ကချင် ကရင် ချင်း ရခိုင် ရှမ်း နဲ့  မွန် သတင်းများ  အောက်တိုဘာ ၁၄ ၊ ၂၀၁၂




အစိုးရမှ ထပ်မံကမ်းလှမ်းထား သည့် KIOနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော်အကြီးအကဲများနှင့် KIA အကြီး အကဲများပါဝင်ဆွေးနွေးရန်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက် ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက မနေ့က အောက်တိုဘာလ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။
အစိုးရမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုများပြုလုပ်ထားပြီး အဆိုပါအစိုးရ၏ ကမ်းလှမ်းမှုကို KIO ဘက်မှ လက်ခံရရှိကြောင်း၊ ကမ်းလှမ်းချက်ကို အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက် နေ့တွင် ပြန်လည်အကြောင်းပြန်ထားသည်ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက''အစိုးရဘက်က ပြီးခဲ့တဲ့လမှာ တစ်ကြိမ် KIO နဲ့တွေဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီကမ်းလှမ်းမှုအတွက် နေရာက မူဆယ်(သို့) နေပြည်တော်ဖြစ်ပါတယ်။ အဲဒီအခါမှာ KIO ဘက်က အခုလိုတိုက်ပွဲပြင်းထန်နေချိန် နေပြည်တော်မှာ တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။အခုတစ်ခေါက် အစိုးရဘက်ကကမ်းလှမ်းလာတာက မူဆယ်(သို့)ရွှေလီမှာ တွေ့ဖို့ ကမ်းလှမ်းတာပါ။ ကျွန်တော်တို့ကို မိုင်ဂျာယန်မှာလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးအောင်မင်းက တပ်မတော်အကြီးအကဲတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့ ပြောထားပါတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ တပ်မတော်အကြီးအကဲတွေရော၊KIA ဘက်က အကြီးအကဲတွေရော ဆွေးနွေးပွဲမှာ ပါဝင်ကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဒီလအတွင်း ဆွေးနွေးပွဲလုပ်ဖြစ်မယ်လို့ သုံးသပ်ရပါတယ်'' ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက''အဖွဲ့အစည်းအချင်းချင်း စားပွဲခုံပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ အောက်ခြေမှာကတိုက်ပွဲက မရပ်ဘူး။ အစိုးရကပြောတဲ့ ခံစစ်အသွင်ပဲနေမယ်။ ထိုးစစ်မဆင်ဘူးဆိုတဲ့ အနေအထားကမဖြစ်နိုင်တဲ့ အနေအထားပါ။ဘယ်သူမဆိုတွေ့ရင်တော့ အရင်ဦးအောင်ပစ်ကြမှာပဲ။ အဲလိုနဲ့ တိုက်ပွဲတွေမရပ်ဘူးဖြစ်နေတာ။ အဓိက က တပ်မတော်က တာဝန်ရှိသူတွေနဲ့ KIA တပ်က တာဝန်ရှိသူတွေတွေ့ဆုံ ဆွေးနွေးဖို့လိုပါတယ်။ အဓိကက တိုက်ပွဲကို ရပ်နိုင်အောင် အမိန့်ပေးနိုင်သူတွေ တွေ့ဆုံနိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။


ရခိုင် သတင်းများ  အောက်တိုဘာ ၁၄ ၊ ၂၀၁၂

OICမည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား


OICနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင်ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် စစ်တွေမြို့မှဦးဆောင်ဦးရွက်ပြုသူအချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင်အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကို ဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်းတွေ့ဆုံခဲ့သူများကပြောကြားခဲ့သည်ဟုယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင်ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြားသည်။
OIC စစ်တွေမြို့တွင်ရုံးဖွင့်မည်ဆိုသည်မှာမဟုတ်ကြောင်းနောက်ဆုံးထုတ် Voice ဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကိုပြသရင်း ဦးထွေးလှကဒီကဒေသခံများ၏ စကားသံကိုကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြားပြီးနောက်၊ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော် (ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေသခံလုပ်ငန်းရှင်တစ်ဦးတို့ဝင်ရောက်ဆွေးနွေးခဲ့ကြသည်ဟုအဆိုပါအမည်မဖော်လိုသူကပြောကြားသည်။
ပြည်ထောင်စုအဆင့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူဒေါက်တာအေးမောင်ကစစ်တွေမှာသာမဟုတ်၊ရန်ကုန်မှာထားလျှင်လည်းဆန့်ကျင်ရမည်ဖြစ်ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအားနစ်လုဆဲဆဲနွံတွင်းထဲမှဆွဲထုတ်ရမည်ဖြစ်ကြောင်းဆွေးနွေးသွားသည်။
အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာ ကိုကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရကခြေလှမ်းမှားတစ်လှမ်းကျွံနေသည် ကိုခြေပြန်နှုတ်ခွင့်သာအောင်ပြည်သူများက၀ိုင်းဝန်းဆန္ဒပြနေကြခြင်းဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည့် အလားအလာရှိနေကြောင်း ၄င်းကပြောကြားသွားသည်။
ဦးကျော်ဇောဦးကအစ္စလမ်လောကသားတို့စည်ပင်ဝပြောပြန့်ကားရေးကိုရည်ရွယ်ချက်ထားသည့်၊အစ္စလမ်ရှရီးယားနှင့်အညီလူ့အခွင့်အရေးစံကိုအခြေခံသည့်၊နိုင်ငံတကာ၏အကြမ်းဖက်သမားသတ်မှတ်ချက်ကိုလက်မခံသည့် OIC ၏အန္တရာယ်အလားအလာကိုထောက်ပြပြောဆိုသည်။
ထို့အပြင်လက်နက်ကိုင်အဖွဲ့အစည်းများအပါအ၀င်ရိုဟင်ဂျာအဖွဲ့ (၂၅)ဖွဲ့ကိုစုစည်းကာ Arakan Rohingya Union အဖြစ် OIC ကကမကထပြုကာ ၂၀၁၁-ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သည့်အချက်ကိုလည်း ၄င်းကထောက်ပြခဲ့သည်။
ထို့အပြင်သံသယဖြစ်ရသည့်အလားတူဖြစ်ရပ်ကို၎င်းကနှိုင်းယှဉ်ပြရာတွင်၊ Humanitarian Freedom Flotilla to Arakan ကိုအသွင်ပြောင်းကာ PK1M မလေးရှားအဖွဲ့အဖြစ်မကြာမီကစစ်တွေသို့ရောက်လာသည့်အဖွဲ့သည်ဂါဇာကမ်းခြေကိုအတင်းကပ်ဖို့ကြိုးစားသဖြင့်အစ္စရေးကအတင်းဟန့်တားခဲ့ရသည့် Freedom Flotilla နှင့်အလားတူနေကြောင်း၊ OIC အပါအ၀င် အစ္စလမ်မစ်မစ်ရှင်များအနေဖြင့် သိုဝှက်ထားသည့်ရည်မှန်းချက်များရှိတတ်သည်ကို စိုးရိမ်မိကြောင်း၎င်း ကပြောပြခဲ့သည်ဟုဆိုသည်။
တတ်နိုင်သမျှစစ်ဆေးသည့်ကြားမှယင်းမလေးရှားထောက်ပံ့ရေးအဖွဲ့ PK1M ၏ထောက်ပံ့ရေးပစ္စည်း ပုံးခွံကတ်ထူများတွင်ရေစိုသည့်အခါမှပေါ်လာအောင် လုပ်ထားသည့် မလိုလားဖွယ် ဓါတ်ပုံများပါရှိနေသည်ကိုတွေ့ကြရသည် မှာနှစ်ရက်မျှရှိပြီဖြစ်သည်။ယင်းထောက်ပံ့ရေးပစ္စည်းများကို အကြောင်းပြု၍ လက်နက်များဖောက်ခွဲရေးပစ္စည်းများခိုးသွင်းလာမည်ကိုစစ်တွေမြို့သူမြို့သားများကစိုးရိမ်နေကြသည်။
OIC ၏ကိုယ်စားပြု iNGO ပုံစံဖြင့်လာခြင်းကိုသော်လည်းကောင်း၊ OIC ယာယီရုံးဖွင့်ခြင်းကိုသော်လည်းကောင်း၊ရန်ကုန်မှနေ၍မြန်မာပြည်တစ်နေရာရာအတွက် အလုပ်လုပ်ပေးခြင်း ကိုလည်းဆွေးနွေးသူများကမလိုလားကြောင်ြးေ ပာကြသည်ဟုဆိုသည်။ ထို့အပြင်လူသားချင်း စာနာထောက်ထားရေးအကူအညီအတွက်သာ လာမည်ဆိုသည်ကိုလည်း သံသယဖြင့်လက်မခံနိုင်ကြပေ။
ရခိုင်ဒေသအတွင်းလှုပ်ရှားခဲ့ကြသောနိုင်ငံတကာ iNGO များသည်မလိမ့်တပတ်ဖြင့်ဒေသတူနေတိုင်းရင်းသားများ လုံးဝမပါစေပဲ ခိုးဝင်လာသူ ဘင်္ဂါလီနိုင်ငံခြားသားများအားနှ စ်ပေါင်းနှစ်ဆယ်နီးပါး အင်အားကြီးသထက်ကြီးအောင်ထောက်ပံမှုများပြုနေခဲ့ကြရာ၊ ရခိုင်ပြည်သူများက OIC ကိုမဆိုထားနှင့်၊အစ္စလမ်မစ်အသွင်မဆောင်သည့်ပြည်ပအဖွဲ့အစည်းများ NGO များကိုပင်စိစစ်ကြရတော့မည်ဖြစ်ကြောင်းဒေါက်တာအေးမောင်နှင့်ဒေသခံများကဆွေးနွေးခဲ့ကြသည်။
            စစ်တွေအခြေစိုက်လုပ်ငန်းရှင်တစ်ဦးကလည်း OIC ၏လှုပ်ရှားမှုကိုပြည်သူများကအစီအစဉ်မဲ့တုံ့ပြန်မိသောကြောင့် (သေကြေ၊ဒဏ်ရာရ၊ဖမ်းဆီးခံရအစရှိသည့်) နစ်နာမှုများဖြစ်လာမိမှာကို စိုးရိမ်မိကြောင်းပြောကြားသွားသည်။


ရခိုင်ပြည် ပြန်လည်ထူထောင်ရေး နှောင့်နှေးဆဲ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ပြီးဆုံးမှု ၄ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်တည်ထောင်ရေး ကိစ္စများ ကြန့်ကြာနေသဖြင့် ဒေသခံများအနေဖြင့် ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ထိခိုက်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်မှု ပဋိပက္ခများအကြားတွင် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အိုးအိမ်များနှင့် ဘင်္ဂါလီ လူမျိုးများ၏ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြန်လည် တည်ဆောက်ပေးမှု နှောင့်နှေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်မှု မရှိသေးခြင်းနှင့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်နိုင်ရေး ယုံကြည်မှု တည်ဆောက် မပေးနိုင်ခြင်းတို့အတွက် အခက်ကြုံနေရသည်ဟု သိရသည်။
“တဖက်နဲ့ တဖက် ယုံကြည်မှု မရမချင်း ကလေးတွေ ကျောင်းသွားဖို့ကိစ္စတွေက မဖြစ်နိုင်သေးဘူး။ အစိုးရကလည်း ဒီဟာကို ကျောင်းတက်လို့ရအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ ဘာမှ မသိရဘူး။ အိမ်တွေ ပြန်မဆောက်ပေးသေးတော့၊ ဒုက္ခသည်တွေက အိမ်ကိုပြန်မလာနိုင်သေးတော့ ဈေးဆိုင်တွေလည်း ပြန်မဖွင့်နိုင်သေးဘူးပေါ့” ဟု မောင်တောမြို့ခံ ဦးအာလူစိန်က ပြောသည်။
ဇန်နဝါရီလ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၌ အဆောက်အအုံ ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းပျက်စီးသွားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
ပဋိပက္ခများအကြား ဆုံးရှုံးသွားသောအိမ်များကို အစားထိုးပြန်ဆောက်ပေးရန် အစိုးရက ကတိပြုထားသော်လည်း အိမ်ခြေ ၈၀၀ ခန့် ဆောက်လုပ်ပေးရန် ရှိသည့် မောင်တောမြို့ ရွှေရင်အေးနှင့် ခရေမြိုင်ကျေးရွာတို့တွင် ကျပ် ၁၈ သိန်းမှ ၂၃ သိန်းအကြား တန်သည့် အိမ်အလုံး ၁၀၀ ခန့်သာ ဆောက်လုပ် ပေးနိုင်သေးကြောင်း မျက်မြင်များက ပြောသည်။
ပြည်နယ်အစိုးရ တာဝန်ရှိသူ တဦးက “နေအိမ်ပြန်လည် တည်ဆောက်ရေးကိစ္စတွေက နယ်စပ်ရေးရာကကိုင်တာ။ ဘယ်သူတွေနဲ့ ဘယ်လိုဆောက်မှာ၊ ဘယ်တော့ဆိုတာတွေ ပွင့်ပွင့်လင်းလင်း သိရတာမဟုတ်ဘူး။ အခုဆောက်ထားတဲ့ အိမ်လေးတွေတောင် သေးလွန်းလို့လား မသိဘူး၊ ဟိုတလောက တူရကီက အဖွဲ့တွေလာသွားတုန်းက မေးသွားတယ်။ ဒီဟာက ယာယီတဲ ဆောက်ပေးထားတာလားတဲ့၊ ဒါတွေက ထပ်ရှင်းရဦးမယ်ထင်တယ်” ဟု ပြောသည်။
အစိုးရက ကျောင်းများ ပြန်ဖွင့်ပေးထားသော်လည်း ဒေသတွင်းတွင် တဖက်နှင့်တဖက် ယုံကြည်မှု မရရှိနိုင်ကြသေးသည့်အတွက် ကျောင်းပညာရေးများ နှောင့်နှေးကြန့်ကြာနေကြောင်း၊ ထို့အတူ ကုန်သွယ်စီးပွားရေး လုပ်ငန်းများမှာလည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေဆဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“စီးပွားရေးပိုင်းက တချို့လက်လုပ်လက်စားတွေက ဒုက္ခသည်စခန်းထဲမှာလည်း ရိက္ခာရနေတော့ သိပ်ပြဿနာမရှိဘူး၊ တကယ့် စီးပွားရေး လုပ်နေတဲ့လူတွေမှာကျတော့ သူတို့ဟာတွေက မီးထဲပါသွားတော့ အကုန်လုံး ဆုံးရှုံးသွားတဲ့ အပိုင်းကဏ္ဍမှာဆိုရင် အစကနေပြန်ပြီး တည်ဆောက်ရမှာဆိုတော့ အဲဒီလူတွေအတွက်က အရမ်းကို ဒုက္ခရောက်ကြတာပေါ့” ဟု ဦးအောင်မြကျော်က ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့တွင် အကြမ်းဖက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို အစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အတွက် ဒုက္ခသည်များအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အခက်ရှိနေကြောင်း သူက ဆက်ပြောသည်။
အစိုးရဘက်တွင်းလည်း ပြန်လည်တည်ထောင်ရေး ကိစ္စရပ်များတွက် ငွေကြေးအခက်ခဲ ကြုံတွေ့နေကြောင်း ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းပေးထားသော ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
“ထောပံ့တဲ့ငွေကြေးကလည်း တဖြည်းဖြည်း နည်းလာတာလည်းပါတယ်။ အစတုန်းကလောက်တော့ မရှိတော့ဘူးပေါ့၊ အဓိက ကတော့ ငွေကြေးရှိမှပဲ ဖြစ်မှာကိုး” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ထို့အပြင် အစိုးရအနေဖြင့် လက်လှမ်းမမီသည့် နေရာများတွင်ရှိနေသော ဒုက္ခသည်များမှာ စားဝတ်နေရေး ကူညီရရှိနိုင်ရန် အခက်ခဲတွေ့နေကြောင်း၊ အဆိုပါ ဒုက္ခသည်များထံသို့လည်း အရောက်ပို့ပေးနိုင်ရန် ကြိုးစားနေကြောင်း သူကဆက်ပြောသည်။
ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းကမူ “ပြန်လည်တည်ထောင်ရေးနဲ့ တည်ဆောက်ရေးကိစ္စတွေမှာ စုံစမ်းရေး ကော်မရှင် ရှိတယ်ဗျ။ ဒီကော်မရှင်ရဲ့ အဖြေတွေက ထွက်လာဦးမှာ။ အဲဒီအခါကျမှ နိုင်ငံတော်က ဒီလိုလုပ်ပါဆိုတဲ့ Road Map တခုတော့ ထွက်လာလိမ့်မယ်။ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ သဘောထားတခုတည်းနဲ့ လုပ်လို့မရဘူး။ ဒီမှာဖြစ်နေတဲ့ နှစ်ဖက်လုံးအခြေအနေကို အဝေးကလူတွေက မသိနိုင်ဘူး၊ ဒီမှာလက်တွေ့လုပ်ရတဲ့ လူတွေမှာ တော်တော်ခက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော မောင်တောမြို့နှင့် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်တို့တွင် ည ၇ နာရီမှ နံနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခုအခါ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အစိုးရက လျှော့ချပေးလိုက်သော်လည်း နှစ်ဖက် ယုံကြည်မှု နည်းနေသေးသဖြင့် ကူးသန်းသွားလာရေးမှာလည်း ခက်ခဲနေဆဲဟု ဆိုသည်။
“အမျိုးသမီးတွေ ကလေးမွေးလို့၊ တယောက်ယောက် ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားချင်တာတို့၊ ဈေးသွားဝယ်ချင်တာတို့ ဆိုရင် သူတို့နားကနေ ဖြတ်မသွားရဲဘူး။ ဟိုတုန်းက ဒီကောင်ပါတယ်ဆိုပြီး ဝိုင်းရိုက်ရင် ခံရမှာ။ သူတို့လည်း အဲလိုပဲ၊ ကျနော်တို့ဘက်ကို လာလို့မရဲကြဘူး” ဟု ဦးအာလူစိန်က ပြောသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment