ဗ န်းေ မာ် တ င်ေ အ
ာ င် နှ င့် ကြီး ပြ င်း ခဲ့ေ သာ ဖီး န စ် ငှ က် များ
( အပိုင်း-၁ )
By အောင်ဝေး
” ကျနော့်မှာ အတ္တဆိုလို့  မခင်ဦးကို ချစ်ခဲ့မိတာ
တစ်ခုပဲ
ရှိပါတယ်ဗျာ ”
ဗန်းမော်တင်အောင်(၁၉၂၀-၁၉၇၈)
ကျနော်တို့ မျိုးဆက်ဘ၀သည်၊ ” ဗ ” ငါးလုံးနှင့် ကြီးပြင်းလာခဲ့ရခြင်းဖြစ်သည်။ ထို”
ဗထက်ခြိုက် ” ငါးလုံးထဲတွင်၊ ဆရာဗန်းမော်တင်အောင်လည်းပါဝင်လေသည်။
ကျနော်တို့ ကျောင်းသားဘ၀မှာ အိပ်မက်တွေ အများကြီးရှိခဲ့သည်။ ကျနော်တို့ မှာ
ကျနော်တို့  လေးစား အားကျ အတုယူခဲ့ရသော အလွမ်းဇာတ်တွေလည်း
တစ်လှေကြီးရှိခဲ့တာပါ။
ကျနော်တို့ ငယ်ငယ် ကျောင်းသားဘ၀မှာ၊ ပထမဆုံးအကြိမ် အကျဉ်းထောင်ထဲ ရောက်သွားကြသည်။
၁၉၇၆ မတ်လ၊ ပုသိမ်ကောလိပ်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေနှင့်။
အခုရရှိထားကြတဲ့ နာမည်တွေနဲ့ ပဲ
အတိတ်ကိုပြန်လှန်ရရင်၊ ဒီတုန်းက ပုသိမ်ထောင်ထဲမှာ၊ စိုးအိမ်၊ စိုးနေလင်း၊ မြေနု၊
ကျနော်တို့ တွေ အတူတူ။ ကျနော်တို့ ချင်း အယူအဆရေးရာ(လက်ဝဲအယူအဆပါ)
ဆွေးနွေးငြင်းခုန်ကြတဲ့အခါ၊ စိုးအိမ်က ကျနော့်အယူအဆကို ပျော့တယ်၊ နုတယ် ဆိုပြီး၊
ဒါကို သူကအားမရချင်ဘူး။
ဒီတော့ စိုးအိမ်က ကျနော့်အပေါ်
”ဒီကောင်က ဒဂုန်တာရာနဲ့ သခင်ဗဟိန်း စပ်ဖောက်ထားတဲ့ကောင်“လို့  ကောတတ်သည်။
ကျနော်တို့ ချစ်သည့် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို ကျနော်တို့ ဘ၀တွေထဲမှာ၊
ရင်ဘတ်ထဲ ထည့်ထား တတ်ကြတာမဟုတ်လား။ ကျနော်တို့ ကိုဗဟိန်းကိုချစ်တဲ့အထဲမှာ
အနုပညာဆန်တာလည်း ပါသည်။ ရောမန်တစ်ဖြစ်တယ်ပေါ့ ။ ရောမန်တစ်ဖြစ်တယ်ဆိုတဲ့သူက
“တော်လှန်ရေးဖြစ်“ တဲ့အခါ၊ ကျနော်တို့ လူငယ်ဘ၀မှာ အားကျမဆုံးတော့။
လေးစားမဆုံးတော့။
၁၃၀၀ ပြည့်အရေးတော်ပုံကြီးပြီးလို့ ၊ ၁၉၃၉ အင်္ဂလိပ်အခက်၊ ဗမာ့အချက်၊ နိုင်ငံခြားက
လက်နက် အကူအညီ၊ စစ်ရေးအကူအညီရှာဖို့ ၊ တကသ ယူနီယံ အဆောက်အအုံထဲက
ထွက်လာတဲ့မျှော်လင့်ချက်တွေနဲ့ ။ ကိုဗဟိန်းနဲ့ ဆရာဒဂုန်တာရာတို့ နှစ်ယောက်၊
တရုတ်ကွန်မြူနစ်ပါတီ၊ ဥက္ကဋ္ဌမော်တို့ နဲ့ ဆက်သွယ်ဖို့ ၊ တရုတ်-ဗမာနယ်စပ်
ယူနန်ပြည်နယ်ဘက်ကိုထွက်ခဲ့ကြတယ်။
ရှမ်းပြည် အရှေ့ မြောက်ပိုင်း၊ လားရှိုးလမ်းမကြီးပေါ်မှာလို့ ဆိုတယ်။
တစ်ညသား လကလည်း အလွန် သာနေတယ်။ ကိုဗဟိန်းက အင်းလျားမှာကတည်းက လသာရင်
လရောင်ကိုခံစားနေကျ။
ဒီတုန်းမှာ ကိုဗဟိန်းဆီက
”ကိုဌေးမြိုင်“ တဲ့။(ဆရာဒဂုန်တာရာ ရဲ့ နာမည်ရင်းက ဌေးမြိုင်ပါ) “ဒီလို လသာနေတော့
ကျနော့်စိတ်ထဲမှာကြည်နူးချမ်းမြေ့လာတယ်ဗျာ“
ဆရာဒဂုန်တာရာက၊ အင်း…ကိုဗဟိန်းတော့ ရန်ကုန်မှာကျန်ရစ်တဲ့ သူ့ ရည်းစား
မခင်ကြီးအကြောင်း ပြောတော့မှာပဲလို့ ထင်လိုက်သတဲ့။ ဒီလိုထင်ရအောင်လည်း၊ သူနဲ
့ကိုဗဟိန်း အထက်ဗမာပြည်ကို၊ အညာဆန် သင်္ဘောကြီးနဲ့ တစ်မြို့ ဝင် တစ်မြို့ ထွက်
စည်းရုံးရေးခရီးထွက်ကြတော့၊ ရန်ကုန်ကနေ ဆရာဒဂုန်တာရာ ၀ယ်လာတဲ့ စာရေးစက္ကူ၊ စာအိတ်နဲ
့တံဆိပ်ခေါင်းတွေ၊ ကိုဗဟိန်း သူ့ ရည်းစားမခင်ကြီးဆီ၊
စာအစောင်စောင်ရေး၊ ရောက်ရာဆိပ်ကမ်းမှာ စာတိုက်ပုံးထဲထည့်နဲ့ ၊
မန္တလေးမရောက်ခင် ပြောင်ပါရောလား။ ဒါကြောင့်ပဲ၊ ဆရာ ဒဂုန်တာရာ
လားရှိုးလမ်းညမှာ၊ ကိုဗဟိန်း မခင်ကြီးဋီကာချဲ့ တော့မယ်လို့ ထင်မှာပေါ့ ။ သို
့သော်၊ ဒါပေမဲ့…။
” ဒီတော့ဗျာ၊ ကိုဌေးမြိုင်၊ ဒီလိုကြည်နူးချမ်းမြေ့နေတဲ့အချိန်မှာ ခင်ဗျားနဲ
့ကျနော်၊ လီနင်ရဲ့ အစိုးရနဲ့  တော်လှန်ရေးစာအုပ်အကြောင်း ဆွေးနွေးရအောင်“
သေဟဲ့ နန္ဒိယ။ ဆရာဒဂုန်တာရာ ပက်လက်လန်ခဲ့မှာသေချာတယ်။ ကျနော်တို့ လည်းပက်လက်လန်
သွားတာပါပဲ။ ဟုတ်တယ်မဟုတ်လား။ ကဲ…ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်တဲ့
ကိုဗဟိန်းပါလဲ။ လရောင်ထဲမှာမှ သူုက State and Revolution
ကျမ်းကိုဆွေးနွေးချင်နေပြန်သတဲ့။ လွှတ်လှသပေါ့ ။ ဒါက ကျနော်တို့ ချစ်ခဲ့၊
လေးစားခဲ့တဲ့၊ တကသ။ ဗကသ ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းပဲ။
နောက်တစ်ယောက်၊ ကျနော်တို့ အသည်းစွဲ။ သူက ဗိုလ်ချုပ်အောင်းဆန်းပဲပေါ့ ။
ဗိုလ်ချုပ်ကိုတော့ ကျနော်တို့ က၊ ဆရာဒဂုန်တာရာရဲ့ “အောင်ဆန်း(သို
့မဟုတ်)အရိုင်း“ကိုဖတ်ပြီး ပိုနားလည်သွားတယ်။ ပိုပြီးလည်းချစ်လာတယ်။
ဗိုလ်ချုပ်ကိုယ်တိုင် သူ့ အတ္ထုပ္ဖတ္တိထဲမှာ “အရိုင်းသည် လွတ်လပ်၏။ ရဲရင့်၏။
ဖြောင့်မတ် တည်ကြည်ရိုးသား၏“ လို့ ရေးခဲ့ဖူးတာပဲ။
ဗိုလ်ချုပ်ကိုကျတော့ ကိုဗဟိန်းနဲ့ မတူ၊ တော်လှန်ရေးဖြစ်တယ်လို့ အရင်မြင်ကြတယ်။ ကြမ်းတယ်လို့  ဆိုတာပါ။
ဒါပေမဲ့ ဒီလိုကြမ်းတယ်၊ တော်လှန်ရေးဖြစ်တယ်လို့ မြင်တဲ့သူက “ရောမန်တစ်ဖြစ်“
ဖြစ်သွားတဲ့အခါ ကျပြန်တော့လည်း…။
ဂျပန်ခေတ်ကြီးထဲမှာ။ အင်္ဂလိပ်အပြေး၊ ဂျပန်အ၀င်၊ ရွှေတောင်ကြားက
အိမ်ကြီးတစ်လုံးထဲမှာ။ ဆရာ ဒဂုန်တာရာတို့ လူငယ်တစ်သိုက် စန္ဒရားတီး၊
အချစ်သီချင်းတစ်ပုဒ်ဆိုနေကြတဲ့အချိန်။ ဗိုလ်ချုပ်အောင်ဆန်း ၀င်လာပြီး၊
ဘာမပြော ညာမပြော ဗြုန်းဆို “ဟေ့လူတွေ၊ တော်ကြစမ်း၊ ဒီအချိန်က
ချစ်တာကြိုက်တာတွေ ဆိုရ မယ့်အချိန်မဟုတ်ဘူး။ ရဲစိတ်ရဲမာန်တက်မယ့်
သီချင်းတွေဆိုရမှာဗျ“
ဗိုလ်ချုပ်က သူပြောချင်တာပြောပြီး ပြန်ထွက်သွားရော။ အခန်းထဲကလူတွေ
အံ့အားသင့်ပြီးကျန်ရစ်ခဲ့တာပေါ့ ။ ဒါပေမဲ့ ဘယ်သူကမှ ဗိုလ်ချုပ်အပေါ်စိတ်မဆိုးကြ၊
မငြိုငြင်ကြဘူး။ ဒီလိုနဲ့ နောက်တော့၊ ဗိုလ်ချုပ်အောင်ဆန်းလည်း၊ ဒေါ်ခင်ကြည်နဲ
့အိမ်ထောင်လည်းကျရော၊ တစ်နေ့ သားပေါ့ လေ၊ ဆရာဒဂုန်တာရာ စန္ဒရားတီးနေတဲ့အနားလာပြီး၊
ညင်ညင်သာသာကလေးနဲ့ “ ကိုဌေးမြိုင်၊ ကဉ္စနသီချင်းတီးစမ်းပါဗျာ“ လို့ ပြောပါသတဲ့။
အခုတော့ ကျနော်တို့ ဗိုလ်ချုပ် နူးညံ့သိမ်မွေ့ လို့ သွားပါပြီ။
အရိုင်းမဟုတ်တော့ဘူး။ အချစ်နဲ့ တို့ ထိ လိုက်လို့ လည်းဖြစ်မယ်။ ဒါကြောင့်ပဲ၊
ဗိုလ်ချုပ်က နောက်ပိုင်းမှာ “ အနုပညာမပါရင် အိမ်ထောင်ရေးဟာ တာရှည်မခံဘူး။
တော်လျန်ရေးမှာလည်း အနုပညာပါရမယ်။ အနုပညာမပါရင်
တော်လှန်ရေးမအောင်မြင်နိုင်ဘူး” ပြောခဲ့တာပေါ့ ။
ကျနော်တို့ ဗိုလ်ချုပ်ကိုချစ်တာ၊ အဲဒီလိုလွမ်းစရာတွေရှိလို့ ချစ်ကြတာပါ။
ကျနော်တို့ ရဲ့ ကျောင်းသားဘ၀ဟာ၊ ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့ ရဲ့ “ဗကသ“ ကနေ၊
နောက်ပိုင်း သခင်ဗဟိန်း၊ သခင်အောင်ဆန်းတို့ ရဲ့ “ဗကပ“ အထိတိုင်ပဲမဟုတ်လား။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသများအဖွဲ့ ချုပ်) ABFSU
ကနေ၊ နောက်ဆုံး ဗမာပြည်ကွန်မြူနစ်ပါတီ(BCP) အထိ ဆိုပါတော့။
၁၉၃၉ သခင်ဗဟိန်းပါဝင်တဲ့၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဦးဆုံး
အထွေထွေအတွင်းရေးမှူးက ဗိုလ်ချုပ်အောင်ဆန်းပဲ မဟုတ်လား။ သို
့သော်…နောက်ပိုင်းမှာတော့၊ ဗိုလ်ချုပ်က ကွန်မြူနစ်ပါတီက နုတ်ထွက်ပြီး၊ ဖဆပလ အဖွဲ
့ချုပ်ကြီးမှာ ဥက္ကဋ္ဌဖြစ်သွားပါတယ်။ ကိုဗဟိန်းက ပါတီမှာပဲကျန်ခဲ့ပါတယ်။
ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ ချုပ်ကြီးထဲက ထုတ်ပစ်လိုက်တဲ့ အချိန်မှာ၊
ကိုဗဟိန်းက မန္တလေးဆေးရုံကြီးပေါ်မှာပါ။ နောက်ဆုံးမှာ ကိုဗဟိန်း နှလုံးရောဂါနဲ
့မန္တလေးဆေးရုံကြီးမှာပဲ ကွယ်လွန်သွားပါတယ်။ ၁၉၄၆ ဒီဇင်ဘာ။
“ဟိန်း“ နဲ့ “ဆန်း“ ရဲ့ အဖြစ်က ရင်နင့်စရာပါ။ နှမြောတသ ကြေကွဲလွမ်းဆွတ်စရာပါ။
ကျနော်တို့ ဟာ၊ ကျနော်တို့ ခေတ်ကြီးက ပြဋ္ဌာန်းပေးထားတဲ့အတိုင်း၊ လက်ဝဲအယူအဆတွေနဲ
့လူဖြစ် ကြီးပြင်းလာခဲ့ရတယ်ဆိုတာကိုဝန်ခံရမယ်။ ဒီအယူအဆနဲ့ ပဲ ကျနော်တို
့မျိုးဆက်(၇၄-၇၅-၇၆ မျိုးဆက်) ဟာ နေ၀င်း-စန်းယု စစ်အာဏာရှင်အစိုးရကို
တော်လှန်ခဲ့ကြတယ်။
ကျနော်တို့ ခေတ်မှာ၊ ကျနော်တို့ ဟာ ကျနော်တို့ ရဲ့ လူငယ်ဘ၀ကို ပီပီသသ“ငယ်“ ခဲ့ကြ။
ရဲရဲရင့်ရင့် “နီ“ ခဲ့ကြ။ ဒီအတွက် ဆုလာဘ်ကတော့
ရာသက်ပန်ကျောင်းတွေအထုတ်ခံခဲ့ရတယ်။ ထောင်တွေတန်းတွေ အကြိမ်ကြိမ်ကျခဲ့ရတယ်။
(ကိုဆလိုင်းတင်မောင်ဦး
ကြိုးစင်ပေါ်တက်ခဲ့ရတယ်)
ဒါပေမဲ့…ကျနော်တို့ ဘယ်တော့မှဦးမညွှတ်ခဲ့ဘူး။နောက်လည်းမဆုတ်ခဲ့ဘူး။
ကျောင်းသားစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်၊ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ဟာ
အရှုံးမပေး၊ ဒူးမထောက်ခဲ့ဘူး။ ကျနော်တို့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေဟာ အမြဲထက်မြက်ခိုင်မာနေတယ်။
ရှင်သန်နိုးကြားနေတယ်။ ဒီလိုထက်မြက်ခိုင်မာနေအောင်၊ ရှင်သန်နိုးကြားနေအောင်၊
တိုးတက်တော်လှန်တဲ့စာပေတွေက၊ ထိန်းကျောင်းမွေးမြူပုံသွင်းပေးခဲ့ တာပါပဲ။
အဲဒီလို တိုးတက်တော်လှန်တဲ့စာပေတွေထဲမှာ၊ ဆရာဗန်းမော်တင်အောင်ရဲ
့စာအုပ်တွေလည်း၊ အဓိကနဲ့  အရေးအကြီးအခန်းကဏ္ဍမှာ
ပါဝင်ခဲ့တာပါ။ ။
(အပိုင်း-၂ ၊ ဆက်ဖတ်ပါရန်)
အောင်ဝေး
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment