒီဇိုင်းပုံစံ၊ ခိုင်မာသောငွေကြေးနှင့် ပိုင်ဆိုင်မှုအထောက်အထားများ ပူးတွဲတင်ပြထားခြင်းရှိ၊ မရှိ၊ သဘာ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုလေ့လာအကဲဖြတ်ချက်၊  တင်ဒါတင်သွင်းသူသည် တင်ဒါ တင်သွင်းရာတွင် တင်ဒါပုံစံနှင့်အတူ  တင်ဒါတင်သွင်းမှု၏ အဓိကအစိတ်အပိုင်းဖြစ်သော တင်ဒါစည်းကမ်းများ၏ စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်ရိုက်နှိပ်၍ တစ်ပါတည်း ပြန်လည်ပူးတွဲတင်ပြထားခြင်းရှိ၊ မရှိ၊ ဆိပ်ခံတံတားနှင့် နောက်ခံဧရိယာတွင် ၀ယ်ယူတပ်ဆင်မည့် ကုန်ကိုင်တွယ်ကိရိယာစာရင်း၊ တင်ဒါတင်သွင်းရာတွင် သက်ဆိုင်ရာလုပ်ငန်း၊ စီမံကိန်း အတွက် Work Schedule ၊ တင်ဒါလုံခြုံမှု အာမခံငွေ ကျပ်သန်းတစ်ရာကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းထားသည့် ငွေရပြေစာမူရင်း စသည့်အချက်များပါဝင်သည်ဟု သိရသည်။
ပထမအဆင့် အနေဖြင့် ပဏာမ စိစစ်ရွေးချယ်ရာတွင် စည်းကမ်းချက် ၈ချက်မှ တစ်ချက်ထက်ပို မကိုက်ညီသည့် တင်ဒါများအား ထည့်သွင်းစဉ်းစားခြင်းပြုမည်မဟုတ်ဟု သိရသည်။ ပထမအဆင့် ပဏာမရွေးချယ်ခြင်း အောင်မြင်သော တင်ဒါများကို ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးမည့်ရင်း နှီးမြုပ်နှံမှုအချိုးရာခိုင်နှုန်း၊ ရင်းနှီးမြုပ်နှံမည့် ပမာဏနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးဆောင်မည့် လစဉ်မြေငှားရမ်းခနှုန်းထားစသည့် အချက် ၃ချက်တို့ကို အခြေပြုပြီး စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။


မြန်မာနိုင်ငံအတွင်းရှိ အာဆီယံ၊ အာရှလမ်းမကြီးများအပါအ၀င် နိုင်ငံတကာဆက်သွယ်မှု လမ်းမကြီးများအားလုံးကို မူလ ၁၂ ပေအကျယ်မှ ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းအဆင့် ထပ်မံတိုးချဲ့မည်

မြန်မာနိုင်ငံအတွင်းရှိ အာဆီယံ၊ အာရှလမ်းမကြီးများအပါအ၀င် နိုင်ငံတကာဆက်သွယ်မှု လမ်းမကြီးများအားလုံးကို မူလ ၁၂ ပေ အကျယ်မှ ၂၄ ပေအကျယ်ကတ္တရာကွန်ကရစ်လမ်းအဆင့် ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံကာဆက်သွယ်မှုလမ်းမကြီးများဖြစ်သည့် အာဆီယံ၊ အာရှလမ်းမကြီးများ၊ ဘင်းမ်စတက်၊ ဂျီအမ်အက်စ် လမ်းမကြီးများအား မူလ ၁၂ ပေအကျယ်မှ ၂၄ ပေ အကျယ်ကတ္တရာကွန်ကရစ်လမ်းအဆင့် ဆောင်ရွက်မည်ဖြစ်ပြီး တံတားများကိုလည်း အမြဲတမ်းကွန်ကရစ်တံတားများအဖြစ် ဆောင်ရွက်မည်ဟုလည်း သိရသည်။


အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်

အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင်အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထားကြောင်းမြန်မာနိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့်အနေအထားရှိကြောင်းသိရသည်။


မြန်မာ့ကျွန်းသစ်အချောထည်များ၏ ဥရောပဈေးကွက်တင်ပို့နိုင်ရေး ဥရောပသစ်လုပ်ငန်းရှင်များအသင်းချုပ်မှ မြန်မာ့သစ်လုပ်ငန်းရှင်များနှင့် လာရောက်ဆွေးနွေးမည်


မြန်မာ့ကျွန်းသစ်အချေထည်များ ဥရောပဈေးကွက်တင်ပို့နိုင်ရေးအတွက် ဥရောပသစ်လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်းမြန်မာ့သစ်လုပ်ငန်းရှင်များအ သင်းမှ ကြီးမှူး၍ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
ဥရောပသစ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်အပြင် Forest Law Enforcement, Governance and Trade-FLEGT မှ တာဝန်ရှိသူများပါ မြန်မာနိုင်ငံသို့လာရောက်ပြီး မြန်မာနိုင်ငံမှ သစ်တောထွက်ကုန်ပစ္စည်းများ(အထူးသဖြင့် ကျွန်းသစ်အချောထည်များ)ကို ဥရောပဈေးကွက်တင်ပို့နိုင်ရေး အလားအလာများ၊ ဈေး ကွက်တောင်းဆိုချက်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက်တင်ပို့ခြင်းထက် အချောထည်ပြုလုပ်တင်ပို့ခြင်းက ၀င်ငွေပိုမိုရရှိသည်ဆိုသော်လည်း သစ်အလုံးလိုက်တင်ပို့ခြင်းအား ပုံမှန်အတိုင်းသာ ဆက်လက်တင်ပို့နေဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ဥရောပဈေးကွက်သို့သာ သစ်အချောထည်များ တင်ပို့နိုင်မည်ဆိုပါက မြန်မာ့သစ်ဖြင့် အကျိုးအမြတ်များစွာ ရရှိနေသည့် တရုတ်အပါအ၀င် ဒေသတွင်းနိုင်ငံများကို အားထားရန်မလိုတော့ပဲ တိုက်ရိုက်ဈေးကွက်အား ဈေးမှန်ဖြင့်တင်ပို့နိုင်မည်ဖြစ်ရာ အကျိုးများစွာဖြစ်ထွန်းမည်ဖြစ်ကြောင်းလည်း သိရသည်။သို့သော် သစ်အလုံးလိုက်တင်ပို့ခြင်းအား ကန့်သတ်ရန်လိုပြီး အချောထည်ထုတ်လုပ်တင်ပို့ခြင်းကိုသာ အဓိကလုပ်ကိုင်သင့်ကြောင်းလည်း သစ်အချောထည်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။


ရွှေတောင်အုပ်စု စင်ကာပူ Hilton ဟိုတယ်တွင် အိမ်ရာအရောင်းပြပွဲပြုလုပ်မည်

မြန်မာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော ရွှေတောင်ကုမ္ပဏီများအုပ်စုက အောက်တိုဘာလ ၂၇၊ ၂၈ ရက်နေ့များတွင် စင်ကာပူနိုင်ငံ Hilton ဟိုတယ်၌ အိမ်ရာအရောင်းပြပွဲပြုလုပ်မည်ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရ ပါသည်။


သီလ၀ါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီရှယ်ယာများ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချသွားမည်

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီအစုရှယ်ယာများအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ရောင်းချရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါသည်။


သုံးနှစ်အတွင်း မတ်ပဲဈေး စံချိန်တင်ကျဆင်း၊ လက်ရှိအချိန်၌ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ ရရှိငွေသည် ယခင်နှစ်ကာလတူထက် သန်း ၂၂၀ နီးပါး လျော့ကျ

ယခုနှစ် ပဲဈေးကွက်အတွင်း  မတ်ပဲဈေးများ သုံးနှစ်အတွင်း စံချိန်တင်ကျဆင်းနေကြောင်း၊လက်ရှိအချိန်၌ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၅၀၀ကျော်ရရှိထားသော်လည်း ယခင်နှစ်ကာလတူထက် ၀င်ငွေရရှိမှုမှာ သန်း၂၂၀ နီးပါးလျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။


၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြ၀တီကုန်သွယ်ရေးဇုန်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာ့ရေထွက်ပစ္စည်း တင်ပို့မှုအခြေအနေမှာ ယခင်နှစ်များထက် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြ၀တီကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ မြန်မာ့ရေထွက် ပစ္စည်းတင်ပို့မှု အခြေအနေမှာ ယခင်နှစ် (၂၀၁၀-၂၀၁၁၊ ၂၀၁၁-၂၀၁၂) ခုနှစ်များထက် နှိုင်းယှဉ်ပါက ပိုမိုမြင့် တက်မှုရှိလာကြောင်း သတင်းရရှိသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

1 comments:

Anonymous said...

Lucky Club | Play & Win Online Slots | LuckyClub.live
Lucky Club offers the chance to play slots and other games by experienced dealers. luckyclub Join now and start winning money! Rating: 4.7 · ‎Review by luckyclub.live

Post a Comment